Driving Engineer

Driving Engineer Knowledge Sharing

" အချိန်တန်လျှင် အစားထိုး လဲလှယ်ပေးရသော ကားအစိတ်အပိုင်းများ "🚨🚨🚨🚨🚨 🔛 ကားပိုင်ရှင်အများစုသည် ကားကို အသုံးချနေသော်လည်း၊ ပု...
26/11/2024

" အချိန်တန်လျှင် အစားထိုး လဲလှယ်ပေးရသော ကားအစိတ်အပိုင်းများ "
🚨🚨🚨🚨🚨

🔛 ကားပိုင်ရှင်အများစုသည် ကားကို အသုံးချနေသော်လည်း၊ ပုံမှန်ထိန်းသိမ်းခြင်းနှင့် ကားပျက်၍ ပြုပြင်ရခြင်းများအတွက် ငွေကြေးသုံးစွဲရာတွင် လက်တွန့်တတ်ကြသည်။ ကားအကြောင်း၊ ကားသဘာ၀၊ ကားပြုပြင်ထိန်းသိမ်းခြင်းများကို နားလည်သဘောပေါက်သော ကားပိုင်ရှင်များက ကုန်ကျစရိတ်များကို လက်ခံနိုင်ကြသော်လည်း ကားအကြောင်း နားမလည်သော ပိုင်ရှင်နှင့် ယာဉ်မောင်းတို့အကြားတွင် ကားပြုပြင်ထိန်းသိမ်း စရိတ်သည် စကားများများပြောရသော ပြဿနာဖြစ်လာတတ်သည်။

🔧 ပုံမှန်ပြုပြင်ထိန်းသိမ်းစရိတ်နှင့် အချိန်တန်လျှင် ပျက်စီးတတ်သော ကားအစိတ်အပိုင်းများ ပြင်ဆင်စရိတ်များကို အကုန်အကျခံရန် ငြိုငြင်တတ်ကြသည်။ ကားတစ်စီး လက်၀ယ်ထားလျှင် ပြင်ဆင်ထိန်းသိမ်းစရိတ်သည် အသုံးပြုရမြဲဖြစ်သည်။ ကားဟောင်း၊ ကားညံ့၀ယ်မိလျှင် မကြာခဏ ကားပျက်၍ အကုန်အကျ ပိုများသည်။ ကားကောင်း၀ယ်လျှင်လည်း ပုံမှန်ပြုပြင်ထိန်းသိမ်း စရိတ်ရှိသည်။ အချို့သော ကားပိုင်ရှင်များသည် ပျက်မှသာ ကားပြင်လိုကြသည်။ ပုံမှန်ထိန်းသိမ်းရသည်ကို နားမလည်၍ အပိုကုန်ကျသည်ဟု မြင်ကြသည်။

🔧 ကားတစ်စီးအား ပုံမှန်စစ်ဆေးထိန်သိမ်းခြင်း လုပ်မပေးပါက ပို၍ပျက်စီးစေသည်။ ဘေးကင်းလုံခြုံမှု တဖြည်းဖြည်း ကျဆင်းလာ၍ အန္တရာယ်လည်း ဖြစ်နိုင်သည်။ ကားတစ်စီးတွင် အစိတ်အပိုင်းပေါင်း များစွာဖြင့် ဖွဲ့စည်းတည်ဆောက်ထားပြီး စနစ် (System) များ ပေါင်းစပ်၍ လည်ပတ်အလုပ်လုပ်သည်။ အချိန်တန်လျှင် ပွန်းစားပျက်စီးတတ်သည်။ ပုံမှန်ပြုပြင် ထိန်းသိမ်းခြင်းများအပြင် ပျက်စီးချွတ်ယွင်းသွားသော အစိတ်အပိုင်းများကို အစားထိုးလဲလှယ်၍ ပြုပြင်ပေးရသည်။ ကားအစိတ်အပိုင်း (Auto Parts) ပစ္စည်းများသည် သုံးစွဲနိုင်သော သက်တမ်းရှိသည်။ သက်တမ်းကုန်လျှင် ချွတ်ယွင်းပျက်စီး လာတတ်သည်။

☑ (၁) ဆီစစ်၊ လေစစ်များ

🔧ကားတိုင်းတွင် Air Filter ခေါ် လေစစ်များသည် အချိန်တန်လျှင် လဲပေးရသည်။ ခရီးမိုင် (၃၀,၀၀၀) မှ (၅၀,၀၀၀) အတွင်း သုံးပြီးပါက လေစစ်များ လဲပေးသင့်သည်။ အင်ဂျင်ဝိုင် အသစ်လဲတိုင်းလည်း ဆီစစ် (Oil Filter) ဘူးကို လဲပေးရမည်။ ခရီးမိုင် ၃၀၀၀ မှ ၅၀၀၀ အတွင်းသွားပြီးတိုင်း အင်ဂျင်ဝိုင်နှင့် ဆီစစ်ကို လဲပေးသင့်သည်။ ကားအမျိုးအစားအလိုက် သင့်လျော်သော အင်ဂျင်ဝိုင် အမျိုးအစားကို ရွေးချယ်သုံးစွဲသင့်သည်။

☑ (၂) ဘကၳရီ

🔧ကားတစ်စီးတွင် ဘက်ထရီသည် အသက်ဖြစ်သည်။ ဘက်ထရီကောင်းပြီး၊ အားသွင်းစနစ် မကောင်းပါက ဘက်ထရီ အားမရှိဘဲ ဖြစ်တတ်သည်။ ဘက်ထရီ အားမကောင်းလျှင် ကားစက်နှိုးရ ခက်ခဲတတ်သည်။ ကားဘက်ထရီတစ်လုံးသည် ပုံမှန်ထိန်းသိမ်းပေးရန် လိုအပ်သည်။ အရည်အသွေးအမျိုးအစား ကောင်းသော ကားဘက်ထရီတစ်လုံး၏ ပျမ်းမျှသက်တမ်းသည် အများဆုံး (၃) နှစ်သာ အသုံးခံသည်။ AGM (Absorbant Glass Mat) ဂျယ်လီသုံးသော ဘက်ထရီအမျိုးအစားသည် ရိုးရိုးခဲ-အက်ဆစ်ဘက်ထရီ အမျိုးအစားထက် (၁) နှစ်ကျော် ပို၍အသုံးခံသည်။ Maintenance Free ဘက်ထရီမှလွဲ၍ ခဲ-အက်ဆစ် ဘက်ထရီများသည် ပြုပြင်ထိန်းသိမ်းပေးရန် လို အပ်ပါသည်။

☑ (၃) ဘရိတ်ရှုး (Brake Pad)

🔧ဘရိတ်ရှူးများသည် အမြဲပွတ်တိုက် သုံးစွဲရသောအရာဖြစ်၍ ပွန်းစားသွားနိုင်သည်။ ကားအရွယ်အစား၊ အလေးချိန်အပေါ် မူတည်၍ ဘရိတ်ရှူးသက်တမ်းသည် မိုင် ၃၀,၀၀၀ မှ မိုင် ၇၀,၀၀၀ အထိ အသုံးခံသည်။ ကားမောင်းနှင်မှုစတိုင် အလေ့အကျင့်အပေါ် မူတည်၍ ဘရိတ်ရှူးသက်တမ်း ကွာခြားနိုင်သည်။ ရှေ့ဘီးမှ ဘရိတ်ရှူးများသည် ပို၍အကုန်မြန်သည်။ ခေတ်ပေါ်ကားများမှ ဘရိတ်ရှူးလိုင်နာကို Semi-metallic လိုင်နာနှင့် Ceramic လိုင်နာ အမျိုးအစားများ အသုံးပြုထား၍ သက်တမ်း ပို၍ကြာရှည်ခံသည်။

☑ (၄) တာယာ (Tires)

🔧ကားတစ်စီး ဘေးကင်းလုံခြုံစွာ မောင်းနှင်နိုင်ရေးအတွက် တာယာဘီးများသည် အရေးကြီးဆုံးဖြစ်သည်။ တာယာဘီးများ ကြာရှည်အသုံးခံရန် ပုံမှန်ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်ပေးမှဖြစ်မည်။ ကားအောက်ပိုင်း Suspension စနစ်နှင့် စတီယာရင်စနစ်များ ကောင်းပါမှ တာယာများ အသုံးခံမည်။ တာယာဘီး အလိုင်းမန့် ပုံမှန်ချိန်ပေးရသည်။ လေပေါင်ဖိအား မှန်ရမည်။ တာယာများကို ရှေ့-နောက်၊ ဘယ်-ညာလှည့်၍ သုံးပေးရသည်။ တာယာ ထိန်းသိမ်းမှုကောင်းပြီး အရည်အသွေးကောင်း နာမည်ရသော တာယာများသည် မိုင် ၆၀,၀၀၀မှ မိုင် ၈၀,၀၀၀ အထိ အသုံးခံပါသည်။

☑ (၅) ကလပ် (Clutch)

🔧Manual Gear သုံးသောကားများတွင် ကလပ်အဖွဲ့အစည်းသည် အများဆုံး အလုပ်လုပ်ရ၍ ပွန်းစားပျက်စီးမှု ရှိသည်။ ကလပ်ပလိတ်ပြား တစ်ချပ်သည် မိုင်(၇၀,၀၀၀) ကျော်အထိ အသုံးခံပါသည်။ ကားမောင်းကြမ်းသော အလေ့အထရှိသော ဘတ်စ်ကားများနှင့် ကုန်တင်ထရပ်ကားများတွင် ကလပ်ပလိတ်သက်တမ်း ကြာရှည်မခံပါ။

☑ (၆) တိုင်မင်ဘတ်လ်ကြိုး (Timing Belt)

🔧OHC (Over Head Cam) အင်ဂျင်များတွင် ရာဘာတိုင်မင် Belt ကြိုးပြတ်ပါက အင်ဂျင်ပျက်စီးတတ်သည်။ သက်တမ်းမကုန်မီ ကြိုတင်လဲပေးရသော ကားအစိတ်အပိုင်း ပစ္စည်းဖြစ်သည်။ ရာဘာနှင့် ပြုလုပ်ထားသော တိုင်မင် Belt ကြိုးသည် အမဲဆီ၊ အင်ဂျင်ဝိုင်၊ ဒီဇယ်ဆီစသော ရေနံအခြေခံပစ္စည်းများကို ကြောက်ပါသည်။ ဝုိင်းဆီးမကောင်း၍ ဆီယိုနေလျှင် Timing Belt ကြိုးကို ထိခိုက်ပြီး သက်တမ်းမစေ့မီ ပြတ်ထွက်တတ်သည်။ Belt ကြိုးတစ်ချောင်း၏ သက်တမ်းသည် မိုင် ၆၀,၀၀၀ (သို့မဟုတ်) ကီလိုမီတာ ၁၀၀,၀၀၀ အထိ ရှိသည်။

☑ (၇) ဆီပန့် (Fuel Pump)

🔧ဓာတ်ဆီအင်ဂျင်သုံးကားတစ်စီးတွင် Fuel Pump ကောင်းမှ (Fuel System) ဆီပို့စနစ်ကောင်းမည်။ ခေတ်ပေါ်ကားများတွင် EFI စနစ်ဖြစ်၍ Fuel Pump အရေးကြီးသည်။ Fuel Pump တစ်လုံး၏ သက်တမ်းသည် မိုင် ၆၀,၀၀၀ ကျော် အသုံးခံသည်။

☑ (၈) ဂတ်စ်ကတ် (Gasket)

🔧ကားအင်ဂျင်တစ်လုံးတွင် Gasket မျိုးစုံသုံးသည်။ အဓိကအားဖြင့် Intake Manifold, Exhaust Manifold နှင့် အင်ဂျင် Head တို့ တပ်ဆင်ရာတွင် ဂတ်စ်ကတ်ကိုသုံးရသည်။ ရာဘာဂတ်စ်ကတ်များလည်းရှိသည်။ ဂတ်စ်ကတ်အားလုံးထဲတွင် အင်ဂျင် Head Gasket သည် အရေးအကြီးဆုံး ဖြစ်သည်။ အကြောင်းမျိုးမျိုးကြောင့် ရေတိုင်ကီရေဆူပြီး အင်ဂျင်အပူချိန် လွန်ကဲလျှင် ဂတ်စ်ကတ် ပြတ်တတ်သည်။ ဂတ်စ်ကတ်ပြတ်ပါက ရေလိုင်း၊ ဆီလိုင်းများ ရောနှောသွားပြီး အင်ဂျင်ကို ပျက်စီးစေသည်။ အရည်အသွေးကောင်းသော Gasket တစ်ချပ်၏ သက်တမ်းသည် မိုင် ၆၀,၀၀၀ မှ မိုင် ၇၀,၀၀၀အထိ အသုံးခံသည်။ အင်ဂျင်အအေးခံစနစ်ကို ဂရုစိုက်လျှင် ဂတ်စ်ကတ်ပြတ်သောပြဿနာ ကင်းဝေးပြီး ကြာရှည်အသုံးခံမည်။

☑ (၉) ရေလည်အုံ (Water Pump)

🔧အင်ဂျင်အအေးခံစနစ်တွင် အဓိကကျသောအရာမှာ ရေလည်အုံဖြစ်သည်။ အအေးခံစနစ်အတွင်း အရည်များ လည်ပတ်စေရန်၊ ရေလည်အုံပန့်က လှည့်ပေးရသည်။ Water Pump တွင် ဝိုင်းဆီးနှင့် Ball Bearing အထိုင်သည် အရေးကြီးသည်။ Pump သုံးစွဲမှုသက်တမ်းကြာလာလျှင် ဝိုင်းဆီးပေါက်ပြီး ၎င်းနေရာမှ အအေးခံရည်များ ယိုစိမ့်ထွက်မည်။ အအေးခံစနစ်တွင် ရေယိုစိမ့်နေခြင်းသည် ရေတိုင်ကီ ရေဆူနိုင်သော ပြဿနာအရင်းအမြစ် ဖြစ်သည်။

🔧(Water Pump) ရေလည်အုံတစ်လုံးသည် မိုင် ၇၀,၀၀၀ မှ မိုင် ၁၀၀,၀၀၀ ကျော်အထိ အသုံးခံပါသည်။ Water Pump မှ ရေယိုစိမ့်သော လက္ခဏာပြလျှင် ဘောလ်ထိုင်နှင့် ဝိုင်းဆီးမကောင်းတော့သည့် လက္ခဏာဖြစ်သည်။ အချို့သောကားဆရာများက ရေလည်အုံကို ပြန်ပြင်၍သုံးကြသည်။ အကောင်းဆုံးမှာ ရေလည်အုံ အသစ်တစ်လုံး လဲပေးခြင်း ဖြစ်ပါသည်။

☑ (၁၀) Spark Plugs

🔧အင်ဂျင်မီးပေးစနစ် (Ignition System) တွင် Plug များသည် အဓိက တာ၀န်ထမ်းဆောင်ရသော အစိတ်အပိုင်းဖြစ်သည်။ ပလပ်မကောင်းလျှင် အင်ဂျင်စက်သံ မမှန်တော့ဘဲ ဆီစားများမည်။ ပလပ်များကို စစ်ဆေးခြင်း၊ ဆေးကြောခြင်း လုပ်ပေးရသည်။ EFI စနစ်သုံးသော ကားအင်ဂျင်များတွင် ပလပ်အမျိုးအစား ကောင်းကောင်းသုံးဖို့ လိုပါသည်။ ပလပ်တီနမ်ပလပ်များသည် စျေးနှုန်းကြီးသော်လည်း မိုင် ၁၀၀,၀၀၀ အထိ အသုံးခံသည်။ အရည်အသွေးညံ့သော ဓာတ်ဆီများသည် ပလပ်သက်တမ်းကို တိုစေသည်။ မူလအော်ရီဂျင်နယ်ပါလာသော ပလပ်အမျိုးအစားသည် အကောင်းဆုံးဖြစ်၍ နောက်ထပ်လဲလျှင်လည်း အော်ရီဂျင်နယ်ပစ္စည်းကိုသာ သုံးသင့်သည်။

🔛 ကားတစ်စီးတွင် ပုံမှန်သက်တမ်းအတိုင်း လဲလှယ်ပေးရသော ပစ္စည်းအစိတ်အပိုင်း (Auto Parts) များသည် ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်းဆရာတို့၏ ဂရုစိုက်ထိန်းသိမ်းခြင်းပေါ်၌ မူတည်ပါသည်။ အချို့သောပစ္စည်းများ ကြာကြာအသုံးမခံခြင်းမှာ အရည်အသွေးပြဿနာကြောင့်လည်း ဖြစ်နိုင်သည်။

🔛 ကားတစ်စီးသည် အသစ်ဖြစ်စေကာမူ ပုံမှန်ထိန်းသိမ်းခြင်း (Maintenance Service) ဆောင်ရွက်ပေးရသည်။ Used Car များသည်လည်း ပို၍ဂရုစိုက်ပြုပြင်ရသည်။ ပုံမှန် Maintenance ပြုခြင်းအပြင် သက်တမ်းစေ့၍ ပစ္စည်းလဲလှယ် ပြုပြင်ရသော စရိတ်များလည်းရှိသည်။ ပြုပြင်ထိန်းသိမ်းခြင်းသည် သင့်ကားကို သက်တမ်းကြာရှည်စေရုံသာမက အမြဲတမ်း အဆင်သင့်ကောင်းမွန်နေသော အခြေအနေကို ထိန်းသိမ်းထားခြင်းလည်း ဖြစ်သည်။ ဘေးကင်းလုံခြုံစိတ်ချရသော ကားတစ်စီး ဖြစ်နေစေရန်အတွက်လည်း ဆောင်ရွက်ခြင်းဖြစ်သည်။
🚘🚘🚘🚘🚘

Credit to original uploader

ဓာတ်ဆီအင်ဂျင်ကားနှင့် ဒီဇယ်အင်ဂျင်ကားတို့၏ အားသာချက် အားနည်းချက်များ----------------------------------------------------...
01/09/2024

ဓာတ်ဆီအင်ဂျင်ကားနှင့်
ဒီဇယ်အင်ဂျင်ကားတို့၏
အားသာချက်
အားနည်းချက်များ
-----------------------------------------------------
ဓာတ်ဆီအင်ဂျင်နဲ့ ဒီဇယ်အင်ဂျင်တို့ရဲ့အကျိုးအပြစ်တွေကိုမပြောခင် ဥပမာတစ်ခုပြောပါမယ်။ ဓာတ်ဆီအင်ဂျင်နဲ့ ဒီဇယ်အင်ဂျင်ဟာ မြင်းတစ်ကောင်ဖြစ်မယ်ဆိုရင် ဓာတ်ဆီအင်ဂျင်ဆိုတာ ပြိုင်မြင်း (racehorse) တစ်ကောင်လို ကျစ်လစ်တယ်၊ ပေါ့ပါးတယ်၊ လျင်မြန်မယ်၊ တက်ကြွနေမယ်။
ဒီဇယ်အင်ဂျင်ဆိုတာကတော့ ပစ္စည်းသယ်ယူပို့ဆောင်ရေး အလုပ်ကြမ်းလုပ်တဲ့ ခိုင်းမြင်း (workhorse) တစ်ကောင်လို နှေးမယ်၊ သန်မာမယ်၊ ခံနိုင်ရည်ပိုကောင်းပါမယ်။ ဒါကအကြမ်းဖျင်း ယေဘုယျသဘောကို ဖွင့်ဆိုပြတာပါ။
🔹ဓာတ်ဆီအင်ဂျင်ရဲ့ အားသာချက်များ
၁။ ဈေးသက်သာခြင်း
ဒီဇယ်အင်ဂျင်နဲ့ ယှဉ်ရင် ကားအမျိုးအစား၊ အင်ဂျင်ပါဝါခြင်းတူရင်တောင် ဓာတ်ဆီကားကဈေးပို သက်သာပါတယ်။ အင်ဂျင်အလုံးလိုက်လဲမယ်ဆိုတောင် တချို့ကားတွေမှာဆိုရင် ဈေးဘယ်လောက်မှမရှိပါဘူး။
၂။ ဆူညံသံနှင့် တုန်ခါမှုနည်းခြင်း
ဓာတ်ဆီကားမှာ အင်ဂျင်တွင်းမီးလောင် ပေါက်ကွဲမှုဖြစ်စဉ်အတွက် spark plug နဲ့အလုပ်လုပ်တာမလို့ ပုံမှန်မီးလောင်ပေါက်ကွဲမှုဖြစ်စဉ် (regular combustion ) ဖြစ်ပြီး ကြီးမားတဲ့ဖိအားဖြစ်စဉ်တွေမလိုအပ်တာကြောင့် အသံဆူညံမှုနဲ့ အင်ဂျင်တုန်ခါမှုမှာ ဒီဇယ်ကားထက် သိသိသာသာလျော့နည်းပါတယ်။ ဒါကြောင့် အိမ်စီး ဇိမ်ခံကားအများစုမှာ ဓာတ်ဆီအင်ဂျင်တွေကို အသုံးပြုခြင်းဖြစ်ပါတယ်။
၃။ မြန်နှုန်းမြင့် လည်ပတ်နှုန်းနှင့် စွမ်းအားကောင်းခြင်း
ဓာတ်ဆီအင်ဂျင်မှာ ဓာတ်ဆီရဲ့ သဘောသဘာဝအရရယ် ပုံမှန်မီးလောင်ကျွမ်းမှုဖြစ်စဉ်ရယ်ကြောင့် မီးလောင်ကျွမ်းမှုတည်ငြိမ်ပြီး မြန်နှုန်းမြင့်စွမ်းရည်ထုတ်လုပ်မှုမှာ ဒီဇယ်အင်ဂျင်ထက်စွမ်းအားပိုကောင်းပါတယ်။
၄။ ပြုပြင်ရလွယ်ကူခြင်း၊ အပိုပစ္စည်း ဈေးသက်သာခြင်း
ဓာတ်ဆီအင်ဂျင်တွေဟာ ဒီဇယ်အင်ဂျင်တွေထက် ယေဘုယျအားဖြင့် နည်းပညာပိုင်းဆိုင်ရာ ပြုပြင်ရလွယ်ကူပြီး၊ အပိုပစ္စည်း ဈေးပိုသက်သာတယ်လို့ဆိုနိုင်ပါတယ်။
၅။ အင်ဂျင်ကိုယ်ထည် ဝိတ်ပေါ့ပါးခြင်း
ဓာတ်ဆီအင်ဂျင်မှာ ဒီဇယ်အင်ဂျင်လို အင်ဂျင်တွင်း ဖိအားမြင့်စွမ်းဆောင်ရည် မလိုအပ်တာကြောင့် ကြီးမားတဲ့ ဖိအားဒဏ်ခံနိုင်ရည်ရှိအောင် တည်ဆောက်စရာမလိုဘဲ ပေါ့ပါးကျစ်လစ်တဲ့ ဒီဇိုင်းပုံစံနဲ့တည်ဆောက်နိုင်တာမလို့ ဈေးနှုန်းသက်သာပြီး အင်ဂျင်ကို ပေါ့ပါးကျစ်လစ်စေပါတယ်။ အများအားဖြင့် သွန်းသံ (cast iron) နဲ့တည်ဆောက်ပြီး အခုနောက်ပိုင်း အလူမီနီယံ (aluminium) စပ်များနဲ့ တည်ဆောက်လာတာကြောင့် ပိုမိုပေါ့ပါးစေပါတယ်။
၆။ အင်ဂျင်အပူချိန်သက်သာခြင်း
ဓာတ်ဆီအင်ဂျင်တွေမှာ ဓာတ်ဆီဟာလွယ်ကူစွာလောင်ကျွမ်းနိုင်တာကြောင့် ပုံမှန်မီးလောင်ပေါက်ကွဲမှုဖြစ်စဉ်ပဲလိုအပ်ပြီး ဒီဇယ်အင်ဂျင်တွေလို အင်ဂျင်တွင်း မြင့်မားတဲ့အပူချိန်တွေကို ဖန်တီးစရာမလိုပါဘူး။ ဒါကြောင့် အပူချိန်ပိုပြီး လျော့နည်းပါတယ်။ နောက်တစ်ချက်က အလူမီနီယံလို အလွယ်တကူအပူလျှောက်စီးကူးပြီး၊ အပူစွန့်ထုတ်လွယ်တဲ့ သတ္တုရောတွေကိုအသုံးပြုပြီး အင်ဂျင်ကိုတည်ဆောက်နိုင်တာမလို့ အင်ဂျင်အပူချိန်ဟာ ဒီဇယ်အင်ဂျင်ထက် အပူသက်သာပါတယ်။ မြင့်မားတဲ့ အပူချိန်ပေးရန်မလိုတဲ့အတွက် အေးတဲ့ရာသီဥတုတွေမှာ စက်နှိုးရလွယ်ကူပါတယ်။
🔹ဓာတ်ဆီအင်ဂျင်ရဲ့ အားနည်းချက်များ
၁။ အင်ဂျင်သက်တမ်းတိုခြင်း
ဓာတ်ဆီအင်ဂျင်တွေမှာ မြန်နှုန်းမြင့် စွမ်းအားလုပ်ဆောင်မှုတွေကို အားပေးတာရယ်၊ ဓာတ်ဆီကိုယ်တိုင်ကိုက မီးလောင်ပေါက်ကွဲမှုအားကောင်းတာရယ် တွေကြောင့် အင်ဂျင်သက်တမ်းက ဒီဇယ်အင်ဂျင်ထက်စာရင် အင်ဂျင်ကျတဲ့သက်တမ်း မြန်ပါတယ်။
၂။ ပြန်ရောင်းဈေးကွက်မှာ ဈေးကျခြင်း
ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်အနေအထားအရ ဓာတ်ဆီအင်ဂျင်ဟာ အင်ဂျင်သက်တမ်းတိုတဲ့အတွက် အသုံးပြုပြီးသား used ကားတွေကိုပြန်ရောင်းတဲ့ resale value မှာ ဈေးကျနိုင်ပါတယ်။
၃။ ဆီပိုစားခြင်း
ပုံမှန်အားဖြင့် ဓာတ်ဆီအင်ဂျင်က ဆီပိုစားတယ်ဆိုတာ အကြမ်းဖျင်းသိကြပါတယ်။ အကြောင်းအရင်း ကတော့ ဓာတ်ဆီအင်ဂျင်တွေရဲ့ engine performance လို့ခေါ်တဲ့ အင်ဂျင်တာဝန်ထမ်းဆောင်တဲ့နေရာမှာ ပစ်စတင်ရဲ့ C.R (compression ratio) ဖိသိပ်မှုအချိုးနည်းပါးတဲ့အတွက် ဆီပိုစားခြင်းဖြစ်ပါတယ်။
၄။ Spark Plug ပြဿနာများခြင်း
ဓာတ်ဆီအင်ဂျင်တွေမှာ spark plug နဲ့မီးခတ်ပြီးပေါက်ကွဲရတာမလို့ ဆီမသန့်ပါက ပလပ်အလွယ်တကူပျက်စီးစေတတ်ပြီး အင်ဂျင်အလုပ်လုပ်စွမ်းရည်ကျကာ ပလပ်ပြဿနာတွေ ခဏခဏဖြေရှင်းရတတ်ပါတယ်။
၅။ Torque လည်အား အပြောင်းအလဲများခြင်း
ဝန်အကြီးများထမ်းပြီး ရုန်းကန်ရာတွေမှာ အင်ဂျင်လည်အား အပြောင်းအလဲများတာကြောင့် ချောမွေ့ပြေပြစ်မှုမကောင်းပါဘူး။
အထက်ပါအချက်တွေကတော့ ဓာတ်ဆီအင်ဂျင်တစ်လုံးရဲ့ အကြမ်းဖျင်းအားသာချက်၊ အားနည်းချက်တွေပါ။
🔹🔹🔹🔹🔹
🔸ဒီဇယ်အင်ဂျင်ရဲ့အားသာချက်များ
၁။ အင်ဂျင်သက်တမ်းရှည်ခြင်း
ဒီဇယ်အင်ဂျင်တွေဟာ ကြီးမားတဲ့ဖိအားနဲ့ အပူချိန်ဒဏ်ကို ခံနိုင်ရည်ရှိအောင် တည်ဆောက်ထားတာမလို့ အင်ဂျင်သက်တမ်းရှည်ပါတယ်။ အင်ဂျင်သက်တမ်းရှည်တာကြောင့် တစ်ပတ်ရစ်ကားဈေးကွက်မှာ ဈေးနှုန်းကျဆင်းမှုသက်သာပါတယ်။ Mercedes-Benz ရဲ့ဖော်ပြချက်အရ Mercedes-Benz ကုမ္ပဏီက ထုတ်လိုက်တဲ့ original အင်ဂျင်တစ်လုံးဟာ အကြီးစားမေဂျာပြုပြင်မှုတွေမလုပ်ရဘဲ 900,000 miles အထိ သက်တမ်းကြာရှည်တယ်ဆိုတာကို တိုင်းတာပြသဖူးပါတယ်။
၂။ ဆီစားသက်သာခြင်း
ဒီဇယ်အင်ဂျင်တွေမှာ လေတမျိုးတည်းကိုသာ ဖိသိပ်ရတာမလို့ ပစ်စတင်ရဲ့ C.R (compression ratio) ဖိသိပ်မှုအချိုး ကြီးမားပြီး ဆီတစ်ဂါလံမှာသွားနိုင်တဲ့ခရီးအကွာအဝေး ပိုများပါတယ်။ ဒါကြောင့် fuel economy အရ တွက်ချေပိုကိုက်ပါတယ်။
၃။ Spark Plug ၊ Distributor နဲ့ Ignition Coil ပြဿနာမရှိခြင်း
ဒီဇယ်အင်ဂျင်မှာ လေဖိအားနဲ့အပူချိန်ကိုအသုံးချပြီး မီးလောင်ပေါက်ကွဲမှုဖြစ်စေတာမလို့ spark plug distributor နဲ့ ignition coil (မီးကွိုင်) တွေကောင်းစွာအလုပ်မလုပ်တဲ့ပြဿနာကနေကင်းဝေးပြီး engine performance ကိုကောင်းစွာရရှိစေပါတယ်။
၄။ မကြာခဏပြုပြင်ရမှု နည်းခြင်း
အပျက်များတဲ့ spark plug ၊ distributor နဲ့ ignition coil (မီးကွိုင်) တွေမပါလို့ မကြာခဏပြုပြင်ရမှုနည်းပါတယ်။
၅။ ရုန်းကန်အား ပိုကောင်းခြင်း
ဝန်တင်ပြီး အင်ဂျင်အရှိန်အမျိုးမျိုးအပေါ် ခိုင်းစေမောင်းနှင်ရာမှာ torque လည်အားပြောင်းလဲမှုနည်းတာကြောင့် ဝန်ကိုထမ်းရာမှာ ဓာတ်ဆီအင်ဂျင်ထက် ဆွဲအားရုန်းအား ပိုမိုကောင်းမွန်ပါတယ်။
🔸ဒီဇယ်အင်ဂျင်၏ အားနည်းချက်များ
၁။ အင်ဂျင်ဈေးနှုန်း မြင့်မားခြင်း၊ အလေးချိန် ပိုများခြင်း
ဒီဇယ်အင်ဂျင်မှာ မီးလောင်ပေါက်ကွဲမှုဖြစ်စဉ်အတွက် ကြီးမားတဲ့ဖိအားနဲ့အပူစွမ်းအင်ကိုအသုံးပြုရတာပါ။ အဲဒီဖိအားနဲ့ အပူချိန်ကိုခံနိုင်ရည်ရှိဖို့ ကြံ့ခိုင်တဲ့အင်ဂျင်ကိုယ်ထည်ကိုတည်ဆောက်ရတာမလို့ ဈေးနှုန်းမြင့်မားပြီး အလေးချိန်လည်းပိုမိုများပြားပါတယ်။
၂။ တုန်ခါမှုနှင့် အသံဆူညံမှု ပိုများခြင်း
ဒီဇယ်အင်ဂျင်ရဲ့ မီးလောင်ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ထွက်ပေါ်လာတဲ့ အမြင့်ဆုံးဖိအားတန်ဖိုးဟာ ဓာတ်ဆီအင်ဂျင်ထက် ၂ ဆ ကျော်ပိုမိုမြင့်မားတာကြောင့် အသံဆူညံမှုနဲ့တုန်ခါမှုတို့ကို ပိုများစေပါတယ် ။
၃။ ထိန်းသိမ်းစောင့်ရှောက်မှု လိုအပ်ခြင်း
ဒီဇယ်အင်ဂျင်မှာ fuel injection system ကိုသာသုံးပြီး လေဖိအားနဲ့မီးလောင်ပေါက်ကွဲစေတာမလို့ air filter ၊ fuel filter ၊ oil filter အစရှိတဲ့ လေစစ်၊ ဆီစစ်ဘူးတွေကို ဂရုတစိုက် သန့်စင်လဲလှယ်ပေးဖို့လိုအပ်ပါတယ်။
၄။ ပြုပြင်မှုစရိတ် ကြီးမားခြင်း
ဒီဇယ်အင်ဂျင်တွေဟာ မကြာခဏပြုပြင်ထိန်းသိမ်းဖို့ မလိုအပ်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့်ပြုပြင်ရတဲ့အချိန်မှာ အပိုပစ္စည်းနဲ့ပြုပြင်မှုစရိတ်က ဓာတ်ဆီအင်ဂျင်ထက် ပိုမိုပါတယ်။
၅။ အေးသောရာသီဥတုတွေမှာ နှိုးရခက်ခြင်း
မီးလောင်ပေါက်ကွဲမှုဖြစ်စေဖို့ အပူချိန် (500 ံC or 932 ံ F) ကနေ ဒီထက်မြင့်မားတဲ့ အပူချိန်ဖြစ်အောင် ဖိသိပ်ပေးရတာမလို့ အေးတဲ့ရာသီဥတုတွေမှာ နှိုးရခက်တာကိုကြုံတွေ့ကြရမှာပါ။
ဒီအချက်အလက်တွေကတော့ ဒီဇယ်အင်ဂျင်တစ်လုံးရဲ့ အားသာချက်၊ အားနည်းချက်တွေပဲဖြစ်ပါတယ်။

27/04/2024

Driving Engineer
😋

20/02/2024

ဘယ်နေရာလဲသိရင်ဆရာကြီးပဲ😎
ဒီနေ့ရိုက်ဖြစ်တာလေး🤩😍
ကားချောကြီးတွေချစ်မှချစ်😍
ကိုယ့်ဆရာကား‌တွေပါရင်ရှယ်သွားဦး😍

16/12/2023

ဘီကြီးလည်းစီးချင်တယ် ဆီဝယ်ရခက်နေရင် ဒါလေးtryကြည့် 🤣🤣

04/12/2023

ကိုယ့်Skillကိုယ်ယုံတယ် ရှေ့ကကောင်တွေကိုပဲမယုံတာ😆😆

Cyber Truck ရဲ့QCနဲ့ Design ပိုင်းလိုအပ်ချက်များ 🥸
03/12/2023

Cyber Truck ရဲ့QCနဲ့ Design ပိုင်းလိုအပ်ချက်များ 🥸

07/11/2023

ငါ့နောက်ကဘယ်ကောင်ဟွန်းတီးတာလဲ🤣
Horn တီတာမင်းလား✊✊👊👊🤣

09/10/2023

#ကားနဲ့ပတ်သတ်ပြီးဆောင်ရန်ရှောင်ရန်များ #ကားမမောင်းခင်စစ်ရန် #ဆီရေလေဝိုင်

၁။ 🚘ကားစက် စနှိုးမယ် ဆိုရင် (၃)ခါထက်ပိုပြီး
မရမခြင်း တကျိကျိနဲ့ မနှိုးပါနဲ့ ဘက်ထရီ
ကြောင့်လား ? starter motor ကြောင့်လား
ဆီကုန်နေတာလား?
သေချာစစ်ပါ ၊သိတဲ့လူနဲ့ တိုင်ပင်ပါ။
အလွယ်နည်းလုပ်ကြတာတော့ ဟွန်းတီးကြည့်လို့
အသံကျယ်တယ်ဆိုရင် battery ကောင်းတယ်ပေါ့။
(ဟွန်းတော့ကောင်းရမယ်)
၂ ။ 🚀ကားစက်နှိုးပြီးတာနဲ့ ချက်ချင်း ဂီယာထိုးပြီး
တန်းမထွက်ပါနဲ့ 10~15 sec (၁၀ မှ ၁၅ စက်ကန့်)
လောက်စောင့်ပြီးမှ ဂီယာထိုး ထွက်ပါ။
အကြောင်းရင်း ကတော့ အင်ဂျင်ဝိုင်တွေ
အင်ဂျင်အထက်ထိ တက်အောင်စောင့်ခိုင်းတာပါ။
ပြီးရင်လည်း လီဗာ(accelerator) ကို တန်းပြီး
တရှိန်ထိုးမနင်းပါနဲ့ ဂီယာကို တစ်ဆင့်ခြင်း
ပြောင်းသွား အောင် နင်းလိုက်
လျှော့လိုက်နဲ့ အရှိန်တင်သွားပါ။
၃။ ⛽️ဆီ ထည့်တဲ့ နေရာမှာလည်း ကိုယ့်ကားနဲ့
ကိုက်ညီတဲ့ octane number ကိုသုံးရပါမယ်။
ဒါပေမယ့် မြန်မာပြည်မှာတော့
ကားတစ်စီးဝယ်ပြီး ရင်
ထိုးမရပ်မခြင်းစီးတော့တာပါပဲ🥶။
owner manual / service manual စတဲ့
စာအုပ်လေးတွေ ကားမှာ ပါရင်ပါ မပါရင်
online ကနေရှာ ဖတ်လို့ရပါတယ်။
ဒီမှာက ကိုက်ညီတဲ့ octane number
သိတောင်မှ ရှိတဲ့ ဆီဆိုင်ကနေ
ဟုတ်ဟုတ် မဟုတ်ဟုတ်
92 နဲ့ 95 ပဲထည့်ရတာပါပဲ။ octane နဲ့ပတ်သတ်ပြီး
ကျွန်တော် ရေးပြီးသားပါ။
ဆီနဲ့ ပတ်သတ်ပြီးတော့ကံဆိုး/ ကံကောင်းပေါ့။
၄။ 🛢️အင်ဂျင်ဝိုင် လဲဖို့ကတော့ ယေဘူယျ အားဖြင့်
5000 kmတစ်ခါလဲပါ။ အင်ဂျင်ဝိုင် အမျိုးအစား
ကောင်းရင် ကောင်း သလို 10000 km
ထိရတာ လည်း ရှိပါတယ်။
အဓိက ကတော့ သတ်မှတ် level
(lower limit နဲ့ upper limit) ကြားမှာရှိပြီး
upper level အမှတ် အနား ကပ် ရပါမယ်
workshop တော်တော်များများက
Customer အကြိုက် အင်ဂျင်ဝိုင်ပုံး
အကုန်လောင်း ထည့်ပေးတတ်ပါတယ်။
အင်ဂျင်ဝိုင် 🍷 များခြင်းဟာ နည်းခြင်းနဲ့
ဆိုးကျိုးအတူတူပါပဲ။
အင်ဂျင်ဝိုင်ထဲမှာ bubble တွေဖြစ်ပြီး
ပန့်ပျက်တတ်ပါတယ်။

၅။ ⚙️ ဂီယာဝိုင် (auto ဆီ) လည်းအတူတူပါပဲ။
over ဖြစ်လို့ ကျွန်တော် အမြဲ ပြန်စုပ်ထုတ်ရပါ
တယ်။ကိုယ့်ဟာကို ဆီ။ လျှော့ချင်ရင် ပိုက်သေး
လေးနဲ့ dip stick ထုတ်ပြီး အဲ့အပေါက်ကနေ
ပိုက်ထိုးပြီး (ဆိုက်ဖွန်) နည်းနဲ့ပဲ ထုတ်လို့ရပါ
တယ်။ အရေးကြီးတာ ကတော့ ATF နဲ့ CVTF
မမှားဖို့ပါပဲ။ Theory အရ ATF ကို CVT မှားထည့်
တာထက် CVT ကို ATF ထည့်မိတာ ပိုဆိုးပါတယ်။
ကိုယ့်ကား ဂီယာဘောက်စ်ကို စစ်ဆေးပီး
လေ့လာဖို့ လိုပါတယ်။

၆။ 🔌 ကိုယ့် plug ကအကောင်းစားဖြစ်ပြီး
အခြေအနေကောင်းသေးရင် ဆေးပြီးသုံးသင့်ပါ
တယ်။ ဒါပေမယ့် engine oil တွေ ပုံးအကုန်
လောင်းထည့်ပေးသလိုပါပဲ plug ဆေးတာမှာ
လည်း plug ကို ဓားနဲ့ အသားကုန်ခြစ်ခြင်းဟာ
မှားပါတယ်။ plug ဆေးတဲ့ဆေးရည်သုံးပြီး
သွားပွတ်တံ လေးနဲ့ပဲ ဆေးရမှာပါ။
ဒီကဆီတွေနဲ့က တော့ plug လဲလိုက်တာ
အကောင်းဆုံးပါ
၇။ တစ်ပတ်တစ်ခါတော့ ကားစက်မနှိုးခင်လေး
🛁ကားရေတိုင်ကီ (radiator) လေးကို
အဖုံးဖွင့်ကြည့်ပါ။
(ကားစက်နှိုးပြီး / မောင်းပြီးကာစ လုံးဝမဖွင့်ပါနှင့်)
အမြဲ ပြည့်နေရပါမယ်။ မပြည့်ရင် သတ်မှတ်ရေ
လေးဖြည့်ကြည့်ပါ။ မောင်းပြီး အင်ဂျင်အေးရင်
ပြန်ဖွင့်ကြည့်ပါ။
လျော့နေရင် leakage ဖြစ်နေတာပါ။
တစ်ပတ်တစ်ခါ ပြည့်နေရင်တော့မလိုပါ။
ရေပြန်ဘူးက စစ်တာ အကောင်းဆုံးပါ။
ရေတိုင်ကီ အဖုံးကို ဖွင့်စစ်ပါများရင် ရေမလုံ
တတ်ပါတယ်။ ဂရုစိုက်ပါ။
၈။ 🛞တာယာလေပေါင်ကို driver door နောက်မှာ
ကပ်ထားတဲ့ အတိုင်းဖြည့်ပါ။
ဖြစ်နိုင်ရင် ဘီးလေစစ်တဲ့
ကိရိယာလေးဝယ်ထားပါ(၃၀၀၀ကျပ်)တချို့ဆိုင်
တွေက လေပေါင်တော်တော်များပါတယ်။
အကြောင်းက
လေဆိုင်မှာ သုံးတဲ့ လေဖိအားချိန် ကိရိယာက
အသုံးများတော့ ဂျီးကပ်ပြီး ဖိအား မတက်တာပါ။
သတိထားပါ။ တာယာတွေကတော့ Theory မှာ
၆ နှစ်ခံပါတယ်။ အသုံးပြုမှုအပေါ် မူတည်ပြီး
၄ နှစ်လောက်ထိ သက်တမ်းကျနှိုင်ပါတယ်။
တာယာတွေရဲ့ သက်တမ်းဟာ ဝယ်ပြီးသိမ်းထား
လည်း (၆) နှစ်ပဲဆိုတာ သတိထားပါ။

၉။ 🛣️ကားကို ခရီးဝေးသွားတော့မယ်ဆို
အောက်ပိုင်းစစ်ပြီး alignment ချိန်ပါ။

၁၀။ 🚨မီးစုံလင်းဖို့နဲ့ ဟွန်းကောင်းဖို့ ကတော့ ပြောဖို့
လိုမည် မထင်ပါ။ ကျန်တာတွေရှိပါသေးတယ်။
ဒီ ၁၀ ချက်ကတော့ ကားဝယ်စီးပြီး ဘောနပ်ဖုံး
တစ်ခါမှ လှန်မကြည့်ဘူးတဲ့ သူများအတွက်ပါ။
တစ်ဆက်ထဲ အခေါ်အဝေါ် အမှားလေးတွေပါ
ရေး ပါရစေ။ 🚙Swift, Vitz, Fit, Ractis,
Demio, C**t, Passo စတဲ့ တံခါး ၅ ပေါက်ပါတဲ့
ကားတွေက Hatchback အမျိုးအစားပါ။

🚘Axio, Belta, Premio, Allion, Latio စတဲ့
တံခါး ၄ ပေါက်ပါတဲ့ကားတွေက Saloon (Sedan)
ကားတွေပါ။

🚐AD van, Mark II Blit တို့လိုက
Station wagon (van) တွေပါ။
တံခါး ၅ပေါက်မှာမှ suzuki R + လို
နောက်တံခါးက အဖြောင့်ဆိုရင် Wagon ပါ။
Wish တို့ Ipsum တို့ က
MPV (Multipurpose vehicle) ပါ။
စကွိုင်လာ မဟုတ်ပါဘူး စပွိုင်လာ (spoiler) ပါ။
ဖောက်ကလပ်မီး မဟုတ်ပါ ဖောက်လိုက်
(Fog light)ပါ။ Demio 2009 modelကစပြီး
🧭RPMခွက်ပါတာပါ။ RPM ၂ခု မဟုတ်ပါ။
Swift 2006 ထိ 1.3 များပြီး နောက်ပိုင်း
model တွေက 1.2 များပါတယ်။
March, Latio, Note ပုံပြောင်းလေးတွေက
1.2 ပါ 1.3 မဟုတ်ပါ။
ကားစ မောင်းထွက်တဲ့အချိန် exhaust line ရဲ့
အအေးကြောင့် စထွက်တဲ့ exhaust gas ထဲက
ရေငွေ့ ဟာ ငွေ့ရည်ဖွဲ့ (condensation) ဖြစ်ပြီး
exhaust ကနေ ကားတိုင်း ရေထွက်ပါတယ်။
Thermostat ကို မထုတ်ကြပါနဲ့။
Catalyst convertor ကို မဖြတ်ထုတ်ပါနဲ့။
Octane 95 ဟာ 92 ထက်ပိုထူပါတယ်။
ကဲ ဘာရှိသေးလဲဗျာ ???
ကားနဲ့ပတ်သတ်သူများ ကားကြောင့်
စိတ်မညစ်ရပါစေနဲ့လို့ဆုတောင်းရင်း။
++++++++++++++++++++++++
မူရင်းရေးသားသူအားလေးစားစွာဖြင့်
creditပေးပါသည်။

လွတ်လပ်စွာ မျှဝေနိုင်ပါတယ်ဗျ။

#ကားမောင်းသင်တန်း #ကားလိုင်စင် #ရန်ကုန် #မန္တလေး #ပြင်ဦးလွင် #ကလော #အပန်းဖြေ #ခရီးထွက်

02/10/2023

တွဲကားတကြောင်းထွက်ရတာ ဆီဖိုးနဲ့လမ်းကြေးနဲ့သိပ်မကျန်ဘူးတို့ တာယာပဲစုမိတယ်တို့ဖြစ်နေရင် ဒါ‌မျိုးလေးသယ်ကြည့်😂😂

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Driving Engineer posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Driving Engineer:

Share