Lamin

Lamin Yesterday Today And Forever ♾️

23/01/2026

" လောက၌ ကြိုတင်၍ မသိနိုင်သောအရာ (၅)မျိုး "

(၁) ဇီဝိတံ ----
အသက်ရှင်လျက် ဘယ်လောက် နေရဦးမယ်ဆိုတာ မသိဘူး ။
လောကကြီးမှာ ဘယ်လောက်ကြာကြာ အသက်ရှင်နေထိုင်ရဦးမလဲဆိုတာကို မသိနိုင်ဘူး

(၂) ဗျာဓိ ----
ဘဝခရီးကို လျှောက်လှမ်းရတဲ့အခါမှာ ဘာရောဂါနဲ့ သေမယ်ဆိုတာကိုလည်း မသိနိုင်ပါဘူး

(၃) ကာလော ----
လူတစ်ယောက်ဟာ ဘဝခရီး အဆုံးသတ်မည့် အချိန်ဟာ ဘယ်အချိန်လဲ မသိနိုင်ဘူး

(၄) ဒေဟနိက္ခေပနံ ----
ကိုယ့်ရဲ့ရုပ်အလောင်းကို ဘယ်နေရာမှာ သဂြိုလ်မယ် ၊ ဘယ်နေရာမှာ မြှုပ်နှံမယ်ဆိုတာကိုလည်း မသိနိုင်ဘူး

(၅) ဂတိ ----
လူတိုင်း လူတိုင်းဟာ ဘဝလမ်းကြောင်းကြီး (၅)ခုရှိတယ်
အဲ့ဒီ ( ၅ )က ဘာတွေလည်း ဆိုလို့ရှိရင် ----

ကုသိုလ် အကျိုးပေးကြောင့် ရောက်နိုင်တာကတော့ ....
၁ ။ နတ်ပြည်
၂ ။ လူ့ပြည်

အကုသိုလ် အကျိုးပေးကြောင့် ရောက်နိုင်တာကတော့ ....
၃ ။ ပြိတ္တာ
၄ ။ တိရစ္ဆာန်
၅ ။ ငရဲ

အားလုံး ငါးမျိုးရှိတယ်

အဲဒီတော့ ပုထုဇဉ်တစ်ယောက် အနေနဲ့ ဘဝနိဂုံး အဆုံးသတ်သွားပြီးတဲ့ အခါမှာ ဘယ်ဘဝမှာ ပြန်လည်မွေးဖွားမလဲဆိုတာ ပြောလို့မရဘူး ။

သေဆုံးတဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့ အခြေအနေတွေပေါ်မှာ မူတည်သွားတယ်

သောတာပန် မဖြစ်သေးသမျှ
" နိယတဂတိ " ကိုယ်သတ်မှတ်ထားတဲ့ နေရာတစ်ခုကို သွားလို့မရသေးဘူး ။

16/11/2025

🎉 Celebrate SG’s 60th Anniversary with Moomoo’s special welcome offer!

Join with my invite for commission-free trading, diverse investment options and round-the-clock support!

🎁Join now through my exclusive referral link to enjoy the following perks:
1️⃣S$1,255 New Depositor Reward*: Kick start your investment journey with ease!
2️⃣Exclusive S$10 cash coupon (only available for invited users)!

🌟 Click https://j.moomoo.com/0xtbfe to enjoy bonuses with me!

“ နား လည် မှု ဆို တာ ”  ------------------------------နားလည်မှုဆိုတာတော်ရုံနှလုံးသားနဲ့ မပေးနိုင်ဘူးနားလည်မှုဆိုတာတကယ်ကြ...
02/01/2025

“ နား လည် မှု ဆို တာ ”
------------------------------
နားလည်မှုဆိုတာ
တော်ရုံနှလုံးသားနဲ့ မပေးနိုင်ဘူး

နားလည်မှုဆိုတာ
တကယ်ကြီးမြတ်တဲ့သူတွေဘဲပေးနိုင်တာ

တစ်ခါတလေ ကိုယ့်ဘက်ကမမှားလဲ
တောင်းပန်ပေးလိုက်တာတွေ

ကိုယ့်ဘက်က မလွန်လဲ
စခေါ်ပေးခဲ့ရတာတွေ

တုန့်ပြန်ချင်ပါလျှက်
မျိုသိပ်လိုက်ရတဲ့ ဝေဒနာတွေ

ကိုယ့်စိတ်နဲ့ကိုယ်
ပြ-တ်သားလိုက်ချင်ပေမယ့်
ကိုယ့်အတ္တထက် တဖတ်သူဘက်ကို
ဖြည့်တွေးပြီး လိုတာထက် စိတ်ကို
ပိုရှည်ပေးထားရတဲ့
ကိုယ်မှ အလျှော့မပေးရင်
ပြ-တ်တောက်သွားတော့မယ်
ဆက်ဆံရေးတွေ

ဒါကြောင့်
နားလည်မှုဆိုတာ
တော်ရုံလူ မပေးနိုင်ဘူးလို့ ပြောတာ

ဒါပေမယ့်
ကိုယ့်ပေါ်နားလည်မှု ပေးနိုင်တဲ့သူဆို
လူတွေက သိပ်တန်ဖိုး မထားတတ်ကြဘူး
အနိုင်ကျင့်ချင်ကြတယ်
အထက်စီးက ဆက်ဆံချင်ကြတယ်
ငါ့သဘော ငါ့ဆန္ဒ
နေရာတကာ ငါအမှန်ပဲလုပ်ချင်ကြတယ်

ဒါ က
အတိုင်းအတာတစ်ခုထိဘဲကောင်းတယ်
အတိုင်းအတာတစ်ခုကို ကျော်သွားတဲ့အခါ
ကိုယ့်ပေါ် တကယ်နားလည်ပေးနိုင်တဲ့သူတွေ
အလျှော့ပေးဆက်ဆံတဲ့သူတွေ
အနားက ထွက်သွားတဲ့အခါ
ဆုံးရှုံးသွားတဲ့အခါ
ကိုယ့်နားမှာ အထီးကျန်မှုနဲ့
အပေါ်ယံလူတွေဘဲ ကျန်ခဲ့လိမ့်မယ်

အဆင်ပြေနေချိန်
အနားမှာ အဖော်ရှိနေချိန်
တွဲထားတဲ့ လက်တွေ မြဲနေချိန်
ခဏမှာတော့
ဘယ်သူမှ ဂရုစိုက်စရာမလိုဘူး
အရေးလုပ်စရာမလိုဘူးဆိုတဲ့ ပုံစံမျိုးနဲ့ပေါ့

ဒါပေမယ့်
ဘဝမှာ ဘယ်အရာမှာ အကြာကြီး
အမြဲတမ်း ရှိမနေနိုင်ဘူး
ပြောင်းလဲခြင်းတရားတွေဆိုတာ
ကြုံ လာ ရ ဦး မှာ ဘဲ

အဲ့အခါကျမှ
အတောင်ကျို၊းတဲ့ ငှက်လိုမျိုး
ဘယ်ကောင်းကင် ပျံရမှန်းမသိဖြစ်မယ်

ကိုယ်ဘယ်လိုစိတ်မျိုးထားလဲ
ကိုယ် ဘယ်လို တုန့်ပြန်မှုတွေ
ပြုတတ်သလဲ
ဘဝမှာ ဒါအရေးကြီးတယ်

ကိုယ့်အလှည့်ကျမှ
လူတွေက လုပ်ရက်လေခြင်းလို့
အပြစ်မတင်နဲ့လေ

ပြန်စဉ်းစားကြည့်ပေါ့
ကိုယ့်အလှည့်တုန်းကရော
ငါ လူတွေပေါ် ဘယ်လိုလုပ်ခဲ့လဲလို့

ဝဋ်တွေက တကယ်လည်တတ်ပါတယ်
တစ်ခါတလေ ဘဝတောင် မကူးလိုက်ဘူး

နားလည်ပေးတတ်စေချင်တယ်

ဒါထက် ကိုယ့်ပေါ်နားလည်ပေးတဲ့သူကို
ပို တန် ဖိုး ထား ပါ

လူတိုင်းကို နားလည်မပေးနိုင်ရင်တောင်
ကိုယ့်အပေါ်ကိုတကယ် စိတ်ရင်းအမှန်နဲ့
ပေါင်းတဲ့သူမျိုးကိုတော့ ပြန်တန်ဖိုးထား
နားလည်ပေးစေချင်တယ်

တကယ်တော့
နား လည် မှု ဆို တာ
နားလည်ခံရတဲ့သူက
ပျော် ဖို့ ကောင်း သ လောက်
နားလည်ပေးလိုက်ရတဲ့သူက
တစ်ခါတလေမှာ
နာကျင်နေရတတ်တယ်😥

ဒါကြောင့်
အနာကျင်ခံပြီး
နားလည်ပေးတဲ့သူကို ပိုတန်ဖိုးထားပါ

ဘယ်အရာကိုပဲဖြစ်ဖြစ်
မရှိတော့မှ တန်ဖိုးနားလည်လာမယ့်အစား
ရှိနေချိန်မှာ တန်ဖိုးထားပါ

တစ်ချို့အရာတွေက
မင်းဘဝထဲကို
အကြိမ်ကြိမ် ပြန်လာမှာ မဟုတ်ဘူး

နားလည်မှုဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်ကို
အမြဲ နားလည်ပေးနေရတဲ့သူတွေပဲ သိတယ်
အမြဲအနိုင်ယူနေတဲ့သူတွေ မသိဘူး ….....

crd_to_owner_with_respect
ဘဝအတွတ်စာဖတ်ပါ

ကိုယ်ချင်းစာတရားကိုယ်ကျင့်တရားသည်လူတို့၏အမြတ်ဆုံးရတနာတပါးဖြစ်၏။ကိုယ်ချင်းစာတရားမရှိပဲနှင့်မေတ္တာစစ် မဖြစ်ပေါ်နိုင်။မေတ္တ...
25/12/2024

ကိုယ်ချင်းစာတရား
ကိုယ်ကျင့်တရားသည်
လူတို့၏အမြတ်ဆုံး
ရတနာတပါးဖြစ်၏။

ကိုယ်ချင်းစာတရားမရှိပဲနှင့်
မေတ္တာစစ် မဖြစ်ပေါ်နိုင်။

မေတ္တာတရားကင်းမဲ့သူ၌
ကိုယ်ကျင့်တရားလည်း
မကောင်းနိုင်ပါ။

ကိုယ်ချင်းစာတရားရှိသူတို့၌
မေတ္တာတရားရှိသူတို့၌သာ
ကိုယ်ကျင့်တရားကောင်းရှိပါတယ်။
📖📖📖📖📖📖📖📖📖
…………………
မဟာဗောဓိမြိုင်ဆရာတော်ဘုရား
🙏🙏🙏🙏🙏

ကိုယ်လုပ်တဲ့ လုပ်ရပ်သည် တစ်ဖက်သားကို ထိခိုက်နစ်နာတဲ့ လုပ်ရပ်မျိုး မဖြစ်စေရဘူး။တစ်ဖက်သားမှာ ကောင်းကျိုးချမ်းသာတွေ ရသွားတဲ...
09/12/2024

ကိုယ်လုပ်တဲ့ လုပ်ရပ်သည် တစ်ဖက်သားကို ထိခိုက်နစ်နာတဲ့ လုပ်ရပ်မျိုး မဖြစ်စေရဘူး။တစ်ဖက်သားမှာ ကောင်းကျိုးချမ်းသာတွေ ရသွားတဲ့ အလုပ်မျိုးပဲ ဖြစ်သင့်တယ်။

မိမိကိုယ်ကို ထိခိုက်တဲ့ အလုပ်မျိုးလည်း မဖြစ်စေရဘူး။သူတစ်ပါးကို ထိခိုက်နစ်နာ တဲ့ အလုပ်မျိုးလည်း မဖြစ်စေရဘူး။

နှစ်ဦးလုံးကို ထိခိုက်နစ်နာတဲ့ အလုပ်မျိုးလည်း မဖြစ်စေရဘူး။အကျိုးဖြစ်ပေါ်လာတဲ့ အခါမှာလည်းပဲ ဒုက္ခကို ဖြစ်စေတတ်တဲ့ အရာမျိုး မဖြစ်စေရဘူး။

(ပါမောက္ခချုပ်ဆရာတော်ကြီး)

မင်္ဂလာရှိသော နံနက်ခင်းများကိုပိုင်ဆိုင်နိုင်ကြပါစေ။

ဆရာတော်ကြီးအား ရန်ကုန်မြို့🕊️အင်းလျားရိပ်သာလမ်း (ကမ္ဘာအေး)အနုဂ္ဂဟအသင်းရုံးချုပ်တွင်(10.12.2024) မှ (16.12.2024) အထိမနက်(...
02/12/2024

ဆရာတော်ကြီးအား ရန်ကုန်မြို့🕊️

အင်းလျားရိပ်သာလမ်း (ကမ္ဘာအေး)

အနုဂ္ဂဟအသင်းရုံးချုပ်တွင်

(10.12.2024) မှ (16.12.2024) အထိ

မနက်(7နာရီ)တစ်ကြိမ်

နေ့လည် (12နာရီ) တစ်ကြိမ်

လာရောက်ဖူးမျှော်နိုင်ပါသည်🕊️

လာရောက်ဖူးမျှော်မည့်သူများ

(Mask)တပ်ဆင်လာကြပါရန်နှင့်

စည်းကမ်းရှိရှိတိတ်ဆိတ်စွာ

လာရောက်ဖူးမျှော်ကြပါရန်

အသိ့ပေးနှိုးဆော်အပ်ပါသည်🕊️

30/11/2024

မိဘကိုလုပ်ကျွေးတဲ့သူက
ရှာရဖွေရ ပိုလွယ်တယ်။

မိဘကိုဖြည့်ဆည်းပေးတတ်တဲ့သူက
ပိုပြည့်စုံလာတတ်တယ်။

မိဘကိုပြန်ကြည့်တတ်တဲ့သူက
ပိုအဆင်ပြေလာမယ်။

မိဘစကားနားထောင်တဲ့သူက
အမြဲစိတ်ချမ်းသာရတယ်။

ဒါကြောင့်
ရှိနေတုန်းမှာ သိတတ်ပါ
အသ-က်ကြီးမှ ပြန်ကြည့်မယ်လို့မတွေးပါနဲ့
ကိုယ်ပြန်ကြည့်နိုင်တဲ့အချိန်
သူတို့ရှိချင်မှရှိတော့မှာပါ။

မချမ်းသာလို့ မပြည့်စုံသေးလို့ဆိုတဲ့
ဆင်ခြေတွေအစား ကိုယ်တတ်နိုင်သလောက်
အဖေအမေကြိုက်တတ်တဲ့ မုန့်ကလေးတထုတ်
အနွေးထည်လေးတထည် ဖိနပ်လေးတရံလောက်နဲ့တင် ကန်တော့တာမျိုးက
သူ့တို့ကို စိတ်ချမ်းသာစေတယ်
စိတ်ထဲမှာပြည့်စုံစေတယ်။

စကားတခွန်းရှိတယ်။
မိဘအတွက်ကုန်သွားတဲ့ငွေက
အမြဲဆယ်ဆပြန်လာတယ်တဲ့

ကိုယ့်ဆီက နဲနဲရပီး များများ
ပြန်ပေးချင်သူကမိဘတွေအပြင်မရှိပါဘူး

လက်ရှိ အောင်မြင်နေတဲ့သူတွေကို
ကြည့်ရင် မိဘကို သိတတ်သူတွေ

ချမ်းသာနေတဲ့သူတွေကိုကြည့်လိုက်ရင်
မိဘကိုဘယ်တုန်းကမှမငြိုငြင်တတ်သူတွေ

မယုံမရှိနဲ့ ... သူတို့ကြောင့်
မိဘအဆင်ပြေတာမဟုတ်ပဲ
မိဘကြောင့် သူတို့အဆင်ပြေနေတာပါမိတ်ဆွေ။

ကု သိုလ် ရ အောင် နေ နည်း🌟🌟🌟🌟🌟🌟🌟🌟🌟🌟✨✨✨✨✨ကုသိုလ်တစ်ခု....ဖြစ်ဖို့ရာဟောဒီအချက် (၄)ချက်နဲ့ ပြည့်စုံရမယ်တဲ့......၁။ မိမိစိတ်က...
28/11/2024

ကု သိုလ် ရ အောင် နေ နည်း
🌟🌟🌟🌟🌟🌟🌟🌟🌟🌟✨✨✨✨✨
ကုသိုလ်တစ်ခု....ဖြစ်ဖို့ရာ
ဟောဒီအချက် (၄)ချက်နဲ့ ပြည့်စုံရမယ်တဲ့......

၁။ မိမိစိတ်ကို အမြဲတမ်း ကုသိုလ်စိတ်ဖြစ်စေရမယ်
ဆိုပြီးတော့ သန္နိဌာန်ချထားလိုက်ပါ။

၂။ စိတ်ကို ကောင်းတဲ့ဘက်ကို အမြဲတမ်း
ဦးညွတ်စေရမယ်။

၃။ ကုသိုလ်စိတ်ကို အမြဲတမ်းလေ့ကျင့်ပေးရမယ်။

၄။ အဲဒီအချက်တွေကို ယောနိသောမနသိကာရ
ထားနိုင်ရမယ်။

အဲဒီအချက်တွေနဲ့ ပြည့်စုံရင်
စိတ်ဟာ " အမြဲတမ်း ကုသိုလ်စိတ်" ဖြစ်နေမယ်။
ကုသိုလ်တွေ များလာခြင်းအားဖြင့်
ကောင်းကျိုးချမ်းသာတွေ ရလာမယ်။
ဒီဘဝမှာလည်း ကောင်းကျိုးချမ်းသာရရှိမယ်။
နောင်ဘဝမှာလည်း ကောင်းတဲ့အကျိုးကို
ခံစားရမယ်။
နှစ်ဘက်စလုံး ကောင်းမွန်တဲ့တရားဖြစ်လို့
ဒီလိုကုသိုလ်မျိုး များများရအောင် ကျင့်ယူရမယ်။

ကျေးဇူးတော်ရှင်ဆရာတော်ဘုရားကြီး
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ၊

Photo by me

12/09/2024

#ဗဟုသုတ

11/09/2024

#ဗဟုသုတ #ပညာရေး

Address

Yangon

Telephone

+959444737372

Website

Alerts

Be the first to know and let us send you an email when Lamin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category