𝗜 𝗠 𝗔 𝗚 𝗘 𝗥 𝗬

𝗜 𝗠 𝗔 𝗚 𝗘 𝗥 𝗬

Every single memory need to be save 💙
Contact Us;
09 4037 50049

“IMAGERY မှ မင်္ဂလာရက်ရွေးချယ်ခြင်းနှင့် Booking စနစ်ဆိုင်ရာ အသိပေးချက်”မင်္ဂလာပါခင်ဗျာ... လာမည့် Wedding Season အတွက် I...
15/06/2026

“IMAGERY မှ မင်္ဂလာရက်ရွေးချယ်ခြင်းနှင့် Booking စနစ်ဆိုင်ရာ အသိပေးချက်”

မင်္ဂလာပါခင်ဗျာ... လာမည့် Wedding Season အတွက် IMAGERY ကို ယုံကြည်စွာနဲ့ ဆက်သွယ်မေးမြန်း အားပေးကြတဲ့ စုံတွဲ တစ်တွဲချင်းစီကို အထူးဘဲ ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။

လက်ရှိတွင် မင်္ဂလာရက်ကြီးများ (Peak Season) ကို ကြိုတင် Booking ယူပြီး စရံငွေအား အချိန်တစ်ခုထိ နားလည်မှုဖြင့် စောင့်ဆိုင်းပေးကာမှ ရက်ဖျက်သိမ်းခြင်း (Cancel) များကြောင့် တကယ်ရိုက်ကူးလိုသည့် စုံတွဲများ ရက်မရရှိတော့ခြင်းနှင့် လုပ်ငန်းပိုင်းဆိုင်ရာ နစ်နာဆုံးရှုးမှုများ ဖြစ်ပေါ်လျက်ရှိနေပါတယ် ခင်ဗျာ။

Wedding Season အထူးသဖြင့် Peak Season ရက်ကြီးတွေဆိုတာ စုံတွဲတိုင်း လိုချင်ကြတဲ့ ရက်တွေ ဖြစ်တာကြောင့် ကျွန်တော်တိုဘက်က Booking တစ်ခုကို ရက်ချန် (Slot block) ပေးလိုက်ပြီဆိုတာနဲ့ တခြားမေးမြန်းလာတဲ့ စုံတွဲပေါင်းများစွာကို ငြင်းဆိုလိုက်ရတာ ဖြစ်ပါတယ်။

လူတိုင်းမှာ မလွှဲမရှောင်သာတဲ့ အခက်အခဲတွေ ရှိနိုင်တာကို နားလည်ပေးနိုင်ပေမဲ့၊ ရက်ယူပြီးမှ အလွယ်တကူ Cancel လုပ်ခြင်းမျိုးက ကျတော်တို့ Team အနေနဲ့လည်း အချိန်နှင့် အခွင့်အရေးဆုံးရှုံးမှု ကြီးမားစွာ ထိခိုက်စေတဲ့အပြင် တခြားစုံတွဲတွေရဲ့ အခွင့်အရေးကိုပါ ထိခိုက်စေတဲ့အတွက်ကြောင့်
နောက်နောင် Booking ယူရာမှာ လုပ်ငန်းသဘာဝကို ကိုယ်ချင်းစာပြီး သေချာရေရာမှသာ ရက်ရယူပေးကြပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ။

သိုဖြစ်ပါ၍ နောင်တွင် ပိုမိုစနစ်ကျပြီး နှစ်ဦးနှစ်ဖက် အဆင်ပြေစေမဲ့ ဝန်ဆောင်မှုမျိုး ပေးနိုင်ရန်အတွက် Booking စနစ်အား အောက်ပါအတိုင်း ပြင်ဆင်သတ်မှတ်လိုက်ရပါတယ်ခင်ဗျာ။

. Booking တစ်ခုအား အတည်ပြုရန်အတွက် သတ်မှတ်ထားသော Non-refundable Deposit (ပြန်လည်ထုတ်ပေးခြင်းမရှိသော စရန်ငွေ) ကို ပေးသွင်းပြီးမှသာ ရက်အား အတည်ပြု ချန်လှပ်ပေးသွားမည် ဖြစ်ပါသည်။

. ရက်လာရောက်မေးမြန်းပြီး စိတ်ဝင်စားလို ရက်ချန်ခိုင်းထားပါက (၄၈ နာရီ / ၂ ရက်) သာ ယာယီ lock ပေးထားပါမည်။

. ရက်ချန်ထားသည့်နေ့မှစ၍ ၂ ရက်အတွင်း စရန်ငွေ (Deposit) တစ်စုံတစ်ရာ ပေးသွင်းပြီး Booking အတည်မပြုပါက အဆိုပါရက်အား စနစ်မှ Auto Cancel (အလိုအလျောက် ဖျက်သိမ်း) ပြုလုပ်သွားမည် ဖြစ်ပါသည်။

. Auto Cancel ဖြစ်သွားသည့်ရက်များကို နောက်ထပ် တကယ်ရိုက်ကူးလိုသည့် အခြားစုံတွဲများအတွက် ချက်ချင်း လက်ခံပေးသွားမည် ဖြစ်ပါသည်။

. Peak Season ရက်ကြီးများ ဖြစ်ပါက တခြားစုံတွဲများ နစ်နာမှုမရှိစေရန် ကြိုတင် Hold ပေးထားခြင်းကို (လုံးဝ) ခွင့်ပြုပေးသွားမည် မဟုတ်ပါ။

အဆိုပါ Policy သစ်သည် တကယ့်ကို အမှတ်တရကောင်းများ ရယူလိုကြသည့် စုံတွဲများ၏ အခွင့်အရေးကို ကာကွယ်ပေးရန်နှင့် Team ၏ အချိန်ပေး ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားရန်အတွက် ရည်ရွယ်ခြင်း ဖြစ်ပါသဖြင့် စုံတွဲများအနေဖြင့် နားလည်ပေးနိုင်ကြလိမ့်မည်ဟု မျှော်လင့်ပါသည်။

အပြန်အလှန် လေးစားတန်ဖိုးထားမှုနဲ့အတူ စုံတွဲတိုင်းရဲ့ အမှတ်တရတွေကို အလှပဆုံး ပုံဖော်ပေးသွားပါဦးမယ်။

လူကြီးမင်းတို၏ အဖိုးတန်နေ့ရက်များကို စနစ်တကျနဲ့ အကောင်းဆုံး ဖန်တီးပေးဖို အမြဲအဆင်သင့် ရှိနေမှာပါခင်ဗျာ။

ကျေးဇူးတင်စွာဖြင့် …..

I M A G E R Y

03/06/2026

The wedding video of WAIYAN & PAUNG

presented by I M A G E R Y

22/05/2026
မဂ်လာပွဲကျင်းပတော့်မဲ့ ဇနီးမောင်နှံတွေအတွက် အရေးကြီးတဲ့ပြင်ဆင်မှုများကို ပြောပြပေးပါထားပါတယ် ... ၁. ပွဲလုပ်မဲ့နေ့ရက်နှင့...
20/05/2026

မဂ်လာပွဲကျင်းပတော့်မဲ့ ဇနီးမောင်နှံတွေအတွက် အရေးကြီးတဲ့ပြင်ဆင်မှုများကို ပြောပြပေးပါထားပါတယ် ...

၁. ပွဲလုပ်မဲ့နေ့ရက်နှင့် နေရာဆုံးဖြတ်ခြင်း (Wedding Date & Venue)

အနည်းဆုံး 12–18 လ လောက် အချိန်ယူပြင်ဆင်ပါ..
မင်္ဂလာအတွက် သင်တို့နှစ်ဦးနှင့် အဆင်ပြေပြီး ပွဲပြီးအနားယူနိုင်မဲ့ ရက်ကိုရွေးချယ်ပါ။
ရွေးချယ်ထားတဲ့ရက်အတွက် venue အား စစ်ဆေးပါ (availability, capacity, facilities)
ရာသီဥတု, ခရီးလမ်းကြောင်း, guest attendance အခြေအနေများစဉ်းစားပါ...

၂. ဘတ်ဂျက်သတ်မှတ်ခြင်း (Budget Planning)

စုစုပေါင်း ကုန်ကျမဲ့ ဘတ်ဂျက် ကို သတ်မှတ်ပါ ...
ကဏ္ဍအလိုက် ငွေကို ခွဲပြီးရေးဆွဲပါ ..
(ဥပမာ: venue 40%, အစားအစာ 20%, photographer 10%, attire 10%, misc 20%)
ဘတ်ဂျက်ထဲမှာ unexpected expenses အတွက် 10% ကြို reserve ထားပါ...

၃. ဧည့်သည်စာရင်းနှင့် ဖိတ်ကြားခြင်း (Guest List & Invitations)

သင့်မိသားစု အရေးကြီး ပုဂိုလ်နှင့် သူငယ်ချင်းမိတ်ဆွေ အနီးကပ်သူများစာရင်းကို စုဆောင်းပါ ...
RSVP deadline သတ်မှတ်ပါ
Digital / printed invitations ကို ဒီဇိုင်းပြီး မျှဝေပါ
Guest special requirements (dietary needs, accessibility) စာရင်းချထားပါ...

၄. ဝတ်စုံနှင့် မိတ်ကပ် (Attire & Makeup)

Bridal gown, tuxedo, bridesmaids/groomsmen outfits ရွေးချယ်ပါ ...
Fittings schedule တင်ပြီး alteration လုပ်ပါ...
Hair stylist, make-up artist ကို စမ်းသပ်ပြီး wedding day look finalize လုပ်ပါ...
Accessories (shoes, jewelry, veil) နဲ့ coordinate လုပ်ပါ...

၅. ပွဲစီစဉ်မှုနှင့် အစီအစဉ် (Wedding Program & Logistics)

Ceremony, reception, entertainment, speeches အစီအစဉ်ရေးဆွဲပါ...
MC / coordinator / musician / DJ နဲ့ finalize လုပ်ပါ...
Guest seating plan / table arrangement စီမံပါ ...
Transportation / parking / timing ကို check လုပ်ပါ ...

၆. ဓာတ်ပုံနှင့် ဗွီဒီယို (Photography & Videography)

Photographer / videographer ကို အနည်းဆုံး ၆လ ကြိုတင် booking လုပ်ပါ ...
Preferred style (documentary, candid, posed) နဲ့ shot list prepare လုပ်ပါ
editing timeline ကို မေးပါ ...

မင်္ဂလာပွဲပြင်ဆင်တဲ့ ကာလဟာ စုံတွဲတွေကြား အမြင်မတူတာ၊ စိတ်ကောက်တာနဲ့ Stress အများဆုံးရတတ်တဲ့ အချိန်ဖြစ်ပါတယ်။

"ပွဲ" ထက် "အိမ်ထောင်ရေး" က ပိုအရေးကြီးကြောင်း သတိရပါ ...
Wedding အခမ်းအနားဆိုတာ တစ်ရက်တည်းတင် ပြီးသွားမှာ ဖြစ်ပေမယ့် အိမ်ထောင်ရေးကတော့ တစ်သက်လုံးစာ ဖြစ်ပါတယ် ... ပြင်ဆင်ရင်း စိတ်ညစ်စရာရှိလာရင် တစ်ယောက်ကိုတစ်ယောက် ဖေးမပါ ...

ပွဲနေ့မှာ အားအပြည့်နဲ့ တောက်ပနေဖို့ ကျန်းမာရေးက အဓိကကျပါတယ်။

အိပ်ရေးဝဝ အိပ်စက်ခြင်း: ပွဲနီးရင် စိတ်လှုပ်ရှားပြီး အိပ်မပျော်တာ၊ အလုပ်ရှုပ်တာတွေ ဖြစ်တတ်ပါတယ်။ အိပ်ရေးပျက်ရင် မျက်ကွင်းညိုတာ၊ မိတ်ကပ်မဝင်တာမျိုး ဖြစ်တတ်လို့ အနည်းဆုံး ၈ နာရီ မဖြစ်မနေ အိပ်ပါ။

အသားအရေအတွက် စမ်းသပ်မှုအသစ်များ ရှောင်ရန်: ပွဲမစခင် ၁ လအလိုမှာ ဘာ Laser Treatment မှ အသစ်မလုပ်ပါနဲ့။ Skin Care အသစ်တွေ မစမ်းပါနဲ့။ Allergy ထွက်လာရင် ကုရခက်တတ်လို့ အစိုဓာတ်ထိန်းတာ (Hydration) နဲ့ ရေများများသောက်တာကိုပဲ အဓိကထားဖို့ ဂရုစိုက်ပါ ...

ပွဲနေ့မှာ အခမ်းအနားမှူး၊ Photo & Make up သို့မဟုတ် အကူအညီပေးသူတွေကို ပွဲပြီးတာနဲ့ ချက်ချင်း ရှင်းပေးရမယ့် ငွေများကို စာအိတ်လေးတွေနဲ့ အတိအကျခွဲပြီး အသင့်ဆောင်ထားပါ။ဒါကလည်း တစ်ဖက်ကိုလေးစားရရောက်ပါတယ် ...

"Main Coordinator" တစ်ဦးထားပါ: Vendor တွေ၊ ဟိုတယ်တာဝန်ရှိသူတွေနဲ့ ပွဲနေ့မှာ အစစအရာရာ စကားပြောပေးမယ့် ယုံကြည်ရတဲ့ မိတ်ဆွေ သို့မဟုတ် ဆွေမျိုးတစ်ဦးကို ကြိုတာဝန်ပေးထားပါ။ ပွဲထဲမှာ သတို့သား (သို့) သတို့သမီးက ဧည့်သည်တွေလာတဲ့အခါ နေရာလိုက်စီစဉ်ပေးရတာမျိုးတွေ မဖြစ်အောင်ကြိုတင် စီစဉ်ပါ ...
(ပြဿနာတစ်ခုခုရှိရင် သတို့သား/သမီးဆီ တိုက်ရိုက်မလာဘဲ အဲဒီလူကပဲ အဓိက ဖြေရှင်းပေးရပါမယ်)။

ပွဲနေ့ ရောက်လာတဲ့အခါ အစီအစဉ်တစ်ခုခု လွဲချော်သွားခဲ့ရင်တောင် စိတ်မညစ်ပါနဲ့ ... အဲဒီနေ့ဟာ မိမိတို့နှစ်ယောက်ရဲ့ အပျော်ဆုံးနေ့ဖြစ်လို့ အပြုံးမပျက်ဘဲ Moments တိုင်းကို အေးအေးဆေးဆေး ဖြတ်သန်းခံစားဖို့ပဲ လိုအပ်ပါတယ်နော် ...

အချိန်လိုက် checklist နဲ့ calendar သတ်မှတ်ထားရင် stress နည်းပြီး wedding prep လုပ်ရတာ မပင်ပန်းဘဲပျော်စရာကောင်းမှာ ဖြစ်ပါတယ်။
မဂ်လာ ဇနီးမောင်နှံများ အဆင်ပြေကြပါစေလို့ IMAGERY မှ ဆုမွန်ကောင်းတောင်းပေးပါတယ်ရှင် ....

"With you, life's a beautiful breeze." M A G E R Y094037 50049
13/05/2026

"With you, life's a beautiful breeze."

M A G E R Y
094037 50049

လာမဲ့ Beach Tour မှာ Maternity Photo Shoot ရိုက်ကူးဖို့ စိတ်ကူးရှိတဲ့ မေမေတို့ရှိလား ...🩵ကိုယ်ဝန်ဆောင်ချိန်ဆိုတာ အမျိုးသ...
12/05/2026

လာမဲ့ Beach Tour မှာ Maternity Photo Shoot ရိုက်ကူးဖို့ စိတ်ကူးရှိတဲ့ မေမေတို့ရှိလား ...🩵

ကိုယ်ဝန်ဆောင်ချိန်ဆိုတာ အမျိုးသမီးတစ်ယောက်ရဲ့ အလှပဆုံး အခိုက်အတန့်တွေထဲက တစ်ခုပါ...ဒီအလှတရားတွေနဲ့ မကြာခင်မှာရောက်ရှိလာတော့်မယ့် ရင်သွေးလေးကို စောင့်ကြိုရင်း မေမေတို့ရဲ့ အလှဆုံးအချိန်တွေကို ကမ်းခြေမှာ အမှတ်တရပုံလေးတွေ ပုံဖော်ပေးသွားမှာပါ ...🩵

ကမ်းခြေရဲ့ လှိုင်းသံနဲ့ လေပြည်တွေကြားမှာ မေမေ့ရဲ့ မိခင်မေတာ အပြည့်နဲ့ အလှတရားတွေကို ပုံဖော်နိုင်ဖို့ လာမဲ့ Tour Date လေးမှာ အခုဘဲ Booking တင်ထားလိုက်တော့်နော် ... 🩵

I M A G E R Y
အသေးစိတ်စုံစမ်းရန်နှင့် ရက်ချိန်းယူရန်အတွက် Messenger ကနေ အခုပဲ ဆက်သွယ်လိုက်ပါဗျာ။

"Ready for the Beach? 📸✨ M A G E R Y
07/05/2026

"Ready for the Beach? 📸✨

M A G E R Y

Wedding မှာ ပုံလှလှလေးတွေရဖို့ သတို့သား/သတို့သမီးတို့ ဘယ်လိုပြင်ဆင်ကြမလဲ? မင်္ဂလာပွဲဆိုတာ တစ်သက်မှာတစ်ခါပဲ ဆင်နွှဲရမယ့် ...
04/05/2026

Wedding မှာ ပုံလှလှလေးတွေရဖို့ သတို့သား/သတို့သမီးတို့ ဘယ်လိုပြင်ဆင်ကြမလဲ?

မင်္ဂလာပွဲဆိုတာ တစ်သက်မှာတစ်ခါပဲ ဆင်နွှဲရမယ့် အမှတ်တရဖြစ်လို့ ဓာတ်ပုံလှလှလေးတွေ ရဖို့က အရမ်းအရေးကြီးပါတယ်… Photographer တစ်ယောက်အနေနဲ့ ရိုက်ကွင်းပေါ်မှာ ပုံထွက်အလှဆုံးဖြစ်အောင် ကူညီပေးနိုင်ပေမဲ့ သတို့သား/သတို့သမီးတို့ဘက်က ဒီအချက်လေးတွေ ကြိုတင်ပြင်ဆင်ထားရင်တော့ Result က "Perfect" ဖြစ်သွားမှာ အသေအချာပါပဲ…

၁။ အဓိကအကျဆုံးက "အပြုံး" နဲ့ "ယုံကြည်မှု" ပါ 😊

ဓာတ်ပုံရိုက်တဲ့အခါ Camera ကို ကြည့်ပြီး ကြောက်နေတာမျိုးထက် ကိုယ့်ရဲ့လက်တွဲဖော်ကိုပဲ အာရုံစိုက်ပြီး သဘာဝကျကျ ရယ်မောပျော်ရွှင်နေဖို့ လိုပါတယ်… စိတ်ထဲက တကယ်ပျော်နေရင် ပုံထဲမှာ မျက်ဝန်းလေးတွေကအစ အသက်ဝင်နေမှာပါ …

၂။ Timing က စကားပြောပါတယ် ⏰

အလင်းအမှောင်က ဓာတ်ပုံတစ်ပုံရဲ့ အသက်ပါ…မင်္ဂလာပွဲအချိန်ဇယား ဆွဲတဲ့အခါ ဓာတ်ပုံရိုက်ဖို့အတွက် သီးသန့်အချိန် (ဥပမာ- ဧည့်သည်မလာခင် ၄၅ မိနစ်ခန့်) ကို သေချာဖယ်ထားပေးပါ…. အချိန်လုပြီး ရိုက်ရတာမျိုးမဟုတ်ဘဲ စိတ်အေးလက်အေး ရိုက်ရတဲ့အခါ Mood ပိုထွက်ပါတယ်…

၃။ ရေဓာတ်ပြည့်ဝနေပါစေ 💧

မင်္ဂလာပွဲမတိုင်ခင် ရက်ပိုင်းအလိုကတည်းက ရေများများသောက်ပြီး အိပ်ရေးဝဝအိပ်ပါ…အိပ်ရေးပျက်ရင် မျက်နှာမှာ ပင်ပန်းတဲ့အရိပ်အယောင်တွေ ပေါ်တတ်သလို၊ Skin ကလည်း ရေဓာတ်ပြည့်ဝနေမှ Makeup ကွက်တာမျိုးမဖြစ်ဘဲ ဓာတ်ပုံထဲမှာ Glow နေမှာပါ…

၄။ အသေးစိတ်လေးတွေကို ဂရုစိုက်ပါ (The Details) 💍

ပွဲနေ့မှာ Details ရိုက်ဖို့အတွက် လက်စွပ်၊ ဖိတ်စာ၊ သတို့သမီးလက်ကိုင်ပန်း နဲ့ မင်္ဂလာဝတ်စုံ အသေးစိတ်လေးတွေကို သီးသန့်ရိုက်ချင်တယ်ဆိုရင် ဒါလေးတွေကို တစ်နေရာတည်းမှာ စုထားပေးပါ…
ဒါဆိုရင် Photographer က အချိန်မကုန်ဘဲ အလှဆုံး Flat lay ပုံလေးတွေ ဖန်တီးပေးနိုင်မှာပါ…

၅။ ကိုယ့် Photographer ကို ယုံကြည်ပါ 🤝

ကိုယ့်ရဲ့ Photographer နဲ့ ကြိုတင်ပတ်သက်ပြီး ကိုယ်လိုချင်တဲ့ Style၊ ကိုယ်ယုံကြည်မှုအရှိဆုံး Angle လေးတွေကို ပွင့်ပွင့်လင်းလင်း တိုင်ပင်ထားပါ…
ဒါမှ ရိုက်ကွင်းပေါ်မှာ တစ်ယောက်နဲ့တစ်ယောက် အပေးအယူမျှမျှနဲ့ အကောင်းဆုံး ပုံရိပ်တွေကို ဖော်ဆောင်နိုင်မှာပါ…

✨ "အမှတ်တရတွေကို ပုံရိပ်တွေအဖြစ် ထာဝရသိမ်းဆည်းပေးဖို့ ကျွန်တော်တို့ရှိပါတယ်"

သင့်ရဲ့ မင်္ဂလာပွဲအတွက် အကောင်းဆုံး ပုံရိပ်တွေ ဖန်တီးချင်တယ်ဆိုရင်တော့ I M A G E R Y ကို အခုပဲ Message ကနေတစ်ဆင့် စုံစမ်းမေးမြန်းနိုင်ပါပြီခင်ဗျာ….

Sea, Sand & Soulmates 🌊 ကမ်းခြေမှာ အနားယူရင် casual pre wedding ရိုက်ချင်သူတွေအတွက် Tour လေးလာပါပီ …✨ပင်လယ်ပြာပြာ သဲသောင...
01/05/2026

Sea, Sand & Soulmates 🌊

ကမ်းခြေမှာ အနားယူရင် casual pre wedding ရိုက်ချင်သူတွေအတွက် Tour လေးလာပါပီ …✨

ပင်လယ်ပြာပြာ သဲသောင်ပြင်ဖြူဖြူနဲ့ နေဝင်ချိန်အလှတရားတွေကြားမှာ သင်တို့နှစ်ယောက်ရဲ့ ရင်ခုန်စရာ အမှန်တရ moment လေးတွေကို မှတ်တမ်းတင်ဖို့ စဉ်းစားနေပြီလား? 📸

Wedding အင်္ကျီအလေးကြီးတွေနဲ့ မဟုတ်ဘဲ Casual Outfit လေးတွေနဲ့ Cinematic Vibes ရစေမယ့် ပေါ့ပေါ့ပါးပါး၊ လွတ်လွတ်လပ်လပ် ရိုက်ကူးချင်တဲ့ စုံတွဲတွေအတွက် သီးသန့် Package လေး တစ်ခု ရှိပါတယ်နော်။

ဘာကြောင့် Casual Outfit နဲ့ ကမ်းခြေမှာ ရိုက်သင့်တာလဲ?

• True Emotion:
ဝတ်စုံအကျပ်ကြီးတွေ မဟုတ်တော့ဘဲ ကိုယ်နှစ်သက်တဲ့ ပုံစံအတိုင်း ဝတ်ဆင်ရလို့ ပိုပြီး သဘာဝကျကျ ရယ်မောပျော်ရွှင်နေတဲ့ moment လေးတွေရနိုင်ပါတယ်။

• Cinematic Vibes:
အဖြူရောင် ဂါဝန်ပွပွလေးတွေ၊ ဒါမှမဟုတ် အရောင်နုနု Outfit လေးတွေက စျေးသက်သက်သာသာနဲ့အလွယ်တကူ ဝယ်ယူလို့ရနိုင်ပီး ကမ်းခြေရဲ့ Cinematic အငွေ့အသက်ကို ပိုပေါ်လွင်စေပါတယ်။

• Lesser Stress:
ပြင်ဆင်ရတာ ရိုးရှင်းပြီး ခရီးသွားရင်း အပန်းဖြေနေသလိုမျိုး ပျော်ပျော်ပါးပါး ရိုက်ကူးနိုင်မှာပါ။

Package Price ကတော့် 850,000 MMK ဖြစ်ပါ
တယ် ….

Tour Date
15, 16, 17, 18, 19 May 2026

Package လေးမှာ ဘာတွေပါဝင်မလဲ?

- Casual Outfit (၂) စုံ (Own Dress) ဖြင့် စိတ်ကြိုက်ရိုက်ကူးနိုင်ပါတယ် …
- ရိုက်ကူးထားသမျှ ပုံအားလုံးထဲမှ ရွေးချယ်ထားသော ပုံ (၃၀) အား အသေးစိတ် High-quality Retouching ပြုလုပ်ပေးမှာဖြစ်ပါတယ် …

မှတ်ချက် …

- ခရီးစရိတ်နှင့် တည်းခိုစရိတ် (Travel & Accommodation) ကို အပ်နှံသူဘက်မှ သီးသန့်ကျခံပေးစရာမလိုပါ…

- Quality ကို အဓိကထားချင်တာကြောင့် (၅) တွဲသာ အကန့်အသတ်ဖြင့် လက်ခံရိုက်ကူးပေးသွားမှာပါ!

I M A G E R Y

အသေးစိတ်စုံစမ်းရန်နှင့် ရက်ချိန်းယူရန်အတွက် Messenger ကနေ အခုပဲ ဆက်သွယ်လိုက်ပါဗျာ။

-WAIYAN & PAUNG-   Wedding Ceremonypresented by  I M A G E R Y
30/04/2026

-WAIYAN & PAUNG-
Wedding Ceremony

presented by I M A G E R Y

Address

Yangon

Website

Alerts

Be the first to know and let us send you an email when 𝗜 𝗠 𝗔 𝗚 𝗘 𝗥 𝗬 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share