Side -effect

Side -effect Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Side -effect, Photography Videography, Thegon.

ကျွန်မ မာနမကြီးပါဘူး ကိုယ့်ကို မလိုအပ်မှန်းသိရင် မတွယ်တာတတ်တဲ့ အကျင့်ပဲရှိတာ...ကျွန်မ မချစ်တတ်တာ မဟုတ်ပါဘူး ကိုယ့်ကို မခ...
11/04/2023

ကျွန်မ မာနမကြီးပါဘူး ကိုယ့်ကို
မလိုအပ်မှန်းသိရင် မတွယ်တာတတ်တဲ့ အကျင့်ပဲရှိတာ...

ကျွန်မ မချစ်တတ်တာ မဟုတ်ပါဘူး ကိုယ့်ကို
မချစ်မှန်းသိရင် လွှတ်ချတတ်တဲ့ စိတ်ကလေးပဲရှိတာ...

ကျွန်မဆိုတာ ကိုယ့်ကို မခေါ်မပြောချင်တဲ့
သူကို အောက်ကျို့ခံပြီး မခေါ်တတ်ဘူး...

မလိုမှန်းသိရင် လှည့်ထွက်ဖို့ အဆင်သင့်ပဲ...

ကိုယ့်အပေါ် သံယောဇဉ် မရှိတဲ့သူတစ်ယောက်ကို
ကျွန်မ ဘဝထဲနေရာမပေးတတ်ဘူး...

ကိုယ့်အပေါ် လိုမှသုံးတတ်တဲ့
သူတွေအတွက်လည်း ရှိမနေပေးတတ်ဘူး...

ကျွန်မ မာနကြီးတာ မဟုတ်ဘူး
ကိုယ့်ကိုယ်ကို ချစ်တာ...

တစ်ဖက်က မလိုအပ်မှန်းသိရဲ့သားနဲ့
တွယ်ကပ်နေမိရင် ကိုယ်ပဲခံစားရမယ်လေ...

ကိုယ့်ကို မချစ်မှန်းသိရဲ့သားနဲ့ ဆက်ချစ်နေရင်
နေ့တိုင်း ငိုကြွေးရမှာ ကိုယ်ကိုယ်တိုင်ပဲ မဟုတ်လား...

ကိုယ့်ကို မလိုတဲ့သူကို အောက်ကျို့ခံပြီး
တွယ်တာနေရင် ကိုယ့်ပဲ တန်ဖိုးကျမှာပေါ့...

ကျွန်မကို နာကျင်စေမယ့်
အရာတွေဆို ရှောင်တယ် ကျွန်မကို
အနာတရဖြစ်စေတဲ့ အရာတွေဆို မဖက်တွယ်တတ်ဘူး...

ကျွန်မ မာနကြီးတာမဟုတ်ပါဘူး
ကိုယ့်ကိုယ်ကို ချစ်တာပါ...❤

ဆုမြတ်နိုး { H.M.N }

” မျက်နှာကို မိတ်ကပ်နဲ့ အလှပြင်ပြီး ~~            ဘဝကို စိတ်ဓာတ်နဲ့ အလှဆင်ပါ။ ”ကိုယ့်ရဲ့ ရှင်သန်မှုလေးကို မြတ်နိုးတန်ဖို...
11/04/2023

” မျက်နှာကို မိတ်ကပ်နဲ့ အလှပြင်ပြီး ~~
ဘဝကို စိတ်ဓာတ်နဲ့ အလှဆင်ပါ။ ”

ကိုယ့်ရဲ့ ရှင်သန်မှုလေးကို မြတ်နိုးတန်ဖိုးထားရင်..
တစ်ခုခု ဆိုရင် ဝမ်းနည်းတတ်တဲ့ အကျင့်ကိုအရင် ပြင်ပါ။

ကိုယ့်မေတ္တာ ဟာ ကိုယ့်အပိုင်ပဲ ဖြစ်ချင်ရင်....
လူတိုင်းအပေါ် ယုံကြည်မှုလွန်ကဲတာတွေ လျော့ပါ။

ကိုယ့်အတွက် စိတ်အေးချမ်းသာမှုကို လိုလားတယ်ဆိုရင်.."
ထစ်ကနဲ့ရှိ ဒေါသထွက်လွယ်တတ်တဲ့ စိတ်ကိုထိန်းပါ။

ဘယ်သူမှ မခြယ်လှယ်တဲ့ ကမ္ဘာမှာ ရှင်သန်ချင်ရင်
ကိုယ့်ကိုယ်ကိုယ် ထက်မြတ်လာအောင် ကြိုးစားရပ်တည်ပါ။

တကယ်တော့ ပတ်ဝန်းကျင် ဆိုတာလည်း ~~
သူတို့အလုပ်လုပ်နေကြတာပါ သူတစ်ပါးကို ဝေဖန်မယ်
မကောင်းမြင်မယ်" အဲဒါ ပတ်ဝန်ကျင် ရဲ့ အလုပ်တစ်ခုလိုပါပဲ"

ကိုယ်ကလည်း ကိုယ့်အလုပ်ကို မမေ့ဖို့ အရေးကြီးတယ်"
လင်းလတ်နေတဲ့ နေရောင်ခြည်အောက်မှာ တောက်ပနေဖို့
ကိုယ့် လိုအပ်ချက်တွေကို ဖြစ်မြောက်လာအောင် လုပ်ရမှာပါ။

အပေါင်းအသင်းဆိုတာလည်း သူတို့သဘာဝနဲ့ သူတို့ပါ။
အောင်မြင်လာရင် အနည်းနဲ့အများတော့ ပြောင်းလဲ သွားမယ်

ကိုယ်ကလည်း ကိုယ်စိတ်သဘောထားကို ဂရုစိုက်ဖို့လိုတယ်"
မာယာ များတဲ့ လောကကြီးထဲမှာ ချစ်ခြင်းမေတ္တာကို
နားလည်မှု နဲ့ ရိုးသားစွာ တန်ဆာဆင်တတ်ဖို့ လိုတယ်"

ချစ်သူရည်းစား ဆိုတာလည်း သူတို့ ကုသိုလ်ကံနဲ့ သူတို့ပါ။
ပါးစပ်နဲ့ ချစ်ပြီး ~ အဆင်ပြေမှ အနားမှာ နေချင်တဲ့ သူကို
ကံကြမ္မာက ကိုယ့်ဆီကို ပို့ပေးလိုက်တာမျိုးတွေလည်း ရှိတယ်"

ကိုယ်ကလည်း နာကျင်မှုကို လမ်းခင်းပြီး လျှောက်ဖို့နဲ့
ဝမ်းနည်းမှု၊ ဆုံးရှုံးမှု တွေဆီက ခွန်အားယူပြီး ပြောင်းလဲဖို့
ကိုယ့်ကိုယ်ကိုယ် နားချပေး ရမှာက ကိုယ့်တာဝန်ပဲလေ"

တချို့ရေစက်တွေက ကိုယ့်ကိုနာကျင်စေတယ်
တချို့နာကျင်မှု တွေက ကိုယ့်ဘဝအတွက် အမြတ်ရတယ်"

အဓိက"က ကိုယ့်ရဲ့ အမြော်အမြင်လေးနဲ့ ကိုယ့်အတွေး
လေးတွေ စနစ်တကျ ထားတတ်ဖို့ပဲ လိုတာပါ။

အဖြစ်အပျက် တိုင်းမှာ ယူသင့်တာ ယူ"ပယ်သင့်တာ ပယ်"
ဘဝ ဟာ ကိုယ့်ရဲ့ရွေးချယ် ခံစားတတ်မှု ပါဘဲ"

ဒါကြောင့် မျက်နှာကို မိတ်ကပ်နဲ့ အလှပြင်ပြီးရင်~~
ဘဝကို စိတ်ဓာတ်နဲ့ အလှဆင်ပါ။

မင်း အနာဂတ် ကောင်းခြင်း ဆိုးခြင်း ကတော့
မင်းရဲ့ ရွေးချယ်မှုကပဲ ဆုံးဖြတ်ပေးသွားပါလိမ့်မယ်"😍

မေတ္တာများစွာဖြင့် ~ လေးစားလျှက်ပါ စာချစ်သူ"📚❤
🌻 ခိုင်(အညာမြေ) Zin Mar Khaing❤ 🌻
__________________________________
𝙒𝙧𝙞𝙩𝙚𝙧

စိတ်မြန်လက်မြန် လွှတ်ခနဲ ပြောတတ်တဲ့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ရန်======================================ဒေါသ ပါးနိုင်သမျှ ပ...
11/04/2023

စိတ်မြန်လက်မြန် လွှတ်ခနဲ ပြောတတ်တဲ့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ရန်
======================================

ဒေါသ ပါးနိုင်သမျှ ပါး‌အောင်နေပါ
အဲ့ဒီဒေါသက သင့်ကိုသာ နာကျင်စေပါတယ်
တကယ်လက်တွေ့ကျကျစဉ်းစားကြည့်ရင်....
ဒေါသဖြစ်လာတဲ့အခါ အဲဒီဒေါသရဲ့ဆိုးကျိုးကိုဦးစွာခံစားရတာကကိုယ်အရင်ပါပဲ...
ပြီးမှ သူများတွေဆီ ကူးစက်တာပါ။

🔥 ဒေါသဟာကြောက်စရာကောင်းပါတယ်....
သူငယ်ချင်းကြားမှာရှိတဲ့
ဖြူစင်တဲ့ ချစ်ခြင်းမေတ္တာတရားတွေ...
မိသားစုကြားမှာရှိတဲ့ ဖြူစင်တဲ့ နှောင်ဖွဲ့မှုသံယောဇဉ်တွေ...
ချစ်သူခင်သူတွေကြားက
သံယောဇဉ်တရားတွေ...
ကိုယ့်ပတ်ဝန်းကျင်က
လူတွေနဲ့ ကောင်းတဲ့ဆက်ဆံရေးတွေ...
ဆရာတပည့်ကြားမှာရှိတဲ့
ချစ်ခြင်းမေတ္တာတရားတွေစတဲ့...
လူသားတွေရဲ့ကောင်းတဲ့အရည်အသွေး၊ တန်ဖိုးတွေကိုဖျက်ဆီးပစ်တာဟာဒေါသပါ။

🔥 ဒေါသကြောင့်.......
သူငယ်ချင်းကောင်းတွေ ဆုံးရှုံးသွားနိုင်တယ်။
မိတ်ဆွေကောင်းတွေ ဆုံးရှုံးသွားနိုင်တယ်။
ချစ်သူ ခင်သူအချင်းချင်း
ဆက်ဆံရေးကောင်းတွေ ဆုံးရှုံးသွားနိုင်တယ်။
ဆရာကောင်းတွေ ဆုံးရှုံးသွားနိုင်တယ်။
ချစ်ခြင်းမေတ္တာတွေ ဆုံးရှုံးသွားနိုင်တယ်။
အရာအားလုံးကို ဆုံးရှုံးသွားနိုင်တယ်။

🔹 အထူးသဖြင့် သင့်ရဲ့ဖြူစင်နေတဲ့စိတ်ကို
တောင် ဆုံးရှုံးသွားနိုင်တယ်။
ဒါကြောင့်....
ဒေါသကိုအနိုင်ယူနိုင်အောင်ကြိုးစားပါ
ဒေါသကြောင့်သင့်မှာရှိတဲ့
ကောင်းတဲ့စိတ်အရည်အသွေးတွေ၊ တန်ဖိုးတွေ၊ သိက္ခာတွေ၊ မိတ်ဆွေကောင်းတွေ၊ သူငယ်ချင်းကောင်းတွေ၊ ဆရာကောင်းတွေ၊ချစ်သူခင်သူတွေ၊
မိသားစုကောင်းတွေ၊ ချစ်ခြင်းမေတ္တာတရား
တွေကို....ဆုံးရှုံးမခံပါနဲ့။

🔹 တကယ်တော့ ဘဝဆိုတာဟာ မမြဲတဲ့အတွက်ဒေါသနဲ့အသက်ရှင်နေရတာဟာ မတန်ပါဘူး။
ဒေါသဖြစ်လာရင် ငါ့မှာရှိတဲ့ ကောင်းတာတွေအားလုံးကို ဆုံးရှုံးသွားနိုင်တယ်လို့ " သတိရ " ပေးပါ။

11/04/2023
🔟 သူများပြောတိုင်း ခံစားမနေနဲ့“မင်းဘာလုပ်လုပ် လူတွေကတော့ ပြောကြမှာပဲ” ဆိုတာတွေ ကြားဖူးကြတယ်မလား။ အမှန်ပဲလေ ချစ်တဲ့သူက အက...
11/04/2023

🔟 သူများပြောတိုင်း ခံစားမနေနဲ့

“မင်းဘာလုပ်လုပ် လူတွေကတော့ ပြောကြမှာပဲ” ဆိုတာတွေ ကြားဖူးကြတယ်မလား။ အမှန်ပဲလေ ချစ်တဲ့သူက အကောင်းပြောမယ် မကြိုက်တဲ့သူက အတင်းတုပ်မယ် ဘေးလူတွေက ဝေဖန်မယ် မုန်းတဲ့သူတွေက အပုပ်ချကြမှာပဲ။ အားလုံးနောကျေနေကြတဲ့ အမှန်တရားပဲကို ဘာများကြီးကြီးကျယ်ကျယ် ခံစားနေစရာ လိုလို့လဲ။ သူက မလှဘူး ပြောတိုင်း အဲလို အလှအပမခံစားတတ်တဲ့သူအတွက် ယုံကြည်ချက်ပျောက်နေစရာ မလိုပါဘူး အလှပျက်တယ်။ ဂရုမစိုက်နဲ့။ ပတ်၀န်းကျင်က ကိုယ့်ကို အမျိုးမျိုး အကောင်းရော အဆိုးရော နည်းလမ်းပေါင်းစုံ ပြောလိမ့်မယ်။ လူငယ်တွေကိုဆို ပိုတောင်ဆိုးသေးတယ် တစ်ကွက်မှ မကျန်အောင်ကို ပြောကြတာ။ ထားလိုက် ကြားရင်လည်း ယူသင့်တာယူ၊ ပြင်သင့်တာပြင်၊ မလိုတာတွေကိုတော့ ထုတ်ချလိုက်ပါ။ သူများပြောတိုင်း ခံစားပြီး ငယ်ရွယ်နေတုန်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်တွေ မပျောက်ပါစေနဲ့နော်။ အဲလိုပြောတဲ့ လူတွေရှေ့ဆို ခေါင်းသာမော့ထားလိုက်ပါ။
လူငယ်လေးတွေရဲ့ ဘ၀ဆိုတာ ဒီလိုအရသာအစုံလေး မြည်းစမ်းကြည့်ဖူးမှ ပျော်ဖို့ကောင်းတာနော်။ လုပ်ကြည့်သင့် တာလေးတွေရော၊ ရှောင်သင့်တာလေးတွေရော၊ ဆောင်သင့်တာလေးတွေရော ပြောပြပြီးပြီဆိုတော့ ဘယ်လို ဆက်လုပ်သင့်လဲ သိကြမယ် ထင်ပါတယ်။ ပြောခဲ့ပြီးသလိုပဲ လူငယ်ဘ၀ဆိုတာ တစ်သက်မှာ တစ်ခါပဲမို့ တန်ဖိုးရှိရှိ အကျိုးရှိရှိ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းပါနော်။ ဒါမှ မလုပ်ခဲ့မိတာတွေအတွက် နောင်တမရမှာပါ။
အားလုံးပဲ ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ လူငယ်ဘ၀ကို ပိုင်ဆိုင်နိုင်ကြပါစေ။
__________________________________
𝙒𝙧𝙞𝙩𝙚𝙧

အမုန်းစကားမှာ နှစ်မျိုးရှိတယ် ။ပထမတစ်မျိုးက ဘာ‌ပဲပြောပြော မကောင်းစကားပြောတာ ။ဒုတိယတစ်မျိုးက ဖြစ်ပျက်မှာစိုးတဲ့စိတ်နဲ့ အမ...
11/04/2023

အမုန်းစကားမှာ နှစ်မျိုးရှိတယ် ။
ပထမတစ်မျိုးက ဘာ‌ပဲပြောပြော မကောင်းစကားပြောတာ ။

ဒုတိယတစ်မျိုးက ဖြစ်ပျက်မှာစိုးတဲ့စိတ်နဲ့
အမုန်းခံ စကားပြောတာ ။

အမုန်းခံရတာချင်း တူပေမယ့်
တန်ဖိုးလည်း မတူသလို
စိတ်ထားချင်းလည်း မတူဘူး ။

#မနောသီရိ
#အတွေးနဲ့အမြင်စာစုလေးများ

02/08/2021

ယောကျာ်းလေးချင်းတော့ တူကြတယ်
မိန်းကလေးတစ်ယောက်ကို Respect ရှိပြီး
တန်ဖိုးထားတက်ခြင်းကတော့ကွာတယ်..🖤
Crd

02/08/2021

မသိချင်ယောင်ဆောင်နေတာပဲ ရှိတယ်

ငါ့ကိုနာကျင်စေတဲ့
ဘယ်အရာကိုမှ တကယ်မမေ့ဘူး “(
Juu

16/06/2021

ကျတော်Dark Sideဖြစ်နေချိန်ဆို

ကျတော့်အနားမှာဘယ်သူမှမရှိကြဘူး

ကျန်တဲ့အချိန်လဲမရှိကြပါဘူး....

💔

🤡
01/01/2021

🤡

31/12/2020

ချစ်တတ်တဲ့အသဲနှလုံးရှိပီး
ချစ်မပြတတ်တဲ့ကျနော်က
ခများကို​ချစ်ခဲ့မိလို့
အရမ်းနာကျင် ရတယ်.😇

31/12/2020

ပလီပလာလဲ မပြောတတ်
မူယာမာယာလဲများမှ မများတတ်တာ
ကျနော်
ဘယ်လိုလုပ်ပြီး
ခများ ချစ်တာခံရမှာလဲ😊

Address

Thegon

Website

Alerts

Be the first to know and let us send you an email when Side -effect posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share