i'm not crazy, my mother had me tested.

i'm not crazy, my mother had me tested. half savage, half sweetheart.

ဘယ်လိုနေသလဲ အရသာရှိသလားand the next time ငါ့ရပ်ကွက်ထဲလာပြီး ဂလယ်အူကြောင်လုပ်ရင် ဂွစာမိမှာ80’s က အာဝါဒီးအထာအနာအဆာရှိသယောင...
12/03/2024

ဘယ်လိုနေသလဲ အရသာရှိသလား
and the next time ငါ့ရပ်ကွက်ထဲလာပြီး ဂလယ်အူကြောင်လုပ်ရင် ဂွစာမိမှာ
80’s က အာဝါဒီးအထာ
အနာအဆာရှိသယောင်နဲ့ ဂျပန်က godzilla လို စကားကကြီးထွား
ငါ့ဝိုင်းမှာ မင်းသိပ်ပြီး မှုတ်ချင်ရင်တောင် ဘာဂျာမရှိပါ

မင်းလုပ်ခဲ့တာမင်းပြန်ကြည့်
အခွံခွါကြည့်လိုက်တော့ အတွင်းအဆံမရှိ
သူများတွေ ဒေါင်ဒေါင်မြည်ချိန်မှာ မင်းတစ်ယောက်ပဲ နင်းကန်ဂိ

Rကြီး လို စည်းတစ်ဖက်ခြား
မင်းအတတ်ပညာ ဘုရားလောက်ကြီးမြတ်သလား
သီချင်းဘဲ မဆိုနဲ့ မင်းနှလုံးသားထဲမှာ မရှိတာ မီးခွက်များ

တကယ်တမ်း ပုံပန်းမလာလောက်မှန်း
အိမ်အထိလာ စုံစမ်းကာထောက်လှမ်း
ခြောက်သွေ့ရာအရပ်မှာ တစ်ယောက်တည်း ကုန်ခမ်းကာလောင်ကျွမ်း

ဘယ်လောက်တောင်ကျိတ်ပြီး မုန်းနေသလဲ
မင်းအိပ်ယာထတိုင်း အုန်းတွေလွဲ
နှလုံးသားထဲက ဒုက္ခသည်စခန်းကို israel လို ဗုံးတွေကျဲ

အချိုးမကျပြီး fu တယ်
သူများ slang တွေ ခိုးချပြီး ယူ
ကိုးကားသည့်မူ
ငါပြောပြီးသား ဆင်တူယိုးမှား သတိပြု

you done slip, fool? come get it
ခေတ်ကိုက မီဒီယာ သုံးပြီး သူခိုးက လူပြန်ဟစ်

ငါတစ်ခေါက်ပေါက်ကွဲပြီး ဆဲထည့်လိုက်တာ သုဝဏ္ဏအိမ်တောင် တုန်သွားတယ်
ကလေးဘဝက ယုံထားခဲ့သမျှအရာတွေအားလုံး အင်္ဂလန်မိုးတွင်းလို မှုန်ဝါးခဲ့
မင်းလည်းငယ်တော့တာမဟုတ်ဘဲ အဲ့သလောက်တော့ မနုံအ နဲ့
ငါ့လိုလူရှိရင် ပတ်ပြီးရှာကြည့်လိုက် ထမင်းထုပ်ပါကုန်သွားမယ်

တောတိုင်းမှာလေစန္ဒကူးမရှိ—————————————အိပ်မက်မှာ ဇာတ်သိမ်းခန်း မရှိမျှော်လင့်ချက်မှာ သက်တမ်း မရှိအနာဂတ်မှာ ကွက်လပ် မရှိလ...
18/12/2023

တောတိုင်းမှာလေစန္ဒကူးမရှိ
—————————————

အိပ်မက်မှာ ဇာတ်သိမ်းခန်း မရှိ
မျှော်လင့်ချက်မှာ သက်တမ်း မရှိ
အနာဂတ်မှာ ကွက်လပ် မရှိ
လွတ်လပ်မှုမှာ နှောင်ကြိုး မရှိ
ငြိမ်းချမ်းရေးမှာ ဒေသစွဲ မရှိ
အမှန်တရားမှာ ပုဂ္ဂိုလ်စွဲ မရှိ..

ကိုယ့်မှာ..
တဏှာကို သတ်ဖို့ နေနေသာသာ
ဆေးလိပ်တောင် မဖြတ်နိုင်ပါဘူးကွယ်..

ငွေစက္ကူတွေမှာ တန်ဖိုး မရှိ
လူသားတွေမှာ တန်ဖိုး မရှိ
ကိလေသာမှာ ထွက်ပေါက် မရှိ (မဟုတ်သေးဘူး)
သံသရာမှာ ဖြတ်လမ်း မရှိ (မဟုတ်သေးဘူး)
ဘဝမှာ နောင်တ မရှိ

ကိုယ့်အကုသိုလ်နဲ့ ကိုယ်
ကိုယ် ခံချင်တဲ့ ငရဲ
ကိုယ်ကိုယ်တိုင် ရွေးချယ်ခဲ့ပြီပဲ
ဝမ်းနည်းစရာ မရှိ
ကြေကွဲစရာ မရှိ..

~လှသန်း

08/12/2023

ကျေးဇူးတော်လမ်း
—————————

အသက်ကိုနောက်မှရှူမယ်
ကော်ဖီကိုအရင်သောက်မယ်

ငါ့ကိုယ်ငါအရင်ချစ်လည်း
မင်းကိုချစ်တာ အရင်ဖြစ်ခဲ့တယ်။ ။

ကိုယ့်ခါးကို မင်းဖက်ထားထား
မင်းခါးကို ကိုယ်ဖက်ထားထား
လမ်းဟာ သွားနေဖို့ပဲ။ ။

မျက်နှာကို လေတိုးနေတာ ဘ၀အရသာ
အလွမ်းအဆွေးမှာ
မင်းမျက်နှာလည်း ဖြစ်မယ် ကိုယ့်မျက်နှာလည်းဖြစ်မယ်
လေထဲ ဆံပင်တွေ လွင့်နေတာ လှတယ်။ ။

လမ်းပေါ်တစ်နှစ်ပတ်လုံး သွားနေတာပဲ
လမ်းပေါ်တစ်နှစ်ပတ်လုံး လူတွေ သေနေကြတာပဲ
မသွားလို့မှ မဖြစ်
အချစ်မှာ မရောက်လို့မှ မဖြစ်ပဲ။ ။

လမ်းတစ်လမ်းမှာ အမည်မသိအုတ်ဂူ
နောက်တစ်နေရာမှာ သစ်ခြောက်ပင်
နည်းနည်းလွန်လာတော့ လမ်းတစ်ဖက်မှာ စိမ်းလန်းသော လယ်ကွင်း
ငါလည်း ဆင်းကျန်ခဲ့လို့မှ မဖြစ်ဘဲ။ ။

မသာ ဆယ်ခေါက်လည်း
လူဟာ ဘယ်မှမရောက်ဘူး။

အသည်းကွဲတယ်ဆိုတာကလည်း
အသည်းရှိခဲ့လို့ပါပဲ
အချစ်မှာ
အခြား ဘာရှိရမှာလဲ

ငါလည်း
မသေအိမ်က မုံညင်းစေ့ပမာ
ပျောက်နေတာကို ဘဝထဲမှာမရှာ
အရိပ်ထဲမှာမနား
အနီးဆုံးဘုရားကိုမဖူး
လမ်းဟာ ရူးခါနေတာပဲ။ ။

ကိုယ်အသက်ကြီးခဲ့ရင် ပင်လယ် တောင်တန်းနဲ့
နယ်မြို့လေးတစ်မြို့မှာ သွားနေမယ်
ကိုယ်အသက်မကြီးခဲ့ရင်လည်း
ကိုယ်ဟာ တစ်ပြားမှမလျှော့
ရန်ကုန်လမ်းပေါ်မှာပဲပေါ့။ ။

လင်းနေမှ လူနေတယ် ထင်ယောင်မှားမိတယ်
အမှောင်ထဲမှာလည်း ငြိမ်ငြိမ်လေး ကိုယ်နေတယ်

အစကတည်းက မရောက်ခဲ့ရင်
ဘယ်တော့မှလည်း မရောက်
ကိုယ်လျှောက်နေတဲ့ လမ်းထက် လူဟာပိုမရောက်

အိမ်အပြန်လမ်းတစ်လျှောက်
အားလုံးနောက်ကျလည်း
တစ်ယောက်ချင်းမှာ
မိသားစုတစ်စုချင်းမှာ
ခြေလမ်းညီညီစီလို့
မြို့အပြင်က အိမ်ထဲ
လေယာဉ်ပျံတီထွင်နိုင်လည်း မပျံသန်းနိုင်ပဲ
ပြန်လည်ဝင်ရောက်ပျောက်ကွယ်လို့

မိုးကုန်မှ မုတ်သုန်ရောက်လာတယ်
ဆောင်းဦးရွက်ကြွေထဲ
ကျွန်တော်တို့ တဖွဲဖွဲ လွဲသွားကြပုံရတယ်။ ။

ဝေးကွာခြင်းက ပိုမြင်ရပြီး
အတူတကွရှိခြင်းက ပိုကြားရတယ်
အမြင်အကြားခြားနားနေတာလည်း အချစ်နဲ့ ဘ၀ပဲ
မြင်သလောက်မကြား
ကြားသလောက် မမြင်
ပြင်ရင် ပျက်တတ်တယ်။ ။

ရန်ကုန်ကို ငုံ့ကြည့်ဖို့ရာ
ကိုယ့်မှာ ကဗျာပဲ ရှိတယ်
ချစ်မေတ္တာကတော့ အမြဲဆန်းကြယ်
တအံ့တဩ ငေးမောကြည့်ရတယ်။ ။

~စိုင်း၀င်းမြင့်

half savage, half sweetheart.

31/10/2023

:3

ပိန်အောင်လုပ်ပေး..

half savage, half sweetheart.

29/10/2023

အေးဆို..

:3

half savage, half sweetheart.

28/10/2023

အက်ဒမင်ရဲ့ အမျိုးသမီးကြီးပါ..

ပြီးခဲ့တဲ့ ၇ ဘဝ ဆက်တိုက် မယ်စကြဝဠာ ၉၆ ထပ်ကွမ်း ရခဲ့ သူပါ.. စိတ်ကောင်းကတော့ အသားကုန်ရှိပါတယ်.. အက်ဒမင်က သူ့ကို တအားတအား သွား စ မိရင်တော့ ကိုင်ပေါက်မှာနော် လို့အော်တတ်ပါတယ်.. ကနေ့ထိတော့ ကိုင် အပေါက်မခံရဖူးသေးပါဝူး.. (သူ့ကို မစောင့်နိုင်ပဲ အက်ဒမင်က ကိုယ်ဘာသာ ကိုင်ပေါက်လိုက်တာပဲများပါတယ်.. တစ်ခါတစ်ခါ ကော့ပန်းမိတာလည်း ရှိတာပေါ့လေ..😁😁) ဘယ်လိုဖြစ်ဖြစ် စိတ်ကောင်းက အသားကုန်ရှိပါတယ်.. အက်ဒမင် ကိုယ်တွေ့ပါ..

အလုပ်အကိုင်ဆိုလည်း တအားသေသပ်ပါတယ်.. လုပ်ချင်ရာ လုပ်တတ်လွန်းလို့ သူ့ရုံးက လူကြီးတွေ ဆို သူ့ကို လွှတ်ထားရတာပါ.. သူ့ အောက်က လူတွေ ကတော့ သူ့ကို (ပြောရင်ယုံမှာမဟုတ်ပါဝူး..) တစိမှ မကြောက်ကြပါဝူး.. သူ့အလုပ်ကိုတော့ သူ နိုင်နိုင်နင်းနင်းပါပဲ.. လှည့်ကို မကြည့်တာပါ.. HOD တို့ ဘာတို့ က ဆူမယ်အသံကြားတာနဲ့ resign ကောက်တင်ပါတယ်.. အက်ဒမင်ကလည်း မြှောက်ပေးပါတယ်.. ရုံးမတက်နဲ့ ရုန်းထွက်.. ကြွက်ပြေးလမ်းပေါ်က ဖောက်ထွက်ပစ် ဘာညာ ပေါ့..

ခုတော့ တရားစခန်းဝင်မယ်ဆိုပြီး သူ့ အဒေါ်ဆီက လုံချည် ၇ ထည် သွား မန်းလာပါတယ်.. (သာဓုပါ ဒေါ်လေးရေ.. ရေစက်သာချ လိုက်ပါတော့..) တရားစခန်းဝင်ရခြင်း အဓိကရည်ရွယ်ချက်က ဝိတ်ချဖို့ပါ.. 😁😁 (ကိလေသာအလေးအပင်တွေ လျှော့မယ်ပြောတာပါ..) ဘာပဲပြောပြော တကယ် ချီးကျူးရပါတယ်.. တရားစခန်းဝင်ဖို့ စိတ်ပါလက်ပါရှိတာကိုက အပေါ်မှာပြောသလို စိတ်ကောင်း မတရားရှိလွန်းတာပါပဲ.. သူတော်ကောင်းဓာတ်ခံရှိတယ်ပေါ့လေ.. (တရားစခန်းကထွက်လာရင် အငတ်မထားနဲ့နော် အချစ်.. 🤭🤭)

ပုံကတော့ အက်ဒမင်တို့ နယ်မှာ အသစ်ဖွင့်မယ့်ရုံးအတွက် စိုက်ဖို့ ပျိုးပင်ဆိုင်မှာ ဘာပင်ခိုးရမလဲ သွားကြည့်နေတဲ့ ပုံပါ.. မြင်တဲ့ အတိုင်း အမျိုးသမီး ပီပီသသ နွဲ့နွဲ့နှောင်းနှောင်း ခါးထောက်လျက်ပါပဲ..

❤️ (တကယ်က တအားချစ်ရတဲ့ အကြောင်းပြောချင်တာပါ အချစ်ရေ.. မင်းက ငါ့ရဲ့ ပျော်ရွှင်မှုပါပဲ.. မင်းကငါ့ရဲ့ ကမ္ဘာပါပဲ.. မင်းက ငါ့ရဲ့ အရာရာပါပဲ..) ❤️
🫰🖐️👋👌✋🤚

half savage, half sweetheart.

 #အင်းထရက်စတင်းအရူးလက်မှတ်က ငါ တို့ဆီပဲ အသုံးတည့်တယ် ထင်ခဲ့မိတာ.. သူတို့ဆီမလည်း ရှိတာပဲ.. အဲ့ကြောင့်မို့ ထရမ့်ကြီး အေးအေ...
25/10/2023

#အင်းထရက်စတင်း

အရူးလက်မှတ်က ငါ တို့ဆီပဲ အသုံးတည့်တယ် ထင်ခဲ့မိတာ.. သူတို့ဆီမလည်း ရှိတာပဲ..
အဲ့ကြောင့်မို့ ထရမ့်ကြီး အေးအေးဆေးဆေး ဂေါက်ရိုက်နေနိုင်ပုံရ..

25/10/2023

half savage, half sweetheart.

ငါတို့ကကျ မချောဘဲ ကို ရူးနေတာ.. (ဘဝင်ရူး ရူးတာ ပြောပါတယ်..) 😁😁
24/10/2023

ငါတို့ကကျ မချောဘဲ ကို ရူးနေတာ.. (ဘဝင်ရူး ရူးတာ ပြောပါတယ်..)

😁😁

23/10/2023

$ရမ်း အိပ်ရေးဝတဲ့ ရက်တွေဆို ဘယ်သူ့မှ ကို လူမထင်တာ..
😁😁

half savage, half sweetheart.

ပင်လယ်ဆီသွားဖို့ ကို အများကြီး အားယူခဲ့ရ.. လက်ကျဲကြားက စီးကျသွားတဲ့ ရေလို.. သောင်ပေါ် ကျန်ထင်တဲ့ ဖဝါးရာတွေလို.. အမှတ်တရတ...
22/10/2023

ပင်လယ်ဆီသွားဖို့ ကို အများကြီး အားယူခဲ့ရ..

လက်ကျဲကြားက စီးကျသွားတဲ့ ရေလို..
သောင်ပေါ် ကျန်ထင်တဲ့ ဖဝါးရာတွေလို..
အမှတ်တရတွေ ဆိုတာ လွယ်လွယ်ကူကူ အမှတ်တမဲ့ ပြန်ဖြစ်ဖို့ မဖြစ်နိုင်မှန်း သိကတည်းက..
ဘဝ ကို စိုးရိမ်တကြီး တည်ဆောက်.. ခံစားချက်ကို နှလုံးသွေးလို အသည်းအသက်နဲ့ ထပ်တူ စောင့်ရှောက်..

တမိုးအောက်မှာ တစ်ယောက်ပါပဲ လို့ တိုင်တည်ရနိုင်လောက်တော့အောင် မလတ်ဆတ်၊ မသင်းပျံ့လည်း..
အရွယ်ရောက်ပြီးသား ချစ်မေတ္တာဟာ ကျန်းမာစေတယ်..

ခရုတွေဆီမှာ ပင်လယ်သံကို နားထောင်ခွင့်တောင်းစရာမလိုတော့..
လရောင်ဆီမှာ ပင်လယ်ရောင် ကို ငေးကြည့်ခွင့်တောင်းစရာမလိုတော့..
မုတ်သုန်လေမှာ ပင်လယ်ရနံ့ ကို ရှိုက်ယူခွင့်တောင်းစရာမလိုတော့..

မင်းရင်ခုန်သံက ပင်လယ်ပဲ..
မင်းမျက်ဝန်းက ပင်လယ်ပဲ..
မင်းကိုယ်ငွေ့ က ပင်လယ်ပဲ ဖြစ်သွား..

ပင်လယ်ဆီရောက်ဖို့ ငါ အများကြီး အားယူခဲ့ရ..

Address

22, 39th Street, Kanna Block, Kyauktada Tsp
Yangon

Website

Alerts

Be the first to know and let us send you an email when i'm not crazy, my mother had me tested. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share