𝕋𝕪𝕝𝕖𝕣

𝕋𝕪𝕝𝕖𝕣 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 𝕋𝕪𝕝𝕖𝕣, Photography Videography, Yangon.

04/05/2026

အရင်ကဆိုအမေကို ခဏခဏပြောဖြစ်တဲ့စကားရှိတယ်
အိမ်မှာက
အဖေရှိရင် လုံခြုံတယ်လို့ ခံစားရပြီး
အမေရှိရင် နွေးထွေးတယ်လို့ ခံစားရတယ်လို့ ပြောခဲ့ဖူးတယ်
အခုတော့ သားတို့အိမ်လေးမှာ လုံခြုံမှုရှိပေမယ့်
အရင်လို နွေးထွေးမှုတွေတော့မရှိတော့ဘူး အမေ။

25/04/2026

စောင့်နေရင် ပိုကြာတက်တယ်ဆိုတာအမှန်ပဲ
အရင်ကဆို တလ တလကမြန်လိုက်တာဆိုတာ
ဘာမှန်းတောင်မသိဘူး ဒီလကတော့ တလကုန်ဖို့အတော်စောင့်ရတယ် ပိုပြီး လကုန်ဖို့ကြာနေသလိုခံစားရတယ်၊လကုန်ရင် အမေတလပြည့်လုပ်မယ်ဆိုတာကို ခေါင်းထဲထည့်ထားမိတာကြောင့်လဲဖြစ်မှာပေါ့လေ ဒီလထဲ သိလာတာ တခါရှိတယ်
-ကျေးဇူးတင်ပါတယ်
-တောင်းပန်ပါတယ်
- ချစ်တယ်
ဆိုတဲ့ စကားသုံးခွန်းကို ကိုယ့်ချစ်ရတဲ့သူတွေ
အနားရှိနေချိန်မှာ လုံလုံလောက်လောက် ပြောဖို့
မမေ့ကြပါနဲ့ မဟုတ်ရင် နောင်တတွေအများကြီးနဲ့ ခမျာခံစားရလိမ့်မယ် အချိန်တစ်ခုရောက်ရင်
ဒါကြောင့် လုံလုံလောက်လောက်ပြောဖြစ်နိုင်ဖို့ကြိုးစားကြပေါ့။

18/04/2026

သကြင်္န်ကဖြင့် ပြီးနေပြီး
_င်ကယားကောင်းနေတုန်း 🙂

12/04/2026

EPC ကတော့ မနက် ၅ နာရီမီးဖျက်ပြီး ချစ်သားတို့ ထကြတော့ဆိုပြီး နှိုးပေးနေပြီး လခွမ်းပဲ ပူလိုက်တာ စောစောစီးစီး...

08/04/2026

အမေဟာ ပြာဖြစ်သွားတဲ့နောက်မှာ ငါ့ဘ၀ဟာ Colour မဲ့

31/03/2026

အရင်က ငါ့အမေလုပ်သမျှ မှားနေရင်တောင် ငါ့အတွက်မှန်တယ် ဘယ်သူဘာပြောပြော စောက်ဂရုမစိုက်ဘူးလို့နေလာခဲ့တဲ့ကောင်

အခုအ‌မေက မှန်တဲ့လမ်းကြောင်းကို ထွက်သွားတဲ့အခါကြ ငါ့မှာ လက်ခံလို့ကိုမရသေးဘူး
မှန်တောင်မကြည့်ချင်ဘူး ငါ့အမေကိုသတိရလွန်းလို့

30/03/2026

ငါ့မှာချစ်လို့ဝောာင်မ၀သေးတဲ့
ငါ့အမေရယ် သူအကျင့်အတိုင်းလုပ်ချင်တာတွေ လုပ်ပြီး ထွက်သွားတာပါပဲ နောက်ဆုံးအချိန်အထိလဲ

21/03/2026

မျက်မှန်လေးတွေပဲ ရွေးတွဲနေတာမဟုတ်ဘူး
ငါ့နဲ့တွဲပြီးရင်ကို မျက်မှန်တပ်ကြရတော့တာပဲ
ဘာဓာတ်မှန်းကို မသိဘူး။

16/03/2026

ငါကို စိတ်ဒုက္ခပေးနေတာ ရည်းစားဟောင်းလည်းမဟုတ်ဘူး၊မီတာစာရွက်လည်းမဟုတ်ဘူး
Google Photos ပဲ အတော် ဒုက္ခပေးတာ
ဒီလောက်ဖျက်ပြစ်နေတာတောင် မရ ရအောင်
backup ဆွဲထားနိုင်သေးတယ် အံဩလို့ကိုမဆုံး
မိုးမလင်းသေးဘူး look back in time ဆိုပြီး
ပုံနှင့်စာ တကွအစအဆုံးပြန်ပြနေတာ Noti Bar ကနေ ချီးပဲ။

16/03/2026

တိရစ္ဆာန်တိုင်းနီးပါးကို မေတ္တာထားတယ် ဒါပေမယ့် လူတိုင်းအပေါ်ကိုတော့ မေတ္တာမထားပေးနိုင်ဘူး
မတန်လို့ လူကိုလူလို ဆက်ဆံတဲ့ ပတ်၀န်းကျင်မှာပဲ
နေထိုင်ပါတယ် လူနည်းစုဖြစ်ပါစေ အဆင်ပြေတယ်
လူများရင် ပြဿနာပိုများတယ်~~

Address

Yangon

Website

Alerts

Be the first to know and let us send you an email when 𝕋𝕪𝕝𝕖𝕣 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share