Ideography by Thor

Ideography by Thor Shoot with heart

"မြင်အပ်မမြင်အပ် (၂)ရပ်များစွာ ဒို့ကာလာ"တကယ်တော့ ကျနော်တို့မျက်လုံးကအရောင်တွေကိုမြင်နေရတာမဟုတ်ဘူးဗျ...Ray လို့ခေါ်တဲ့ အလ...
17/03/2025

"မြင်အပ်မမြင်အပ် (၂)ရပ်များစွာ ဒို့ကာလာ"

တကယ်တော့ ကျနော်တို့မျက်လုံးက
အရောင်တွေကိုမြင်နေရတာမဟုတ်ဘူးဗျ...
Ray လို့ခေါ်တဲ့ အလင်းတွေရဲ့လှိုင်းအလျားပေါ်
မူတည်ပြီး အရောင်တွေအဖြစ် ဘာသာပြန်
ဖော်ပြပေးနေတာကို မြင်နေရတာသာဖြစ်သတဲ့...

ပတ်ဝန်းကျင်မှာရှိတဲ့ အလင်းတွေရဲ့ လှိုင်းအလျှား
အကန့်အသတ်လေးတခုထဲကိုပဲ မျက်လုံးက
အရောင်တွေအဖြစ်မြင်ရတာ...
လှိုင်းအလျားအရှည်ဆုံးဖြစ်တဲ့ "အနီရယ်"
လှိုင်းအလျားအတိုဆုံးဖြစ်တဲ့ "ခရမ်းရောင်"ရယ်
အဲ့ကြားထဲမှာရှိတဲ့ အရောင် ၁၂ရောင်ကိုပဲ
ကျနော်တို့ မျက်လုံးကနေမြင်ရတယ်...

အဲ့ဒီတော့ အနီရောင်ထက် လှိုင်းအလျားပိုရှည်တဲ့
အလင်းလှိုင်းတွေကို "အနီအောက်"ရောင်ခြည်
ခရမ်းရောင်ထက် လှိုင်းအလျှားပိုတိုတဲ့
အလင်းလှိုင်းတွေကို ခရမ်းလွန်ရောင်ခြည်လို့
ခေါ်ကြတယ်...
အင်္ဂလိပ်လိုဆိုရင်...
အနီအောက်ရောင်ခြည် = Infrared
ခရမ်းလွန်ရောင်ခြည် = Ultraviolet ပေါ့...

ကျနော်တို့မြင်နေရတဲ့ အလင်းလှိုင်းအလျား
အကန့်အသတ်ပမာဏလေးကို Visible Spectrum
လို့ခေါ်တယ်... ပထမဆုံးပုံလေးကိုကြည့်ပါ...

ဒီကိစ္စနဲ့ ကျနော်တို့ Photo မှာသုံးတဲ့
sRGB, Adobe RGBရယ်
Video မှာသုံးတဲ့ Rec.709 တို့နဲ့က တိုက်ရိုက်ကြီး
ပတ်သက်နေပါသတဲ့...
ပုံလေးတွေတပုံချင်းစီမှာ ဆက်ဖတ်ကြည့်ပါ...

Walk with Colors Batch-5 2nd, March, 2025 (9:15PM-10:45PM)(၃)ဦးစာ ကျန်သေးပါတယ်...Essential Photography Batch-35th, Marc...
21/02/2025

Walk with Colors Batch-5
2nd, March, 2025 (9:15PM-10:45PM)
(၃)ဦးစာ ကျန်သေးပါတယ်...

Essential Photography Batch-3
5th, March, 2025 (7:00PM-8:30PM)
(၄)ဦးစာ ကျန်ပါသေးတယ်...

Join ဖို့အစီအစဥ်ရှိတယ်ဆိုရင် အချိန်မီလာပြောကြပါနော်...
အတန်းချိန်လေးတွေကိုတွဲကြည့်လို့ရအောင် Timetable ပါ
တွဲထည့်ပေးထားပါတယ်...

Personal Account : Thaw Zayar မှာ သိချင်တာတွေမေးပြီး
စာရင်းလာသွင်းလို့ရပါတယ်...

My Business Page : Alphanity

"ကင်းမွန်ကြီးကို အရောင်တွေနဲ့ဆော့မယ်"နိုင်ငံခြားရုပ်ရှင်ကားတွေမှာ...အရောင်တွေကို Color Theory နဲ့ အဓိပ္ပာယ်ရှိရှိစနစ်တကျ...
21/01/2025

"ကင်းမွန်ကြီးကို အရောင်တွေနဲ့ဆော့မယ်"

နိုင်ငံခြားရုပ်ရှင်ကားတွေမှာ...
အရောင်တွေကို Color Theory နဲ့ အဓိပ္ပာယ်ရှိရှိ
စနစ်တကျထည့်သုံးတတ်တဲ့အကြောင်းကို
ကျနော် ခဏခဏပြောလေ့ရှိတယ်...

အခုတခါလဲ... Netflix က ထုတ်တဲ့
Squid Game TV Series မှာသုံးထားတဲ့
အရောင်တွေနဲ့ပတ်သက်ပြီး
စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းလေးတွေ
ပြောပြမှာမို့ တပုံချင်းစီထောက်ပြီး
ဆက်ကြည့်လိုက်ရအောင်ပါ...

Base on...
Squid Game color theories on Reddit by ModestyGideon

ဒီနေ့ပြောပြမှာက Color Hex Code တွေအကြောင်း...ပထမဆုံးပုံမှာပြထားသလို Color Hex Code တွေဘယ်အတွက်သုံးတယ်... ဘယ်လိုအဓိပ္ပာယ်...
02/01/2025

ဒီနေ့ပြောပြမှာက Color Hex Code တွေအကြောင်း...
ပထမဆုံးပုံမှာပြထားသလို Color Hex Code တွေ
ဘယ်အတွက်သုံးတယ်... ဘယ်လိုအဓိပ္ပာယ်တွေရှိတယ်
အဲ့ဒီအကြောင်းလေးတွေ ဗဟုသုတအနေနဲ့ရော...
တကယ်စိတ်ဝင်စားလို့ လေ့လာချင်ရင်လဲ‌
လေ့လာလို့ရအောင် ဒီစာလေးကိုရေးလိုက်ပါတယ်...
ပုံတခုချင်းစီထောက်ပြီး စာလေးတွေဆက်ဖတ်ပါ...

"ဆန့်ကျင်ဘက်တွေသည် မိတ်ဆွေ"ဓာတ်ပုံအကြောင်းတွေပြောတဲ့အခါမှာကျနော် ဦးစားပေးပြောတတ်တဲ့ ၂ချက်ရှိပါတယ်...၁။ Metering (တိုင်းတ...
06/11/2024

"ဆန့်ကျင်ဘက်တွေသည် မိတ်ဆွေ"

ဓာတ်ပုံအကြောင်းတွေပြောတဲ့အခါမှာ
ကျနော် ဦးစားပေးပြောတတ်တဲ့ ၂ချက်ရှိပါတယ်...
၁။ Metering (တိုင်းတာခြင်း) နဲ့
၂။ Composition (နေရာချထားခြင်း) လို့
ပညာရပ်သိပ်မဆန်ဘဲ ခပ်လွယ်လွယ်လေး
ဘာသာပြန်ကြည့်ရအောင်...

Metering ဆိုတာ တိုင်းတာခြင်းဆို
ဘာကိုတိုင်းတာမှာလဲ?....
Exposure လို့ခေါ်တဲ့ အလင်းအမှောင်ကို
တိုင်းတာတဲ့နေရာမှာ Optimal Exposure ရဖို့
ဘလိုတိုင်းမလဲဆိုတာ အရေးကြီးပါတယ်...
အဲ့အကြောင်းကို နောက်များ အကျယ်ရေးပါ
ဦးမယ်...

Composition (နေရာချထားခြင်း)
Photography ပဲဖြစ်ဖြစ်
Videography ပဲဖြစ်ဖြစ်
Composition က အရေးကြီးတဲ့အခန်းမှာ
ပါပါတယ်...

ကိုယ်ပြချတဲ့ Subject ကို ဒါမှမဟုတ်
အဓိပ္ပာယ်ပြည့်ဝတဲ့ပုံတပုံဖန်တီးဖို့
Composition က အသက်ပါ...
Exposure တွေဘယ်လောက်ကောင်းကောင်း
Gear အကောင်းစားတွေသုံးနိုင်လို့
ပုံထွက်ဘယ်လောက်ကောင်းကောင်း
Composition တွေ Cropping တွေလွဲနေရင်
ပုံက ပစ်လိုက်ရတာပဲ...

Composition ဆိုတဲ့ခေါင်းစဥ်အောက်မှာ
Rule of Third တို့လို Composition တွေ
အပြင် Color ဆိုတဲ့အရောင်တွေက
Color Composition ဆိုပြီး ခေါင်းစဥ်တခု
အနေနဲ့ ပါနေတယ်...
ဒါပေမယ့် Color Composition က
တခြား Composition တွေလိုတော့ မရိုးရှင်းဘူး...
အတော်လေးကျယ်ပြန့်တဲ့ဟာမို့
သီးခြား Subject တခုလိုတောင်ဖြစ်နေတယ်...

အဲ့တော့ ကျနော် Color Composition ကို
စလေ့ကျင့်တုန်းက အလွယ်ဆုံးနဲ့
အထိရောက်ဆုံး မှတ်မိအလွယ်ဆုံး
အလေ့အကျင့်ကောင်းလေးတခုကို
ပြောပြပါမယ်...
မှတ်စရာဆိုလို့ အရောင် (၆)ရောင်ပဲပါတယ်...

Red, Green, Blue ဆိုတဲ့
Primary Colors (၃) ရောင်ရယ်....
Cyan, Magenta, Yellow ဆိုတဲ့
Secondary Color (၃)ရောင်ရယ်ပဲပါတယ်...

ထိပ်ဆုံး ပုံကိုကြည့်လိုက်ပါ...
Red ရဲ့ မျက်နှာချင်းဆိုင် ဆန့်ကျင်ဘက်
အရောင်က Cyan...

Green ရဲ့ မျက်နှာချင်းဆိုင် ဆန့်ကျင်ဘက်
အရောင်က Magenta...

Blue ရဲ့ မျက်နှာချင်းဆိုင် ဆန့်ကျင်ဘက်
အရောင်က Yellow...

အဲ့တော့ ကိုယ်ရိုက်မယ့် Location မှာ
အများဆုံးရှိတဲ့အရောင်နဲ့ ဆန့်ကျင်ဘက်အရောင်
တနည်းအားဖြင့် Complementary Color ကို
ပုံထဲမှာပါအောင်ထည့်လိုက်တာပါပဲ...

အဲ့ဒါကြောင့် အခုမှ Color တွေကိုလေ့လာပြီး
အသုံးပြုဖို့စကြိုးစားကြမယ့်သူတွေအတွက်
ဆန့်ကျင်ဘက် အရောင်အတွဲတွေဖြစ်တဲ့
Complimentary Color Scheme သည်
တကယ့် မိတ်ဆွေကောင်းလို့သတ်မှတ်နိုင်ပါတယ်

ကျနော်ရိုက်ခဲ့ဖူးတဲ့
Complementary Color အတွဲအစပ်ပုံတွေပါ
လေ့လာလို့ရအောင် ထည့်ပေးထားပါတယ်...

"ထောပတ်သီးအရောင်"အရောင်တွေအကြောင်းပြောတဲ့အခါမြန်မာအခေါ်အဝေါ်တွေနဲ့ပြောရတာအတော်တိုင်ပတ်တဲ့ကိစ္စပဲ....ဥပမာဗျာ...Cyan ဆိုတဲ...
29/10/2024

"ထောပတ်သီးအရောင်"

အရောင်တွေအကြောင်းပြောတဲ့အခါ
မြန်မာအခေါ်အဝေါ်တွေနဲ့ပြောရတာ
အတော်တိုင်ပတ်တဲ့ကိစ္စပဲ....

ဥပမာဗျာ...
Cyan ဆိုတဲ့အရောင်ကို မြန်မာလို...
အပြာနုလို့ပြောရမလား စိမ်းပြာရောင်လို့
ပြောရမလား အတော်နာမည်တပ်ရခက်တယ်...
Magenta လဲ အဲ့လိုပဲ...
မရမ်းရောင်လို့ပြောဖို့ကလဲ အနီရောင်ပါဝင်မှု
ပိုများတယ်... ပန်းဆီရောင်လို့ပြောရအောင်လဲ
လိုသလောက် အနီမပါနေပြန်ဘူး...
အဲ့တော့ အရောင်တွေလေ့လာတဲ့အခါ
English လိုနာမည်တွေကို ယဥ်ပါးအောင်
သိအောင် လုပ်လိုက်တာက အလွယ်ဆုံးပါပဲ...

ဒီတခါပြောပြချင်တာက
ကြုံခဲ့ရတဲ့ ကြားရောင်တခုအကြောင်း...
အဲ့ဒီနေ့က ကျနော့ကို ဓာတ်ပုံရိုက်ပေးဖို့
ပူဆာနေကြ အအို့အိက ထုံးစံအတိုင်း
ပူဆာရာကနေ စတယ်ပေါ့...
အဲ့ဒီအချိန်မှာ ခေတ်စားနေတဲ့
လှည်းတန်းနားက ကော်ဖီဆိုင်လေးကို
မရောက်ဖူးသေးတာကတကြောင်း...
ဆိုင်မှာသုတ်ထားတဲ့ အရောင်တွေကို
ကျနော်စိတ်ဝင်စားမိတာကတသွယ်နဲ့
အေး... ရိုက်ပေးမယ်ဟာဆို
ခေါင်းညိတ်လိုက်တယ်...
ဒါမယ့် သူဂျီကျသလို ကိုယ်ကလံပြန်ဂျီကျလိုက်တယ်... လိမ္မော်ရောင် Outfit လေး
ဝတ်ခဲ့ဆိုပြီးတော့ပေါ့....

အဲ့လိုနဲ့ ဆိုင်မသွားခင်
သူတို့နဲ့အရင်ဆုံမယ့်နေရာကိုသွားနေတုန်း
လမ်းမှာ ဖုန်းဆက်လာတယ်...
Outfit ဝယ်နေတာ လိမ္မော်ရောင်မရှိဘူးတဲ့
ဘာအရောင်တွေရှိလဲလို့ မေးလိုက်တော့
သူပြန်ဖြေတာ... "ထောပတ်သီးရောင်"တဲ့
ဟိုက်... ဘလိုအရောင်ကြီးပါလိမ့်ပေါ့...
ထောပတ်သီးအရောင်ဆိုတာ
အစိမ်းဖောက်များတဲ့အဝါရောင်ပေါ့....

အမှန်ဆို...
ကျနော်ကိုယ်တိုင်လဲ Project တခုလိုမျိုး
Shooting တခုကို စီစဥ်တာမဟုတ်ရင်
Color Wheel ကိုလှည့်ပြီး
အရောင်အတိအကျတွေ စဥ်းစားဆုံးဖြတ်တာ
မဟုတ်ဘဲ အလွတ်နီးပါးရနေတဲ့ အရောင်အတွဲအစပ်တွေကို သုံးလေ့ရှိတာမျိုးပေါ့....
အရောင်အတွဲအစပ်တွေများများသုံးလေ
ဂရုတစိုက်လေ့ကျင့်ပြီးသားဖြစ်ပြီး
အရောင်တွေကို များများမှတ်မိလာလေပဲ...

အဲ့လိုနဲ့ ရိုက်ကြမယ့် Location လဲရောက်ရော
ဝတ်ထားတဲ့ Outfit နဲ့ သဟဇာတဖြစ်မယ့်
နေရာလေးကိုရွေးရတော့တယ်...

ဒီနေရာမှာတခုပြောချင်တာက
ကျနော်တို့ ဓာတ်ပုံဆရာတွေရော...
အရိုက်ခံမယ့် Client ဖြစ်ဖြစ်
မော်ဒယ်ဖြစ်ဖြစ်က Location
လှလှလေးတခုရောက်ရင်
လောဘကြီးတတ်ကြတယ်...

ဟိုနေရာလေးလဲလှတယ်...
ဒီနေရာလေးလဲလှလို့ရိုက်ချင်တယ်ဆိုတာမျိုး
အဲ့လောဘက Outfit တခုထဲနဲ့
လွှမ်းမိုးအရောင်မတူတဲ့နေရာတွေမှာ
ပုံတွေအများကြီးရိုက်တဲ့အခါ
Post Production (Editing) အပိုင်းမှာ
အခက်အခဲတွေရှိလာတတ်တာမို့
Location လှတိုင်း ပုံအများကြီးကို
Outfit တခုထဲနဲ့ပတ်ရိုက်ဖို့အတွက်
ကိုယ်ရှိန်သတ်ရတယ်...

အမြဲပြောနေကျ 60-30-10 Rules အရ...
Location အဝါအုပ်စုအရောင်နဲ့ နဲ့
Outfit အရောင်အစိမ်းအုပ်စုရွေးအပြီး..
နောက်ဆုံးကျန်တဲ့ 10% အားဖြည့်အရောင်
ပိစိလေးတွေက ကံတရားနဲ့ဆိုင်သလို
ဓာတ်ပုံဆရာရဲ့ အရောင်တွေအပေါ်
ဘယ်လောက်နားလည်ပြီး
ကျွမ်းကျင်သလဲဆိုတဲ့အပေါ်မှာ
မူတည်သွားပြီ...

ဒီ Shooting က ပေါ့ပေါ့ပါးပါးရိုက်တာမို့
ကြိုတင်စီစဥ်ပြီး သယ်သွားတာမျိုး
ဘာမှသိပ်မရှိတော့ မျက်စိရှင်ရှင်နဲ့
ထပ်ဖြည့်ရမယ့်အရောင်ကိုရှာရတော့တယ်
ကျနော်ကံကောင်းခဲ့တယ်...

ဘာလို့လဲဆိုတော့
ဖြည့်စွက်အရောင်နဲံ ကိုက်ညီနေတဲ့
ခရမ်းရောင် ပန်းအိုးပေါက်စလေးကို
ဆိုင်မှာ အခန့်သားတွေ့လိုက်ရလို့ပဲ...
ပုံတွေမှာကြည့်ရင်သိနိုင်ပါတယ်...
အဲ့ဒီပန်းအိုးခရမ်းရောင်လေးမပါခဲ့ရင်
ပုံတပုံရဲ့အရောင်တည်ဆောက်မှုအင်အားက
အခုလောက်အထိကောင်းနေခဲ့မှာမဟုတ်ဘူး...

ဓာတ်ပုံတပုံမှာ Composition က အရေးကြီးတယ်ဆိုတာ အားလုံးသိကြပါတယ်...
Composition ဆိုတဲ့ဘာသာရပ်ထဲမှာ
Color Compoaition ဆိုတဲ့ အရောင်တွေ
နေရာချထားခြင်းဆိုတဲ့ဟာက
နေရာကြီးကြီးမားမားပါနေတာမို့
Color ကို နားလည်ဖို့မဖြစ်မနေ
ကြိုးစားသင့်ပါတယ်...

အဲ့ဒီလိုနဲ့ ပေါ့ပေါ့ပါးပါးပျော်ပျော်ရွှင်ရွှင်
ကော်ဖီလေးသောက်ရင်း
ရိုက်ခဲ့တဲ့ Album လေးတခုကလဲ
စိတ်ကျေနပ်စရာ Result လေးရခဲ့ပါတယ်...
ဒီ Shooting လေးရဲ့နာမည်ကို
ကျနော်သိပ်သုံးလေ့မရှိတဲ့အရောင်အတွဲအစပ်
တွေနဲ့ ထူးထူးခြားခြားရိုက်ခဲ့ရတာမို့
"ထောပတ်သီးအရောင်လို့" နာမည်ပေးလိုက်
ပါတယ်ဗျာ...

"System Breakdown Thadingyut"ဒီ Page လေးမှာ စာတွေမရေးဖြစ်တာအတော်ကြာပြီ...ကျနော် ၂၀၂၄ ဧပြီမှာနောက်ဆုံး Shooting တခုရိုက်ခ...
21/10/2024

"System Breakdown Thadingyut"

ဒီ Page လေးမှာ စာတွေမရေးဖြစ်တာ
အတော်ကြာပြီ...
ကျနော် ၂၀၂၄ ဧပြီမှာ
နောက်ဆုံး Shooting တခုရိုက်ခဲ့တယ်...
အဲ့ဒီနောက်ပိုင်းမှာ အလုပ်ကိစ္စကလွဲရင်
ကင်မရာမကိုင်ဖြစ်တော့ဘူး...
စိတ်တွေအဆင်မပြေတာရော...
သီတင်းကျွတ်နားနီးတော့ မနှစ်က
စိတ်ရောကိုယ်ပါနှစ်ပြီးရိုက်ခဲ့တဲ့
အမှတ်တရတွေအပြည့်နဲ့ Albumလေးကို
တချို့ပြန် Share ကြတာကိုတွေ့တော့
ဒီနှစ်သီတင်းကျွတ် Album လေးတခုတော့
ရိုက်ဖို့တွေးမိတယ်...

အရင်ဆုံးတွေးမိတဲ့တာက
လုပ်ရိုးလုပ်ဆင်အတိုင်း မြန်မာဝတ်စုံနဲ့
မီးပုံးနဲ့ ဘုရား ဒါမှမဟုတ် ရှေးဟောင်း
တနေရာရာမှာ ရိုက်ရမှာမျိုးမလုပ်ချင်ဘဲ
မြန်မာအငွေ့အသက်လဲ မကင်း ဖက်ရှင်ဘက်
ဦးစားပေးပြီးရိုက်ဖို့တွေးလိုက်မိတယ်...
ကျနော်တွေးမိတဲ့အချိန်က ည ၁၀:၃၀ လောက်ရှိပြီ...

အဲ့ဒါနဲ့ ကျနော်လိုချင်တဲ့ ဝတ်စုံချုပ်ပေးနိုင်မယ့်
Designer ကိုတွေးလိုက်ပြီး ချက်ချင်းစာပို့ဝတ်စုံချုပ်ပေးနိုင်မလားဆို မေးတော့လိုက်တော့
သူမြန်မာပြည်ထဲမရှိတဲ့အပြင်
သူလဲ စက်ရှေ့တောင်မထိုင်ဖြစ်ဘူးတဲ့...
ကျနော်တို့အားလုံး ခက်ခဲတဲ့အချိန်ကို
ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြတ်သန်းနေကြရတာဆိုတော့ အများကြီးမတောင်းဆိုဖြစ်ဘူး...
အဆင်ပြေမှပါလို့ပြောလိုက်တယ်...

သိပ်မကြာဘူး... ကျနော့ကို လိုချင်တဲ့ Color Themes လာမေးတယ်...
ည ၁:၀၀ လောက်လဲကျရော ဝတ်စုံအတွက် Illustration ပုံကြီးပို့လာတယ်...
အဲ့လိုနဲ့ပဲ ကျနော်တို့နှစ်ယောက်လုံး မနက် ၃:၀၀လောက်အထိ ဝတ်စုံအတွက် တိုင်ပင်ဖြစ်တယ်...
မော်ဒယ်ကို ဘယ်သူ့ရွေးမလဲကအစပေါ့...

ကျနော် မြန်မာ Look ကို မလိုချင်တာမို့
European Look ဘက်သွားတဲ့
ညီမလေး Shoon Lae Nay Chi ကို
ရွေးလိုက်တယ်...
နောက်ရက် MUA နဲ့ပါ အဆက်အသွယ်ရသွားပြီး ကျနော်လိုချင်တဲ့ ဆံထုံးကို မြန်မာဆံထုံးဆန်ဆန်ဘက်လိုချင်တယ် ဒါမယ့် Fashion Look ဘက်ရောက်ရမယ်လို့ ပုံဖော်ချင်တဲ့အတိုင်း တိုင်ပင်လိုက်တယ်
Fashion နဲ့ Tradition ကို Fusion လုပ်ဖို့ အားလုံးဝိုင်းကြိုးစားဖြစ်ခဲ့ကြတယ်ပေါ့...
Designer, MUA နဲ့ Model ဘက်ကနေ
Confirm ရသွားတော့...

မီးပုံးတွေနဲ့ ဆက်တင်လုပ်ဖို့ ကျနော့အပိုင်းပဲ
ကျန်တော့တယ်...
မီးပုံးတွေလိုက်ကြည့်တယ်... စုံစမ်းတယ်...
ကျနော့်စိတ်တိုင်းကျ Customize လုပ်ချင်တာမို့
အော်ဒါလက်ခံမပေးနိုင်ကြဘူး ရာသီချိန်ဆိုတော့ အလုပ်များကြတယ်...
အဲ့လိုနဲ့တိုင်ပတ်နေရင်း တရက်ကျ
ကျနော့အိမ်ရှေ့မှာ ကလေးတယောက် အရုပ်မီးပုံးလေးတွန်းသွားတာတွေ့တော့...
idea တခုရလိုက်တယ်...
သီတင်းကျွတ်ချိန်ရောက်တိုင်း တရုတ်မီးပုံးတွေ
LED မီးအိမ်တွေအများကြီးအစားထိုးဝင်လာပြီး အလွယ်တကူဝယ်လို့ရနိုင်ပေမယ့်...
နှီးနဲ့ဝါးနဲ့ ရောင်စုံစက္ကူနဲ့ နှစ်ပေါင်းများစွာလုပ်လာတဲ့ မီးပုံးလေးတွေ, အရုပ်မီးပုံးတွန်းလှည်းလေးတွေ သုံးမယ်ဆိုတဲ့အတွေးဝင်သွားတယ်... နောက်ဆုံး ဗားဂရာကမီးပုံးလုပ်တဲ့အိမ်ကိုရောက်သွားပြီး လိုချင်တဲ့အရောင် လိုချင်တဲ့ပုံစံ လိုချင်တဲ့အရွယ် စိတ်တိုင်းကျရွေးမှာလိုက်တယ်....
ငယ်ဘဝရဲ့အငွေ့အသက်တွေပါပါသွားတော့
ပိုပြီး စိတ်ကျေနပ်မိတယ်...

မီးပုံးလဲရပြီဆိုတော့ Shooting ကို ဘလိုရိုက်မလဲဆိုတာ ဆက်တွေးရတယ်...
ရိုးရိုးမီးလေးတွေနဲ့ပဲရိုက်တာထက်စာရင်
RGB မီးတွေနဲ့ Power of Color ကိုယူပြီး
ရိုက်ဖို့တွေးလိုက်တယ်...

အဲ့လိုတွေးရတာလဲ လျှာရှည်ပြီးသူများကို
စာသင်ပေးမိတဲ့အမှုရယ်ပါဗျာ...
😅😅😅
ဒီဘဲက ငါတို့ကျ Color အကြောင်းတွေ
Creation အကြောင်းတွေ Photoshop ကို
အားမကိုးဘဲ ရိုက်ကတည်းက လိုချင်တဲ့အတိုင်းရအောင်ရိုက်ဖို့ အမြဲပြောနေပြီး
သူကျ ဒီလိုပဲ ခြုံတိုးရိုက်သွားတာပဲဆိုပြီး အထင်မခံနိုင်တော့တာနဲ့ ပိုပြီးကြိုးစားရတယ်...

Analogous Color Scheme ထဲက...
အနီ, လိမ္မော်, ခရမ်း (၃)ရောင်ကို Base ယူပြီး
Tone အနုအရင့်သုံးပြီး အရောင်တွေအစုံနဲ့
ဖန်တီးမယ်လို့ စဥ်းစားထားတာမို့...
RGB မီးတွေမသုံးမဖြစ်သုံးရတော့မယ်...
Subject အတွက်ကို Continues Light နဲ့
ရိုက်ရတဲ့အရသာကို Flash နဲ့ရိုက်တာလောက်
မကြိုက်တာမို့
RGB လို Continues Light တွေကို
Flash Light တွေနဲ့ တွဲသုံးဖို့တွေးရတယ်...

Subject ရဲ့ ဘယ်ညာမှာ... RGB Light ၂ချောင်းကို တချောင်းစီနေရာချတယ်...
Backdrop ကို အနီရောင်သုံးလိုက်တယ်...
တခြားအရောင်ဆိုရင် လိုချင်တဲ့အရောင်တွေ
ကွက်တိမထွက်မှာစိုးရိမ်ရတာကြောင့် အနီရောင်ရွေးတာပါ...

Backdrop အနီရောင်အပေါ်မှာ...
ဘယ်ဘက်က RGB ကို အနီရောင်ထားတယ်...
Backdrop ရဲ့အရောင်ကို ပိုကြွစေတယ်
ညာဘက်က အနီရောင်ပေါ်မှာ RGB အပြာရောင်ပေးလိုက်တဲ့အတွက် အနီနဲ့အပြာရောင်ပေါင်းပြီး ကျနော်လိုချင်တဲ့ ခရမ်းရောင်
ထွက်သွားတယ်...
ရှေ့တည့်တည့် အောက်ခြေကနေပြီး
နောက်ထပ် RGB တချောင်းကို လိမ္မော်ရောင် ထပ်ဖြည့်လိုက်တော့ Subject ရဲ့ အောက်ခြေအထိ အလင်းရောင်လုံလောက်တဲ့အနေအထားကို ရသွားပြီ...

ဒါပေမယ့် အဲ့လိုအချိန်မှာ မော်ဒယ်ကို
အဲ့မီးကြားထဲဝင်ခိုင်းလိုက်ရင် Model ရဲ့ Skintone က အရောင်စုံဖြစ်နေတော့မယ်...
Skintone ပုံမှန်ဖြစ်ဖို့အတွက်ရယ်...
လိုချင်တဲ့ Sharpness နဲ့ Detail ရဖို့အတွက်
Godox AD600 နဲ့ Subject ကို
မီးပေးဖို့စဥ်းစားရတော့တယ်

အရင်ဆုံး RGB မီးတွေလို Continues Light
တွေရဲ့အရောင်ကို AD600 လို Stobe Light က
လွှမ်းမိုးနိုင်တာကတကြောင်း...
RGB မီးအလင်းရောင် အလင်းအမှောင်က
Camera ရဲ့ Shutter Speed ကပဲသက်ရောက်တယ်...
AD600 လို Stobe Light ရဲ့အလင်းရောင်ကို
Camera Lens ရဲ့ Aperture ကပဲ သက်ရောက်
တယ်ဆိုတာကို အရင်ဆုံးခွဲသိဖို့လိုပါတယ်...

အဲ့တော့ RGB တွေကို လိုချင်တဲ့အလင်းအမှောင်
အခြေအနေရဖို့ ISO ကို 800 ထားလိုက်တယ်...
ISO 800 ထားခြင်းအားဖြင့် နောက်မှာချိတ်ထားတဲ့
မီးပုံးတွေရဲ့ Backdrop မှာကျနေတဲ့
Shadow တွေ အတော်လျော့သွားတယ်...
နောက်တခုက RGB ရဲ့ အလင်းအမှောင်
ကျနော်လိုချင်တဲ့ RGB အလင်းအမှောင်က
Shutter Speed မှာ 1/200 အရောက်မှာ
စိတ်တိုင်းကျရတယ်...
ပထမ Stop အပြည့် 1/250 ထားပေမယ့်
ကျနော့အတွက် နဲနဲမှောင်နေလို့ 1/3 Stop ထပ်
ချလိုက်တယ်...

နောက်ဆုံး Model ကို Setting ထဲထည့်ပြီး
Subject အလင်းအမှောင်အတွက် AD600
ကိုစဥ်းစားဖို့အချိန်ရောက်လာပါပြီ...
Stobe Light အပေါ်သက်ရောက်တဲ့
Camera Setting က Aperture ဖြစ်တာမို့
ကျနော်သုံးမယ့် 24-70 Lens ရဲ့
အကျယ်ဆုံး Aperture : f2.8 ကိုဖွင့်လိုက်တယ်
Aperture ဖွင့်လိုက်တဲ့အတွက်
မီးကို အများကြီးပေးစရာမလိုတော့တာမို့
Godox AD600 ကို 1/64 နဲ့
Phottix Raja 105 Light Modifier (Softbox)
သုံးလိုက်တယ်...
ဒါမယ့် နောက်အထိ မီးမရောက်စေချင်တာမို့
Grip ကိုတပ်လိုက်တယ်...

ပုံမှာ Camera ထဲက တန်းထွက်လာတဲ့
ပုံပါထည့်ပေးထားတယ်...
Edit မှာ Tone နဲနဲညှိတာရယ်
Skin Retouch လုပ်တာရယ်ကလွဲရင်
ဘာမှ အထွေအထူးမလုပ်ထားပါဘူး...
စရိုက်ကတည်းက ကိုယ်လိုချင်တဲ့ပုံစံကို
တဆင့်ချင်းသေချာပုံဖော်စဥ်းစားထားတာမို့
Camera Direct ကိုတင် စိတ်ကျေနပ်လောက်တဲ့
Result ရခဲ့ပါတယ်...

မှတ်မှတ်ရရအဖြစ်ကတော့...
Shooting ရိုက်ဖို့ ဆက်တင်တွေဆင်အပြီး
မိတ်ကပ်စပြင်တော့မှ တနိုင်ငံလုံး
System Berakdown ဖြစ်သွားလို့
ပူပူလောင်လောင် ချွေးတလုံးလုံးနဲ့
ရိုက်ခဲ့ရတာမို့ "System Breakdown Thaduingyut" လို့ ကျနော်နာမည်ပေးလိုက်ပါတယ်...

ကျနော် နောက်များ Making လေးတွေ
ရိုက်ဖြစ်ရင်လဲ ဘလိုတွေးတယ်...
ဘလိုစဥ်းစားတယ်ဆိုတဲ့အကြောင်းလေးတွေ
ရေးပါဦးမယ်...
တကယ်တော့ ကျနော်ရေးဖို့စိတ်ရှိပေမယ့်
မရေးဖြစ်သေးတဲ့ အကြောင်းလေးတွေလဲ
တော်တော်များများရှိနေပါသေးတယ်...
ရေးနိုင်ဖို့ ရေးဖြစ်ဖို့ ဆက်ကြိုးစားပါဦးမယ်...

23/11/2022

"အနုပညာတွေသေသွားတဲ့နေ့"

ခင်ဗျားတို့ တွေးကြည့်စမ်းပါဗျာ
အနက် (သို့) ခဲရောင်ပဲဖြစ်နေမယ့် ကောင်းကင်ကြီးရယ်...

ခပ်မည်းမည်းပဲမြင်ရမယ့်
သစ်ပင်တွေရယ်...
လေးထောင့်ပုံးတွေထောင်ထားသလို
အဖြူဖြစ်ချင်ဖြစ်
အမဲဖြစ်ချင်ဖြစ်
ဖြစ်နေမယ့်အိမ်တွေရယ်

လေးထောင့်သံပုံးအရွယ်စုံ
ဘီးတပ်ထားတဲ့မော်တော်ကား
အဖြူအမဲတွေရယ်...

ရေခဲသေတ္တာထောင်ထားသလို
လှုပ်ရှားသွားလာနေတဲ့လူ
အဖြူအမဲတွေကြားမှာ

ကားဟွန်းသံတွေ
ပွတ်တိုက်ဆူညံသံတွေ
တိုးတိုးတဖုံ ကျယ်ကျယ်တမျိုး
ပြောဆိုနေကြတဲ့
စကားသံတွေရယ်ကလွဲလို့...

အတွေးအခေါ်တွေမရှိဘူး...
လမ်းညွှန်ဆိုင်းဘုတ်ကလွဲရင်
ကဗျာမရှိဘူး, ဝတ္တုတွေမရှိဘူး
ရသစာပေတွေမရှိဘူး
အရောင်တွေမရှိဘူး...
ကောက်ကြောင်းတွေမရှိဘူး...
ဂီတသံတွေမရှိဘူးဆိုတဲ့ ကမ္ဘာလောကကြီးကို
တွေးကြည့်လိုက်စမ်းပါ...

ဘာများ... မက်မောစရာရှိလဲလို့...
ကျုပ်တို့မှာ ပြန်လည်တူးဆွစရာ
အတိတ်ကောင်းတွေမရှိဘူး
ရှေ့ဆက်မျှော်လင့်စရာ အနာဂတ်တွေမရှိဘူး

အားလုံးဟာ...
အဖြူအမဲ, အလင်းအမှောင်
လေးထောင့်စပ်စပ်လူတွေ
အရာဝတ္တူတွေနဲ့
ဆူညံပွတ်တိုက်သံပဲရှိတဲ့လောကကြီးမှာ
ခင်ဗျားတို့ ကျုပ်တို့ ဘယ်လိုများ...
အသက်ဆက်ရှင်ကြမလဲ...

ကျောက်ခေတ်ကတည်းက
မီးပုံဘေးမှာ စည်းချက်နဲ့ဝိုင်းက
ဂူထဲမှာ ပန်းချီဆွဲခဲ့တဲ့ လူ့အဖွဲ့အစည်းကို
ဘောင်ခတ်အကျဥ်းချ...
အနုပညာသမား ဖက်ခွက်စား...
အနုပညာသမားတွေ သေရင်ငရဲကျ...
သူတောင်းစားသာသာဆက်ဆံ
လူရာမသွင်းတဲ့ လူ့အဖွဲ့အစည်း...

ခေတ်မမီတော့တဲ့သင်ရိုးတွေအောက်မှာ
ပန်းချီချိန်, ကာယချိန်, ဂီတချိန်ကို
လူကြားကောင်းရုံထည့်...
၏, သည် မရွေ့ကျက်ပြီး...
ဘာမှမတွေးနဲ့ အလွတ်ရသူနိုင်ဆိုတဲ့
ပညာရေးစနစ်လက်ကိုင်ထားခဲ့တဲ့..
ဒီလူ့အဖွဲ့အစည်းမှာ...

အနုပညာတွေသေနေပြီ...
လူပိန်းကြိုက်အပေါစားတွေနေရာရနေပြီ...
အနုပညာတွေသေနေပြီ...
ခင်ဗျားတို့ဆက်တွေးကြည့်ကြပေါ့ဗျာ...

18/11/2022

"Color Theory Part-2"

ဒီနေ့တော့ Color Theory ရဲ့ ဒုတိယပိုင်း
Tone တွေအကြောင်းကို ၄မိနစ် Video လေးနဲ့
ရှင်းပြမယ်...

14/11/2022

"Color Theory Part-1"

Color Theory အကြောင်းလေး...
ပေါ့ပေါ့ပါးပါးရှင်းပြမယ်...
၄မိနစ်လောက်ပဲရှိတဲ့ Video လေးနဲ့...
ဒါက... ပထမပိုင်းပေါ့....
ဒါမှလဲ...
နောက်ပိုင်း ကျွန်တော့ပုံတွေအကြောင်း
အရောင်တွေရှင်းပြတဲ့အခါ...
ပိုနားလည်လွယ်မယ်လို့ထင်လို့ပါ...

Address

No. 1189-B, U Hein Soon Street, 5th Quarter, East Dagon Township
Yangon
11451

Telephone

+959254041800

Website

Alerts

Be the first to know and let us send you an email when Ideography by Thor posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ideography by Thor:

Share

Category