MEMO IN PAST

MEMO IN PAST Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MEMO IN PAST, Photography Videography, Yangon.

နွေရာသီအလွန်..မိုးဦးရောက်လေ…အော်….လွမ်းစိတ်ရယ်ပိုလေ။
01/06/2024

နွေရာသီအလွန်..
မိုးဦးရောက်လေ…
အော်….လွမ်းစိတ်ရယ်ပိုလေ။

ဘာဖြစ်မလဲ မသိတဲ့ မနက်ဖြန်တွေမှာမင်းမျက်နှာလေးကို တမ်းတ တာ ကိုယ်လွန်နေလား…..
07/05/2024

ဘာဖြစ်မလဲ မသိတဲ့ မနက်ဖြန်တွေမှာ
မင်းမျက်နှာလေးကို တမ်းတ တာ ကိုယ်လွန်နေလား…..

01/05/2024

နွေ-zenith

ချစ်သလားလို့မေးတော့ မမ က ပြုံးပြုံးလေးနဲ့ ကျွန်တော့် လက်ကလေး ကို လာကိုင်တယ်  “မချစ်ဖူးလို့ပြောတော့ကော မောင်ကယုံမှာလား”တဲ...
30/04/2024

ချစ်သလားလို့မေးတော့ မမ က
ပြုံးပြုံးလေးနဲ့ ကျွန်တော့်
လက်ကလေး ကို လာကိုင်တယ် “မချစ်ဖူးလို့ပြောတော့ကော မောင်ကယုံမှာလား”တဲ့ဗျာ……

Admin တို့ bagan မှာ vdရိုက်တုန်းက အစစ အရာရာ ကူညီပေးတဲ့ညီလေး page လေးပါ ပုဂံမှာ လိုအပ်တာရှိရင်အကုန်ရပါတယ် 💯 recommend ပါ...
29/04/2024

Admin တို့ bagan မှာ vdရိုက်တုန်းက အစစ အရာရာ ကူညီပေးတဲ့ညီလေး page လေးပါ ပုဂံမှာ လိုအပ်တာရှိရင်အကုန်ရပါတယ် 💯 recommend ပါ🤩

ပုဂံ မြို့ဟောင်းကြီးရဲ့ ရွှေဆံတော်🙏 ဘုရား လေးရဲ့ ညရှုခင်းလေးပေါ့နော်
Guide of Bagan-သမိုင်းကြောင်းလေးတွေရှင်းပြမယ်လမ်းလေးတွေကို လိုက်ပြမယ်ဓာတ်ပုံလှလှလေးတွေကို🎥 ရိုက်ပေးပါတယ်နော်📸
ဆက်သွယ်ရန်-09755038289

ရုံးပိတ်ရက်ဆိုတော့ လွန်း တို့ချစ်သူနှစ်ယောက် date ဖို့ ချိန်းထားကြတယ်…date တယ် ဆိုတာကလည်း သာမာန် ရိုးရိုးရှင်းရှင်း coff...
25/04/2024

ရုံးပိတ်ရက်ဆိုတော့ လွန်း တို့ချစ်သူနှစ်ယောက် date ဖို့ ချိန်းထားကြတယ်…
date တယ် ဆိုတာကလည်း သာမာန် ရိုးရိုးရှင်းရှင်း coffee date မျိုးမို့ လူရှင်းတဲ့ ကော်ဖီဆိုင်လေးတစ်ဆိုင်က်ို နှစ်ယောက်သားရွေးထိုင်လိုက်ကြတယ် …
အပြင်မှာ ရာသီဥတုကလည်း တအားပူနေတာမို့
လွန်း က watermalon smoothieမှာလိုက်ပြီး မောင်ကတော့ သူ့အကြိုက် strawberry ကိုပဲ juiceမှာလိုက်တယ်

အအေးခွက်တွေ လာမချ မီ လွန်းက ဓါတ်ပုံရိုက်ရတာ ဝါသနာပါသူ ပီပိီ

“မောင်”

“အင်း ပြောလေ လွန်း”

“လွန်း ကို ဓါတ်ပုံရိုက်ပေးပါလား”

“အင်း ရတယ်လေ ဖုန်းပေး မောင်ရိုက်ပေးမယ်”

“မောင့်ဖုန်းနဲ့ပဲ ရိုက်ပေးလေ ပြီးမှ လွန်း ကို ပို့ပေးပေါ့”

“……….”

ကျွန်တော့် ဘက်က ဘာစကားသံမှ ထွက်မလာပဲ တစ်ခုခုကို စဉ်းစားနေတော့ လွန်း က
စိုးထိတ်နေတဲ့ လေသံလေးနဲ့

“မောင် အဆင်မပြေလို့လား ဟင်”

လို့ မေးလာတော့ ကွန်တော်လည်း မျက်နှာပေါ်တွင် ဟန်ဆောင်အပြုံးက်ို ချက်ချင်းတပ်ဆင်လိုက်ပြီး

“ ဟော မဟုတ်တာ လွန်း ရယ် မောင့်ချစ်သူလေးက်ို မောင်ရိုက်ပေးရမှာပေါ့ “

လို့ လွန်း ခေါင်းလေးက်ိုပုတ်ပြီး ရီရင်းပြောတယ် …

သို့သော်…

လွန်း သည် စိတ်မသက်မသာပြုံးလိုက်ပြီး ကျွန်တော့်ကို ဓါတ်ပုံနှစ်ပုံလောက်သာရိုက်ခိုင်းခဲ့တယ်…

ဓါတ်ပုံရိုက်ပြီး မှာထားတဲ့ အအေးတွေလည်း ရောက်လာပြီမို့ အအေးသောက်နေစဉ် ကျွန်တော့်ဘက်နေစကားစလိုက်တယ်

“လွန်း”

“ရှင် မောင်”

ဟု လွန်း က ဓါတ်ပုံကိုeditနေရင်း ကျွန်တော့်ကို မကြည့်ပဲ ဖြေလိုက်တယ်

“မောင် လွန်း နားမှာ မရှိတော့ရင် လွန်းအဆင်ပြေမယ်ထင်လား”

လွန်း ရဲ့မျက်နှာလေးက်ိုစိုက်ကြည့်နေရင်းအဖြေကို​စောင့်နေလိုက်တယ် … လွန်း ကတော့ ကျွန်တော့်ကိုမကြည့်ပဲ

“မောင်ကလည်း ဘာတွေလျှောက်ပြောနေတာလဲ လွန်းက မောင့်က်ိုဒီလောက်ထိ ချစ်တာက်ို ဘယ်လိုပြေမှာလဲမောင်ရဲ့ တကယ်ပဲ ပေါက်ပေါက်ရှာရှာတွေ တအားမေးတာပဲ ပူရတဲ့အထဲ မောင်ကတစ်မျိုး”

လို့ လွန်း က editလက်စက်ို editလိုက် အအေးသောက်လိုက်နဲ့ ဖြေပါတယ်

ဟုတ်ပါတယ် လွန်း က ကျွန်တော့်ကို သိပ်ကို ချစ်တဲ့ ကောင်မလေးမှန်း ကျွန်တော် သေချာသိတာပေါ့

ဒါပေမယ့် ….

လွန်ခဲ့သောရက်ပိုင်းတွေမှာ လွန်း နဲ့ ပြသနာတွေ တက်ခဲ့တယ်..

လွန်းနဲ့ ပြသနာတွေ တက်နေတဲ့အချိန်တွင်း ကျွန်တော့် နားကို မေ ဆိုတဲ့ ချာတိတ်မလေး တစ်ယောက် ရောက်လာခဲ့တယ် …

မေ က လွန်းထပ်လည်းငယ်တယ် လွန်း ထပ်လည်း ကျွန်တော့်အပေါ်ကို နားလည်ပေးတော့ ကျွန်တော် မေရဲ့ ချစ်စရာ အပြုအမူတွေ အောက်မှာ သာယာရင်း မေ့ကို ကျွန်တော် သဘောကျသွားမိခဲ့တယ် …

မေ့ ကိုဖွင့်ပြောတော့ မေ ကလည်း ကျွန်တော့်ကိုမငြင်းခဲ့ပါဖူး…

ဒါပေမယ့် …

မေ က လွန်း ကို မဖြတ်သေးဖူးလားဆိုပြီး ကျွန်တော့်ကို ခနခန ဂျီကျနေတာကြောင့်
ကျွန်တော်လည်း လွန်း နဲ့ ပြတ်သားအောင် လုပ်မှာပါဆိုပြီး မေ့က်ို ကတိပေးထားခဲ့တယ် …

ကျွန်တော် ဒီနေ့ လွန်း က်ို ဒီအကြောင်းတွေ ဖွင့်ပြောပြီး လမ်းခွဲဖို့ ဆုံးဖြတ်ထားပြီးပါပြီ

ဒါ့ကြောင့် ကျွန်တော် အအေးခွက်က်ို ပိုက်နဲ့မွှေနေရင်း လွန်း ကို မကြည့်ပဲ လေသံတိုးတိုးလေးဖြင့်

“လွန်း အဆင်ပြေမယ်ဆို မောင် လွန်း
နဲ့ လမ်းခွဲချင်လို့ပါ”

ထိုစကားကြားတော့ လွန်း က ဘာမှ ဆက်မလုပ်နေတော့ပဲ ငိုင်ကျသွားပါတယ် စက္ကန့်အနည်းငယ်လောက်ကြာမှ

“သူ့ ကြောင့်လား မောင်”

လို့ လေသံတိုးတိုးကလေးနဲ့ မေးလာတယ် …

လွန်း သိနေမယ်လို့ မထင်ထားတာကြောင့် ကျွန်တော် အံ့ဩတကြီးနဲ့ လွန်း ကို ကြည့်လိုက်တယ်

ကျွန်တော့်ကို ကြည့်နေတဲ့ လွန်း ရဲ့ မျက်ဝန်းအိမ် ထဲမှာ မျက်ရည်စလေးတွေနဲ့ အရောင်လဲ့နေခဲ့တယ်

မငိုလိုက်ပါနဲ့ လွန်း ရယ် မောင့်အပြစ်တွေကြောင့် လွန်း မျက်ရည်မကျပါနဲ့ ဟု

စိတ်ထဲကနေ အရူးတစ်ယောက်လို ကျွန်တော်ပြောနေမိခဲ့တယ် …

ကျွန်တော် ဘာမှ မပြောနိုင်သေးခင် လွန်း က

“လွန်း က သူ့ထပ် ဘာတွေများ မသာနေလို့လဲ ဟင် လွန်းတို့ရဲ့ ၂နှစ်နီးပါး ဆက်ဆံရေးကို ရပ်ပစ်ရလောက်ထိ လွန်း ဘာတွေများမှားခဲ့မိလို့လဲ”

လို့ ငိုသံ စွတ်နေတဲ့ အသံဖြင့် လွန်း က တုန်တုန်ရီရီ မေးနေခဲ့တယ် …

ကျွန်တော် ခေါင်းကို ငုံ့နိုင်သမျှ ငုံ့ထားလိုက်ပြီး

“လွန်း ဒါတွေ ဘယ်လို သိတာလဲ”

လို့ မေးလိုက်တော့ လွန်း က

“လွန်း သိတာပေါ့ မောင်ရဲ့ လွန်း ချစ်ရတဲ့ သူတစ်ယောက်က လွန်း အပေါ်မှာ ဂရုမစိုက်တော့တာတွေ မနွေးထွေးတော့တာတွေ လွန်း ကို မချစ်တော့တာတွေ လွန်း အကုန် ရိပ်မိတာပေါ့ ပြီးတော့ ဟိုတစ်လောက မောင့်ဖုန်းကို လွန်း ယူသုံးနေတုန်း အဲ့ ကလေးမ မောင့်ကိုစာပို့တာ လွန်း တွေ့တယ်လေ အမြဲတမ်း လွန်း ကို ဖုန်းဆက်နေကျ မောင်က မအားဖူးဆိုပြီး တခြားတစ်ယောက်ကိုဂရုစိုက်ပေးနေတာကို လွန်း အကုန်တွေ့ခဲ့တာပေါ့ မောင့်ကို ထုတ်မပြောပဲ လွန်း မောင့်ရှေ့မှာ ဘာမှ မသိသလို ဟန်ဆောင်ခဲ့တာလည်း မောင်သူ့ကို စိတ်ကစားရုံ သက်သက်ပဲလို့ လွန်း ထင်ခဲ့လို့ လွန်း တို့ရဲ့ ၂နှစ်နီးပါး သံယောဇဉ်တွေက်ို မောင်ဖြတ်ရက်လိမ့်မယ် မထင်ခဲ့မိလို့ မောင်ရဲ့”

လို့ ပြောနေရင်း လွန်း ဟာ စတင်ငိုကြွေးနေပါတော့တယ်…

ဟန်ဆောင်ကောင်းလှချည်လား လွန်းရယ် …

လို့ ကျွန်တော် စိတ်ထဲက ရေရွတ် မိလိုက်ပြီး

ကျွန်တော်လည်း တောင်းပန်ဖို့ကလွဲပြီး မတတ်နိုင်တော့တာနဲ့

“ မောင့်ကြောင့်နဲ့ မငိုပါနဲ့ လွန်း ရယ် မောင်တောင်းပန်ပါတယ် မောင့်အပြစ်တွေကြောင့်နဲ့တော့ မျက်ရည်မကျပါနဲ့ အချစ်ရယ် နော် “

လွန်း က ကျွန်တော့်ကို မျက်ရည်တွေနဲ့ ကြည့်ရင်း

“မောင် လွန်း က်ို တကယ် မချစ်တော့တာလား “

လို့ မေးလာခဲ့တယ် …

ကျွန်တော့်မှာ အဖြေမရှိပါဘူး
ကျွန်တော် လွန်း ကို သိပ်ကိုချစ်ပါတယ်
တစ်ဖက်မှာလည်း ကျွန်တော့်ရဲ့ ခနတာ သာယာမှုကြောင့် ချစ်မိသွားတဲ့ မေ့ ကို လည်း မထိခိုက်စေချင်ပါဘူး

ကျွန်တော်တွေဝေနေတုန်း လွန်း က

“ မောင် သူ့ကိုပဲ ရွေးလိုက်ပါ လွန်း ကို ခုလို ပွင့်ပွင့်လင်းလင်း ပြောပြပေးတဲ့အတွက်လည်း လွန်း မောင့်ကို ကျေးဇူးတင်ပါတယ် လွန်း တို့ လည်း ချစ်ခဲ့ကြတာပဲ တစ်ယောက်ကို တစ်ယောက် အကောင်းဆုံးရှိပေးခဲ့ကြတာမို့ လွန်း တို့ နောင်တ ကင်းမှာပါ လွန်း သွားတော့မယ်နော် မောင် အစစအရာရာအတွက် လွန်း ကို ပျော်စေခဲ့တာတွေ အတွက် မောင့်ကို ကျေးဇူးတင်ပါတယ် “

လို့ ပြောရင်း လွန်း ဟာ ကျွန်တော့်ကို နှုတ်ဆက်ပြီး ထွက်သွားခဲ့တယ် …

ကျွန်တော် သိပ်ကို မှားသွားမှန်း ကျွန်တော်သိပါတယ် ဘယ်လိုမှ ပြင်ဆင်မရတော့တဲ့ အမှားတစ်ခုကြောင့် ကျွန်တော် ချစ်ရတဲ့ လွန်း ကို နာကျင်စေခဲ့မိတယ် …

လွန်း ရယ် မောင်လည်း တနေ့ကျရင် လွန်း ကိုနာကျင်စေခဲ့သလို ပြန်နာကျင်ရမှာပါ …

မောင့်လို မကောင်းတဲ့ကောင်ကို ကြိုးစားမေ့ပစ်ပြီး အတောက်ပဆုံး ပွင့်လန်းပါစေလို့ မောင်ဆုတောင်းနေပါတယ် မောင်ချစ်ရတဲ့ ပန်းကလေးရယ် ………

Happy Myanmar new  year guys!!ဝေးတဲ့ သူတွေ လည်းနီးပါစေ၊ချစ်တဲ့သူတွေ လည်း မဝေးကြပါစေနဲ့မပျော်တဲ့သူတွေ လည်း ပျော်နိုင်ကြပါ...
17/04/2024

Happy Myanmar new year guys!!

ဝေးတဲ့ သူတွေ လည်းနီးပါစေ၊
ချစ်တဲ့သူတွေ လည်း မဝေးကြပါစေနဲ့
မပျော်တဲ့သူတွေ လည်း ပျော်နိုင်ကြပါစေ။

လွမ်းလားလို့ မေးရင်တော့လဲမလွမ်းပါဘူးဗျာ ။
07/04/2024

လွမ်းလားလို့ မေးရင်တော့လဲ
မလွမ်းပါဘူးဗျာ ။

Hello guys 🤗  Creation Vd လေးတွေ မတင်တဲ့ရက်လေးတွေ Page လေးမှာ music vd လေးတချို့ကို တင်ပေးပါ့မယ်ဗျ ခရီးကနေ ပြန်ရောက်မှ C...
21/03/2024

Hello guys 🤗
Creation Vd လေးတွေ မတင်တဲ့ရက်လေးတွေ Page လေးမှာ music vd လေးတချို့ကို တင်ပေးပါ့မယ်ဗျ ခရီးကနေ ပြန်ရောက်မှ Creation အသစ်လေးတွေ ထပ်ပြီး ချပြပါ့မယ်ဗျ🙏🏻
Team

19/03/2024

အသက်ရှိသမျှသာ မမ ကို ချစ်ရမယ်ဆို ကျွန်တော် မသေဖို့ဆုတစ်ခုပဲတောင်းမယ်🌻

Coming soon!!
18/03/2024

Coming soon!!

17/03/2024

တစ်ဘဝတစ်ခါ…

Address

Yangon

Telephone

+959757515567

Website

Alerts

Be the first to know and let us send you an email when MEMO IN PAST posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MEMO IN PAST:

Share