01/10/2026
✨ အနန္တစကြာဝဠာနဲ့ ကန္တာရကျောက်ဆောင်တွေရဲ့ တိတ်တဆိတ်စကားဝိုင်း ✨
Monument Valley Nightscape
ညဉ့်နက်သန်းခေါင်၏ တိတ်ဆိတ်ငြိမ်သက်မှုအောက်မှာ သန်းပေါင်းများစွာသော ကြယ်တာရာတွေဟာ ရှေးဟောင်းသဲကန္တာရ ကျောက်တောင်ကြီးတွေ (Mitten Buttes) အပေါ်မှာ လင်းလက်လို့နေတာကိုယ်တိုင်တွေ့ခဲ့ရပါတယ်။
ညကောင်းကင်ယံရဲ့အမှောင်ထုထဲမှာပေါ်လွင်နေတဲ့ ကြယ်စုတွေနဲ့ ရှေးကျလှတဲ့ သဘာဝကျောက်ဆောင်ကြီးတွေရဲ့ ပေါင်းစပ်မှုဓာတ်ပုံမျိုးဟာ ကျနော့အတွက်တော့ စိတ်ဝိညာဉ်အထိပါ ငြိမ်သက်အေးချမ်းမှုကို ပေးစွမ်းနိုင်တဲ့ Astrophotography အနုပညာတစ်ရပ်လို့ ခံစားရပါတယ်။
ဒီလိုပုံမျိုးကို Astrophotography / Nightscape / Landscapeစတဲ့ ဓာတ်ပုံဝါသနာရှင်တွေရိုက်ယူလေ့ရှိပြီး ဒီပုံကိုတော့ ကျနော် Monument Valley Navajo Tribal Park, USA မှာရိုက်ယူခဲ့တာဖြစ်ပါတယ်။
ညကောင်းကင်ယံက ကြယ်တာရာများ နဲ့ ကြယ်စုများရဲ့ တောက်ပမှု၊ သဘာဝတောင်တန်းများရဲ့ Silhouette ပုံရိပ်များ စတာတွေကိုဓာတ်ပုံရိုက်ရတာကို မြတ်နိုးသူတွေနဲ့ စကြာဝဠာရဲ့ အလှတရားကို သဘောကျတဲ့သူတွေအတွက်အခွင့်အရေးရှိမယ်ဆို ဒီလိုနေရာမျိုးဟာ မဖြစ်မနေ သွားရောက်လည်ပတ် ရိုက်ယူသင့်တဲ့ အိပ်မက်ခရီးစဉ်တစ်ခုဖြစ်မှာ အမှန်ပါပဲလို့ ကိုယ်တိုင်သွားရောက်ရိုက်ယူရတဲ့ အတွေ့အကြုံကို မျှဝေလိုက်ရပါတယ်။
⭐️
#ခရီးသွား #ဓာတ်ပုံ #ကြယ်တာရာ #ညကောင်းကင်