05/01/2024
for MCTI intake 17's friends
ဒီကာလကြီးပြီးသွားအခါ
ဝီစကီတစ်ခွက် ဆေးပြင်းလိပ်တစ်လိပ်ကို အရသာခံသောက်လို့ ကြုံဖူးသမျှ ပြန်တွေးမယ် ...
ဒီကာလကြီးပြီးသွားတဲ့အခါ
သူငယ်ချင်းတွေဆုံဖြစ်ကြရင်
ဖန်ခွက်ချင်း ဒဲ့တိုက်လို့ အတွေ့အကြုံတွေ SHARING လုပ်ကြမယ်...
ဒီကာလကြီးပြီးသွားတဲ့အခါ
တာ၀န်တွေကနေ အနားရရင် ၀ါသနာပါတာတွေနဲ့ မင်းတို့ ငါတို့ အချိန်တွေကို အသုံးပြုကြမယ် ...
ဒီကာလကြီးပြီးသွားတဲ့အခါ
မိသားစုအပေါ်အချိန်ပေးကြမယ်
မင်းတို့ငါတို့ ချစ်ရသူတွေကိုရောပေါ့
သူတို့လည်း မင်းတို့ငါတို့အတွက် စိတ်ပူပေးနေတာ ပင်ပန်းရှာရောပေါ့...
ဒီကာလကြီးပြီးသွားတဲ့အခါ
ပြုပြင်ရေး တည်ဆောက်ရေးလုပ်ငန်းတွေမှာ
သက်ဆိုင်ရာ လက်ရုံးအသီးသီးက ညီတွေ အကိုတွေ သူငယ်ချင်းတွေနဲ့ ပါ၀င်လုပ်ကိုင်ရနိုင်တယ်
ပင်ပန်းရင်တောင် ပျော်စရာကောင်းမှာပါ
ဆက်ကြီးကလည်း တာဝါတွေထောင်လို့
GE ကလည်း တံတားတွေဆောက် စသဖြင့်ပေါ့ကွာ
ဒီကာလကြီးပြီးသွားတဲ့အခါ
တစ်မြို့တည်း တစ်နယ်တည်းတာ၀န်ထမ်းဆောင်နေတဲ့ သူတွေ မကြာမကြာဆုံကြမယ် ...
ကျောင်းတုန်းကလို ပေါက်ကရတွေလုပ်ရင်း
ဗရုတ်ကျကြတာပေါ့ ...
ဒီကာလကြီးပြီးသွားတဲ့အခါ
တာ၀န်တွေလျော့ပါးလာတဲ့အခါ
မင်းလည်းရှိနေရမယ် ငါလည်းရှိနေမယ် ...
ဒုက္ခတွေကို ကိုယ်စီဖြတ်ကျော်ပြီးတဲ့အခါ
အေးအေးဆေးဆေးကာလတွေမှာ
မင်းတို့ ငါတို့ အသက်ဆက်ရှင်မယ်
မမြင်ချင်ဆုံးက R.I.P
အကြားချင်ဆုံးက သာယာပြီပဲ ...
ကျောင်းဆင်းပြီး ယာဥ်တန်းတွေပေါ်
အပြန်အလှန် သေတ္တာတွေတင်ပေးရင်း
ကျောင်းမှာ မတည့်တည့်တည့်
ph no မပြောင်းဖို့တွေ ဂရုစိုက်ဖို့တွေမှာရင်း
မင်းတို့ငါတို့ မျက်ရည်၀ဲခဲ့ ငိုခဲ့ဖူးတယ်မလား...
အပြီးသာနှုတ်ဆက်သွားကြကြေးဆိုရင် ...
အဲ့အတွက် ဂရုစိုက်ကြပါ...
အစစအရာရာဂရုစိုက်ကြ
အားလုံးပဲ ...
grandလည်းဆွတ်တာလေးတွေလျှော့ပြီး ပဋ္ဌာန်းလည်းရွတ်ကြ
မရတောင် ဖွင့်ကြပေါ့ ...
ဘုရားတရားလည်းမမေ့နဲ့ ...အထိုက်အလျောက်တော့ အကွယ်အကာဖြစ်ပါတယ်
အေးဆေးတဲ့အခါကျ မနက်ကြာနီကန် ညနေ army rum ပေါ့ ..
ဒီကာလကြီးပြီးတဲ့အခါ
ဒီကပ်တွေပြီးဆုံးတဲ့အခါ
သာယာလာတဲ့အခါ
အေးချမ်းလာတဲ့အခါ
#ညီကိုတွေဒီလိုနေဆိုပြီး😁😁
အရင်လို ဟာသတွေလုပ်ရင်း ဖြတ်သန်းကြတာပေါ့...
အရာရာက တစ်ဒင်္ဂပါ
ဖြစ်ပြီးရင်ပျက်မှာ
ပြီးတော့လည်းပြီးတာပါပဲ ...
ဘာပဲဖြစ်ဖြစ် `WE ARE 17´
FIGHTING💪💪
🚔 🛥️ 🛫 ကြည်း ရေ လေ အသီးသီးမှ တာ၀န်ထမ်းဆောင်နေသော ကြယ်ပွင့် သားကောင်းစစ်သည် ညီကိုသူငယ်ချင်းတွေအတွက်...
17/518
VANGOE