Han Wai Phyo

Han Wai Phyo အကောင်းဆုံးတွေပေးမယ့် လက်တစ်စုံ 😍😘

21/01/2024

ကဲ

❤
23/08/2023

❤
19/08/2023

23/05/2023

မင်းဟာ မင်းထင်ထားတာထက် ပိုတော်တယ်

😘
17/05/2023

😘

16/05/2023

ဘဲလိုလူစား မကြီးပွား
📖📖📖📖📖📖📖📖📖
ဘဲဆိုသည့် သတ္တဝါဟာ
ပြေးတော့ ပြေးပါရဲ့။
ယုန်တစ်ကောင်လောက် သူမမြန်ပါဘူး။

အမြင့်ပျံတော့ ပျံပါရဲ့။
ငှက်လောက် မပျံနိုင်ပါဘူး။

ခုန်တော့လည်း ခုန်ပါရဲ့။
ရှဉ့်လောက်လည်း မခုန်နိုင်ပါဘူး။

ရေကူးတော့လည်း ကူးပါရဲ့။
ငါးလောက် မကူးနိုင်ပါဘူး။

ကောင်းကင် မြေပြင် ရေပြင်မကျန်
အဘယ်အရာကိုမဆို
ဟိုစပ်စပ် ဒီစပ်စပ် သူအကုန်တတ်ပါတယ်။

ဒါပေမဲ့
ဘယ်နယ်ပယ် ဘယ်အရာမှာမှ
professional က်က်
ကျွမ်းကျွမ်းကျင်ကျင် ပိုင်ပိုင်နိုင်နိုင်
သူမတတ်ပါဘူး။

လောကမှာ
အသိပညာတစ်ခုဖြစ်စေ
အတတ်ပညာတစ်ခုဖြစ်စေ
အဘယ်အရာကိုမဆို တစ်ခုခုကို ကျွမ်းကျင်ပိုင်နိုင်စွာ
သင်ယူ တတ်မြောက်ထားမှသာ
အောင်မြင်မှုလမ်းပေါ်ကို လျှောက်လှမ်းနိုင်မှာပါ။

လူတချို့ဟာ
ဟိုသင်တန်း ဒီသင်တန်း ဟိုပညာ ဒီပညာ
ဟိုအတတ်
ဒီအတတ် စသည်စသည်ဖြင့်
အချိန်ကုန်ခံ ငွေကုန်ခံ၍ မယောင်ရာ ဆီလူးရင်း
စမ်းတဝါးဝါးခြေလှမ်းဖြင့် သင်ယူနေတတ်ကြပါတယ်။

ရည်ရွယ်ချက်ရှိရှိ ကြီးပွား တိုးတက်ချင်သူများက
ထိုကဲ့သို့ အပြုအမူများကို မလုပ်တတ်ကြပါဘူး။

မိမိကြီးပွားတိုးတက်ခြင်းကို အထောက်အကူ
ဖြစ်မည့်
သင့်လျှော်ရာ အခြေခံပညာရပ်များကိုသာ
တစိုက်မတ်မတ် အဆုံးစွန်ထိ လေ့လာသင်ယူတတ်ကြ
ပါတယ်။

ဒါကြောင့်

တတ်ထားပညာ မမှားရာလည်း

ရည်ရွယ်ချက်မဲ့ ငွေကုန်ခံ၍

ဘာလားမသိ အချိန်ကုန်ပြီး

ဟိုအရာစပ် ဒီအရာတတ်ဟု
ဘဲလိုသင်၍ မထားနှင့်

ရည်ရွယ်ထားရာ မြင့်မားရာကို

တစ်ခုတည်းသာ ဦးတည်ထား၍

ဆုံးခန်းတိုင်ထိ မယိုင်မလဲ

တစိုက်မတ်မတ် ရှေ့ကိုဆက်ကာ
သင်ယူပါလေ

ထိုသို့သင်ယူ ကြိုးစားသူများမှာ မလွဲဧကန်
ကြီးပွားနိုင်ပါသည်။

မိတ်ဆွေလည်းပဲ
ဘဲလိုလူစား မဖြစ်စေနှင့်။

ဘဲလိုလူစား မဖြစ်ပါစေနှင့်
📖📖📖📖📖📖📖📖📖
Credit
Gin Gaung
#ခွန်အားဖြစ်စေသောစာများ

06/03/2023

လူဆိုတာ သစ်ပင်တစ်ပင်လိုပဲ။
ရှင်သန်တဲ့ ပတ်ဝန်းကျင်
အသိုင်းအဝိုင်းအရေးကြီးတယ်။​

ကိုယ့်က ဘယ်လို ပတ်ဝန်းကျင်မှု
ရှင်သန်နေသလဲ။
အတင်းပြောပြီး သူများအကြောင်းပဲ
စိတ်ဝင်စားတဲ့ပတ်ဝန်းကျင်လား။
ကိုယ့်အိမ်မက်တွေအတွက်
ဇွဲရှိရှိနဲ့ အကောင်အထည်ဖော်နေတဲ့
ပတ်ဝန်းကျင်လား။

နောက်မြေသြဇာအရေးကြီးသလို
သိသင့်သိထိုက်တဲ့ ပညာရှိဖို့လိုတယ်။

နောက်ရှင်သန်ကြီးထွားနေဖို့
ရေလိုသလို ကိုယ့်ကိုကိုယ်အမြဲ
တိုးတက်အောင်အားဖြည့်နေရတယ်။

အပင်တစ်ပင်မှာသက်တမ်းရှိသလို
လူမှာလဲ သက်တမ်းရှိတယ်။
အသက်ရှည် ကျန်းမာဖို့
ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ဖို့လိုတယ်။

လူဆိုတာ တခါတလေ သစ်ပင်နဲ့တူတယ်။

Phyo Paing @ Derek

Address

Yangon

Telephone

+959454554002

Website

Alerts

Be the first to know and let us send you an email when Han Wai Phyo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category