Easy to Remember

Easy to Remember Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Easy to Remember, Photography Videography, yangon, Yangon.

22/05/2026

အတူရင်ဆိုင်ဖို့ ဆန္ဒရှိတယ်
ခက်ခဲပင်ပန်းတာတွေ ဖြစ်ဖြစ်ပေါ့

ကိုယ်က ဆွဲထားတဲ့အခါ
ဖြုတ်မချတဲ့လက်ကလေး ဖြစ်ပေးပါ
ကိုယ်က ကပ်တွယ်တဲ့အခါ
တွန်းမထုတ်တဲ့လက်ကလေး ဖြစ်ပေးပါ။

ရင်ထဲရှိတဲ့ အတိုင်းပေါ့ကွယ်
ကိုယ်ဟာ မင်းကိုလိုအပ်တယ်။

- Lionel Sn
crd # # #

21/05/2026

နှလုံးသားက သိပ်တန်ဖိုးရှိတယ်။
အလှဆုံးအရာတွေပဲ ထည့်ထားရမယ်။

စိတ်ခံစားချက်က ဈေးကြီးတယ်။
ကိုယ့်ကိုပျော်ရွှင်စေတဲ့ လူနဲ့ပဲ ထိတွေ့ဆက်ဆံရမယ်။

#နိုင်းနိုင်းစနေ

03/05/2026

လုံလုံလောက်လောက်မချစ်ပေးလိုက်ရမှာကိုကြောက်တယ်။စိတ်ရှိသလောက် ကိုယ့်ဘက်ကချစ်ပေးဖို့ပဲအမြဲရွေးတယ်။

ငါပေးသလောက် ပြန်ရပါ့မလား။ငါ့တန်ဖိုးမဲ့သွားမလားဆိုတာတွေကို မတွေးလို့ဝောာ့မဟုတ်ဘူး။ဝေးသွားတဲ့အခါ ငါ့ဘက်ကအစွမ်းကုန်ချစ်ပေးခဲ့တာပဲဆိုတဲ့စိတ်နဲ့
ကိုယ့်လိပ်ပြာကိုယ်လုံဖို့ပါပဲ။

အချစ်ကို သိမ်းဖို့၊ဝှက်ဖို့ မလုပ်နိုင်ဘူး။
ငါ့ဘက်ကမေတ္တာပေးပြီး ငါပြန်ရတာမျက်ရည်တွေဆိုလဲ
ငိူချင်ငိုချလိုက်မယ်၊အသဲကွဲချင်ကွဲလိုက်မယ်။

အဲ့သည်လောက်ပဲအချစ်အပေါ်ငါတာဝန်ကျေချင်တာ။
ကျန်ဝာာတွေထည့်မတွေးချင်ဝောာ့ဘူး။

မသေခင်လေးချစ်ရဝာာ အရိပ်အကဲတွေမကြည့်ချင်ဘူး။

12/03/2026

ချစ်တယ်လို့ ခဏခဏ အပြောမခံရပေမယ့်
ပစ်မထားတာလေးကိုတော့ သဘောကျတယ် ။
သဲသဲလှုပ်အချစ်မခံရပေမယ့်
ဂရုတစိုက်နဲ့ ချစ်ပေးတာလေးကို သဘောကျတယ် ။
ကိုယ့်နောက်ကွယ်မှာ
ကိုယ့်စကား နားထောင်ပေးတာလေးကို သဘောကျတယ် ။
ကိုယ်မဟုတ်တဲ့ တခြားသူတွေ စကားလာပြောရင်တောင်
ပိုင်ရှင် ရှိတယ်နော် လို့ ပြန်ပြောပေးတာလေးကို
သဘောကျတယ် ။
ဖောက်ပြန်ရတာလွယ်တဲ့ ခေတ်ကြီးထဲမှာ
ဖောက်ပြန်မှုကင်းကင်းနဲ့ ကိုယ့်ဘေးမှာ ရှိနေပေးတာလေးကို
သဘောကျတယ် ။
အများကြီးချစ်ပေးဖို့မတောင်းဆိုပါဘူး။
တစ်ယောက်ထဲနဲ့ လုံလောက်သွားတယ်ဆိုရင်
ကိုယ်ကျေနပ်ပါတယ် အချစ်ရယ် ။
# # 🤍🤍🤍

23/01/2026

ဘဝကြီးမှာ ဘာတွေလိုချင်လဲလို့ မေးလာတဲ့အခါ....
“ အေးချမ်းမှု ” ဒီအတိုင်း “စိတ်အေးချမ်းမှု” လို့ဖြေမိမှာ

ဘာမှမတွေးဘဲ ငြိမ်ငြိမ်သက်သက်လေးနဲ့ အရာအားလုံးကို အရှိကိုအရှိအတိုင်း လက်ခံပြီး နေ့ရက်တိုင်းကို အေးအေးချမ်းချမ်း ဖြတ်ကျော်သွားနိုင်ဖို့ပဲ တွေးနေမိတယ် ။

ဘယ်သူ့ကိုမှ စိတ်အနှောင့်အယှက်မပေးဘဲ ဘယ်သူကမှလည်း စိတ်အနှောင့်အယှက်မပေးဘဲ ဒီတိုင်းလေးပဲ အေးအေးချမ်းချမ်းလေး နေ့ရက်တွေကို ကုန်ဆုံးသွားချင်တော့တယ် ။

ဒီလောက်ပါပဲ....

🌿🍂🍀🍁

Credit # # #%%

03/12/2025

ဘာကိုလွမ်းတာလဲဆို
လောကကြီးနဲ့ လူတွေအကြောင်းကို
အများကြီး မသိသေးတဲ့အချိန်ပဲ

ကိုယ်က ကောင်းပေးရင်
ကိုယ့်အပေါ် ပြန်ကောင်းပေးကြတယ်။
မနာလိုတာ၊ ကြည့်မရတာတွေမရှိခဲ့ဘူး။

တကယ်ကို ဖြူစင်ခဲ့တဲ့ အချိန်တွေ .....
ကျွန်တော်နောက်တစ်ခေါက် ပြန်ငယ်လို့ရမလား
စစ်မှန်ခဲ့တဲ့ ပျော်ရွှင်မှုကို လွမ်းတယ်။

Credit

23/11/2025

ကျွန်တော်တို့နှစ်ယောက်စလုံးက သူစိမ်းတွေပဲလေ
သူစိမ်းပြန်ဖြစ်သွားတာ မဆန်းပါဘူး ။

ဆန်းတာက အချိန်တန်ရင် သူစိမ်းပြန်ဖြစ်သွားမဲ့ လူတစ်ယောက်ကို
ကျွန်တော်ကိုက စိတ်လိုလက်ရ စိတ်နှစ်ပြီး
စကားတွေ တရင်းတနှီးပြောခဲ့ကြတာ ။

သူ့ဘဝနဲ့သူ ကိုယ့်ဘဝနဲ့ ကိုယ်ဆိုပေမဲ့
ကျွန်တော့်ဘဝကို နေသားကျအောင် အစကနေပြန်ကြိုးစားရအုံးမယ်
# # # # #
Credit

22/11/2025

တစ်ခါတလေကျတော့..

ကမ္ဘာကြီးက ကိုယ့်အပေါ်
ဘာလို့ဒီလောက်တောင်ရက်စက်ရသလဲလို့
အဖြေမရှိတဲ့မေးခွန်းတွေ
တိတ်တိတ်လေးမေးကြည့်မိတယ်။

"အဆင်ပြေပါတယ်" ဆိုတဲ့စကားဟာ
အလွယ်ဆုံးလိမ်ညာမှုတစ်ခုလိုပဲ။
တကယ်တော့ ဘာတစ်ခုမှ
အဆင်မပြေနေခဲ့တာကြာပြီ။
ဟန်ဆောင်ပြုံးပြနေရတဲ့ မျက်နှာဖုံးအောက်မှာ
မျက်ရည်တွေ ဘယ်လောက်ခမ်းခြောက်ခဲ့ပြီလဲ
ဘယ်သူမှမသိဘူး။

ဒီကမ္ဘာကြီးထဲမှာ
ကိုယ်တစ်ယောက်တည်းရပ်နေရသလိုပဲ။
အားငယ်တိုင်း လှမ်းကိုင်စရာ
လက်တစ်စုံကို ရှာမိတယ်။
ပင်ပန်းတိုင်း မှီခိုနားခိုချင်တဲ့
ရင်ခွင်တစ်ခုကို တမ်းတမိတယ်။
ဒါပေမဲ့…
တိတ်ဆိတ်ခြင်းကပဲ အမြဲအဖော်ပြုတယ်။

အမာကျောဆုံးလူဆိုတာ
ဒဏ်ရာမရတဲ့သူမဟုတ်ဘူးတဲ့။
ဒဏ်ရာတွေနဲ့အတူ
ရှေ့ဆက်လျှောက်လှမ်းနိုင်သူသာဖြစ်တယ်တဲ့။
ဒါကြောင့်…

တစ်နေ့တော့ ဒီမုန်တိုင်းတွေငြိမ်သွားတဲ့အခါ
သက်တန့်တွေထွက်လာလိမ့်မယ်လို့
ကိုယ့်ကိုယ်ကိုယ် ပြန်အားပေးရင်းပေါ့…။

crd # # # # #

Address

Yangon
Yangon

Website

Alerts

Be the first to know and let us send you an email when Easy to Remember posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share