01/10/2025
မြန်မာတနိုင်ငံလုံးမှာ ထမင်းနပ်မမှန်တဲ့ မိသားစုတွေ မြောက်များစွာရှိနေပါရက်နဲ့ ဒီလိုဒုက္ခသည်တွေကို
လူလူချင်းစာနာထောက်ထားဖို့ ထမင်းတစ်လုပ်ကျွေးပြီး
ကူညီဖို့မကြိုးစားပဲ ဘာလို့များ ဘုရားမှာ သွားပုံ ရသလဲ လေ့လာကြည့်ရင် *မျိုးဖြုတ်မယ့်VIRUS* ကို
တွေ့ရလိမ့်မယ်။
"ဘုရားတည် သိမ်ဆောက် ကျောင်းလှုတဲ့ကုသိုလ်ဟာ
လူလူချင်းထောက်ပံ့တာထက် တမလွန်အရေးမှာ ပိုစိတ်ချရတယ်" ဆိုတဲ့အယူအဆဟာ
*လူမျိုးကိုပါပြုတ်အောင်ဖြုတ်မယ့် VIRUS* ပါပဲ။
ဒီအယူအဆ ကိုတစ်ချို့စဉ်းစားတွေးခေါ်တတ်တဲ့ ပညာတတ်အသိုင်းအဝိုင်းက မျိူးဖြုတ်မယ့် ဗိုင်းရပ်စ်မှန်း မသိမဟုတ် သိကြတယ်၊ အမုန်းမခံချင်တော့ ခေါင်းရှောင်နေကြတာ။
လူလူချင်း လုံးဝ မပေးဘူး မကမ်းဘူး တော့ မဟုတ်ဘူး ပေးတော့ပေးတယ်။
ဒါမယ့် လူလူချင်းလှုရင် ၁ ကျပ် ဘုရားကိုလှုရင် ၁၀၀ ဖြစ်နေတာ အဲသလို။
ဗုဒ္ဓရဲ့လမ်းညွှန်ချက် လုံးဝမဟုတ်တဲ့
ဘယ်ကဘယ်လိုရောက်လာမှန်းမသိသော "ဘုရားတည်၊ ရွှေချ၊ အမြတ်ဆုံးရတနာတွေကိုဘုရားလှု"ဆိုတဲ့ လူမျိူးဖြုတ်မယ့် တမလွန်အယူအဆ VIRUSကြီးအမြစ်တွယ်ချိန်က စလို့ မြန်မာလူမျိုး နလံမထူနိုင်တာ ခုချိန်ထိပဲ။
ဒီတော့ စဉ်းစားစရာက
ဒီလူမျိူးသာ ကောင်းစားလာခဲ့ရင်
ကမ္ဘာမှာ မြန်မာသာ စစ်ရေး နိုင်ငံရေးအရ ထိပ်တန်းရောက်လာပြီး အခြားနိုင်ငံတွေကိုဖိအားပေးနိုင်တဲ့သြဇာအာဏာမျိုးရှိလာခဲ့မယ်ဆိုရင် တမလွန်VIRUS ကိုက်နေတဲ့မြန်မာတွေဟာ ကိုယ့်တိုင်းပြည်စီးပွားသာမက ကမ္ဘာ့သယံဇာတ ကိုပါ ဘယ်သူမှသုံးမရအောင်ဘုရားတည် ရွှေချ ဂူသွင်းပစ်မယ့်သဘောသက်ရောက်နေတာပေါ့။
မေးခွန်းတစ်ခုက
ခင်ဗျားသာ ကမ္ဘာကြီးရဲ့ကံကြမ္မာကိုပြုပြင်စီရင်နိုင်တဲ့တန်ခိုးရှင်တစ်ယောက်ဖြစ်မယ်ဆိုရင်
နိုင်ငံတစ်နိုင်ငံကိုဖွံ့ဖြိုးတိုးတက်ပြီးထိပ်တန်းရောက်စေနိုင်တဲ့အခွင့်အရေးကို
လူသားချင်းစာနာထောက်ထားတဲ့ လူလူချင်းကူညီတဲ့နိုင်ငံတွေကိုပေးမလား၊
ရှိသမျှကိုဘုရားတည် ရွှေချပြီး လူတွေငတ်သေရင်တောင်အရေးမလုပ်တဲ့နိုင်ငံကိုပေးမလား ?
ဒီလူမျိုးကို ဘယ်တော့မှ မတိုးတက်အောင် ထာဝရဖိနှိပ်ထားမယ့် လူမဆန်တဲ့အာဏာရှင်အဆက်ဆက်ကို သဘာဝတရားကြီးက ပေးခဲ့တယ်၊
တိုင်းပြည်တိုးတက်ရာတိုးတက်ကြောင်းဘာတစ်ခုမှမလုပ်နိုင်တော့ပဲ ကျီးလန့်စာစားနေရမယ့် ပြည်တွင်းစစ်ကို ကံတရားကပေးခဲ့တယ်။
မြန်မာလူမျိုးတွေပါးစပ်ကတဖွဖွပြောနေတဲ့ ကံကံ၏အကျိုးကိုသာ တကယ်ယုံတယ်ဆိုရင် ဒီနေ့ထိ အာဏာရှင်စနစ်အမြစ်တွယ်နေနိုင်တာ၊ ပြည်တွင်းစစ်ကိုရပ်လို့မရတဲ့ကိစ္စတွေဟာ ဒီလူမျိူး PUBLIC ရဲ့ ကံတရားကြောင့်ပဲ ဆိုတာကိုလဲ ယုံမှ သဘာဝကျလိမ့်မယ်။
ခင်ဗျား အဲဒီအလှုရှင်တွေရဲ့အတွင်းစိတ်ကိုမြင်အောင်ကြည့်၊
ကိုယ့်မိဘဆွေမျိုးမှ မဟုတ်တာဗျာ၊ ငယ်ပေါင်းကြီးဖော်လဲမဟုတ်၊
ကျေးဇူးခံကျေးဇူးစားလဲ မရှိ
တကယ်ဆို ဘယ်သူကလှုချင်မှာလဲ။
ဒီလူတွေ ဒီနေရာတွေ ကိုလှုရင် တမလွန်မှာကောင်းစားမယ်ဆိုတဲ့ ဂျင်းထည့်ခံထားရတဲ့ မက်လုံးကြောင့် လာလှုနေတာ၊
ရှင်းရှင်းလေးပဲ။
(နတ်ပြည်တက်ဖို့ဘွတ်ကင်ချိတ်နေတာ ဘာများမှတ်လို့တုန်း)
ဒါကိုသဘောပေါက်သွားရင် မေတ္တာ ဂရုဏာနတ္တိနဲ့ စေတနာ တစ်ရွေးသားမှ မပါသော သိန်း ရာထောင်ချီတဲ့ သောက်တလွဲ အလှုတွေကို ခင်ဗျားမျက်စိထဲမှာကွက်ကွက်ကွင်းကွင်းမြင်လာလိမ့်မယ်။
ဒီလိုလူတွေဟာ ဘယ်နည်းနဲ့မှ
သူတော်ကောင်းမဖြစ်နိုင်တော့ဘူး၊
ဖြစ်ချင်းဖြစ်ရင် လူယုတ်မာပဲဖြစ်ဖို့ရှိတယ်။
အိန္ဒိယက ကဗျာဆရာတစ်ယောက်ပြောဖူးတယ်။
"လူလူချင်းကူညီရမယ့် လူ့ကျင့်ဝတ်ကိုလျစ်လျူရှု၊
ကိုယ့်တဘို့တည်းတမလွန်ကောင်းစားရေးကိုသာရှေ့တန်းတင်လှုဒါန်းနေကြတဲ့ ဘူဇွာ လူတန်းစားဟာ ဘယ်လိုဂုတ်သွေးစုပ်ပြီး ဘယ်လောက်ချမ်းသာနေသည်ဖြစ်စေ
>ငွေပုံပေါ်မှာထိုင်နေတဲ့နွားကြီးတွေ<
ပါပဲတဲ့။
Crd:
။