08/10/2020
စုံတွဲဓာတ်ပုံလေးတွေ စတိုင်မိမိရိုက်ကြမယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
အခုအချိန်မှာ ကိုဗစ်ကြောင့် မင်္ဂလာဆောင်မဲ့သူတွေ, Prewedding ရိုက်မဲ့သူတွေ, Couple Photo လေးတွေ ရိုက်ဖို့ ပြင်ထားတဲ့သူတွေ အစစအရာရာ နှောင့်နှေးပြီး ရက်ရွှေ့သွားတဲ့ သတင်းတွေ ကြားရတာ စိတ်မကောင်းပါဘူး။ တစ်ချိန်ချိန်မှာ အမြန်ဆုံး ကျော်လွှားပြီး အောင်မြင်စွာ ဖြတ်ကျော်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။
အခက်မခဲတွေ ကျော်လွန်ပြီး တဲ့ အခါကျ ဓာတ်ပုံလေးတွေ ရိုက်ကြမယ်ဆို ဆောင်ရန် ရှောင်ရန် အချက်လေးတွေ အတွေ့အကြုံလေးတွေပေါ်မူတည်ပြီးမျှဝေပေးချင်ပါတယ်။
ဓာတ်ပုံတစ်ပုံ လှဖို့, ကြည့်ကောင်းဖို့ဆိုတာ ဓာတ်ပုံဆရာရဲ့ ရိုက်ချက်, အယူအဆတွေ, အလင်းအမှောင်ကစားမှူတွေ စတာတွေနဲ့ ဆိုင်သလို ဓာတ်ပုံအရိုက်ခံတဲ့ သူရဲ့ Pose, Mood ပေါ်လည်း မူတည်ပါတယ်။ အထူးသဖြင့် ကိုယ်တစ်ယောက်တည်း မဟုတ်ပဲ သူများနဲ့ တွဲရိုက်ရမယ်တို့, ကိုယ့်ချစ်သူနဲ့ စုံတွဲ ရိုက်ရမယ်တို့ ဘာတို့ဆို ပိုပြီး Mood ချိန်ရ, တွဲဖက်ညီအောင် ဘယ်လို Pose ပေးရ စသဖြင့် ဖိအားပိုများတတ်ပါတယ်။
အခု ပြောပြမဲ့ အကြောင်းအရာကတော့ စုံတွဲချစ်သူလေးတွေ ဓာတ်ပုံရိုက်ရင် ပေါ့ပေါ့ပါးပါးနဲ့ အတွဲမိမိ ပုံလေးတွေ ထွက်ဖို့ ဘယ်လို အချက်လေးတွေ ဆောင်ရန် ရှောင်ရန် လေးတွေ ပြောပြပေးသွားပါမယ်။ 😄
ဓာတ်ပုံရိုက်ခံတဲ့ ဝါသနာလည်းပါ ကင်မရာနဲ့ရင်းနှီးပြီးသားစုံတွဲလေးတွေရှိသလို, ဝါသနာပါပေမဲ့လည်း ကင်မရာရှေ့ရောက်ရင် ခြေမကိုင်လက်မကိုင်မိ ဖြစ်, ပုံထဲကမှာ တောင့်တောင်ကြီးတွေဖြစ်တဲ့ စုံတွဲလေးတွေ စသဖြင့် အားလုံးအတွက် အောက်က အချကလေးတွေက အထောက်အကူ ဖြစ်မယ်လို့ ယုံကြည်ပါတယ်။
✅ဆောင်ရန် အချက်များ ✅
၁။ သက်တောင့်သက်သာနေပါ။ (Relax and Easy)
ဓာတ်ပုံရိုက်နေစဉ် ကိုယ်စိတ်နှလုံး သက်တောင့်သက်သာ, ပျော်ပျော်ရွှင်ရွှင်နဲ့ ပေါ့ပါးပါးနေမှ မိမိကိုယ်တိုင် အတွက်တင်မကပဲ.. ဓာတ်ပုံဆရာအတွက် ပါ ပုံကောင်းတွေရဖို့ အတွက် ပိုပြီးကူညီရာရောက်ပါတယ်။ စိတ်လှုပ်ရှားနေတာတွေမဖြစ်အောင်လည်း ထိန်းပါ။
၂။ ကိုယ်တွေ အတွဲနဲ့ လိုက်ဖက်တဲ့ပို့စ် (Pose) လေးတွေ , လိုက်ဖက်မဲ့ အရောင်, အဝတ်အစားစတိုင်လေးတွေ ကြိုတင်လေ့လာ, လေ့ကျင့်ပါ။
ကိုယ်ကြိုက်တဲ့ Photography Theme လေးတွေ, (Pose) လေးတွေ , လိုက်ဖက်မဲ့ အရောင်, အဝတ်အစားစတိုင်လေးတွေ ကြိုတင်လေ့လာထားတော့ အမှတ်တရပုံကောင်းလေးထွက်ဖို့ အတွက် အများကြီး ကူညီရာရောက်တာပေါ့။
၃။ ဓာတ်ပုံဆရာနဲ့ ကြိုတင် တိုင်ပင်ဆွေးနွေးပါ
ကိုယ်ရိုက်မဲ့ ဓာတ်ပုံဆရာနဲ့ မရိုက်ခင် ကိုယ့် လိုချင်တဲ့ ပုံစံလေးတွေ, စတိုင်လေးတွေ ပွင့်ပွင့်လင်းလင်းတိုင်ပင်ဆွေးနွေးပါ။ သူ့အမြင် ကိုယ့် အမြင်လေးတွေ ဖလှယ်တော့ Shooting နေ့မှာ အချိန်ကုန်လည်း သက်သာ, လူလည်းသက်သာတာပေါ့။
၄။ ရိုက်ကူးရေး မတိုင်ခင် နေ့မှာ အိပ်ရေးဝဝအိပ်ပါ။ ရေ များများသောက်ပါ။
ဒါကအရေးကြီးတယ်။ ကိုယ်တေလည်း ကြုံဘူးတယ်။ အိပ်ရေးမဝ, အစားလည်း မစားထားတော့ နောက်နေ့ ရိုက်နေရင်း (တစ်နေကုန်နီးပါးရိုက်နေရတာဆိုဗတာ့)မူးလည်းမလို ဖြစ်တဲ့ အခိုက်အတန့်တွေ ကြုံဖူးပါတယ်။ အထူးသဖြင့် Pre Wedding, Wedding ရိုက်ကူးရေးနေ့ မတိုင်ခင်ညတွေပေါ့။ Photoshop တွေ ကာလာတွေ ချိန်လို့ရပေမယ့် ကိုယ်ကိုတိုင် ရေများများသောက်၊ အိပ်ရေးဝထားတော့ ကိုယ့်ပုံလေးတွေမှာ အသားအရေကြည်ပြီး,သဘာဝ ဆန်ဆန်နဲ့ လှနေမှာ မလွဲပါဘူး။ ဒါကြောင့် စုံတွဲ မှာ ယောကျာ်းလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် (မိန်းကလေးကတော့ ပိုအရေးကြီး) ရိုက်ကူးရေးနေ့မတိုင်ခင်နေ့မှာ ရေများများသောက် အိပ်ရေးဝဝ အိပ်ဖို့ အကြံပြုပါရစေ။ရိုက်တဲ့နေ့တွေမှာလည်း အစားစားကြိုစားထားဖို့ မနေ့နဲ့နော်။
၆။ ဓာတ်ပုံရိုက်ကူးနေစဉ်မှာလည်း ဓာတ်ပုံဆရာနဲ့ မိမိလိုချင်သော ပုံစံ , Pose လေးတွေ ရင်းရင်းနှီးနှီး တိုင်ပင်ဆွေးနွေးပေးပါ။
ဒီနေရာမှာလည်း ကိုယ့် ရိုက်ပေးမဲ့ ဓာတ်ပုံဆရာကို ကိုယ်လိုချင်တာတွေ အရမ်း ပြောမိပြီး စိတ်ရှုပ်စေတာမျိုး , ရိုက်တဲ့သူ Mood မဝင်မိမှာမျိုးတော့ ရှောင်ကြဉ်ရပါမယ်။ နှစ်ဦးနှစ်ဖက်ညှိုနှိုင်းဖို့ အရေးကြီးပါတယ်။
တစ်ချို့တွေရှိပါတယ်, ကြိုတင် လည်း မတိုင်ပင် မဆွေးနွေး, မိမိ ကိုယ်တိုင်လည်း ကြိုတင်မလေ့လာ, တစ်ကယ် ရိုက်တဲ့နေ့ကျမှ ဟိုဟာလိုချင် ဒီဟာလိုချင်တယ် ဖြစ်ပြီး ဓာတ်ပုံဆရာလည်း စိတ်ရှုပ်, အချိန်လည်း ပိုကြန့်ကြာပြီး ကိုယ့် အတွက် အမှတ်တရ ဖြစ်စေမဲ့ ပုံလေးတွေ မလှမပဖြစ်ကုန်တော့ ကိုယ်ပဲ စိတ်ညစ်ရတာပေါ့။
၇။ ပတ်ဝန်းကျင်ကို ခဏမေ့ထားပါ။
တစ်ချို့ရိုက်ကူးတဲ့ နေရာတွေက လူရှုပ်တဲ့နေရာမျိုးတွေ, သက်တောင့်သက်သာ မဖြစ်တဲ့ နေရာမျိုးတွေမှာ ဖြစ်တတ်ပါတယ်။ အဲ့လို အချိန်တွေမှာ အာရုံတွေ များပြီး Moodပျောက်တာတေ မျက်နှာအနေအထားလေးသဘာဝမဆန်တာတွေ မဖြစ်စေဖို့ ပတ်ဝန်းကျင်ကို ခဏတာ မေ့ထားလိုက်ပါ။
၈။ တစ်ယောက်နဲ့ တစ်ယောက်ကူညီဖေးမပေးပါ။
တစ်ချို့အတွဲတွေမှာ ကင်မရာရှေ့ရောက်ရင် ကောင်လေးက ရှက်တတ်တာ, ကောင်မလေးက ရှက်တတ်တာ, ၂ ယောက်စလုံး ရှက်တတ်တာလေးတွေ ရှိတတ်ပါတယ်။ အဲ့လို အချိန်မှာ တစ်ယောက်နဲ့ တစ်ယောက် ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး နဲ့ အပြန် အလှန် ကူညီဖေးမပြီး ဓာတ်ပုံကောင်းလေးတွေ ရဖို့အတွက် လက်တွဲခေါ်ပေးပါ။
၉။ အရေးပေါ်ပစ္စည်းလေးတွေ ဆောင်ထားပါ။
ရိုက်ကူးရေးနေ့မှာ မိမိရဲ့ သောက်နေကျဆေးလေးတွေ, သုံးနေကျ အသုံးအဆောင် ပစ္စည်းလေးတွေ ရိုက်ကူးရေးနေ့မှာ ဆောင်ထားတော့ အချိန်ကုန် သက်သာ လူသက်သာတာပေါ့။
❌🚫ရှောင်ရန် အချက်များ🚫❌
၁။အစားအသောက်မစားပဲ , အလွန်အကြူးစားသောက်ပြီး ဓာတ်ပုံ အရိုက်မခံပါနဲ့။
၂။ ကိုယ့်နဲ့ ဓာတ်ပုံရိုက်တဲ့ Partner ကို ဖိအားတွေဘမပေးပါနဲ့။
တစ်ချို့အတွဲတွေရှိတယ်၊ ဓာတ်ပုံရိုက်နေစဉ်မှာ ကိုယ်ချစ်သူ ကောင်လေး/ကောင်မလေးက သေချာ Pose မပေးတတ်, Mood ကလည်းမဝင်တော့
အားမလို အားမရတွေဖြစ်, အပြစ်တွေ ပြောမိတော့ အိုးနင်း ခွက်နင်းတွေ ဖြစ်ကုန်ပါလေရော။ အဲ့လိုပြောမဲ့အစား စိတ်ရှည်ရှည်နဲ့ လက်တွဲဖေးမ ကူညီပေးပါ။
ကဲ စာလည်း ရှည်သွားပြီ။ ဒီလောက်ဆို အားလုံး အတွက် လုံလောက်မယ်လို့ မျှော်လင့်မိပါတယ်။
အားလုံးပဲ ဓာတ်ပုံလှလှလေးတွေ များကြီးရိုက်ပြီး ပုံလှလှလေးတွေ မကြာခင်မှာပိုင်ဆိုင်နိုင်ကြပါစေ။ 😄
Thanks al