08/03/2026
Tattoo ရေးတဲ့အလုပ်ကို ကျွန်တော်အနားယူလိုက်ပါပြီဗျ။
ယခုရက်ပိုင်းအတွင်း appointment ယူရန် ဖုန်းဆက်ကြတဲ့ client တွေကို ကျွန်တော်မရေးဖြစ်တော့ကြောင်း ငြင်းဆိုရတာကို အားနာပါတယ်
ဒါကြောင့် ယခု ကျွန်တော့်Page ကနေ တရားဝင် ကြေညာရင်း မိတ်ဟောင်းမိတ်သစ် အားလုံးကိုတောင်းပန်လိုက်ပါတယ်ဗျ။
၂၀၁၆ မှစတင်၍ ယနေ့ထိတိုင် ကျွန်တော့် tattoo လုပ်ငန်းကို အားပေးခဲ့ကြသော မိတ်ဆွေများအားလုံးကို လှိုက်လှိုက်လဲလဲ ကျေးဇူးတင်ပါတယ်
Tattoo ပညာရပ်ကိုသင်ကြားပေးခဲ့ကြတဲ့ ဆရာကိုဇေလတ်ခိုင် နှင့် ဆရာကိုသူရ(GoldenHand) ကိုလဲ ထာဝရလေးစားရင်း 🙏🏼 ကျေးဇူးအထူးတင်ပါတယ်ဗျ။
ဖော်ပြရန်ကျန်ရှိသော၊ ကာလတစ်လျှောက် ဖေးမကူညီကြသော tattooညီကိုမောင်နှမများ နှင့် မြင်ဆရာ၊ ကြားဆရာ အားလုံးကိုလဲ အထူးကျေးဇူးတင်ကြောင်းပါ
ကျေးဇူးတင်ထိုက်သူအားလုံးကိုကျေးဇူးတင်ရင်းဖြင့် ကျွန်တော့်ရဲ့ Tattoo Journey ကိုဒီမှာတင် ရပ်နားလိုက်ပြီဖြစ်ကြောင်း ဒီကနေပဲနှုတ်ဆက်လိုက်ပါတယ်ဗျ။
အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာလို့ချမ်းသာကြပါစေ။