14/08/2022
အခုရာသီက ပူလိုက် စိုစွတ်လိုက်နဲ့ ဆီးပိုးဝင်တာတွေ တော်တော်အဖြစ်များပါတယ်။
ခွါညိုလည်း ဒီရက်အတွင်းအလူးအလဲခံခဲ့ရတာမို့ ခွါညိုဖတ်ထားရတဲ့စာလေး ကို အမျိုးသမီး (ဖြစ်တတ်တဲ့အများစုမို့) တွေ ပိုများတဲ့ ဒီပေ့ချ်ကနေ ပြန်ဝေမျှပေးလိုက်ပါတယ်။
‼️မူရင်းရေးပြီး တင်သူကို စာ credit ပေးပါတယ်။ credit ပေးထားတဲ့စာဘဲတွေ့ရလို့ မူရင်းရေးသူကိုမတွေ့ လို့ပါ။‼️
ဆီးပိုးဝင်ခြင်း
*************
ဆီး ဆိုတာ ဘက်တီးရီးယားပိုးတွေပေါက်ဖွားဖို့အကောင်းဆုံး နေရာတစ်မျိုးဖြစ်တယ်။
အမျိုးသမီး တွေမှာတော့ ဆီးအိမ်ကို ဆက်သွယ်ထားတဲ့ ဆီးလမ်းကြောင်း တိုတာကြောင့် အမျိုးသားတွေထက် ဆီးပိုး ပို၍ဝင်လွယ်ပါတယ်။
အမျိုးသားတွေမှာတော့ ဘယ်အချိန်ဆီးပိုးဝင်တတ်သလဲဆိုရင် အသက်၆၀ ကျော် လာရင် ,ဆီးကျိတ်ကြီးပြီး ဆီးလမ်းကြောင့်ပိတ်ဆို့ မှု့တွေဖြစ်လာတဲ့အခါမှာတော့ ဆီးပိုးဝင်တတ်ပါတယ်။
ဘယ်လိုလူတွေမှာဆီးပိုးပိုဝင်တတ်သလဲ
*************************************
- ဆီးကျိတ်ကြီးတဲ့လူတွေ၊
- ထိခိုက်ဒဏ်ရာ ရပြီး ဆီးလမ်းကြောင်းကျဥ်းသွားတဲ့လူတွေ
- ဆီးပိုက်အမြဲတတ်ထားရတဲ့သူတွေ
- ဆီးကျောက်တည်တဲ့လူတွေ
- ဆီးလမ်းကြောင်းခွဲစိတ်မှုပြုလုပ်ထားသူတွေ
- အမျိုးသမီးတွေမှာ သားအိမ်ကျွံခြင်းဖြစ်တဲ့သူတွေ
- ဆီးချို ရှိသူတွေ
- ရာသီသွေးဆုံးသွားတဲ့အမျိုးသမီးတွေ မှာအဖြစ်များပါတယ်။
ဘယ်လိုတွေခံစားရမှာလဲ
************************
- ဆီးခနခန သွားချင်လာမယ်၊
- ဆီးသွားရင်အားမရသလိုဖြစ်မယ်၊
- ဆီးသွားရင် ဆီးသွားတဲ့နေရာက နာမယ် ကျင်မယ်၊ ပူမယ်
- ဆီးခုံနေရာကလည်းနာတတ်တယ်
- ဆီးအရောင်နောက်လာပြီး အနံ့အသက်ဆိုးလာမယ်
အဲ့ဒါကတဆင့် ဘက်တီးရီးယားပိုးတွေ ကျောက်ကပ်ထိ ရောက်သွားရင်‼️‼️
- ချမ်းတုန်ဖျားမယ်
- ခါးနာမယ်
- အန်မယ်
- ဗိုက်တွေနာမယ်
- ပိုဆိုးသွားရင်ပိုးဆိပ်ပျံ့တဲ့လက္ခဏာတွေပါဖြစ်တတ်ပါတယ်။
‼️ဒါကြောင့် ဆီးပိုးဝင်ခြင်းကို နောက်ဆက်တွဲတွေမဖြစ်ခင်သေချာကုသရပါမယ်။ဆရာဝန်နဲ့တိုင်ပင်ပြီး ပိုးသတ်ဆေးသောက်ရပါမယ်။‼️
ခဏခဏ ဆီးပိုးဝင်တတ်တဲ့သူတွေဘယ်လိုနေထိုင်ရမလဲ
************************************************
- ရေများများသောက်ပါ တစ်နေ့ အနည်ဆုံး ၂ လီတာသောက်ပါ။
- ဆီးသွားချင်လျှင်အောင့်မထားပါနဲ့ ပုံမှန်ဆီးသွားပါ
- ဆီးသွားပြီးတိုင်းသန့်ရှင်းပါ ။
- အတွင်းခံများကိုသေချာလျော်ဖွတ်ပါ
- လိင်မဆက်ဆံမီနှင့်ဆက်ဆံပြီး တိုင်း ဆီးသွားပါ ။
အားလုံးကျန်းမာကြပါစေ။