Hsu Diary

Hsu Diary ❄🍀189🍀💖🍀YYA🍀
🍓🥇💖🍁💍🌻
A Private life is a happy life......

သတိတရရှိပြီး ဘယ်တော့မှ မရောက်ဖြစ်တော့တဲ့မြို့တွေရှိတယ် အဲ့ဒီဒေသကအစားအသောက်လေးတွေလွမ်းတယ် တစ်ခါလောက်အလည်သွားအုံးမှပါဆိုပြ...
20/05/2026

သတိတရရှိပြီး ဘယ်တော့မှ မရောက်ဖြစ်တော့တဲ့မြို့တွေရှိတယ် အဲ့ဒီဒေသကအစားအသောက်လေးတွေလွမ်းတယ် တစ်ခါလောက်အလည်သွားအုံးမှပါဆိုပြီး ဆယ်စုနှစ်ကြာ မရောက်ဖြစ်ပြန်ဖူး...
ခုကျ ဘယ်တော့မှခြေမနင်းတော့ဖူးလို့ရည်ရွယ်ထားတဲ့ မြို့လေးတစ်မြို့ရှိလာခဲ့ပေါ့ ဘာအစားအသောက်မှလည်းမကောင်းသလိုဘာအရာမှလည်းလွမ်းစရာရှိမနေခဲ့😄😄😅😅

စိတ်တွေသေတယ်လို့ ဘယ်ရှိပါ့မလဲအောက်ဆုံးထိထိုးကျလိုက် ပြန်တက်လိုက်နဲ့ သွေးပေါင်ချိန်လို့အတက်အကျရက်တေ‌ွရေတွက်လို့ နွေမိုးဆေ...
05/12/2025

စိတ်တွေသေတယ်လို့ ဘယ်ရှိပါ့မလဲ
အောက်ဆုံးထိထိုးကျလိုက် ပြန်တက်လိုက်နဲ့
သွေးပေါင်ချိန်လို့အတက်အကျ
ရက်တေ‌ွရေတွက်လို့
နွေမိုးဆောင်းသာပြောင်းခဲ့
မနက်ဖြန်ဆိုတာဘယ်မှာရှိလို့လဲ
အရာရာဒီနေ့တွေမှာဖြစ်ပျက်သွား

ငါ...နောက် တစ်နှစ်၊နှစ်နှစ်နေလို့ ဒီတိုင်းဘဲဆိုရင်ကောတဲ့....နင်မပြောင်းလဲပေမယ့် ငါ‌ပြောင်းလဲချင်ပြောင်းလဲနေမှာပေါ့လို့.....
06/10/2025

ငါ...နောက် တစ်နှစ်၊နှစ်နှစ်နေလို့ ဒီတိုင်းဘဲဆိုရင်ကောတဲ့....
နင်မပြောင်းလဲပေမယ့် ငါ‌ပြောင်းလဲချင်ပြောင်းလဲနေမှာပေါ့လို့.....
ဖြေစရာစကားထွေထွေထူးထူးမရှိပါဖူး....
ငါကိုယ်တိုင် ငါ့စိတ်နဲ့ငါ လှောင်ပိတ်ထားခဲ့တာ ကြာပေါ့ကွယ်🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

မျက်နှာလေးကြည့်ပြီး တစိမ့်စိမ့်ချစ်ရတဲ့ခံစားချက်က ကြည်နူးဖို့အကောင်းဆုံးပဲ။ဖက်ထားချင်တာ၊နမ်းရှုံ့ပစ်ချင်တာ အဲ့လိုခံစားချ...
19/09/2025

မျက်နှာလေးကြည့်ပြီး တစိမ့်စိမ့်ချစ်ရတဲ့ခံစားချက်က ကြည်နူးဖို့အကောင်းဆုံးပဲ။ဖက်ထားချင်တာ၊နမ်းရှုံ့ပစ်ချင်တာ အဲ့လိုခံစားချက်တွေကြားက အူတွေယားပြီး
ချစ်ရတာဟာအရသာ။

အိပ်နေတာလေးကအစ ပြုံးနေတာလေးအဆုံး
ဒေါသထွက်နေရင်တောင် ခပ်ဖွဖွလေးနမ်းပစ်ချင်တဲ့အထိ တခါတလေ မျက်နှာပြောင်တိုက်ပြီး အနားကပ်ချင်တယ်။

တဆက်တည်းမှာပဲ ဒီအတွယ်အတာလေးကို
မပိုင်ဆိုင်ရမှာရယ်၊ပိုင်ဆိုင်ပြီး ဆုံးရှူံးရမှာရယ်နဲ့
တယောက်တည်း ဗျာများသွားရတဲ့နေ့တွေလဲ
မနည်းခဲ့ဘူးပေါ့။

ရှင်နဲ့ပတ်သက်ရင် ပုခုံးချင်းတိုက်မိတဲ့ အမျိုးသမီးဆိုလဲ မကြည်ဖြူနိုင်ဘူး။မျက်လုံးချင်းဆုံမိတဲ့ မိန်းကလေးဆိုလဲ နားလည်မပေးချင်ပါဘူး။အတိတ်ကနေအနာဂတ်အထိ ကိုယ်ကတော့ဆက်ပြီး သဝန်ကြောင်နေရအုံးမယ်ထင်ပါရဲ့။

အဲ့သည့်နှုတ်ခမ်းရဲရဲတွေ၊ယောက်ကျားပီသတဲ့
မေးရိုးတွေကြား နေ့ရက်တိုင်းဟာ အချစ်ပင်လယ်ထဲ လက်ပစ်ကူးချင်စရာပဲ။အားလုံးကိုမေ့ပြီး ချစ်နေရတဲ့နေ့တွေမှာ အချစ်ကိုပင်ပန်းစရာလို့မမြင်မိဘူး။
ပူလောင်စရာရယ်လဲ မဟုတ်ပြန်ဘူး။

ဒီလိုပဲ ပိုင်ဆိုင်ဖို့ကြိုးစားရင်း၊ခံစားချက်တွေ
အခြေခိုင်ဖို့ဆုတောင်းဖြစ်တာပဲ။

ကိုယ်သိပ်ချစ်တာ ရှင်လည်းသိပါတယ်...။

🌻🤍

နွေးထွေးကြင်နာစွာ ကမ်းခဲ့တဲ့လက်မို့ကော အရာရာ နားလည်ပြီးချစ်ပေးလို့ကော တစ်ရေးနိုုးတောင်ကျေးဇူးလေးတွေတင်ရပါတယ်.....အမြဲဂရု...
31/08/2025

နွေးထွေးကြင်နာစွာ ကမ်းခဲ့တဲ့လက်မို့ကော အရာရာ နားလည်ပြီးချစ်ပေးလို့ကော တစ်ရေးနိုုးတောင်ကျေးဇူးလေးတွေတင်ရပါတယ်.....
အမြဲဂရုတစ်စိုက်နဲ့ ကြင်နာပြီး အရာရာငဲ့ညှာပေးလွန်းတဲ့မောငါဟာလေ တစ်ခါလေးမှတောင်‌ကိုယ့်အပေါ်ဒေါသထွက်တာမျိုးမရှိလို့လဲ ကျွန်မကလည်း စက္ကန့်တိုင်းမောင့်ကို သတိရနေတယ်ထင်ပါရဲ့လေ♥️ကံအကောင်းဆုံးအမျိုးသမီးလို့ ကိုယ့်ကိုထင်ရလောက်အောင်အများကြီးချစ်ပေးအဲဒီအမျိုးသားကိုလေ
ကျွန်မကလည်း နှစ်တွေအကြာကြီး ချစ်သွားချင်ပါတယ်ရှင်🥰🥰🥰

မပို့ဖြစ်တဲ့စာနှစ်စောင်ဟာ....မျက်နှာငယ်စွာစာအိပ်ထဲမှာရှိတယ်...မောင်ဟာအဲ့ဒီစာနှစ်စောင်ကိုကိုင်ကြည့်ခဲ့ဖူးပေမယ့်ဖွင့်မဖတ်ဖ...
17/08/2025

မပို့ဖြစ်တဲ့စာနှစ်စောင်ဟာ....
မျက်နှာငယ်စွာစာအိပ်ထဲမှာရှိတယ်...
မောင်ဟာအဲ့ဒီစာနှစ်စောင်ကိုကိုင်ကြည့်ခဲ့ဖူးပေမယ့်
ဖွင့်မဖတ်ဖြစ်ခဲ့ပါဘူးး
ဒါပေမယ့် မောင်ဟာ နိုင်ငံခြားမှာရှိနေစဉ်
ကျွန်မမြန်မာပြည်ကနေပို့လိုက်တဲ့ စာအရေအတွက်ကိုတော့
ခုချိန်ထိသူမှတ်မိနေဆဲ

Everything is not going well, I'm tired, both mentally and physically. Waiting for something to happen is even more tiri...
30/06/2025

Everything is not going well, I'm tired, both mentally and physically. Waiting for something to happen is even more tiring. I want to solve it myself. I'm not feeling up to it.

လက်ခံတက်အောင်ဘဲ သင်ယူကြရအောင်......ဘယ်အချိန် ဘယ်လိုအခြေအနေမျိုးနဲ့ ထွက်ခွာသွားရမလဲမှမသိတာ.....သေကွဲမှလွဲရင်ရှင်ကွဲတော့မက...
16/06/2025

လက်ခံတက်အောင်ဘဲ သင်ယူကြရအောင်......ဘယ်အချိန် ဘယ်လိုအခြေအနေမျိုးနဲ့ ထွက်ခွာသွားရမလဲမှမသိတာ.....
သေကွဲမှလွဲရင်ရှင်ကွဲတော့မကွဲလို......
ဒီနေ့အခုအချိန်ကအသေချာဆုံးဘဲမဟုတ်လား...
လွှတ်ချနိုင်လိုက်တာငြိမ်ချမ်းသွားတာပါဘဲ
သိခြင်းနဲ့မသိခြင်းမှာစက္ကန့်ပိုင်းတာခြားတယ်
သိပြီးရင်သေတဲ့ထိမေ့မရတော့ဖူး......

ကမ္ဘာကြီးလုံးတယ်ပြောပြောပြားတယ်ပြောပြော ကမ္ဘာကြီးကိုဘာတွေနဲ့ဖွဲ့စည်းထားတယ်ပြောပြောငါဟာလေ ငြိမ်ပြီးနားထောင်နေလိုက်တာဘဲ..င...
15/05/2025

ကမ္ဘာကြီးလုံးတယ်ပြောပြော
ပြားတယ်ပြောပြော
ကမ္ဘာကြီးကိုဘာတွေနဲ့ဖွဲ့စည်းထားတယ်ပြောပြော
ငါဟာလေ ငြိမ်ပြီးနားထောင်နေလိုက်တာဘဲ..
ငါဟာလေ.....
စိတ်ပျက်လွယ်တယ်...
လက်လျော့လွယ်တယ်
စူးစမ်းရှာဖွေလိုစိတ်လည်းမရှိဖူး...
Super manနဲ့Spider-Manဘယ်သူပိုတော်လဲလို့မေးတော့လည်း ငါမဖြေနိုင်ဖူး....
စိတ်ရှုပ်စရာလို့ငါတွေးတယ်....
ငါဟာ ရေကန်နဲ့တူတယ် ခဲလုံးလေးပစ်ချလိုက်တဲ့အချိန်ဘဲ လှုပ်ခက်တာ
ပြီးရင်ပြန်ငြိမ်သက်သွားတာဘဲ
တစ်ခါတလေ
လေတိုက်လို့ လှိုင်းကြက်ခွက်လေးထရုံလောက်နဲ့လည်း ငါဟာ ငြိမ်သက်နေတာဘဲ...
တစ်ဖြေးဖြေးနဲ့ ငါက သီးသန့်ဆန်လာတယ်
ငြိမ်သက်သွားတယ် ....
ပြီးတော့.....အေးချမ်းနေတယ် 🍁🍁🍁🍁

ကိုလ်း ရေ.....မဖြစ်သင့်တာကိုနောက်ဆုတ်လိုက်တာဟာ လက်လျော့လိုက်တာမဟုတ်ဖူးနော်......အတိတ်မေ့မှမေ့မယ့်စိတ်ဒဏ်ရာကို ပြေပျောက်ဖ...
05/05/2025

ကိုလ်း ရေ.....
မဖြစ်သင့်တာကိုနောက်ဆုတ်လိုက်တာဟာ လက်လျော့လိုက်တာမဟုတ်ဖူးနော်......
အတိတ်မေ့မှမေ့မယ့်
စိတ်ဒဏ်ရာကို ပြေပျောက်ဖို့အချိန်တစ်ခုလိုသေးတယ်မဟုတ်လား...
မချစ်လို့လည်းမဟုတ်သလို စွန့်လွှတ်ဖို့ဆန္ဒလည်းတစ်ကယ်မရှိရရိုးအမှန်ပါကွယ်...
ကိုလ်းနဲ့ ကျွန်မ ပစ္စုပ္ပန် တည့်တည့်က်ို ကြည့်ကြရအောင်နော်.....
ထီးတစ်ချောင်းထဲဆောင်းဖို့ဆန္ဒရှိတယ်မဟုတ်လား........

Address

Yangon

Telephone

+959406894176

Website

Alerts

Be the first to know and let us send you an email when Hsu Diary posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share