JUST A SHOT

JUST A SHOT A Camera is a SAVE BUTTON for THE MEMORY! 📸
Let me capture for your special moment!

လေဟာနယ်မှာ အချစ်ရှိလားတော့ မသေချာပေမဲ့တိမ်တွေပေါ်မှာတော့ ကလောမြို့လေး သေချာပေါက် ရှိပါတယ် ။ 😌ဆောင်းဦးအစ ၊ ကလော ရာသီ ရော...
22/11/2025

လေဟာနယ်မှာ အချစ်ရှိလားတော့ မသေချာပေမဲ့
တိမ်တွေပေါ်မှာတော့ ကလောမြို့လေး
သေချာပေါက် ရှိပါတယ် ။ 😌

ဆောင်းဦးအစ ၊ ကလော ရာသီ ရောက်ပီဆိုတော့
သွားချင်နေတဲ့သူတွေကို ပုံတွေကြည့်ပီး
ပိုသွားချင်အောင် တင်လိုက်ပါတယ် ခဗျာ ။ 😜

ဖက်ထားစရာအချစ် မပါတဲ့သူတွေကတော့
ကိုယ့်လက်နှစ်ဖက်ကိုယ်
တင်းတင်းဆုပ်ပီး
အအေးဒဏ်ကို
ကျော်လွှားလိုက်ကြပါလို့ 😌 ၊ ဟုတ်ကဲ့ ။

ပုံလေးတွေမှာ ဆက်ဆုံကြပါစို့ ....



ကလောရောက်ရင် ကော်ဖီတခွက်လောက်သောက်ပီးမှ ပြန်ပါ ။ ဘယ်ဆိုင်မှာထိုင်ထိုင် လှတယ် ဆိုပေမဲ့ Vibe တော့ ဘယ်တူပါ့မလဲဗျာ ။ ရှမ်းပြ...
19/11/2025

ကလောရောက်ရင် ကော်ဖီတခွက်လောက်သောက်ပီးမှ ပြန်ပါ ။
ဘယ်ဆိုင်မှာထိုင်ထိုင် လှတယ် ဆိုပေမဲ့ Vibe တော့ ဘယ်တူပါ့မလဲဗျာ ။

ရှမ်းပြည်ရဲ့ signature ခေါပုတ်ပူပူလေးကို
ပျားရည်လေးဆမ်းထားတာလေး စား ၊
နွားနို့ပူပူ ပျစ်ပျစ်လေး သောက် ၊
တောင်တန်းတွေကို မျက်စိတဆုံး ငေး ဗျားးး ။

ရပ်ကွက် ၃ ထဲမှာ ရှိတဲ့ ဒီဆိုင်လေး မရောက်ဖူးသေးရင် သွားကြည့်စေချင်တယ် ။
Village Home VH ကာဖီဆိုင် လို့ခေါ်ပါတယ် ။



ရိုက်ဖြစ်ခဲ့သော မွေးနေ့ အမှတ်တရ ပုံလေးများ...In frame - Su ပုံလေးတွေမှာ ဆက်ဆုံကြပါစို့ ခဗျာ...
16/09/2025

ရိုက်ဖြစ်ခဲ့သော မွေးနေ့ အမှတ်တရ ပုံလေးများ...

In frame - Su

ပုံလေးတွေမှာ ဆက်ဆုံကြပါစို့ ခဗျာ...

မူယာလေး မော့မော့ ဆံနွယ်ကျော့ကျော့မှာ မင်းပန်ဖို့ရည်စူး ပန်းခူးခဲ့ပီ .... လှပါတယ် မေရယ် ...ပန်းကလေး တပွင့်လို ... 🌼🌼🌼***ပ...
25/08/2025

မူယာလေး မော့မော့ ဆံနွယ်ကျော့ကျော့မှာ
မင်းပန်ဖို့ရည်စူး ပန်းခူးခဲ့ပီ ....
လှပါတယ် မေရယ် ...
ပန်းကလေး တပွင့်လို ... 🌼🌼🌼

***ပုံလေးတွေမှာ ဆက်ဆုံကြပါစို့ဗျာ ***

In frame - မြတ်လေးနွယ်
Location - ရွှေတိဂုံဘုရားစောင်းတန်း
Photo by - JUST A SHOT

ပွဲတက်ပုံလေးတွေက လိုက်ရိုက်ဖြစ်ပါတယ် ခဗျာ...page မှာ မတင်ဖြစ်တာ ကြာလို့ မေ့ကုန်ကြပီလားတောင် မသိဘူးဗျို့ ... 😅  "သင့်ရင်သ...
04/08/2025

ပွဲတက်ပုံလေးတွေက လိုက်ရိုက်ဖြစ်ပါတယ် ခဗျာ...

page မှာ မတင်ဖြစ်တာ ကြာလို့ မေ့ကုန်ကြပီလားတောင် မသိဘူးဗျို့ ... 😅

"သင့်ရင်သွေး နဲ့ သင့် Parenting Style" ဆိုတဲ့ပွဲလေးမှာ

ဆရာမလေးရဲ့ အလှပုံလေးတွေ လိုက်ရိုက်ပေးဖြစ်ပါတယ် ။

ပုံလေးတွေမှာ ဆက်ဆုံကြပါစို့ ခဗျာ....

"အပ်ချည်လုံး အိမ်ဆိုင်" တဲ့ .... နာမည်လေးက ဆန်းသလို vibe ကလည်း တမျိုးလေး သစ်တယ် ခဗျ ၊ လူငယ်တွေစုရပ် အဖြစ် နာမည်ကြီးတဲ့ န...
23/04/2025

"အပ်ချည်လုံး အိမ်ဆိုင်" တဲ့ ....

နာမည်လေးက ဆန်းသလို vibe ကလည်း တမျိုးလေး သစ်တယ် ခဗျ ၊
လူငယ်တွေစုရပ် အဖြစ် နာမည်ကြီးတဲ့ နေရာလေး တခုပေါ့ ၊
အိမ်ဆိုင် ဆိုတဲ့အတိုင်းပဲ အိမ်ကလေးနဲ့ တွဲဖွင့်ထားတဲ့ ဆိုင်ကလေးမို့
အိမ်ချက်လက်ရာလေးတွေ နဲ့ ပေါ့ပေါ့ပါးပါးစားလို့ရမဲ့ street food လေးတွေ ရတယ်ဗျာ ။ 😎

အစားအသောက်လည်း ကောင်းသလို
ဆိုင်ကလေးကို သွားလည်ရတာကိုက ရသတမျိုး ခံစားရမယ် ။
ဆိတ်လက်ဖက်ထောင်း ၊ မာလာအာလူးကြော် ၊ နွားနို့ကြော် ....
အဲ့တာလေးတွေ စားကောင်းတယ် ။

အနုပညာနဲ့ ပတ်သက်လို့ အသေးစိတ်ကလေးတွေလည်း မြင်ရမယ် ၊
အကြိုက်ဆုံးကတော့ Bohemian Vibe နဲ့ အလှဆင်ထားတဲ့ ဆိုင်ရဲ့ အပြင်အဆင်ပါ ။
လူငယ်တွေ အလာများပီး အချင်းချင်း အဖွဲ့ကျဖို့ မြန်တဲ့ ပတ်ဝန်းကျင်လေးလို့ မြင်တယ် ။

ချည်ထည်တွေမှာ လက်နဲ့ဆွဲထားတဲ့ အနုပညာတွေ ၊ ပန်းချီကားတွေ ၊
လက်မှုပစ္စည်းလေးတွေ ၊ သီချင်းတွေ စုဆိုကြ တီးကြတာတွေ ကြည့်ရင်း
လွတ်လပ်မှုကို ပြည့်ပြည့်ဝဝ ခံစားလို့ ရတယ် ။

အိမ်ရှေ့မှာ "Free Shop" ဆိုတာလေးလည်း ခင်းထားလိမ့်မယ် ။
ကိုယ့်အတွက် အသုံးတည့်မဲ့ ပစ္စည်းလေးတွေ ၊ အင်းကျီ​ ၊ အသုံးအဆောင်လေးတွေကို
"အခမဲ့" ယူနိုင်သလို ကိုယ့်ဆီမှာ ပိုနေတာလေးတွေလည်း ဝေမျှလို့ရတယ် ခဗျာ ။

ကျနော်တို့ရောက်သွားတုန်းကတော့ သင်္ကြန်တွင်းမို့
free shop လေးပိတ်ထားတာနဲ့ ပုံမရိုက်လိုက်ရဘူး ။

Recycle Art ကို အားပေးတဲ့ လူငယ့်ရပ်ဝန်းမို့ တခါလောက်တော့ အရောက်သွားကြပါ ခဗျာ ။

ဟုတ်ကဲ့ .... နေရာလေး သိချင်နေကြမယ် ထင်တယ်နော် ၊
မေမြို့မှာပါ ခဗျာ ။
ဟီး....အဝေးကြီးပဲ .... 😅

ရန်ကုန်မှာ မဟုတ်လို့ စိတ်မကောင်း ... 😁

ဘော်ဒါတို့ မေမြို့ရောက်လို့ လည်စရာ ပတ်စရာ ရှာပီဆိုရင်
သွားရမဲ့ နေရာလေးအနေနဲ့ bucket list ထဲ ထည့်ထားလိုက်ပါ ခဗျာ ....


#အပ်ချည်လုံး

စတော်ဘယ်ရီတွေ ပေါတဲ့မြို့ .....ပန်းတွေ အများကြီးပွင့်တဲ့မြို့ .....တောင်လှေကားမြို့တော်ကပန်းလိုလှတဲ့ ညီမလေးရဲ့ အလှပုံလေး...
17/04/2025

စတော်ဘယ်ရီတွေ ပေါတဲ့မြို့ .....
ပန်းတွေ အများကြီးပွင့်တဲ့မြို့ .....
တောင်လှေကားမြို့တော်က
ပန်းလိုလှတဲ့ ညီမလေးရဲ့ အလှပုံလေးတွေ ....

ပုံလေးတွေမှာ တပုံချင်း ဆက်ဆုံကြပါစို့ ခဗျာ...

မမတွေ ကဗျာဆန်ပီဆိုရင်ညီမလေးတွေ စ ငိုလို့ရပါပီ ခဗျာ .... 😎ယဥ်သော ၊ လှသော ၊ ကြည်လင်သော Client အမ ကို မွေးနေ့အမှတ်တရ ရိုက်ပ...
20/03/2025

မမတွေ ကဗျာဆန်ပီဆိုရင်
ညီမလေးတွေ စ ငိုလို့ရပါပီ ခဗျာ .... 😎

ယဥ်သော ၊ လှသော ၊ ကြည်လင်သော
Client အမ ကို
မွေးနေ့အမှတ်တရ ရိုက်ပေးဖြစ်ပါတယ် ။

အရိုက်ကောင်းလို့ ဓာတ်ပုံဆရာ
ဖိနပ်လည်း ပျောက်သွားပါတယ် ... 😂

ဒါပေမဲ့ ဒါမျိုးပုံထွက်လေးတွေ ရလာလို့
ကျေနပ်တယ် ခဗျ .... 😊

ပုံလေးတွေမှာ ဆက်ဆုံကြပါစို့ .....

သံယောဇဥ်ကို ကျနော့ရဲ့ဓာတ်ပုံတွေထဲမှာ အမှတ်တရ လာသိမ်းကြတဲ့ သူငယ်ချင်းနှစ်ယောက် ... 😊 ချစ်စရာ ၊ ကြည်နူးစရာ အမှတ်တရတွေဆိုရင...
15/03/2025

သံယောဇဥ်ကို ကျနော့ရဲ့ဓာတ်ပုံတွေထဲမှာ
အမှတ်တရ လာသိမ်းကြတဲ့
သူငယ်ချင်းနှစ်ယောက် ... 😊

ချစ်စရာ ၊ ကြည်နူးစရာ အမှတ်တရတွေဆိုရင်
နှလုံးသားထဲမှာလည်း သိမ်းထားရမှာဖြစ်သလို

ဓာတ်ပုံတွေထဲမှာလည်း သိမ်းကို သိမ်းထားရမှာ
ဖြစ်ပါတယ် ခဗျာ ....

အမှတ်တရတွေကို
လှလှလေး သိမ်းထားချင်ရင်
JAS ကို သတိရလိုက်ပါ ...

ပုံလေးတွေမှာ ဆက်ဆုံကြပါစို့ခဗျာ.........

နွေးထွေးပြီး လင်းလက်စေတဲ့အရောင်တွေနဲ့ အလှဆင်ထားတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အမှတ်တရ ပုံ​လေးများ .... 🍂🍂🍂အမှတ်တရတွေကို memory...
23/02/2025

နွေးထွေးပြီး လင်းလက်စေတဲ့အရောင်တွေနဲ့
အလှဆင်ထားတဲ့ မိန်းကလေးတစ်ယောက်ရဲ့
အမှတ်တရ ပုံ​လေးများ .... 🍂🍂🍂

အမှတ်တရတွေကို memory ထဲမှာလည်း
သိမ်းပါ.... ပုံတွေထဲမှာလည်း သိမ်းပါ ....

နှစ်ခါပြန်မရတဲ့ အမှတ်တရတွေကို
သိမ်းဖို့ ပုံလေးတွေ ရိုက်ချင်ရင်တော့
JAS ကို သတိရပါ ခဗျာ .... 😊

ရန်ကုန်မြို့ထဲက အဖြူရောင်ချည်းပဲ ကြီးစိုးတဲ့နေရာ.....ဓာတ်ဆရာများ စိတ်ကြိုက် ကွန့်မြူးလို့ရမဲ့ နေရာ....အဖြူရောင် စက္ကူပန်...
12/02/2025

ရန်ကုန်မြို့ထဲက အဖြူရောင်ချည်းပဲ
ကြီးစိုးတဲ့နေရာ.....

ဓာတ်ဆရာများ စိတ်ကြိုက်
ကွန့်မြူးလို့ရမဲ့ နေရာ....

အဖြူရောင် စက္ကူပန်းတို့ရဲ့ ကမ္ဘာ....

ပုံလေးတွေ တပုံချင်းစီကို ခံစားပေးကြပါဦး ခဗျာ.....

ဒါမျိုးအလှလေးတွေ ရိုက်ချင်ရင် cb ခဗျ ... 😊

၂ နှစ်ပြည့် anniversary အတွက်ဆိုပီး လာရိုက်တဲ့ customer လေးကို သေချာလေး စပယ်ရှယ် ရိုက်ပေးထားပါတယ် ခဗျာ....ကောင်လေးကတော့ ...
12/02/2025

၂ နှစ်ပြည့် anniversary အတွက်ဆိုပီး
လာရိုက်တဲ့ customer လေးကို
သေချာလေး စပယ်ရှယ်
ရိုက်ပေးထားပါတယ် ခဗျာ....

ကောင်လေးကတော့ ပုံထဲမပါ ပါဘူး ၊
ဘာလို့လဲဆိုတော့ ဓာတ်ပုံရိုက်ပေးနေလို့ပါ 🤪🤪🤪

ရထားဘူတာမှာ ရိုက်ဖြစ်တဲ့ အလှလေးတွေပါ ။

ပုံလေးတွေမှာ ဆက်ဆုံကြပါစို့ ခဗျာ....

Address

Yangon

Website

Alerts

Be the first to know and let us send you an email when JUST A SHOT posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category