20/07/2024
မင်္ဂလာဆောင်ရင် မြန်မာမလေး တွေကို မြန်မာထိုင်မသိမ်းလေးနဲ့ လှစေချင်တယ် 🌸
ရိုးရာဝတ်စုံ၊ ရိုးရာ ယဉ်ကျေးမှူ ဆိုတာ လူမျိုးတိုင်း လူမျိုးတိုင်းရဲ့ လက်ဆင့်ကမ်း ထိန်းသိမ်း ရမယ့်အမွေအနှစ် တခုလို့ပဲ ခံယူထားပါတယ်ရှင်….
ခေတ်တွေ ဘယ်လို ပဲ ပြောင်းပြောင်း …. တသက်မှာ တခါ တန်ဖိုးထား ကျင်းပကျတယ့် မင်္ဂလာ အခမ်းအနားကြီး မှာတော့ ရိုးရာအမွေ၊ ယဉ်ကျေးမှူ အမွေ ကို တန်ဖိုးထား တယ့် အနေနဲ့ မြန်မာထိုင်မသိမ်းလေးတွေကို အမြတ်တနိုး ဝတ်ဆင် စေချင်တယ့် ရည်ရွယ်ချက်မျိုးနဲ့ အမက ဒီဆိုင်လေးကို လုပ်ဖြစ်ခဲ့တာပါ ….
ဒါကြောင့် မြန်မာအမျိုးသမီးလေးတွေကို ဘယ်နေရာ ၊ ဘယ်ဒေသ ၊ ဘယ်နိုင်ငံကိုပဲ ရောက်နေနေ မြန်မာအငွေ့အသက်ဖြစ်တယ့် မြန်မာဝတ်စုံ ထိုင်မသိမ်းလေးနဲ့ ဘုန်းကျက်သရေ အဖြာဖြာ ပြည့်စုံလွန်းတယ့် မင်္ဂလာပွဲလေး ဖန်တီး နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ရပါတယ် ရှင် ….
EROS Wedding Dress ,Photo Studio & Video
Welcome to EROS Wedding Dress , Photo Studio & Video ... 😍