25/08/2016
ဘုရင် OPPO F1s ကို 27.8.2016 မှာ တရားဝင်ရောင်းချသွားမှာဖြစ်ပြီး OPPO F1s ရဲ့ First Sales အဖြစ် ရန်ကုန်မြို့ (လသာ၊ မြန်မာပလာဇာ) နဲ့ မန္တလေးမြို့ (Sky Walk) တို့မှာ အရောင်းပွဲတော်များ စည်ကားသိုက်မြိုက်စွာ ပြုလုပ်သွားမှာဖြစ်ပါတယ်။
ရန်ကုန်မြို့ လသာကို မနက် 9 နာရီမှ နေ့လယ် 12 နာရီအထိ သတ်မှတ်ထားပြီး အနုပညာရှင်များဖြစ်တဲ့ ပြေတီဦးနဲ့ ဂျင်းနီတို့က ၄င်းအရောင်းပွဲတော် အချိန်တွင်းမှာ သင့်နဲ့အတူရှိနေမှာဖြစ်ပါတယ်။
ရန်ကုန်မြို့ မြန်မာပလာဇာကို နေ့လယ် 1 နာရီမှ ညနေ 4 နာရီအထိ သတ်မှတ်ထားပြီး အနုပညာရှင်များဖြစ်တဲ့ ရွှေထူး၊ ခိုင်သင်းကြည်၊ စန္ဒီမြင့်လွင်နဲ့ အိမ့်ချစ်တို့လည်း ၄င်းအရောင်းပွဲတော်အချိန်တွင်းမှာ သင့်နဲ့အတူရှိနေမှာဖြစ်ပါတယ်။
၎င်းနည်းတူ မန္တလေးမြို့ Sky Walk ကို မနက် 10 နာရီ မှ နေ့လယ် 12 နာရီအထိ သတ်မှတ်ထားပြီး အနုပညာရှင်များဖြစ်တဲ့ ခင်ဝင့်ဝါ၊ ဟဲလေး၊ ပိုပို၊ ရတနာမိုင်တို့က ၄င်းအရောင်းပွဲတော် အချိန်တွင်းမှာ သင့်နဲ့ အတူရှိနေမှာဖြစ်လို့ 27.8.2016 ရက်နေ့မှာ သတ်မှတ်ထားတဲ့ အရောင်းပွဲတော်နေရာတွေဆီကို ဆက်ဆက် ကြွရောက်ခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။