Gangaw Represent

Gangaw Represent Falling in love

ရေဝဲတော့မသိဘူးဂုတ်ဝဲတွေကတော့တကယ်ကြောက်ဖို့ကောင်းတာပါကွာအိပ်မက်ထဲထိပါလာလာစိုးမိုးနေတာ
30/07/2025

ရေဝဲတော့မသိဘူး
ဂုတ်ဝဲတွေကတော့
တကယ်ကြောက်ဖို့ကောင်းတာပါကွာ
အိပ်မက်ထဲထိပါလာလာစိုးမိုးနေတာ

ဗိုက်ဆာရင် ပဲပြုတ်ကိုdeliငှား
18/07/2025

ဗိုက်ဆာရင် ပဲပြုတ်ကိုdeliငှား

Missing you Yangon ...🌇           ီအကိုဆီကခွင့်တောင်းပြီးပြန်တင်ခြင်းပါ
02/07/2025

Missing you Yangon ...🌇



ီအကိုဆီကခွင့်တောင်းပြီးပြန်တင်ခြင်းပါ

24/06/2025

ကျနော်က ဝက်မသားမစားပါဘူး။
ဘာလို့မစားသလဲဆိုတော့...
ရွံလို့ပါ။

လူတွေဟာ အစားအစာတစ်ခုကို
မြည်းစမ်းပြီးမှ ဒါတော့ဖြင့် ကြိုက်တယ် ...
ဒီဟာတော့ဖြင့် မကြိုက်ဖူးဆိုပြီး ...
သတ်မှတ်အဖြေထုတ်လေ့ရှိကြပါတယ်။

ကျနော်ကတော့ဖြင့်...ဝက်သားကို မစားဖူးပဲနဲ့ကို
မကြိုက်တာ။

ကျနော့်အမေ့ရဲ့အစ်မ ကျနော်နဲ့ဆို..
အဒေါ်ပေါ့။
သူတို့က ဆန်စက်ထောင်ထားတော့
စက်ကထွက်တဲ့ ဖွဲ ဆန်ကွဲတွေကို..
ဝက်တွေကိုကျွေးပြီး ဝက်မွေးစီးပွားရှာတယ်။

တစ်သုတ်တစ်သုတ်ဆို ဝက်အကောင်
နှစ်ဆယ်အစိတ်ပေါ့။

ကျနော်တို့နဲ့က တစ်ခြံထဲအတူနေကြတာဆိုတော့ကာ၊
ဒီဝက်ခြံကြီးကို နေ့စဉ်နဲ့အမျှ ကျနော်က
မြင်နေရတော့...ဗွက်တွေနဲ့ ပေတူး ပွထနေတဲ့
ဝက်တွေကို စားဖို့နေနေသာ...မြင်တာနဲ့ကို
အော်ဂလီဆန်ချင်နေတာ။

ဒါကြောင့် ဝက်သားကို ရွံလို့ ကျနော်မစားတာ။

ကုမ္ပဏီတစ်ခုမှာ ကျနော်အလုပ်ဝင်လုပ်တော့
မကြာခဏ ခရီးထွက်ရတယ်။

ခရီးအတူသြားရတာက..
ညိုညိုဆန်းဆိုတဲ့ ကောင်မလေးနဲ့ပါ။

ရောက်အောင်ပြောရရင်. .
အိုးချင်းထားအိုးချင်းထိ..
ကြိုးချင်းထား ကြိုးချင်းငြိပြီး...
ညိုညိုဆန်းနဲ့ကျနော်...
ထိ မိ ငြိ..ဂွိကြတယ်ပေါ့ဗျာ။

ညိုညိုဆန်းက. အသားညိုစိမ့်စိမ့်လေးနဲ့
ယဉ်ယဉ်လေးလှတဲ့သူပါ။
အဲတုန်းကတော့ စူဠလိပ် ရေထဲလွှတ်သလို...
အလုပ်ကိစ္စနဲ့များ နှစ်ယောက်အတူ
သွားရပြီဆိုရင်...ပျော်လိုက်ကြတာများ
အလွန်ပါပဲခင်ဗျာ။

ကုမ္ပဏီက လုပ်ဖော်ကိုင်ဖက်တွေကလည်း
တနေ့ကျရင်..ကျနော်နဲ့ ညိုညိုဆန်း...
ယူကြမယ်ဆိုပြီး အကုန်လုံးက ထင်ပြီးသား။

တကယ်လည်း...ကိုယ်တွေက ယူမယ်ပေါ့။

တစ်နေ့သားကျတော့...
နှစ်ယောက်အတူသွားရင်း...
ဝက်သားဒုတ်ထိုးဆိုင်ရှေ့က...
ဖြတ်ရပါလေရော။

''မောင်..ဒုတ်ထိုးစားချင်တယ်...

''ဟာ..ညိုကလည်း ရွံစာကြီးကွာ...

ကျနော်က အဲ့လိုပြောလိုက်တာနဲ့
နုတ်ခမ်းစူ ခြေဆောင့်ပြီး တုတ်တက်တုတ်တက်နဲ့
ရှေ့က ကျော်တက်ပြီး ကျနော့်ကို
ထားခဲ့ပါလေရော။

တုတ်တက်တုတ်တက်ဆိုတာက
အဲဒီခေတ်က ထမီစကပ်ခေါ်မလား..
တုတ်စကပ်ခေါ်သလား...
ဘာလားမသိဘူး။
သွားရင် တုတ်တက်တုတ်တက်နဲ့လေ။
အဲဒါမျိုး ညိုညိုဆန်းက ဝတ်ထားတာ။

''ညိုကလည်း စိတ်မဆိုးပါနဲ့...
လာပါ..ဝက်သားဒုတ်ထိုး စားကြမယ်လာ...

ကျနော်က ချော့မော့ပြီးခေါ်တော့
ပြုံးယောင်သန်းနေတဲ့ မျက်နှာနဲ့..
ညိုညိုဆန်းက ကျေနပ်သွားတယ်။

တခါတလေ...ကိုယ်ဖြစ်ချင်တာဖြစ်ရဖို့
သူဖြစ်ချင်တာလေးတွေကို
လိုက်လျောပေးရမျိုးက..တကယ်ရှိပါတယ်။

ဒုတ်ထိုးဆိုင်လေးမှာ ထိုင်မိကြတယ်ဆိုရင်ပဲ

''အန်တီ သမီးက အစုံထည့်မယ် နားရွက်ရယ်
အမြီးရယ်...ဟို..နှာသီးဖျားလေးရယ်...
အသည်းးလေးပါထညျ့ပါ အန်တီ...

တကယ်ဗျာ။
ကျနော်ဖြင့်လေ...အငွေ့တထောင်းထောင်း
ထနေတဲ့ အိုးကြီးထဲက ဝက်တစ်ကောင်လုံးရဲ့
တိုလီမိုလီတွေ့ကိုကြည့်ပြီး...
ပျို့ချင် အန်ချင်တဲ့စိတ်ကို ဖြစ်ရော။

ဒီနေရာမှာ နည်းနည်းလေးပြောချင်တယ်။
မန်းလေးက ဒုတ်ထိုးဆိုင်တွေက..
ဝက်ရဲ့အစိတ်အပိုင်းလေးတွေကို
လှီးဖျက်၊ တုတ်တံလေးမှာ သီပြီး..
တစ်ချောင်းဘယ်လောက်ဆိုပြီးရောင်းကြတာ။
အဲဒီမှာ ကိုယ်နှစ်သက်တဲ့ တုတ်ချောင်းလေးကို
ရွေးပြီး ရှေ့မှာချထားတဲ့ အချဉ်ခွက်ထဲက
အချဉ်လေးနဲ့ တို့တို့ပြီး စားပေါ့။
ပြီးမှ... စားထားတဲ့ တုတ်ချောင်းလေးတွေကို
ရေတွက်ပြီး ကျသင့်ငွေ့ရှင်းရတာ။

ခု..ကျနော်တို့ ထိုင်တဲ့ နယ်မြို့လေးက
ဒုတ်ထိုးကတစ်မျိုး။

ကိုယ်နှစ်သက်တဲ့ ဝက်ရဲ့အစိတ်ပိုင်းလေးတွေကို
ပြောပြီး တာနဲ့ ဆိုင်ရှင်က ပန်းကန်လုံးလေးထဲထည့်၊
ပြီးတာနဲ့ အချဉ်လေးဘတ်ကနဲ့
ပုံထည့်ပြီး ဇွန်းလေးတပ်ပေးလိုက်တာ။
ဂေါ်ဖီကြိုက်တက်ရင်...
ဂျွက်ဂျွက်ဆို.. ဓားလေးမွှန်းပြီး
ဂေါ်ဖီဖက်လေးတွေထည့်လိုက်သေးတာ။
နောက်..ဟင်းရည်။
ဝက်သားတွေပြုတ်ထားတဲ့ အိုးကြီးထဲက
ဟင်းရည်လေးကို ပန်းလုံးလေးထဲထည့်ပြီး
ချပေးလိုက်တယ်။
စားတဲ့သူက အချဉ်နဲ့ရောထားတဲ့ ဝက်သား
ဖက်လေးစားလိုက်...ဟင်းရည်လေး
ခပ်သောက်လိုက်ပေါ့။
ပြီးမှ. .တစ်ပွဲကို ဘယ်လောက်ဆိုပြီးရှင်းရတာ။

''မောင် ရော့..စား...

''ဟာ..ညိုစားပါ..

''မရဘူးနော်..စားရမယ်

''မောင်မကြိုက်လို့ပါ ညိုရယ်...

''တော်ပြီကွာ အဲ့တာဆို ညိုလည်းမစားတော့ဘူး....

ညိုညိုဆန်းက လက်ထဲကဇွန်းကို ပစ်ချပြီး
မက်တပ်ရပ်လိုက်တယ်။
ဒါ...သူ ကျနော့်ကို ကောက်ပြတာ။
ကွေ့လိုက်ကောက်တဲ့ မိန်းကလေး။
ကိုယ်တွေကလည်း အဲဒီတုန်းက ကွေ့ကောက်
နေတာကြီးကိုပဲ သဘောတွေကျခဲ့တာပဲလေ။

''ကဲပါ ညိုရယ် မောင်စားမယ် ဟုတ်ပြီလား...

''ဟွန်းနော်...အစကတည်း စားလိုက်ရင်
ပြီးနေတာကြီးကို....ရော့..မောင့်ပါးစပ်ဟ...

ပြောလည်းပြော...ဇွန်းလေးနဲ့ကော်ပြီး
ကျနော့်ပါးစပ်ထဲ ဝက်သားတစ်ဖက်
ထည့်ပေးလိုက်တယ်။

ကျနော်လည်း မျက်စိကို စုံမှိတ်ပြီး
ကျလိကျလိနဲ့နေအောင် မှိတ်ကျိတ် ဝါးချလိုက်တယ်။

''ဟာ...ကောင်းသားပဲဟ...
ဆိုပြီး လျှာပေါ်ကနေ စွဲပြီး
ဗိုက်ထဲကိုလျှောကနဲ့
ကျသွားတဲ့ ဝက်သားဒုတ်ထိုးရဲ့ အရသာကို
စပြီး ကျနော်ခံစားမိလာတယ်။

''ရော့..ဟင်းရည်လေးပါသောက်...

ညိုညိုဆန်းတိုက်တဲ့ ဟင်းရည်လေးကို
ေသာက်မိတော့လည်း...

''အားပါးပါး...ကောင်းလှချည်လားဟ..
ဒါကြောင့် ဝက်သားဒုတ်ထိုး ဆိုရင်
လူတွေဝိုင်းနေတာကိုး....ဆိုပြီး
တွေးလိုက်မိတယ်။

''ကောင်းလားမောင်..

''အင်း..ကောင်းတယ်..

ကျနော်တို့ ချစ်သူနှစ်ယောက်ကို ကြည့်ပြီး
ဝက်သားဒုတ်ထိုး ရောင်းတဲ့ အန်တီကြီးက
ပြုံးနေတယ်။

ဒီလိုနဲ့ပဲ ညိုညိုဆန်းကျွေးတဲ့ ဒုတ်ထိုးကို
စွဲသွားပြီး...သူနဲ့ကျနော်..မကြာမကြာ
အဲဒီ အန်တီကြီးဆိုင်လေးမှာ စားဖြစ်ကြတော့တယ်။

''ဘဝမှာ မင်းကျွေးတဲ့ဟာကို ပထမဆုံး
စားဖူးပြီး...ကိုယ်အစွဲကြီး စွဲသွားခဲ့တာပါညို..............................

ဒီလိုနဲ့ ဝက်သားဆို အလွန်ရွံတဲ့ ကျနော်ဟာ
ညို့ကြောင့်...ဝက်သားချစ်သူတစ်ယောက်
ဖြစ်ခဲ့ရတယ်။

ဒီနေရာမှာ..ကျနော်ရေးလိုတာက
ညိုနဲ့ ကျနော်ရဲ့အကြောင်းမဟုတ်လေတော့...
တိုတိုရှင်းရှင်းပဲ..ရေးပါရစေ။

''ရည်းစားတစ်ထောင်...လင်ကောင်တစ်ယောက်''

''ယောက်ျားကောင်း မောင်းမတစ်ထောင်...
ဆိုတဲ့ ဆိုရိုးစကားလိုပဲ ကျနော်နဲ့ညိုဟာ
ဘယ်လောက်ပဲ ချစ်ခဲ့ကြ ချစ်ခဲ့ကြ...
နောက်ဆုံး လမ်းခွဲလိုက်ရ တယ်ပေါ့ဗျာ။

ဝက်သားဆို အရမ်းမုန်းတဲ့..
ဒီကောင်လေးကို...
ဝက်သားတွေ စားတတ်အောင်
သင်ပေးပြီးမှ ရက်စက်သွားတာလား..ညိုရယ်။

ဘာညာ သာတကာတွေ လုပ်..လွမ်းပြီး...
သူမ မပါပဲ... သူမနဲ့အတူ စားခဲ့တဲ့
ဒုတ်ထိုးဆိုင်လေးကို သတိတရ
ကျနော်တစ်ယောက်ထဲ...
ဝင်စားမိတယ်ပေါ့။

အမြဲနှစ်ယောက်အတူ လာစားနေကျဖြစ်ပေမဲ့
ကျနော်တစ်ယောက်တည်း...
တစ်ရက်ကနှစ်ရက်...
တစ်ခါက နှစ်ခါ ဖြစ်လာတော့
ဆိုင်ရှင် အန်တီကြီးကလည်း...
သတိထားမိပုံပေါ်ပါတယ်။

''သား...သားတစ်ယောက်ထဲလား..
ဟိုကလေးမလေးရော မပါဘူးလား...

ပန်းကန်ထဲက အသည်းတုံးလေးကို
ထိုးဆွရင်း...ဝမ်းနည်းစိတ်ကြောင့်...
မျက်ရည်က အလိုလို ဝဲတတ်လာမိတယ်။

''သားကို သူက ထားသွားတာလား...

နောက်ထပ်အန်တီကြီးရဲ့စကား။

ဒီတော့မှ ဝေ့ဝဲနေတဲ့ မျက်ရည်ကို
တဖက်လှည့်ပြီး လက်ဖမိုးနဲ့ အသာသုတ်ရင်း
ပတ်ဝန်းကျင်ကို ဂရုစိုက်မိတော့...

''အို..ကျနော်ဖြင့်ရှက်လိုက်တာ...

တခြားဝိုင်းက စုံတွဲတစ်တစ်တွဲရယ်....
နောက်..ကောင်မလေးသုံးယောက်ရယ်..
ထိုင်နေရင်းက
ကျနော့်ကို အကဲခတ်သလို ကြည့်နေကြတယ်။

''အသည်းကွဲနေတဲ့ ငတိတစ်ကောင်ကို
ဝိုင်းပြီး လှောင်နေတဲ့ အကြည့်မျိုးတွေနဲ့ပေါ့။

''စိတ်မကောင်းမဖြစ်ပါနဲ့သားရယ်...
သူ ထားသွားလည်း နောက်တစ်ယောက်ရှာပေါ့...

အန်တီကြီးက လုပ်ပြန်တယ်။

ရှက်တာရော...
ခံပြင်းတာရော
မခံချင်တာပါ စုပြီး...

အန်တီကြီးကို ကျနော်ပြန်အျောလိုကျတယျ။

''ဟာ..အန်တီက စောက်စိရှည်လိုက်တာဗျာ...
ရော့..ပိုက်ဆံ...ဆိုပြီး ထောင်တန်တစ်ရွက်
စားပွဲပေါ်ချပြီး စိတ်ဆိုးဆိုးနဲ့ ကျနော်
ထွက်လာခဲ့လိုက်တယ်။

ဒီနေရာမှာ လွတ်လွတ်လပ်လပ်ပဲ...
အဲဒီတုန်းက ပြောခဲ့တဲ့
ခံစားချက်အတိုင်းရေးပါရစေခင်ဗျာ။
ကျနော်ရိုင်းတာမဟုတ်ပါဘူး။

''ဝက်သားဒုတ်ထိုးဆိုင်တွေမြင်တိုင်း
နာကျင်ရလွန်းလို့ပါ...

''ညိုရယ်''

လွမ်းတယ်ကွယ်။..🙄🙄🙄

20.6.2025
4:11PM
#ပီယ_ရွှေညာမြေ

အားလုံးပဲ မဂ်လာနံနက်ခင်းပါ။စိတ်ချမ်းသာကိုယ်ကျန်းမာနဲ့ အကျိုးစီးပွားရေးများဖြစ်ထွန်းကြပါစေ မြန်မာနိုင်ငံကြီးအမြန် အေးချမ်...
27/05/2025

အားလုံးပဲ မဂ်လာနံနက်ခင်းပါ။
စိတ်ချမ်းသာကိုယ်ကျန်းမာနဲ့ အကျိုးစီးပွားရေးများဖြစ်ထွန်းကြပါစေ မြန်မာနိုင်ငံကြီးအမြန် အေးချမ်းသာယာဖွံ့ဖြိူးပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။


Miss our old country 😭
27/05/2025

Miss our old country 😭

ဒီနေ့ဟာ ကြည်နူးစရာ အမေများနေ့ပဲ ဖြစ်ပါတယ်။ပြာသိုလပြည့် အမေများနေ့မှာ နေရာအသီးသီးမှာ ရှိကြတဲ့ မိခင်များအားလုံး စိတ်၏ချမ်း...
11/05/2025

ဒီနေ့ဟာ ကြည်နူးစရာ အမေများနေ့ပဲ ဖြစ်ပါတယ်။

ပြာသိုလပြည့် အမေများနေ့မှာ နေရာအသီးသီးမှာ ရှိကြတဲ့ မိခင်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံပြီး လိုအင်ဆန္ဒတွေ မေတ္တာရဲ့ အသီးအပွင့်တွေ ခံစားနိုင်ကြပါစေကြောင်း Gangaw Represent page မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။

#အမေများနေ့

30/03/2025

Stay careful 🙏

16/03/2025

၁၀ သိန်းခွဲဆိုတာ
၁၀ သိန်းနဲ့ ၅ သောင်းလား
၁၅ သိန်းလား ?
သိရင်လဲမျှဝေကြပါအုံးရှုပ်ကုန်ပြီမို့
ဘလိုတွက်ချက်ကြလဲဘယ်အရာကအမှန်လဲ

Photo Memories 📷photos,videosများနေလို့
22/01/2025

Photo Memories 📷
photos,videosများနေလို့

Address

Yangon

Telephone

+959880222901

Website

Alerts

Be the first to know and let us send you an email when Gangaw Represent posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Gangaw Represent:

Share

Category