Poem is the part of Life

Poem is the part of Life Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Poem is the part of Life, Photographer, Yangon.

07/11/2023

အသက်ရှင်တာနဲ့ အသက်ရှင်ခွင့်ပေးထားတာမှာ ဘာကွာခြားချက်မှ မရှိပါဘူး

အဲ့လိုပဲ သေတာနဲ့ အသက်ခံရတာမှာလဲ ဘာကွာခြားချက်မှ မရှိပါဘူး

❛ သတိရတယ်ဆိုတာမျိုးက   ငှက်ကလေးတွေအော်မှ၊ လကလေးကသာမှ  သစ်ရွက်ကလေးတွေကြွေမှ၊ ရှုခင်းကလေးက  လွမ်းစရာကောင်းမှ သတိရတာ မဟုတ်ပ...
20/10/2023

❛ သတိရတယ်ဆိုတာမျိုးက
ငှက်ကလေးတွေအော်မှ၊ လကလေးကသာမှ
သစ်ရွက်ကလေးတွေကြွေမှ၊ ရှုခင်းကလေးက
လွမ်းစရာကောင်းမှ သတိရတာ မဟုတ်ပါဘူးကွာ၊
သတိရချင်တဲ့အခါ ဘယ်လိုနေရာမှာဖြစ်ဖြစ်
သတိရတာပါပဲ ။

•မင်းလူ [ချစ်သောပန်းကလေးမှ]

22/09/2023

ဒီနေ့လည်း​သေ သွားနိုင်သလို

နောက်နှစ်၆၀ကြာမှလည်းသေနိုင်တယ်

ဒါပေမယ့်လူတွေကဖြစ်ချင်တာတွေအတွက်ဘယ်တော့မှအချိန်မလောက်ဘူး

-Zoom 100

06/09/2023

တရားနဲ့လည်း မဖြေနိုင်
အမှားနဲ့လည်း မသေနိုင်
မြစ်ထဲက ငါးတွေလို
ကန်ထဲက ငါးတွေဘယ်ပျော်နိုင်ပါ့မလဲ

-လှသန်း

31/08/2023

လောကကြီးကို အကောင်းအတိုင်းပဲ မြင်ချင်တယ် ။
မနက်ဖြန်မှာ ပန်းတွေပိုပွင့်စေချင်တယ်
ချစ်ရတဲ့သူကို ချစ်ရတဲ့အကြောင်းတွေ
တယုတယ ပြောပြချင်တယ် ။
ပြီးတော့ နွေးထွေးစေချင်တယ် ။

- ခက်နှောင်

30/08/2023

တကယ်တော့ ဘယ်သူကမှ နောက်မကျပါဘူး

နေဝင်ချိန်ကကို စောလွန်းသွားတာပါ...

#တာရာမင်းဝေ

28/08/2023

ငါ့ကမ္ဘာရဲ့ ပျက်သုဥ်းခြင်း အသုဘအား

သီးခြားကမ္ဘာမှာ လွတ်လပ်စွာ ပျော်ခြင်းဖြင့် ကူညီပါ....

#ရိုးတံ

22/08/2023

ကိုယ့်မြတ်နိုးမှုနဲ့ ကိုယ်ပါ

ဖမ်းဆုပ်လို့မရမှန်းလည်း သိတယ်

နာကျင်ရတယ်ဆိုပေမယ့်

ဘယ်တော့မှလဲအငေးမပျက်ခဲ့

ကိုယ်မပိုင်ဆိုင်ရတဲ့ ရှူခင်းလေးပါပဲ

ဒါပေမယ့်သိပ်လှတယ်

#နွေလင်းအိမ်

19/08/2023

လောကဓံ=လောကတွင်ဖြစ်လေ့ဖြစ်ထရှိသောဆူးကြုံနိမ့်မြင့်သဘောတရား

16/08/2023

ချစ်ခြင်းမေတ္တာအကြောင်း ပြောရရင်လဲ သူဝင်လာတယ်

သူထွက်သွားတယ်ပေါ့.....

ဘာပဲဖြစ်ဖြစ်ကိုယ်ကရပါတယ်...

#နွေငြိမ်း

14/08/2023

မင်းကလွဲရင် အားလုံးကို

အကြာကြီး စဥ်းစားရပါတယ်

မေ့တတ်တာက ရောဂါဖြစ်ပြီး

မေ့မရတာဟာလည်း ရောဂါပါပဲ

#ဆူးရစ်နွယ်

13/08/2023

မပျော်ရလို့

သေရဲတယ်ဆိုတဲ့ကောင်တွေ

ဒီနိုင်ငံမှာပေါတယ်။

-ဒဿ

Address

Yangon

Telephone

+9757240286

Website

Alerts

Be the first to know and let us send you an email when Poem is the part of Life posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Poem is the part of Life:

Share

Category