Moments News

Directions

Moments News New Media

23/10/2026

ရေကျော်ပွဲစျေး 🇲🇲
#ရေကျော် #ပွဲစျေး #သီတင်းကျွတ် #ရေကျော်ပွဲစျေး

16/10/2026

အင်းလေးဖောင်တော်ဦး ဘုရားရုပ်ပွားတော်များ ငါးဖယ်ချောင်းမှ ကြေးစားရွာသို့ ပင့်ဆောင်မှု မြင်ကွင်းများ
🇲🇲

10/10/2026

၂၀၂၆ခုနှစ် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ကျွန်းတောလမ်းပွဲစျေး🇲🇲

မံုရွာ-မန္တလေးကားလမ်းပေါ် ယာဉ်တိုက်မှု ၁၀ဦးသေဆံုးကာ သံုးဦးဒဏ်ရာရ🇲🇲စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ် မုံရွာ-မန္တလေ...
05/10/2026

မံုရွာ-မန္တလေးကားလမ်းပေါ် ယာဉ်တိုက်မှု ၁၀ဦးသေဆံုးကာ သံုးဦးဒဏ်ရာရ🇲🇲

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ် မုံရွာ-မန္တလေးကားလမ်းတွင် ယာဉ်(၂)စီး အရှိန်မထိန်းနိုင်ဘဲ တိုက်မိမှု အောက်တိုဘာ ၅ ရက် နံနက်ပိုင်းက ဖြစ်ပွါးခဲ့ရာ အဆိုပါ ယာဉ်တိုက်မှုကြောင့် ကျား(၂)ဦးနှင့် မ(၈)ဦး (‌ေ-သဆုံး)၊ ထိခိုက်ဒဏ်ရာရရှိသူ မ(၃)ဦးတို့အား စစ်ကိုင်းကုတင်(၃၀၀)ပြည်သူဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

#ယာဉ်တိုက်မှူ #စစ်ကိုင်းမြို့

မြန်မာ့မီးရထား၌ ပထမဆုံး အမျိုးသမီး စက်ခေါင်းမောင်းများ တာဝန်ပေးရန် စီစဥ်🇲🇲မြန်မာ့မီးရထား သမိုင်းတစ်လျှောက် ပထမဆုံးအဖြစ် ...
05/10/2026

မြန်မာ့မီးရထား၌ ပထမဆုံး အမျိုးသမီး စက်ခေါင်းမောင်းများ တာဝန်ပေးရန် စီစဥ်🇲🇲

မြန်မာ့မီးရထား သမိုင်းတစ်လျှောက် ပထမဆုံးအဖြစ် ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်းတွင် ပြေးဆွဲနေသည့် ရထားများ၌ အမျိုးသမီး စက်ခေါင်းမောင်းသူများကို ထည့်သွင်းတာဝန်ပေးရန် မြန်မာ့မီးရထား၊ သွား/လာရေးဌာနက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်မှ AGTI ဒီပလိုမာ ရရှိထားသူ အမျိုးသမီး ၅ ဦးအား ရထားစက်ခေါင်းမောင်းများအဖြစ် လေ့ကျင့်မွေးထုတ်ထားကြောင်း သိရသည်။

#မြန်မာ့မီးရထား #စက်ခေါင်းမောင်း

ထားဝယ်တွင် မိုးရေချိန် ၁၃ လက်မခွဲကျော် ရွာသွန်းခဲ့ပြီး နှစ် ၈၀ အတွင်း အမြင့်ဆုံးစံချိန်တင် 🇲🇲တနင်္သာရီတိုင်းဒေသကြီး ထားဝ...
28/09/2026

ထားဝယ်တွင် မိုးရေချိန် ၁၃ လက်မခွဲကျော် ရွာသွန်းခဲ့ပြီး နှစ် ၈၀ အတွင်း အမြင့်ဆုံးစံချိန်တင် 🇲🇲

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ရွာသွန်းခဲ့သည့် မိုးရေချိန်မှာ ၁၃ လက်မခွဲကျော် (၁၃.၇၈ လက်မ) ထိ ရွာသွန်းခဲ့သဖြင့် နှစ်ပေါင်း ၈၀ အတွင်း အမြင့်ဆုံး စံချိန်သစ်တင်ခဲ့ကြောင်း သိရသည်။

#မိုးရေချိန် #ထားဝယ်မြို့

အာရှအဆင့်တွင် ရွှေတံဆိပ်ဆု ဆွတ်ခူးပေးခဲ့သည့် မြန်မာ့တက်ဂ်ဘောအသင်းကို ကျပ်သိန်း ၁၈၀၀ ဂုဏ်ပြု🇲🇲အာရှအဆင့် အမျိုးသမီးတစ်ဦးချ...
22/09/2026

အာရှအဆင့်တွင် ရွှေတံဆိပ်ဆု ဆွတ်ခူးပေးခဲ့သည့် မြန်မာ့တက်ဂ်ဘောအသင်းကို ကျပ်သိန်း ၁၈၀၀ ဂုဏ်ပြု🇲🇲

အာရှအဆင့် အမျိုးသမီးတစ်ဦးချင်း ရွှေတံဆိပ်ဆုကို နှစ်ပေါင်း(၂၄)နှစ်အကြာမှ ပြန်လည်ဆွတ်ခူးပေးခဲ့သည့် မြန်မာ့လက်ရွေးစင် တက်ဂ်ဘောအသင်းအား ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၁,၈၀၀ ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။

#အာရှအဆင့် #ရွှေတံဆိပ်

အာရှအားကစားပြိုင်ပွဲတွင် မြန်မာတက်ဂ်ဘော ကစားသမား ခင်နှင်းဝေး ရွှေတံဆိပ်ဆုရရှိ🇲🇲အာရှအားကစားပြိုင်ပွဲတွင် မြန်မာတက်ဂ်ဘော က...
20/09/2026

အာရှအားကစားပြိုင်ပွဲတွင် မြန်မာတက်ဂ်ဘော ကစားသမား ခင်နှင်းဝေး ရွှေတံဆိပ်ဆုရရှိ🇲🇲

အာရှအားကစားပြိုင်ပွဲတွင် မြန်မာတက်ဂ်ဘော ကစားသမား ခင်နှင်းဝေးက တက်ဂ်ဘောအားကစားပြိုင်ပွဲ ဗိုလ်လုပွဲတွင် ပြိုင်ဘက် အင်ဒိုနီးရှားကစားသမားကို အနိုင်ယူကာ ရှုံးပွဲမရှိစံချိန်ဖြင့် အရွှေတံဆိပ်ဆုကိုဆွတ်ခူးရရှိခဲ့သည်။

#အာရှအားကစားပြိုင်ပွဲ #ရွှေတံဆိပ်

အာဂျင်တီးနားလက်​ရွေးစဥ်အသင်းမှ မက်ဆီ အနားယူ​​၂၀၂၂ ကမ္ဘာ့ဖလား ဆွတ်ခူးထားတဲ့ ကမ္ဘာ​ကျော်​ဘောလုံးသမား မက်ဆီသည် နိုင်ငံလက်​ရ...
31/08/2026

အာဂျင်တီးနားလက်​ရွေးစဥ်အသင်းမှ မက်ဆီ အနားယူ​​

၂၀၂၂ ကမ္ဘာ့ဖလား ဆွတ်ခူးထားတဲ့ ကမ္ဘာ​ကျော်​ဘောလုံးသမား မက်ဆီသည် နိုင်ငံလက်​ရွေးစင်အသင်းက​နေ အနားယူလိုက်ပြီဖြစ်​ကြောင်း​ကြေညာခဲ့သည်။

#မက်ဆီ #အာဂျင်တီးနား

ရန်ကုန်-မော်လမြိုင်လမ်းတွင် ယာဉ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိကာ နှစ်ဦးသေဆုံး ***************************************...
17/08/2026

ရန်ကုန်-မော်လမြိုင်လမ်းတွင် ယာဉ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိကာ နှစ်ဦးသေဆုံး
*****************************************
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြိုနယ်၊ ရန်ကုန်-မော်လမြိုင်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၈/၃)တွင် ဩဂုတ် ၁၇ ရက် နံနက်ပိုင်းက ယာဉ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိမှု ဖြစ်ပွားကာ ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှ သိရသည်။
#ရန်ကုန် #မော်လမြိုင် #ယာဉ်တိုက်မှု #ကယ်ဆယ်ရေး

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Moments News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share