22/10/2026
📸 ပေါ့ပါးသေးငယ်တဲ့ Lens တစ်လုံးနဲ့ မြင်ကွင်းကျယ်ကျယ် ရိုက်ချင်သူတွေအတွက် — TTArtisan AF 14mm f/3.5 (APS-C)
Travel သွားတဲ့အခါ၊ Landscape ရိုက်တဲ့အခါ ဒါမှမဟုတ် အခန်းအတွင်းပိုင်းတွေ ရိုက်တဲ့အခါ ပုံမှန် Lens နဲ့ မြင်ကွင်းတစ်ခုလုံး Frame ထဲ မဝင်တာမျိုး ကြုံဖူးကြမှာပါ။အထူးသဖြင့် နောက်ကို ထပ်ဆုတ်ဖို့ နေရာမရှိတဲ့အချိန်မှာ ပုံမှန် Standard Lens ထက် ပိုကျယ်တဲ့ Wide-Angle Lens တစ်လုံး လိုအပ်လာပါတယ်။ဒါပေမယ့် Wide-Angle Lens ဆိုတိုင်း အရွယ်အစားကြီးပြီး လေးလံနေဖို့ မလိုပါဘူး။ဒီလို မြင်ကွင်းကျယ်ကျယ်ကို Compact & Lightweight Setup နဲ့ ရိုက်ချင်တဲ့ APS-C Camera အသုံးပြုသူတွေအတွက် TTArtisan က ထုတ်လုပ်ထားတာကတော့ TTArtisan AF 14mm f/3.5 ဖြစ်ပါတယ်။
14mm ဆိုတာ ဘယ်လောက်ကျယ်လဲ???
TTArtisan AF 14mm f/3.5 က APS-C Sensor အတွက် ထုတ်လုပ်ထားတဲ့ Ultra-Wide Angle Autofocus Lens တစ်လုံးဖြစ်ပါတယ်။1.5× Crop APS-C Camera မှာ အသုံးပြုတဲ့အခါ Full Frame ရဲ့ 21mm ဝန်းကျင်နဲ့ နီးစပ်တဲ့ Field of View ရရှိပါတယ်။92° Angle of View ရှိတာကြောင့် ပုံမှန် 23mm၊ 27mm၊ 35mm Lens တွေနဲ့ Frame ထဲ မဝင်နိုင်တဲ့ မြင်ကွင်းတွေကို ပိုပြီး ကျယ်ကျယ်ဝန်းဝန်း ဖမ်းယူနိုင်ပါတယ်။အထူးသဖြင့် Landscape၊ Architecture၊ Interior၊ Travel နဲ့ Street Photography တွေအတွက် အသုံးဝင်ပါတယ်။
ဥပမာ Camera နားမှာ ကျောက်တုံး၊ ပန်းပင် ဒါမှမဟုတ် ရေစီးကြောင်းတစ်ခုကို Foreground အဖြစ်ထားပြီး နောက်ခံမှာ တောင်တန်းနဲ့ ကောင်းကင်ကို ထည့်ရိုက်မယ်ဆိုရင် ပုံထဲမှာ Depth နဲ့ Perspective ပိုပြီး ထင်ရှားလာနိုင်ပါတယ်။
Autofocus ပါတဲ့ Ultra-Wide Lens
TTArtisan ရဲ့ Manual Focus Lens တွေနဲ့ မတူဘဲ AF 14mm f/3.5 မှာ Autofocus ပါဝင်ပါတယ်။Stepper Motor Autofocus System ကို အသုံးပြုထားတာကြောင့် Camera ရဲ့ AF System နဲ့ တွဲဖက်ပြီး Focus ချိန်နိုင်ပါတယ်။Travel၊ Street နဲ့ Everyday Photography လို အမြန်ရိုက်ကူးချင်တဲ့အခြေအနေတွေမှာ Manual Focus ကို အမြဲကိုယ်တိုင်ချိန်နေစရာမလိုတာက အားသာချက်တစ်ခုပါ။ဒီ Lens ရဲ့ Minimum Focus Distance က 0.25m ဖြစ်ပါတယ်။ဒါကြောင့် Foreground Subject တစ်ခုကို အနီးကပ်ထားပြီး နောက်ခံမြင်ကွင်းကျယ်ကိုပါ ထည့်သွင်းရိုက်ကူးနိုင်ပါတယ်။
ဥပမာ ပန်းတစ်ပွင့်၊ ကော်ဖီခွက် ဒါမှမဟုတ် Travel Souvenir တစ်ခုကို အရှေ့မှာထားပြီး နောက်ခံမှာ Café၊ Cityscape နဲ့ Landscape ကို ထည့်ရိုက်နိုင်ပါတယ်။ဒီလို Shooting တွေမှာ Wide-Angle Perspective ကြောင့် Foreground Subject က ပိုပြီး ထင်ရှားလာနိုင်ပါတယ်။
🇲🇲 Available at TTArtisan Myanmar
Official Distributor
Parallax Imagine Co., Ltd.
📍 No.199 (Ground Floor), 33rd Street (Upper Block), Kyauktada Township, Yangon
☎️ 0926 124 4944