𝐊𝐎 𝐌𝐘𝐎 𝐋𝐀𝐘

  • Home
  • Myanmar
  • Yangon
  • 𝐊𝐎 𝐌𝐘𝐎 𝐋𝐀𝐘

𝐊𝐎 𝐌𝐘𝐎 𝐋𝐀𝐘 မင်္ဂလာပါ

" အမေ ပိုက်ဆံ မလိုလောက်ပါ "🥺🥺===================== ဒီနေ့ အမေ ကွယ်လွန်တာ (၁) နှစ်ပြည့်ခဲ့လေပီ...အမေကွယ်လွန်ပြီးကတည်းက အမေ...
17/05/2022

" အမေ ပိုက်ဆံ မလိုလောက်ပါ "🥺🥺
=====================

ဒီနေ့ အမေ ကွယ်လွန်တာ (၁) နှစ်ပြည့်ခဲ့လေပီ...

အမေကွယ်လွန်ပြီးကတည်းက အမေ့သေတ္တာတွေကို မဖွင့်ဖြစ်ခဲ့။ အဖေကလည်း မဖွင့်ခိုင်း၊ သော့တွေ အကုန်လုံးကို အဖေကသိမ်းထားပြီး
" မင်းအမေ သေတ္တာထဲ ဘာရှိမှာလည်းကွာ" ဆိုပြီး မဖွင့်ဖြစ်ခဲ့

တကယ်တော့ အမေသည် ဘာမှသာ မရှိတာ သေတ္တာ (၅) လုံးလောက် သူ့မှာရှိသည်။

ပြီးတော့ ...
ထိုသေတ္တာတွေ အားလုံးကို သော့ခေတ်ပြီး ချွေးခံ အင်္ကျီမှာ အ၀တ်စနဲ့ ချုပ်လို့ အမြဲထည့် ထားသည်။

ဘယ်တော့မှ သူ့ဆီကသော့ကို တောင်းမရ...
တစ်ခုခုလိုပြီဆိုရင်တော့
"အမေ့ သားစာရွက်လေ လိုလို့
အဲ့တာ အမေသိမ်းထားသေးလား?" ဆိုရင်
သေတ္တာဖွင့်လိုက်တာနဲ့ ရပီသာမှတ်

သည်လိုပဲ ....
အိမ်က အဖေ၊ အစ်မတွေအားလုံး တစ်ခုခု ဘယ်မှာထား မိမှန်းမသိရင် မေးလိုက်
အမေ့ဆီမှာရှိသည်...

အမေသည် ဘာပစ္စည်းမဆို အကုန်သိမ်းသည်
တစ်ခါ တစ်ခါ သိမ်းပေးတဲ့ အမေ့ကို ကျေးဇူးမတင်တဲ့ အပြင် ရှာမတွေ့ဘူးဆို
“သားတို့က အမေသိမ်းထားမယ်ထင်လို့ ထားမိတာ” ဆိုပြီး အမေ့ကို အပြစ်မြင်သလို ပြောမိသေးသည်….

ဘယ်လိုပဲ ဖြစ်ဖြစ် ဒီနေ့တော့ အဖေ့ဆီက သော့ကို တောင်းလို့ အမေ့သေတ္တာတွေ ဖွင့်လိုက်တယ်ဆိုရင်ဘဲ
အမေ့သေတ္တာထဲမှာ ကျွန်တော် ကျောင်းတက်တုန်းက စာရွက်အကြမ်းလေးတွေ

ကျွန်တော် ကလေးတုန်းက ဆွဲတဲ့ပန်းချီလေးတွေ

ကျွန်တော့ ကျောင်းသားကတ်တွေ

ကျွန်တော့ရဲ့ ဓါတ်ပုံအဟောင်းလေးတွေ

ဘယ်လိုမှ ထင်မထားတဲ့ ကျွန်တော်ကြိုက်လို့ ဖြဲထားတဲ့ ၀တ္ထုတိုလေးတွေကအစ အမေ သိမ်းထားတာကို တွေ့လိုက်ရရင်ဘဲ အဖေရှေ့မှာမို့ ဝဲလာတဲ့မျက်ရည်ကို အသာထိမ်းရင်း အဖေ့ကို ရယ်ဖြဲဖြဲဖြင့်
"အမေကတော့လေ...
ပေါက်ကရတွေ အကုန်သိမ်းထားတော့တာပဲ" ဆိုပြီး နောက်သေတ္တာတွေကို ထပ်ဖွင့်လိုက်ရင်လဲ
အဲ့လိုပဲ ....
အစ်မတွေ၊ အစ်ကိုတွေနဲ့ ပတ်သက်တဲ့
စာရွက်၊ စာတမ်းတွေ၊
မရှိတော့တဲ့ ရွှေဘောင်ချာတွေရော
များစွာ ...
များစွာ သိမ်းထားတာကို တွေ့လိုက်ရတယ်

သည်လိုနဲ့ အမေ့အ၀တ်သေတ္တာကို ဖွင့်လိုက်ရင်ဘဲ
ကျွန်တော် ၀ယ်ပေးထားတဲ့ အင်္ကျီတွေ
ပြီးတော့ ....
မချုပ်ရသေးသော အ၀တ်အစားတွေနဲ့ ထိုအ၀တ် အစား တွေထဲကပဲ (ငါးထောင်တန်) (၁၀) ရွက်လောက်ကို တွေ့လိုက်ရင်ဘဲ

အေဖက
“မင်းအမေ ရစရာလဲမရှိဘဲ
ဘယ်ကပိုက်ဆံတွေ သိမ်းထားတာလဲ” မသိဘူးဆိုပြီး လှူပေးလိုက်မယ်ဆိုရင်ဘဲ

အဖေပြောတဲ့...
" မင်းအမေ ရစရာလဲ မရှိဘဲ" ဆိုတဲ့ စကားနဲ့ အတူ ကျွန်တော် တာဝန်ကျေခဲ့တယ်လို့ ထင်ခဲ့တဲ့ အရာတွေ ထဲကမှ
ကျွန်တော် သတိမပြုမိ
လျစ်လျှူရှုခဲ့မိသော အမေ့ကို မပေးဖြစ်ခဲ့တဲ့ အရာ အချို့ကိုတွေးမိတယ်ဆိုရင်ဘဲ …..

●●●●●●●●●●●●●●●●●●

ရွာဦးဘုန်းတော်ကြီးကျောင်း ……

ဥပုဥ့်နေ့ အခါသမယ

သိမ်တော်အတွင်း ကျောင်းထိုင်ဆရာတော် ရှေ့တွင် ဒါယိကာမကြီး တစ်ယောက် ကျုံ့ကျုံ့ ထိုင်လျှက် ဦးခိုက်လျှက်ရှိသည်….။

“အရှင်ဘုရား …
သိမ်ရဲ့ မျက်နှာကျက်တွေက မပြီး သေးဘူးလား ဘုရား”

“ အေး ဒါယိကာမကြီးရယ်
ဘုန်းဘုန်းလည်း နိုင်သလောက်နဲ့ ဖြည်းဖြည်း ဖြည်းဖြည်းချင်းပဲ လုပ်နေရတာ
အလှူရှင်လေးရှာလိုက်၊
ဘုန်းဘုန်းရတာလေးတွေနဲ့ လုပ်လိုက် ဖြေးဖြေးချင်းတော့ ပြီးသွားမှာပါ ဒါယိကာမကြီး”

“ တစ်ခန်းကို အလှူငွေဘယ်လောက်တုန်းဘုရား”

“ခြောက်ထောင်ပါ ဒါယိကာမကြီး”

“ဘုန်းဘုန်း အကြွေးလှူလို့ရလား?
တပည့်တော် ခုတော့ မတတ်နိုင်သေးဘူး
တပည့်တော် ငွေပေါ်မှ လာလှူပါ့မယ် ဘုရား
(၁) ခန်းပါ ဘုရား” လို့ လျှောက်ထားရင်း ……

သူမသည်ကား အခြားမဟုတ် ကျွန်တော်၏ မိခင်ဘဲ ဖြစ်လေတယ်

အိမ်ရောက်တယ် ဆိုရင်ဘဲ အမေက အဖေ့ကို

“ ကိုလှသန်း ကျုပ်တော့ ရွာဦးကျောင်း သိမ်မျက်နှာကျက်အတွက် (၁) ခန်းလှူခဲ့ပြီ” ဆိုတာနဲ့

အမေ့အကြောင်းကို သိသော အဖေက
“မတင်အေး
မင်းဘယ်ပိုက်ဆံနဲ့လှူခဲ့တာလဲ” ဆိုတော့

"ဘယ်က ပိုက်ဆံတော့ ရှိမလဲတော်
အကြွေးလှူခဲ့တာပေါ့
တော်အလုပ်အဆင်ပြေတဲ့ အချိန်ပေးမယ် ဆိုပြီး" ဆိုသောအခါ အမြဲ အရှုံးပေးရသော အဖေက ခေါင်းကို တွင်တွင်ကုတ်ရင်း
" မင်းဟာက ဘယ်လောက်တုန်းကွ
ဘုန်းကြီးတော့ အကြွေးမလှူပါနဲ့ကွာ
ငါအဆင်ပြေအောင် ရှာပေးပါ့မယ်" ဆိုပြီး ………..

●●●●●●●●●●●●●●●●●

" ဟေ့ …..
မတင်အေး
အိမ်ရှေ့က ရွာကလူတွေရောက်နေတယ်၊
မင်းခေါ်ထားတာဆို"

"ဟုတ်တယ်လေ
အိမ်က အင်္ကျီအဟောင်းလေးတွေ
တော့ အိမ်က လူတွေလည်း သိပ်မှ မ၀တ်ဖြစ်တော့တာ
အဲ့တာလေးတွေ ပေးဖို့ စုထားတာ" ဆိုပြီး ထိုအထုတ်တွေ ထွက်ပေးတယ်ဆိုရင်ဘဲ အဖေကတော့ လူရှေ့မို့ ဘာမှ မပြောပေမယ့်လည်း ထွက်သွားသော အခါ

" အေး အေး
မင်းကတော့ ဝေသန္တရာဇာတ်သာခင်းနေ
ရှာရတဲ့ လူတွေက လက်ပျဉ်ကြောငုတ်နေပီ" လို့ ပြောပေမယ့်လည်း ...
သူလုပ်ချင်ရာ၊
သူပေးချင်ရာ ပေးနေရရင် ကျေနပ်နေသော အမေကတော့ ဘာကိုမှ မမှု..

" ဟဲ့ မတင်အေး
ဟိုရှမ်းမရွေးသည် ၀တ်ထားတဲ့ ပါတိတ်က
နင့်အင်္ကျီနဲ့ တူပါလား?"

" ဟုတ်သားပဲ
တော်ကလည်း ပါးစိ ပါးစပ်ကို များတယ်
အဲ့တာ ကျွန်မ သူ့ကို သနားလို့ ဟိုတစ်နေ့က ဈေးဝယ်ရင်းပေးလိုက်တာ
သူက ကျေးဇူးတွေတင်နေတာတော်ရေ" ဆိုသောအခါ အဖေက ဘာမှ မပြောတော့ပဲ ...

တကယ်တော့ ကျွန်တော့အမေသည် လူသာ ဆင်းရဲ ပေမယ့် လွန်စွာ ပေးချင်ကမ်းချင်သော အမျိုးသမီး တစ်ဦးဆိုတာ ကျွန်တော်ငယ်ငယ်လေးကတည်းက သိနှင့်ခဲ့လေပြီ

အိမ်ထောင်ခွဲ သားသမီး အိမ်မှာရှိတဲ့ ပစ္စည်းတွေ လိုချင် ပြီဆိုရင်လဲ ဘယ်တော့မှ အဖေ့ကိုမတောင်း
အေမ့နားကပ္လို့
" အမေ့ သားကို ဘာလေးပေးပါ
အမေ့ သမီးကို ညာလေးပေးပါ" ဆိုရင်ဘဲ

အဖေပေးမည်ထင်ပါက ချော့မော့ပြီး ရှေ့တင် ပေးတတ်သလို ...

အဖေ မပေးလောက်ဘူးထင်ရင် ခိုးဖွက်ပြီး သားသမီးအိမ် အရောက် သွားပေးတတ်သော သူမ ...

လွန်ခဲ့သော (၃)နှစ်ကျော် သူမမဆုံးမီ အချိန်လေးမှာတင်
သူမအတွက် စားဖို့၊ သောက်ဖို့ အိုဗာတင်းများ၊ မုန့်ပုံး တွေ တစ်နယ်တကျေးက ၀ယ်လာတဲ့အခါမှာတောင်
" သားရယ်
ရွာဦးဘုန်းကြီးက အဲ့မုန့်သိပ်ကြိုက်တာ
(၁) ပုံးလောက်သွားလှူစမ်းပါ
ဒူးရင်းသီးတွေကလည်း နင့် အကို အစ်မတွေကို ခွဲပေးလိုက်စမ်းပါ" ဆိုတဲ့ ကျွန်တော့အမေ

တကယ်တော့ ....
ကျွန်တော် အိမ်ကို ပိုက်ဆံတွေ ပစ္စည်းတွေ ပို့တိုင်း
ဘယ်တော့မှ အဖေတို့၊ အမေတို့ကို မပေးဖြစ်...

အိမ်မှာ စီမံခန့်ခွဲပြီး လုပ်နေတဲ့ အစ်မကိုသာ ပေးဖြစ် တယ်
"အမေ ဘာလိုချင်တယ်လို့" ဆိုတဲ့အခါ ကျွန်တော် လိုချင်တာကို အတတ်နိုင်ဆုံးဆုပြီး ပေးဖြစ်ခဲ့တယ်

သို့ပေမယ့် ....

အမေ့လက်ထဲ ငွေထည့်ပေးဖူးတာ မရှိသလောက်ပဲလို့ ကျွန်တော်ထင်တယ်

ကျွန်တော် ထင်တာ အမေ အပြင်လည်းသိပ်မထွက်ဖြစ်
ပေးစရာလည်းမရှိ..

အမေလိုတာတွေ၊
လှူချင်တာတွေ အကုန်လုံး အိမ်က အစ်မတွေ လုပ်ပေးနေတာပါပဲလေလို့ ..... ထင်တဲ့ ကျွန်တော်

တကယ်တော့ ...
အမေ လှူချင်တာတွေရှိရင် ကျွန်တော်လုပ်ပေးတဲ့ အလှူထက်
သူပေးချင်တဲ့သူကို ပေးချင်ရှာမှာပေါ့...

သူကျွေးချင်တဲ့ သူကို ကျွေးချင်ရှာမှာပေါ့...

အမေ့အတွက် မလိုအပ်ဘူးထင်တဲ့ ပိုက်ဆံတွေ

အမေ့ကို ပေးခွင့်မရခဲ့တဲ့ ပိုက်ဆံတွေ

အမေ လိုအပ်တာတွေ လုပ်ပေးနေရုံနဲ့ လုံလောက်မယ် ထင်ခဲ့တာတွေ

လက်ထဲမရှိတာတောင်
ပေးချင်၊ ကမ်းချင် ...
လှူချင်၊ တန်းချင်သော ... အမေ့လက်ထဲ ကိုင်သုံးဖို့ မလိုလောက်ပါဘူး လို့ ထင်ခဲ့တဲ့ ကျွန်တော်

ထိုပိုက်ဆံ အချို့မြင်ရင်ပဲ
"အမေ့ .... အမေလုပ်ချင်တာ လုပ်ဖို့လို့ "ဆိုပြီး ပေးချင်ပေမယ့်လည်း

ကျွန်တော် ပေးခွင့်မရှိတော့ …

ကျွန်တော့အတွက် တွေးခွင့်သာရှိတော့တာမို့

ထိုအတွေးများနှင့် အတူ
ကျွန်တော့အရှေ့ဖွင့်ထားသော သေတ္တာထဲက ပစ္စည်းတွေ သိမ်းနေသော အဖေ့ကို ကျောခိုင်းလို့

မျက်ရည်စများနှင့်အတူ
"အမေ ပိုက်ဆံ ကိုင်သုံးဖို့ လိုမှာပါဗျာ" လို့ စိတ်ထဲက အကြိမ်ကြိမ်ဆိုရင်း …….

♧♧♧♧♧♧♧♧♧♧♧♧♧♧♧

》 စာကြွင်း။ အမေရှိတုန်း ကိုယ်မထင်တဲ့ အမေ့အတွက် လိုအပ်ချက်များစွာ ရှိမှာပါ....

ဒါတွေကို မြင်အောင်ကြည့်ပြီး ဖြည့်ဆည်းပေးနိုင်ကြ ပါစေလို့ အမေရှိသော …. သားသမီးတိုင်းအတွက် မေတ္တာဖြင့် နှိုးဆော်ရင်း

#𝐂𝐫𝐝𝐢𝐭 လေးစားစွာဖြင့်တဆင့်ပြန်လည် မျှဝေပေးပါသည်

24/04/2022

Facebook Account ခိုးယူခြင်းနဲ လိမ်ယူခြင်းများတွင်

မိမိ မပါအောင် သတိရှိရန်ပါများသောအားဖြင့်သက်ကြီးရွယ်အိုများအထူးသတိပြုရန်ပါ......
(1) မိမိ Sim ဆီ ကျလာသော Code ကို အခြားလူကိုပေးခြင်းမပြုရ စာဖတ်ပါ ဘာ code ဆိုတာကိုသိရအောင်

(2)မိမိဆီကို CB ကနေ အမျိုးမျိုး မြှားရန် ဝင်ရောက်လာသော Link တွေကို မိမိ Fb mail Fb password ရိုက်ထည့်ခြင်းများမပြုလုပ်ရ

(3)မိမိ Fb Password အခြားလူ ခန်မှန်းရလွယ်သော Password အမျိုးအစားများမပေးရ

(4)မိမိ Fb Acc Account Setting များထဲမှာ Mail အသစ်ထည့်ခြင်းများကို အခြားလူမှ ခိုင်းစေခြင်းများကိုလိုက်မလုပ်ရ

(5)မိမိဆီကို မိန်းကလေးပုံစံနဲဖြစ်စေ မိမိ သူငယ်ချင်း မိတ်ဆွေအရင်းဖြစ်စေ Online ကနေ code တောင်းခြင်း ငွေချေးခြင်းများဖြစ်ပေါ်လာပါက Hotline ကိုသုံးပီး ဖုန်းခေါ်ပီးမေးမြန်းပီးမှတာ အလုပ်လုပ်ပါ

လက်ရှိအပါများနေသော နည်းတွေပါ ဒါတွေကို သတိထားဖို့ အရေးကြီးပါတယ် ဗဟုသုတရှိပါ မိမိသုံးနေသော Facebook Account လုံခြုံရေးသည်မိမိတာဝန်ဖြစ်ပါတယ်
အတော်များများမသိနားမလည်တဲ့လူတွေအဖစ်များလို့ပြန်တင်ရခြင်းဖြစ်ပါတယ်🙂

24/04/2022

Id ပြင်နည်းလေး

ဘာမှတော့မတက်ပါဘူး

ဆရာဒေကျော်ကြချက်ကြပါ 😆😆😆

03/12/2021

ဝင်ကြည့်ရင်နှောင်တရလိမ့်မယ်

မကြည့်ပဲကျော်သွားကြပါ.........🥴🥴🥴🥴🥴

Facebook. Hacking ဆိုတဲ့အကြောင်း-----------------------------------------Facebook hack ပေးတယ်..Facebook hack တတ်လား.။ထို...
03/12/2021

Facebook. Hacking ဆိုတဲ့အကြောင်း
-----------------------------------------
Facebook hack ပေးတယ်..Facebook hack တတ်လား.။
ထို(Post)တွေတော်တော်များများ တွေ့နေရပါတယ်..။
မေးတဲ့သူကလည်း မသိလို့မေးပါတယ် ဖြေတဲ့သူတွေကလည်း တစ်ချို့က facebook hacker ဆိုပြီး(cb nofree)
လေးကလည်းပါသေးတယ်ခင်ဗျ....။

တစ်ချို့ကြတော့လည်း facebook ဆိုတာ hack လို့မရကြောင်း ပြောကြပါတယ်..။
ဘယ်သူမှန်တယ် ဘယ်သူကမှားတယ်ဆိုတာ ကျွန်တော်ပြောပြပါ့မယ်..။

တကယ်တန်းတော့ facebook ဆိုတာ application တစ်ခုဖြစ်တဲ့အတွက် hack လို့ရပါတယ်..။
ဒါဆိုhacker (cb no free)ကမှန်တာလား..??Noပါ..။
အဲ့လို ကျွန်တော် Hackတတ်ပါတယ် Hacker ပါလို့ ပြောလာတဲ့သူတိုင်းကို (မင်းမေxိုးလိုက်)လို့သာတည့်ဆဲလိုက်ပါ...။

ငါ့account လေးများ hack သွားမလား ဘာလုပ်မလည်း
တွေးတောပြီးကြောက်မနေပါနဲ့..။

နံပါတ်(၁)--
facebook application ဆိုတဲ့ လူမှုကွန်ရက်ကြီးကို (တစ်ကမ္ဘာလုံး) သုံးနေကြတာပါ.ထို့ကြောင့်
မတ်ကာ ဇူကာဘတ်ရဲ့ facebook privacy security ကိုထိုးဖောက်နိုင်တဲ့သူဟာ အကြမ်းအားဖြင့်(၁)သန်းမှာတစ်ယောက်လောက်သာရှိနိုင်ပါတယ်..။
မှတ်ချက်-တစ်ကမ္ဘာလုံး သုံးနေတာနော်။

နံပါတ် (၂)--
Facebook ရဲ့ security ကိုထိုးဖောက်ဝင်ရောက်နိုင်တဲ့
Hacker ဟာ ဘယ်တော့မှ ဝန်ဆောင်မှုနဲ့ ခင်ဗျားတို့ကိုလာHackပေးမှာမဟုတ်ပါဘူး..,
မေးခွန်း...??(ဘာကြောင့်လည်း) facebook ဆိုတာ အစကပြောခဲ့သလိုပဲ တစ်ကမ္ဘာလုံး သုံးနေတဲ့ security ကြီးတောင်ထိုးဖောက်နိုင်နေပြီပဲ ခင်ဗျားတို့ account ကိုဝန်ဆောင်မှုပေးလို့ အများ..အများဆုံးရ.သိန်း(သိန်း၁၀၀
)ပေါ့...ပေးနိုင်ကြရဲ့လား...??

နံပါတ်(၃)--
Facebook တောင်hackနိုင်တဲ့ hacker ဟာ ခင်ဗျားတို့ မဖြစ်စလောက်ပိုက်ဆံလေးကို ယူပြီးဝန်ဆောင်မှု ပေးမဲ့အစား တစ်ကမ္ဘာလုံးမဟုတ် မြန်မာတစ်နိုင်ငံထဲမှာသုံး
နေတဲ့ Wave money..KBZ Pay..My Tel Pay..M Money တို့လို တခြားသော ဘာမဟုတ်တဲ့ security လေးတွေကို ထိုးဖောက်ပြီး ငွေပုံပေါ်မှာပဲပျော်နေလိုက်တော့မှာပေါ့ခင်ဗျ...။

နံပါတ်(၄)--
Hacker မှာ နှစ်မျိုးရှိပါတယ်(black hacker)-ရှိတဲ့ပညာကိုမကောင်းတဲ့ဘက်မှာသုံးတဲ့ hacker...(White hacker)
ဆိုက်ဘာ Police လို ပညာကိုကောင်းတဲ့ဘက်မှာ အသုံးပြုတဲ့ hacker. .။ ထို့ကြောင့် တရားမဝင်(Black Hacker)တွေအတွက် ဥပဒေဆိုတာရှိတဲ့အတွက်ကြောင့်
ဘယ် Hacker မှသူ့ကိုသူ hack တတ်ပါတယ် hacker လို့ထုတ်မပြောပါဘူးခင်ဗျ..။

ထို့ကြောင့် ကြုံတွေ့လာလျင် သတိပြုစေချင်ပါတယ်..။
အဲ့လို ငါ hacker ငါhackတတ်တယ်(cb no free)လို့ပြောနေတဲ့ $ရူးတွေများးတွေခဲ့ လျင်တွေ့တဲ့နေရာမှာ အပေါ်ကပြောခဲ့သလိုပဲ အားနဲ့မာန်နဲ့(မင်းမေxိုးလိုက်)လို့သာတည့်ဆဲလိုက်ပါခင်ဗျ..။

ဘယ်သူ့ကိုမှမယုံပါနဲ့ အလိမ်ခံရခြင်းမှကင်းဝေးကြပါစေ။

Crd. Soeman Lwin. Photo crd..

သောက်တလွဲလိုင်းပါကွာ 🥴🥴🥴
01/12/2021

သောက်တလွဲလိုင်းပါကွာ 🥴🥴🥴

😑😑 မချိုးဘူးဆိုမချိုးဘူးပဲ 😑😑
01/12/2021

😑😑 မချိုးဘူးဆိုမချိုးဘူးပဲ 😑😑

01/12/2021

2021 👉🏻😍 Mon 😍👈🏻

ခင်ဗျားတို့ကလဲ စိတ်ဓာတ်ဖဲ 🥴🥴🥴
30/11/2021

ခင်ဗျားတို့ကလဲ စိတ်ဓာတ်ဖဲ 🥴🥴🥴

Address

Yangon

Alerts

Be the first to know and let us send you an email when 𝐊𝐎 𝐌𝐘𝐎 𝐋𝐀𝐘 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 𝐊𝐎 𝐌𝐘𝐎 𝐋𝐀𝐘:

Share

Category