Shwe Thanlyin Goat Farm

Shwe Thanlyin Goat Farm ဆိတ်မျိုးစုံကို ဈေးသက်သက်သာသာနဲ့ ဝ?

ဒါမျိုးလေးတွေ ရန်ကုန်အရောက်ချိန်ပေးမယ် brother တို့ စျေးလေးတော့မစစ် နဲ့နော်
03/05/2025

ဒါမျိုးလေးတွေ ရန်ကုန်အရောက်ချိန်ပေးမယ် brother တို့ စျေးလေးတော့မစစ် နဲ့နော်

ဒါလေး တစ်ကောင် ရှိမယ်နော် အညာနီလေးကိုမှ အကျစ်လေး ရွာသားကြီး အနီးတင်ကြည့်ရမှာ နော် အကိုတို့ Eid အတွက်ကြို Collected လုပ်ခ...
03/02/2024

ဒါလေး တစ်ကောင် ရှိမယ်နော် အညာနီလေးကိုမှ အကျစ်လေး
ရွာသားကြီး အနီးတင်ကြည့်ရမှာ နော် အကိုတို့
Eid အတွက်ကြို Collected လုပ်ချင်တယ့် Brother တို့ 😎😎
📲 09979837380

19/08/2022

ပုပေမယ့် သူက ဆရာနော် ခြံထဲ မှာ ❤️❤️❤️

၂၀၂၂ ခုနှစ်   #ဇူလိုင်လ_၁၀ ရက်  #တနဂ်နွေနေ့တွင် မြန်မာနိုင်ငံမှာ ကျရောက်မယ့် အစ္စလာမ်ဘာသာ၀င်တွေရဲ့  စွန့်လှူဒါနပြုမှု အသ...
09/07/2022

၂၀၂၂ ခုနှစ် #ဇူလိုင်လ_၁၀ ရက် #တနဂ်နွေနေ့တွင် မြန်မာနိုင်ငံမှာ ကျရောက်မယ့် အစ္စလာမ်ဘာသာ၀င်တွေရဲ့ စွန့်လှူဒါနပြုမှု အသားအီးဒ် ပွဲတော်ဟာ မကြာခင် ကျရောက်တော့မှာဖြစ်တယ်။ အီးဒ်နားနီးပြီဆို တချို့ အောက်လုံးထိုးသူတချို့က နွား သနားပြတာ ရှိလို့ အမှန်အတိုင်း ရေးသားတင်ပြလိုက်ပါတယ်။

#အစ္စလာမ်ဘာသာဝင်များရဲ့ အီးဒ်နေ့ကြောင့်

တောင်သူဦးကြီးတွေလည်း တစ်ခြားအချိန်မှာ အောက်စျေးနဲ့ တရုတ်ပြည်ကို တင်ပို့ရတဲ့နွားတွေ မွတ်စ်လင်မ်တွေရဲ့ အသားအစ်ကြောင့် ကြိုက်စျေးရခဲ့ပြီး ချောင်လည်ခဲ့သလို နိုင်ငံတော်ကလည်း အသားအီးဒ်မှာ စွန့်လှူတဲ့ နွား ဆိတ် သိုး တစ်ကောင်ချင်းစီအတွက် အခွန်ရလို့ ၀င်ငွေတိုးခဲ့ပါတယ်။

လုပ်အားနဲ့ ထိုက်တန်တဲ့ လုပ်ခမျိုး ရလေ့သိပ်မရှိတဲ့ နွားသတ်ရုံက #ဗုဒ္ဓဘာသာ၀င် ကစိုင်သမားတွေလည်း အီးဒ်နေ့ကြောင့် ငွေရွှင်ခဲ့ကြပြန်ပါတယ်။

မွတ်စ်လင်မ်တွေရဲ့ အီဒွလ်အဿွဟာ အသားအီးဒ်မှာ အကျိုးအဖြစ်ထွန်းဆုံးကတော့ ကျွဲ နွားတစ်တွေကိုပဲကွက်ပြီး အသက်ကယ်ဖို့သိတဲ့ ဇီဝိတဒါနအဖွဲ့တွေကြောင့် လူ့ခန္ဓာကိုယ်အတွက် အားအဖြစ်ဆုံး အမဲသားစျေး ခေါင်ခိုက်လာကာ ၀ယ်စားဖို့ အခက်အခဲရှိကြတဲ့ အခြေခံလူတန်းစားဖြစ်တဲ့ #ဗုဒ္ဓဘာသာ၀င်တွေနဲ့ #အစ္စလာမ်ဘာသာ၀င်တွေ ဖြစ်ပါတယ်။

#ယစ်ပူဇော်တာလား

မွတ်စ်လင်မ်ဆန့်ကျင်ရေး အစွန်းရောက်အုပ်စုတွေ ပေါ်လာကတည်းက ကုရ်ဘာနီကို #ယစ်ပူဇော်မှုအဖြစ် ပုံဖေါ်ပြောဆိုလာကြပါတယ်။

တစ်ချို့လူ့အဖွဲ့အစည်းတွေမှာ နတ်တွေ ဘုရားတွေကို ချော့ဖို့ မြှူဖို့ သားကောင်တွေကိုသတ် သွေးတွေ အသားတွေနဲ့ နတ်ဘုရား (အရုပ်တွေကို l ပူဇော် ပသတာမျိုးသုတ်လိမ်းတာမျိုးလို ယစ်ပူဇော်မှုနဲ့ #မွတ်စ်လင်မ်တို့ရဲ့ ကုရ်ဘာနီ အသားအီးဒ်ကို နှိုင်းယှဉ်တဲ့ ရည်ရွယ်ချက်ကတော့ အစ္စလာမ်သာသနာကို အောက်လုံးထိုးပြီး တမင်တကာစော်ကားဖို့ ပုံဖော်ချင်တာပဲ ဖြစ်ပါတယ်။

နောက်တစ်ခုက ဒီလိုပုံဖေါ်တဲ့ ဒီအစွန်းရောက်တွေရဲ့ ယဉ်ကျေးမှု အတွေးအခေါ် နောက်ခံအရ ဘုရားဆိုတာ ဒီလို ပူဇော် ကပ်လှူရတယ်ဆိုတဲ့ အခြေခံကနေလာတဲ့ အတွေးလည်း ဖြစ်ပါတယ်။

#ယစ်ပူဇော်မှုရဲ့ အဓိကအကြောင်းအရင်းနှစ်ခုရှိပါတယ်။

တစ်ခုကတော့ သဘာဝဘေးအန္တရာယ် ကျရောက်တာဟာ နတ်တွေ ဘုရားတွေရဲ့ ဒေါသကြောင့်လို့ ယူဆတဲ့အတွက် ဒီဒေါသတွေပြေပျောက်ဖို့ အဲဒီ နတ်ဘုရားတွေကို သားကောင်တွေ တစ်ခါတစ်ရံမှာ လူတွေ နဲ့ ယစ်ပူဇော်ရတာဖြစ်ပြီး

နောက်တစ်ခုကတော့ ကိုယ့်ရဲ့အလိုလောဘအောင်မြင်ဖို့ ဥပမာ စစ်အောင်နိုင်ဖို့ အတွက် ပူဇော်ရတာမျိုးပါ။

အဲဒီပူဇော် ပသလိုက်တဲ့ အသားကို လူသားတွေအနေနဲ့ ထိလို့ ကိုင်လို့ မရတာ စားလို့မရတာ စတဲ့ပညတ်တွေလည်း ရှိပါသေးတယ်။

ဒါပေမယ့် အစ္စလာမ်က ထာ၀ရဖန်ဆင်းရှင်လို့ သတ်မှတ်ထားတဲ့ အလ္လာဟ်အရှင်မြတ်ကတော့ ချော့ရတာ မြှူရတာ ပင့်ရတာ မြှောက်ရတာ ပူဇော်ရတာ ပသရတာ ကပ်လှူရတာတွေ လုပ်ပေးရတဲ့ #ဘုရားမျိုး မဟုတ်ပါဘူး။

ကုရ်အာန်ကျမ်း​မြတ် ထဲမှာ သင်တို့ ကောင်းမှု မကောင်းမှုဟာ ငါအရှင်မြတ်ရဲ့ တည်ရှိမှုကို ကြီးကျယ်ခြင်း သေးသိမ်ခြင်း အလျင်းမပြုနိုင် လို့ အပြတ် မိန့်ကြားထားပြီးသားပါ။

နောက်ပြီး အစ္စလာမ်က ဘာသာ၀င်တွေ လိုက်နာဖို့ စောင့်ထိန်းဖို့ သတ်မှတ်ထားတဲ့ ပညတ်အားလုံးဟာ လူသားတွေရဲ့ အကျိုးအတွက်သာ ဖြစ်ပါတယ်။

ဥပမာ တစ်နေ့ကို ငါးကြိမ်၀တ်ပြုရတာကိုကြည့်ရင် တစ်ကြိမ်ချင်းစီမှာ မတ်မတ်ရပ်ရတာ ဦးညွှတ်ရတာ ဦးချရတာ မတ်မတ်ထိုင်ရတာတွေကို အကြိမ်များစွာ ပြုလုပ်ရတာကြောင့် ကိုယ်ခန္ဓာ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပြီး ၀တ်ပြုနေတဲ့အခါမှာ ကိုယ့်ရဲ့ နှုတ်လျှာက ရွတ်ဆိုနေတဲ့ ကျမ်းစာတွေကို အာရုံစိုက်ရတာကြောင့် စိတ်တည်ငြိမ်ဖို့လည်း ကျင့်ပြီးသား ဖြစ်သွားပါတယ်။

ကုရ်ဘာနီရဲ့ အကျိုးကျေးဇူးတွေကတော့ အထက်မှာ တင်ပြခဲ့ပြီးပါပြီ။

ကုရ်ဘာနီဟာ ယစ်ပူဇော်သလိုမျိုး နတ်ဘုရား ရုပ်တွေ ကို သွေးတွေ အသားတွေနဲ့ သုတ်လိမ်း ပူဇော်ပသရတာမျိုး ကိုယ်လည်းမစားရ သူများကိုလည်း ကျွေးလို့ မရတဲ့ #ဖြုန်းတီးမှုမျိုး မဟုတ်ပါဘူး။

အလ္လာဟ်အရှင်မြတ်ကလည်း အသင်တို့ စွန့်လှူလိုက်တဲ့ သားကောင်ရဲ့ အသွေးအသား အမွေးအမျှင် စတာတွေဟာ #ငါ့ထံသို့ရောက်သည်မဟုတ်။ သင်တို့ရဲ့ ဒါနသီလသာလျှင် ငါ့ထံ ရောက်ရှိတာဖြစ်တယ် လို့ အတိအကျ မိန့်ထားပြီးသားပါ။

အဲဒီ့ ဒါနသီလဟာလည်း လူသားတွေရဲ့ အခုဘ၀နဲ့ နောင်တမလွန်မှာ အကျိုးခံစားဖို့အတွက်ပဲ ဖြစ်ပါတယ်။

အဲတော့ မွတ်စ်လင်မ်တွေရဲ့ ကုရ်ဘာနီအီးဒ်နေ့ကို ယစ်ပူဇော်မှုအဖြစ် သုံးနှုန်းပြောဆိုတာဟာ လုံး၀ အဓိပ္ပါယ်မရှိဘဲ မိမိကိုးကွယ်တဲ့ ဘာသာ တစ်ခြားသူတွေရဲ့ ဘာသာအကြောင်း ဂဃနဏ နားလည်မှုမရှိတဲ့ မြန်မာ့လူ့အဖွဲ့အစည်းမှာ အမုန်းတရားတွေ ပြန့်ပွားအောင် မတည်မငြိမ်ဖြစ်အောင် #စိတ်ဓာတ်မကောင်းသော အုပ်စုတွေက လှုံ့ဆော်တာပဲ ဖြစ်ပါတယ်။

#ရက်စက်တာလား? ကြင်နာတာလား?

ကုရ်ဘာနီကို ဆန့်ကျင်တဲ့ လူပြိန်းအုပ်စုတွေ လက်ညှိုးထိုးတဲ့ နောက်ကိစ္စတစ်ခုကတော့ လည်ပင်းသွေးကြော လှီးတာဖြစ်ပြီး မွတ်စ်လင်မ်တွေဟာ ရက်စက်သူတွေအဖြစ် စိတ်ဓာတ်အောက်တန်းကျသူတချို့နဲ့ ပညာမတတ်ပဲ #ပိုက်ဆံရဖို့အတွက် #ယောက်ကျားလိုလိုမိန်းမလိုလိုနေပြီး ဟိုမရောက် ဒီမရောက် celeဆိုသူများက အာပေါင်အာရင်းသန်သန် ပြောကြတာပါ။

ဒီလိုပြောဆိုမှုဟာ လူပြိန်းတောထဲမှာတော့ သြဘာပေးခံရပေမယ့် ဗဟုသုတကြွယ်၀တဲ့ လူတန်းစားတွေကတော့ ဒီကောင်တွေ တော်တော်အသိနည်းပါလား ဆိုပြီး ဝိုင်းဟားကြမှာပါ။

အစ္စလာမ်ဘာသာ၀င်တွေနေနဲ့ ဘယ်အစားအသောက်ကိုပဲ စားစား ဟာလာလ်ဖြစ်မှ စားသုံးဖို့ အစ္စလာမ်က သတ်မှတ်ထားပါတယ်။

ဟာလာလ် ဆိုတာ နာမ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ သန့်ရှင်းခြင်း ကျန်းမာရေးနဲ့ ညီညွတ်ခြင်းလို့ ယေဘူယျ အဓိပ္ပါယ်ဖွင့်လို့ရပြီး လည်လှီးတာကို ပြောတာမဟုတ်ပါဘူး။

နာမ်ပိုင်းဆိုင်ရာ သန့်ရှင်းမှုကို ရှင်းရရင် ခိုးထားတဲ့ ပိုက်ဆံ လိမ်ထားတဲ့ပိုက်ဆံ မတရားယူထားတဲ့ ပိုက်ဆံ လောင်းကစားလုပ်လို့ရတဲ့ပိုက်ဆံ အရက်ရောင်းလို့ရတဲ့ပိုက်ဆံ စသဖြင့် နဲ့ ၀ယ်ထားတဲ့ အစားသောက်ဟာ #ဟာလာလ်မဖြစ်တာမျိုးပါ။

နောက်ပြီး အစ္စလာမ်မှာ တိရစ္ဆာန်ရဲ့ အသွေးကို မစားဖို့နဲ့ သားကောင်ကို ပေါ်တဲ့အခါမှာ သွေးကို ကုန်စင်အောင်ထုတ်ဖို့ သွန်သင်ထားပြီး အဲဒီအတွက် အကောင်းဆုံးနည်းလမ်းဖြစ်တဲ့ လည်ပင်းက သွေကြောကို ဖြတ်တောက်ရတဲ့ နည်းလမ်းကိုလည်း သွန်သင်ပေးထားပါတယ်။

အဲဒီလို သားကောင်ရဲ့ လည်ပင်းကို အစ္စလာမ့်နည်းကျ ပြုလုပ်တာ ဇဗာဟ်လုပ်တာက ဆေးပညာအရတော့ သားကောင်ကို အကြင်နာဆုံး အသက်ထွက်စေတဲ့နည်းလမ်းလို့ ဆိုပါတယ်။

လည်ပင်းက သွေးကြောကြီး ၄ ခုကို ခပ်သွက်သွက်လေး လှီးဖြတ်လိုက်တာကြောင့် ဦးနှောက်ထဲကို သွေးက မရောက်တော့ဘဲ စက္ကန့်အနည်းငယ်အတွင်းမှာ သားကောင်ဟာ သတိလစ်သွားပြီး နာကျင်မှုဒဏ်ကို မခံစားရတော့ပါဘူး။

လည်ပင်သွေးကြောကနေတစ်ဆင့် ရောဂါဘယများ ခိုအောင်းရာ သွေးတွေအားလုံးလည်း ထွက်သွားတာကြောင့် အသားကလည်း သန့်သွားပါတယ်။

လှီးဖြတ်ပြီးတဲ့အခါမှာ သားကောင်က ရုန်းကန်နေတာမျိုးဟာ နာကျင်မှုကြောင့်မဟုတ်ဘဲ ဦးနှောက်မှာ အောက်ဆီဂျင်ပါတဲ့သွေး အလုံအလောက် ပြန်မလာတာတဲ့အတွက် အာရုံကြောတွေကနေ ကြွက်သားတွေကို သတင်းပို့ပြီး ကြွက်သားတွေက သွေးကို ညှစ်ထုတ်ပေးတာကြောင့် ဖြစ်ပါတယ်။

အစ္စလာမ့်နည်းကျ သားကောင်ကို (*လှီ း ) ဖြတ်ခြင်းကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP အပါအ၀င် ထိန်တန်း နိုင်ငံတကာ အဖွဲ့အစည်းတွေ ကျန်းမာရေးအဖွဲ့အစည်းတွေကလည်း သားကောင်ကို နာကျင်မှုအနည်းဆုံးနဲ့ အသက်ထွက်စေတဲ့ ကျန်းမာရေးနဲ့ အညီညွတ်ဆုံးအသားကို ရရှိတဲ့ နည်းလမ်းလို့ သတ်မှတ်ထားပြီး ကမ္ဘာ့နိုင်ငံတစ်ဝှမ်းက သားသတ်ရုံတွေမှာ လက်ရှိအချိန်အထိ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေပါတယ်။

ဒါ့ကြောင့် မွတ်စ်လင်မ်တွေရဲ့ သားကောင် လှီ*း ဖြတ်ခြင်းနည်းလမ်းဟာ သူ့အသတ် မသတ်ရ လို့ လူ့အဖွဲ့အစည်းက ၀က်တွေ နွားတွေ ကျွဲ၊ ကြက်၊ ဘဲ၊ ခွေး၊ ကြောင် အပြင် နောက်ဆုံး ပုရစ်တွေ မြွေတွေ အစစားပြီး သားကောင်ကြီး တွေကို မှိန်းနဲ့ထိုးသတ်တာ၊ တင်းပုပ်နဲ့ ထုတာ၊ အရှင်လတ်လတ် ရေနွေးဖျောတာ၊ လည်မျိုကိုင်ပြီး ရိုက်သ*တ် တာထက်စာရင် ပိုပြီး လူသားဆန်တဲ့၊ အကြင်နာတရား ပြည့်၀တဲ့ နည်းလမ်းဖြစ်တယ်ဆိုတာ #လယ်ပြင်မှာ_ဆင်သွားသလို ထင်ရှားနေပါတော့တယ်။

အစ္စလာမ်သာသနာမှာ တိရစ္ဆာန်တွေကို ကိုယ်ရဲ့ အဟာရအတွက်နဲ့ ကိုယ့်ကို အန္တရာယ်ပြုလာတဲ့အချိန်တွေမှာသာ သတ်ခွင့်ပြုထားတာဖြစ်ပြီး၊ အဲဒီအကြောင်းနှစ်ရပ် မရှိရင်တော့ သတ္တဝါမပြောနဲ့ အပင်တစ်ပင် သစ်ကိုင်းတစ်ကိုင်းတောင် ချိုးခွင့်မရှိပါဘူး။

လူဆိုရင်လည်း သေစားသေစေအတွက်သာ အထောက်အထား ခိုင်ခိုင်လုံလုံပြကာ သတ်ခွင့်ရှိပြီး သေဆုံးသူရဲ့ မိသားစုက ကျေအေးမယ်ဆိုရင် တရားခံက သေမိန့်ကနေ လွတ်မြောက်ခွင့်ရပါတယ်။

ဒါ့ကြောင့် သတ္တဝါတွေအပေါ် ကြင်နာရမယ် သူ့အသက်သတ်ခွင့်မရှိဘူးလို့ တစ်ဖက်မှာဆိုထားပြီး နောက်တစ်ဖက်မှာတော့ သူများသတ်ထားရင်တော့ ကိုယ်က စားလို့ရတယ် ဆိုတဲ့ မီးစတစ်ဖက် ရေမှုတ်တစ်ဖက် အယူအဆမျိုး လူ့အဖွဲ့အစည်း တည်ငြိမ်အောင် ထိန်းညှိပေးနိုင်မယ့် ဥပဒေမျိုးမရှိတဲ့ စိတ်ဓာတ်အောက်ကျသူများရဲ့ အယူဝါဒမျိုးထက်စာရင်တော့ အစ္စလာမ်ဟာ ပိုသဘာဝကျ​ပြီး လူ့မှုဘ၀နဲ့လည်း ပိုကိုက်ညီတယ်လို့ ပြောလို့ရပါတယ်။

အစ္စလာမ်ဘာသာကိုတိုက်ခိုက်လို့ ဘာမှ အမြတ်ရစရာမရှိပါဘူး ခင်ဗျာ
(ဂျအ်ဖရီ)

#အစ်နေ့မှာ အစ္စလာမ်ဘာသာ၀င်တွေ ကုသိုလ်လုပ်ဖို့ အသားတွေကို ပေါ်ကြ၊ လှူကြ လုပ်ကြတာကို ပြစ်တင်၊ ဝေဖန်ကဲ့ရဲ့ကြသူတွေဟာ

#အကိုတို့ရဲ့ အခါကြီး အရက်ကြီးတွေမှာ မုန့်ဟင်းခါးချက်ဖို့ သုံးတဲ့ ငါးခူ ငါးကြင်းတွေကို စျေးသည်က ခေါင်းတဂွတ်ဂွတ်ထုတာ ပလပ်စတစ်ပုံးထဲ လှောင်ထားတာ အလှူနေ့ချက်တဲ့ ၀က်သားပေါ်မယ့် ၀က်တွေကို အသံစုံ တဂွီဂွီ၊ တကျီကျီအော် တင်သွားပြီး ထိပ်ထုသတ်တာ၊
အကိုတို့တွေရဲ့ ရွာထဲ အမဲပေါ်ရင် တဒုံးဒုံး တဒိုင်းဒိုင်း နဲ့ နွားကို ပုဆိန်နဲ့ ခုတ်၊ ဓါးနဲ့ ခုတ်၊ မသေမချင်း သတ်တာ၊ ကြက်တွေဘဲတွေကို ခြေထောက်က ကြိုးချည် တွဲလောင်းချိတ်ဆွဲ သယ်တာ၊ တောင်ပံချင်းလိမ်ပြီး ခေါ်သွားတာ၊ လည်လိမ်သတ်တာတွေဟာ ခင်ဗျားတို့ပြောတဲ့ ဟိုမရောက်ဒီမရောက်celeဆိုသူတွေပြောနေတဲ့ သနားကြင်နာမှု လား အမောင်တို့ ။😊

အစ္စလာမ်ဘာသာမှာ တိရိစ္ဆာန်ဆိုတာ လူတွေစားသောက်အသက်ရှင်ဖို့အတွက် ဖန်ဆင်းရှင်က ဖန်ဆင်းပေးထားတာဖြစ်တယ်

တိရိစ္ဆာန်အားလုံးကို စားချင်တိုင်းလည်း စားလို့မရဘူး

ဖန်ဆင်းရှင်ဖန်ဆင်းထားတဲ့ အရာအားလုံးမှာ အကျိုးနဲ့ အကြောင်းရှိတယ်

လူစားဖို့ဖန်ဆင်းထားတာ ရှိသလို #အညစ်အကြေး သန့်ရှင်းဖို့ဖန်ဆင်းထားတဲ့ တိရိစ္ဆာန် ဥပမာ ၀က် တွေလည်း ရှိတယ် ဒါကြောင့် အစ္စလာမ်ဘာသာဝင်များကို ဝက်တွေ စားမရဘူး အစ္စလာမ်က တားထားတယ် သူ့အသားက မသန့်လို့။

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က ပြဌာန်ထားသော နိုင်ငံတကာအတွက် တရား၀င်သားသတ်နည်းမှာ အစ္စလာမ်ဘာသာ ၀င်များ အသုံးပြုလျှက်ရှိသည့် လည်ပင်းလှီးဖြတ်(Halal) လုပ်သည့် နည်းလမ်းဖြစ်ပါတယ်။
#သေချာ လေ့လာပါ မလေ့လာမသိရှိပဲ Celeဖြစ်ရုံ Followများရုံနဲ့ စာမတတ်ပေမတတ်ပဲ ပြောချင်ရာ ရေးချင်ရာကို စွတ်မရေးရဘူးလေဗျာ

အီးဒ်နေ့မှာ ကျတော်တို့ ဘာသာရေးအရ ကုသိုလ်လုပ်တာကို ဘေးကနေ အကုသိုလ်ပွားများမယ့်အစား အကိုတို့တွေရဲ လူ့အဖွဲ့အစည်းထဲမှာ လွဲနေ ချော်နေတာ ပိုမိုရက်စက်ရိုင်းပြနေတာတွေကို မြင်အောင်ကြည့်ကြပါ ဖေါ်ထုတ်ကြပါ ပြီးရင် ပြင်ကြဖို့သာ စေတနာဖြင့် ပြောပါတယ် နော်။
TTHနစခစရထ စိုင်း ဆိုင် နန်း

ကူးယူမျှဝေ
Shwe Thanlyin

07/07/2022
02/07/2022

အနီကို မှ အလှ လေးနော်
တန်တန်လေးနဲ့ ​ေရာင်းပေးမှာ
ခေါဈေး -20
မှတ်ချက် က ခေါဈေနဲ့ ​ရောင်းဈေအရမ်းတန်လို့ ချီးကျူးသွားတာကြီးရဘဲနော်

09941519149
နှစ်ရက်လောက်တော့ စောင့် ရမယ်နော် 😁😁😁
သားလေးကားစီလာမှမို့ လို့

Confirm နော် Brothers တို့ ခြံလာပြီးမြန်မြန်အားပေးလိုက်တော့ 😁😁
30/06/2022

Confirm နော် Brothers တို့
ခြံလာပြီးမြန်မြန်အားပေးလိုက်တော့ 😁😁

ကျွန်တော်များရွှေသန်လျင်မိသားစုမှ ကုရ်ဘာနီ EIDအတွက် နွားချေားနွားလှ ဆိုဒ်ဆုံကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျ​က်...
28/06/2022

ကျွန်တော်များရွှေသန်လျင်မိသားစုမှ
ကုရ်ဘာနီ EIDအတွက် နွားချေားနွားလှ
ဆိုဒ်ဆုံကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး
လျ​က်ရှိပါတယိ။လူကြီးမင်းတိုု့စိတ်တိုင်းကြ
လာရောက်ရွေးပြီးဝယ်ယူနိုင်ပါတယ်။
Place -သန်လျင်အုတ်ဖိုစု| ငပလမ်းမကြီး။
Ph - 09941519149
Edit- ဆိတ်မေးနေတယ့် အကိုများ မနက်ဖြန်ကားဝင်ပါမယ်နော်😁

ဝင်တာနဲ့ တန်ကုန်သွား ပြီး ဝယ်ယူသွားတယ်​ဦးလေးကို ကျေးဇူးပါနော် သာသမီးတေွဝအောင်တောင်မကြည့်လိုက်ရဘူး
04/06/2022

ဝင်တာနဲ့ တန်ကုန်သွား ပြီး
ဝယ်ယူသွားတယ်​ဦးလေးကို ကျေးဇူးပါနော်
သာသမီးတေွဝအောင်တောင်မကြည့်လိုက်ရဘူး

Address

Nga Pa Street
Yangon

Telephone

+959941519149

Website

Alerts

Be the first to know and let us send you an email when Shwe Thanlyin Goat Farm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shwe Thanlyin Goat Farm:

Share