Canon Authorized Distributor - Myanmar

Canon Authorized Distributor - Myanmar Welcome to Canon Myanmar official page. Myanmar Golden Rock Co.,Ltd is the official sole distributor for Canon in Myanmar.

Please feel free to share your experience, feedbacks and enquiries here with us! We look forward to "Delighting you always"

24/05/2026

Canon EOS R5ii real world experience by Canon EOS Ambassador.
Canon Authorized Distributor - Myanmar မှာ Canon Camera နှင့် Lenses များ ဝယ်ယူလို့ရပါပြီ။
Online, In-person, Private Group သင်တန်းများအတွက် page messenger ကိုဆက်သွယ်မေးမြန်းနိုင်ပါသည်။
Upcoming classes
June - In-person Advanced Studio Lighting Class
July - In-person Advanced Outdoor Lighting Class
July - Online Retouching Class
July - Online Prewedding Class




11/05/2026

:: Initial Thoughts on Canon's Latest World's First 24-105 f/2.8 RF L IS USM Z ::

Canon ရဲ့ အသစ်ထွက် ကမ္ဘာ့ပထမဆုံး 24-105 f/2.8 Lens နှင့်ပက်သက်ပြီး Canon EOS Ambassador တယောက်ရဲ့ အကြိုရင်ခုန်သံ

Official Canon Camera နှင့် lens များကို ဝယ်ယူလိုလျှင် Canon Authorized Distributor - Myanmar page ကိုဆက်သွယ်ပါ။

Yes, it is RAW Featuring Myatyadanar Soe Designer Terry BurnessHair & makeup Ko Pan Shot on Canon EOS R6 mark iii , 28-7...
11/05/2026

Yes, it is RAW
Featuring Myatyadanar Soe
Designer Terry Burness
Hair & makeup Ko Pan
Shot on Canon EOS R6 mark iii , 28-70 f/2 RF L USM
Order authorized canon products: authorized distributor Myanmar




11/05/2026

:: UNLOCK THE PHOTOS ::
Shot on Canon EOS R6, power of 24-105mm kit lens.

11/05/2026

Things I Prepare For Thingyan Music Festival as a film production team.
6 cam setup - Cameras : Canon EOS R6iii, EOS R5, EOS R6, Osmo Action 6, Osmo pocket 3, Insta 360 x3
Lenses : 15-35mm f/2.8 RF L, 16mm f/2.8, 35mm f/1.8, 50mm f/1.8, 85mm f/1.2 RF L, 70-200 f/2.8 L IS USM Z , 10-500 f/4.5-7.1 L IS USM

"မြန်မာ့ နှစ်သစ်ကူး အတာသင်္ကြန် ရုံးပိတ်ရက် ကြေငြာခြင်း"  #နှစ်သစ်ကူး
10/04/2026

"မြန်မာ့ နှစ်သစ်ကူး အတာသင်္ကြန် ရုံးပိတ်ရက် ကြေငြာခြင်း"
#နှစ်သစ်ကူး

"မြန်မာ့ နှစ်သစ်ကူး အတာသင်္ကြန် ရုံးပိတ်ရက် ကြေငြာခြင်း"  #နှစ်သစ်ကူး
10/04/2026

"မြန်မာ့ နှစ်သစ်ကူး အတာသင်္ကြန် ရုံးပိတ်ရက် ကြေငြာခြင်း"

#နှစ်သစ်ကူး

10/04/2026

ဘာကြောင့် Canon Printer တွေမှာ Original Ink & Cartridge သုံးသင့်တာလည်း??

Canon Printer အသုံးပြုတဲ့သူတွေအတွက် Ink နဲ့ Cartridge ရွေးချယ်မှုဟာ အရေးကြီးတဲ့အချက်တွေထဲက တစ်ခုဖြစ်ပါတယ်။

Canon printer တွေမှာ Original Ink & Cartridge ကို အသုံးပြုခြင်းဖြင့် ရရှိနိုင် တဲ့ အကျိုးကျေးဇူး များ

၁။ ပုံနှိပ်အရည်အသွေးမြင့်မားခြင်း
Original Ink & Cartridge တွေကို Canon က သူ့ Printer model တိုင်း နဲ့ ကိုက်ညီအောင် စနစ်တကျ ထုတ်လုပ်ထားတာကြောင့် ပုံနှိပ်ရာမှာ အရောင်တိကျမှု၊ ပြတ်သားမှု နဲ့ ပရင့် အရည်အသွေး မြင့်မားစေပါတယ်။

၂။ Printer ကို သက်တမ်းကြာမြင့်စွာ အသုံးပြုနိုင်ခြင်း
Original Ink & Cartridge တွေက Printer ရဲ့ print head နဲ့ စနစ်တကျ ကိုက်ညီအောင် ပြုလုပ်ထားတဲ့အတွက် Original cartridge & Ink များကို အသုံးပြုခြင်း ဖြင့် Print Head ခဏခဏ ပျက်စီးစေနိုင်တဲ့ ဒဏ်မှ ကာကွယ်ပေးနိုင်ပါတယ်။ Non-original တွေက print head ပျက်စီးနိုင်ပြီး ပြင်ဆင်စရိတ်ပိုကုန်တတ်ပါတယ်။ Original Ink & Cartridge တွေက refill ink ၊ compatible ink စျေးနှုန်း များ ထက်အနည်းငယ်မြင့်နိုင်ပေမယ့် Printer/Print Head ပျက်စီးမှု၊ ပြင်ဆင်မှုစရိတ်တွေကို လျော့နည်းစေတဲ့အတွက် ရေရှည်မှာပိုပြီး ကုန်ကျစရိတ် သက်သာစေပါတယ်။

၃။ Warranty & Support ရရှိခြင်း
Original Ink & Cartridge သုံးထားတဲ့ Printer တွေအတွက်သာ Official Warranty 1year ကို အပြည့်အဝ ရရှိနိုင်ပါတယ်။ Third-party Ink သုံးထားလျှင် Official Warranty 1year မရရှိနိုင်တော့ပါ။

Canon printer တွေကို Print Quality ကောင်းကောင်းဖြင့် မိမိရဲ့ Printer ကို ရေရှည်မှာ အကောင်းဆုံးအသုံးချချင်တယ်ဆိုရင် Original Ink & Cartridge များကို အသုံးပြုဖို့ အကြံပြုအပ်ပါတယ် ခင်ဗျာ။

31/12/2025

EOS R6 Mark III Body Impression

📷

About buying a scanner and getting the best resultsScanner ဝယ်ယူခြင်းနှင့်အကောင်းဆုံးရလဒ်များရယူခြင်းအကြောင်းပထမဆုံး အနေ...
09/12/2025

About buying a scanner and getting the best results
Scanner ဝယ်ယူခြင်းနှင့်အကောင်းဆုံးရလဒ်များရယူခြင်းအကြောင်း

ပထမဆုံး အနေနှင့် Scanner တစ်လုံးကို ဝယ်ယူတော့မယ်ဆိုရင် “ဘယ် Brand ‌‌‌ကို ရွေးချယ်ရမလဲ?၊ မိမိတို့ လိုအပ်ချက် နှင့် ကိုက်ညီမဲ့ DPI ကို ဘယ်လိုရွေးချယ်ရမလဲ?၊ Scan speed မြန်အောင် ဘယ်လိုလုပ်မလဲ? စတဲ့ အချက်တွေ ကို ထည့်သွင်း စဥ်းစား ၀ယ်ယူသင့်ပါတယ်။

---

✅ 1. Which brand of scanner to choose? / Brand ကို ဘယ်လိုရွေးမလဲ?

Scanner ဝယ်ယူတဲ့အခါ Hardware Quality ကောင်းပြီး Service ယုံကြည်ရတဲ့ Brand ကိုရွေးသင့်ပါတယ်။
Canon Brand Scanner များအနေနှင့် ၂၀၀၀ ခုနှစ်တွင် Scanner များအတွက် Hardwarezone.com ဆုများအားလုံးကို ရယူနိုင်ခဲ့ပြီး Scan result ကောင်း၊ ရေရှည် အသုံးခံ၊ ယနေ့ အချိန်ထိ Software support ကောင်းမွန် နေသည့် အတွက် ရေရှည် အသုံးပြုဖို့အတွက် ရွေးချယ် ၀ယ်ယူသင့်တဲ့ Brand တစ်ခုလည်း ဖြစ်ပါတယ်။

--

✅ 2. မိမိ လိုအပ်ချက် နှင့် ကိုက်ညီမဲ့ Scanner Model ကို ဘယ်လိုရွေးမလဲ?

အရင်ဆုံး မိမိ လိုအပ်ချက် အရ ဘာကို အများဆုံး scan လုပ်မလဲ ဆိုတာကို စဉ်းစားပါ။

ပုံမှန် Document စာရွက်များ Scan ဖတ်ရန် အတွက် 300 DPI ရ‌သော Scanner model များသည် အဆင်ပြေပြီး
Photo၊ Image Quality များကို Scan ဖတ်ရန် လိုအပ်ပါက 600–1200 DPI ပါသော Scanner Model များကို ရွေးချယ်၀ယ်ယူပါ။
ဒါ့အပြင် စာရွက် အများအပြားကို တပြိုင်နက် တည်း scan ဖတ်ရန် လိုအပ်ပါက ADF(Auto Document Feeder) ပါတဲ့ Scanner ကို ရွေးချယ်၀ယ်ယူသင့်ပါတယ်။
စာအုပ်တွေကိုပါ Scan ဖတ်လေ့ရှိသူများ အတွက် စာအုပ်များကို လွယ်ကူစွာ Scan ဖတ်နိုင်သည့်Z-Lid (double hinge cover) ပါတဲ့ scanner ကိုရွေးသင့်ပါတယ်။

ခရီးသွားရင်း အပြင်မှာ scan ဖတ်ရန်လိုအပ်ပါက အိတ်ဆောင် Portable Scanner များကို ရွေးချယ် ၀ယ်ယူသင့်ပြီး မိမိ လက်ရှိ အသုံးပြုနေသော Computer/Laptop (PC) devices များနှင့် မိမိ၀ယ်ယူမဲ့ Scanner model ကို တွဲဖက်အသုံးပြုနိုင်ရန် အတွက် ကိုက်ညီမှု ရှိ မရှိ ကို စစ်ဆေးပြီးမှ ၀ယ်ယူပါ ။

---

✅ 3. အကောင်းဆုံး Scan Result ရအောင် ဘယ်လိုလုပ်မလဲ?

Scan လုပ်တဲ့အခါ—

✔ Scanner မှန်ကို သန့်ရှင်းပြီး ဖုန်မှုန့် ကင်းစင် အောင်ထားပါ။
✔ စာရွက်ကို မှန်ပေါ်မှာ ပြားပြားကပ်ကပ် ဖြစ်အောင်ထားပါ။
✔ ပုံအမျိုးအစားအလိုက် Setting (Color / B&W) ကိုမှန်အောင်ရွေးပါ။
✔ Scan Speed မြန်ချင်သူများအတွက် Scanner ကို USB နှင့် တိုက်ရိုက် ချိတ်ပြီး အသုံးပြုပါ။
*** Scan result မကောင်းရင် Photoshop နဲ့တောင် မပြင်နိုင်ပါဘူး။

---

✅ 4. Scan မြန်အောင် ဘယ်လိုလုပ်မလဲ?

Scan ဖတ်ရာတွက် မိမိ တို့ Scan ဖတ်မဲ့ အမျိုးစား ပေါ် မူတည်ပြီး သင့်လျော်သော resolution (dpi) ကို ရွေးချယ်ပြီး Scan ဖတ်သင့်ပါတယ်။Document များကို Scan ဖတ်ရန်အတွက် 300dpi သည် လုံလောက်တဲ့ အတွက် မလိုအပ်ပဲ setting ထဲတွင် 1200/1600 dpi ကို ‌ရွေးချယ်ပြီး Scan ဖတ်လျှင် မိမိ တို့ အသုံးပြုနေ‌သော Device များ၏ RAM ပိုလိုအပ် တဲ့ အတွက် Scan Speed ပိုကြာတက်ပါတယ်။
⚠️ DPI မြင့်လေလေ File sizeကြီး၊ Scan speed ကြာ၊ Storage & RAM ပိုလိုအပ်ပါတယ်။

Scan မြန်ချင်လျှင်—

✔ RAM များတဲ့ PC သုံးပါ။
✔ Resolution မလိုအပ်ဘဲ မြင့်အောင်မထားပါနဲ့။
✔ Pre-scan မှာ scan လုပ်မယ့် အပိုင်းကိုပဲရွေးပါ။

---

✅ 5. CIS Scanner နဲ့ CCD Scanner ဘာကွာလဲ?

🔹 CIS(Contact Image Sensor) Scanner များသည် စက်အရွယ်အစား အနေနှင့် ပါးလွှာပြီး အလေးချိန် ပေါ့ပါး တဲ့အပြင် ပါ၀ါသုံးစွဲမှုနည်း(USB ကြိုးတစ်ချောင်းနဲ့တင် အလုပ်လုပ်) သည့်အတွက် အိမ်သုံး/ရုံးသုံး Document Scan များ အတွက် သင့်တော်တဲ့ Scanner အမျိုးအစား တစ်ခု ဖြစ်ပါတယ်။(Example : Canon Lide300/Canon Lide400)

🔹 CCD(Charge-Coupled Device) Scanner များ သည် Sensor အရည်အသွေး အလွန်ကောင်းမွန်ပြီး Scan စာရွက်ပေါ်ရှိ အလွန်အသေးစိတ်ကျသော အရာ များကို Scan ဖတ်နိုင်သည့်အတွက် Photo/Magazine/Artwork စတဲ့ Professional & Details ကျကျ Scan ဖတ်ရန် လိုအပ်သူများ အတွက် ရွေးချယ်သင့်တဲ့ Scanner type အမျိုးစားတစ်ခုဖြစ်ပါတယ်။

---

✅ 6. USB 2.0 (Full Speed) က တကယ့် USB 2.0 လား?

“USB 2.0 (Full Speed)” လို့ရေးထားတာကိုတွေ့ရင် အဲ့ဒီဟာက တကယ့် USB 2.0 High-Speed မဟုတ်ပါဘူး။

“USB 2.0 (Full Speed)” ဆိုတာ ဘာကို ဆိုလိုတာလဲ?

Printer/Scanner တွေရဲ့ Port ပုံစံ၊ Cable ပုံစံက USB 2.0 physical standard ဖြစ်ပါတယ် ဒါပေမယ့် အမြန်နှုန်းက Full Speed (12 Mbps) ပဲရပါတယ်။ အလွယ်ပြောရရင် USB 2.0 ခေါင်းစဉ်အောက်မှာ အလုပ်လုပ်ပေမယ့် အမြန်ဆုံး USB 2.0 High Speed (480 Mbps) မရပါဘူး။

ဘာကြောင့် Printer/Scanner Device တွေမှာ USB 2.0 Full Speed လို့ ရေးကြတာလဲ?
Printer / Scanner တွေမှာ USB 2.0 Full Speed လို့ ရေးထားတာတွေ အများဆုံးတွေ့ရပါတယ်။
သို့သော် USB 2.0 လို့ရေးထားပေမဲ့ USB 2.0 ရဲ့ အမှန်တကယ် Speed ဖြစ်တဲ့ 480 Mbps ထိ မရပါဘူး။ ဘာကြောင့်လဲ ဆိုတော့ Printer /Scanner များရဲ့ USB port အတွင်းရှိ Device controller က Full Speed (12 Mbps) ကိုပဲ support လုပ်နိုင်လို့ ပဲ ဖြစ်ပါတယ်။ USB 2.0 ရဲ့ High Speed က အမှန်တကယ် 480 Mbps ထိ Speed ရှိပေမဲ့ PC နဲ့ Device များကြား Data ကူးပြောင်းပေးတဲ့ “အချက်အလက် ထိန်းချုပ်ပေးတဲ့ Chip(IC) ရဲ့ သတ်မှတ်ချက် အရ USB 2.0 port ဖြစ်သော်လည်း 12Mbps Speed ထိသာ ရရှိနိုင်ပါတယ်။
ဒါကြောင့် Scanner ဝယ်တဲ့အခါ—

✔ ယုံကြည်ရ တဲ့ Brand
✔ မိမိတို့ လိုအပ်ချက် နဲ့ကိုက်ညီတဲ့ Model
✔ DPI ကို လိုအပ်သလောက်
✔ CIS vs CCD သိပြီးရွေး
✔ USB 2.0 High Speed ရှိမရှိ စစ်

ဒီအချက်တွေကို သိထားရင် မိမိတို့ လိုအပ်ချက် နဲ့ ကိုက်ညီ တဲ့ Scanner တစ်လုံး ကို လွယ်ကူ မှန်ကန်စွာဖြင့် ရွေးချယ် ၀ယ်ယူနိုင်ပြီပဲ ဖြစ်ပါတယ် ခင်ဗျာ။


Address

Building. 18, 6th Floor, Hlaing Universities' Campus, MICT Park, Hlaing Township
Yangon
11051

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:00
Friday 09:00 - 17:30

Telephone

+959798893723

Alerts

Be the first to know and let us send you an email when Canon Authorized Distributor - Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Canon Authorized Distributor - Myanmar:

Share

Category