Team Mystic's Nat

Team Mystic's Nat The photos that I had taken will be uploaded for multiple purposes...

Pokemon Go ဂိမ်းကို တတ်သလောက် မှတ်သလောက် ၂ ရက်လောက်ရေးပြီး ပစ်ထားမိတဲ့ Page လေးကို ကိုယ်ဝါသနာပါရာ ဓါတ်ပုံရိုက်ခြင်း အနုပ...
02/12/2021

Pokemon Go ဂိမ်းကို တတ်သလောက် မှတ်သလောက် ၂ ရက်လောက်ရေးပြီး ပစ်ထားမိတဲ့ Page လေးကို ကိုယ်ဝါသနာပါရာ ဓါတ်ပုံရိုက်ခြင်း အနုပညာနဲ့ အစားထိုးသွားတော့မှာ ဖြစ်တဲ့အတွက် Page Name Change Approval လေး Facebook Team ဆီက မရခင် ကြိုစထားပါရစေ...

'နေ့နေ့ညည အလုပ်ကိုပဲ အာရုံထားပြီး သွားလာနေကြတဲ့ ဂျပန်တွေ သတိထားမိကြရဲ့လား မေးခွန်းထုတ်မိတဲ့ Pattern လေးပါ'...

တိုကျိုမြို့ တိုကျိုဘူတာရုံမှာ ရိုက်ထားတာပါ...

အသစ်တစ်ခု ပြန်အစ အာရှတော်ဝင် ဆေးရုံရှေ့က ရွှေစကြာ စားသောက်ဆိုင်မှာ ရိုက်ယူလာတဲ့ Portrait ပုံတော်နဲ့ စတင်လိုက်ပါရစေဗျာ......
02/12/2021

အသစ်တစ်ခု ပြန်အစ အာရှတော်ဝင် ဆေးရုံရှေ့က ရွှေစကြာ စားသောက်ဆိုင်မှာ ရိုက်ယူလာတဲ့ Portrait ပုံတော်နဲ့ စတင်လိုက်ပါရစေဗျာ...

Description from Wikipedia:

Ba Bo Min Gaung is a prominent 20th century weiz-za or wizard, who lived in Myanmar near Mount Popa. He is associated with Dhammazedi, a prominent king of the Hanthawaddy Kingdom of ancient Myanmar in the 15th century.

The history of Bo Min Gaung is unclear. He is believed to be born near Mount Popa and lived and practiced meditation and won his success upon occultism there.

The Dhammazedi Gaing consider him as their founder and master, as well as the future Buddha or a future king. However, this is not a standard belief in mainstream Buddhism in Myanmar.


#အဘမင်းခေါင် #ဘိုးမင်းခေါင် #အောင်မင်းခေါင်
#အဘဘိုးမင်းခေါင် #အဘအောင်မင်းခေါင်
#ဝိဇ္ဇာဘိုးမင်းခေါင် #ဝိဇ္ဇာအောင်မင်းခေါင်
#ပုပ္ပါးဝိဇ္ဇာ

A complete set of Evee’s evolution, till 2018 Feb update in Pokemon Go, defending a gym together with Snorlex, one of th...
13/02/2018

A complete set of Evee’s evolution, till 2018 Feb update in Pokemon Go, defending a gym together with Snorlex, one of the best gym-defending pokemons...

ပြန်ဆော့ကြည့်ကြပါလားဗျ... ထပ်တိုးလာတဲ့ Pokemon အကောင်သစ်တွေ အများကြီးရယ်.....

Dr. နတ်စိုး (Team Mystic: Observe, Adopt, Evolve)
Wisdom over Instinct
Calm over Valor

“Pokemon Go မှာ Curve Ball ကို Excellent ဝင်အောင် ပစ်နိုင်တဲ့ Trainer က အကောင်ပဲ”Pokemon Go ကစားတဲ့ Trainer တွေ အနေနဲ့ C...
11/08/2016

“Pokemon Go မှာ Curve Ball ကို Excellent ဝင်အောင် ပစ်နိုင်တဲ့ Trainer က အကောင်ပဲ”

Pokemon Go ကစားတဲ့ Trainer တွေ အနေနဲ့ Curveball ပစ်တတ်အောင် လေ့ကျင့်ထားရပါတယ်… Curveball သမားတွေဟာ တခြား Trainer တွေထက် Trainer Level အတက်မြန်ပါတယ်… Poke Stop မှာ Lunar Module တင်ထားပြီး Lucky Egg သုံးထားချိန်ဆို ပိုပြီးတောင် Trainer Level အတက် ကြမ်းပါသေးတယ်… Pokemon Go မှာ Trainer Level မြင့်လေ ပေါ်လာတဲ့ Pokemon တွေရဲ့ Combat Power (CP) မြင့်လေဖြစ်ပါတယ်… ကျွန်တော့်အတွက် အကောင်းဆုံးပစ်နည်းကတော့ Poke Ball ကို နာရီလက်တံ ပြောင်းပြန်အတိုင်း လည်သွားအောင် မွှေ့ပြီးတော့ Screen ရဲ့ ဘယ်ဘက်ထောင့်ကနေ ပစ်တာပဲ ဖြစ်ပါတယ်…

ပုံမှာပြထားတဲ့အတိုင်း ဘောလုံးကို လက်နဲ့ထောက်ယူပြီး Phone Screen ရဲ့ ဘယ်ဘက်ထောင့်မှာ နာရီလက်တံ ပြောင်းပြန် Direction ကိုလှည့်ပါ… အကောင်ရဲ့ အနီးအဝေးပေါ် မူတည်ပြီး မျှားအဖြူလေးတွေအတိုင်း ပစ်ရမှာ ဖြစ်ပါတယ်… အနီးဆုံး ပေါ်လာတတ်တဲ့ Pidgey (စာကလေး) ဆို P မျှား အတိုင်းပစ်ပါ… အဝေးဆုံး ပေါ်တက်တဲ့ Zubet (လင်းနို့) ကိုတော့ Z မျှား အတိုင်းပစ်ရမှာ ဖြစ်ပါတယ်…

အကောင်ရဲ့ အလယ်က အဝါရောင် အဝိုင်းလေးက အကောင်ကို ကိုယ်ဘောလုံးနဲ့ ချိန်ထားတဲ့ အခါတိုင်း အကျဉ်းအကျယ် ကစားနေတဲ့ အဝိုင်းလေးဖြစ်ပါတယ်… ပေါ်လာတဲ့ အကောင်ရဲ့ CP ပေါ်မူတည်ပြီး အနီ၊ လိမ္မော်၊ အဝါ နဲ့ အစိမ်းရောင် ကွာခြားပါတယ်… အဆိုပါ အလယ်ကအဝိုင်း အရွယ်သေးနေတဲ့ အချိန်မှာ Poke Ball ကို Curve ပစ်ရင် Curveball နှင့် ချိန်ကွင်း သေးတဲ့ Bonus ကြောင့် အကောင်လွတ်ဖို့ အခွင့်အရေး နည်းပါတယ်... နောက်ပြီးတော့ ချိန်ကွင်းသေးရဲ့ အထဲတစ်နေရာကို Poke Ball က တည့်တည့်မှန်ရင် Excellent Throw (သို့) Great Throw Bonus ရပါတယ်… Nice Throw ကတော့ အလယ်ကအဝိုင်း အရွယ်ကြီးနေတဲ့ အချိန်မှာ Poke Ball ကို တည့်တည့်မှန်အောင် ပစ်နိုင်ရင် သေချာပေါက် ရပါတယ်…

Excellent Throw အတွက် အပို 100 XP Lucky Egg နဲ့ဆို 200 XP ရပါမယ်…
Great Throw အတွက် အပို 50 XP Lucky Egg နဲ့ဆို 100 XP ရပါမယ်…
Nice Throw အတွက် အပို 10 XP Lucky Egg နဲ့ဆို 20 XP ရပါမယ်…
Cruveball က အပို 10 XP Lucky Egg နဲ့ဆို 20 XP ရပါမယ်…

Curveball Excellent Throw သမားတစ်ယောက် စုစုပေါင်း 210 XP ရတယ်… တစ်ကောင်ပစ်နိုင်တိုင်း နောက်ထပ် Pokemon တစ်ကောင်စာ XP အပိုရနေတယ်… အကယ်၍ ၁၀ ခါပစ်နိုင်တယ်ဆို Pokemon ၁၁ ကောင်စာ XP အပိုရနေတဲ့ သဘောဖြစ်ပါတယ်… Lucky Egg နဲ့ ဆို စုစုပေါင်း 420 XP ရတယ်… တစ်ကောင်ပစ်နိုင်တိုင်း Pokemon ၃ ကောင်စာ XP အပိုရနေပြီး ၅ ကောင်ပစ်နိုင်ခဲ့တိုင်း ၁၆ ကောင်စာ XP အပိုရနေမှာ ဖြစ်ပါတယ်…

Curveball Great Throw သမားတစ်ယောက် စုစုပေါင်း 160 XP ရတယ်… ဒါက ၅ ခါပစ်နိုင်တယ်ဆိုတိုင်း Pokemon ၃ ကောင်စာ XP အပိုရနေတဲ့ သဘောဖြစ်ပါတယ်… Lucky Egg နဲ့ ဆို စုစုပေါင်း 320 XP ရတယ်… တစ်ကောင်ပစ်နိုင်တိုင်း Pokemon ၂ ကောင်စာ XP အပိုရနေပြီး ၅ ကောင်ပစ်နိုင်ခဲ့တိုင်း ၁၁ ကောင်စာ XP အပိုရနေမှာ ဖြစ်ပါတယ်…

Curveball Nice Throw ကတော့ စုစုပေါင်း 120 XP ရပါတယ်… ၅ ကောင်ပစ်နိုင်မှာ တစ်ကောင်စာ အပိုရမှာ ဖြစ်ပြီး… Lucky Egg နဲ့ဆို 240 ဖြစ်တာကြောင့် ၅ ကောင်ပစ်နိုင်ခဲ့ရင် ၇ ကောင်စာ အပိုရနေမှာဖြစ်ပါတယ်…

ဒါကြောင့် အတူတူဆော့တဲ့ သူငယ်ချင်းတွေ အတူတူ ကျွန်တော်က Trainer Level 21 ရောက်နေပြီး ကျန်တဲ့ သူငယ်ချင်းတွေက Trainer Level 16-18 ကြားပဲ ရှိပါသေးတယ်…

Comment မှာ Youtube မှာ တွေ့တဲ့ Curveball ပစ်နည်း ၅၅ စက္ကန့်စာ နမူနာ Video Link တင်ထားပေးပါတယ်… ကျွန်တော့် ပစ်နည်းနဲ့ မတူပေမယ့် Curveball ရဲ့ အခြေခံ သဘောတရားကို မြင်သွားအောင်ပါ... နောက်ပြီး မြင်သာအောင် ကျွန်တော့်ရဲ့ Curveball ကြောင့် ရလာတဲ့ Bonus တွေရဲ့ Screenshots တွေကိုလည်း တင်ထားပေးပါတယ်…

Dr. နတ်စိုး (Team Mystic: Observe, Adapt, Evolve)
Wisdom over Instinct
Calm over Valor

သင်ဟာ Pokemon Fan တစ်ယောက် ဖြစ်ခဲ့တယ်ဆိုရင် တိမ်မယောင်နဲ့ နက်… လွယ်မယောင်နဲ့ ခက် ဖြစ်တာကတော့ Pokemon Go ကစားတဲ့ Trainers...
09/08/2016

သင်ဟာ Pokemon Fan တစ်ယောက် ဖြစ်ခဲ့တယ်ဆိုရင် တိမ်မယောင်နဲ့ နက်… လွယ်မယောင်နဲ့ ခက် ဖြစ်တာကတော့ Pokemon Go ကစားတဲ့ Trainers အတွက် Team ရွေးခြင်း ဖြစ်ပါတယ်… Trainer Level 5 ကိုရောက်တဲ့အခါ Gym ဝင်ဖို့ အဆင်သင့်ဖြစ်ပါပြီ… အဆိုပါ အချိန်ကျရင် Prof. Willow က အနီ၊ အပြာ၊ အဝါ အရောင် ၃ ရောင်ထဲက ၁ ရောင်ကို ရွေးခိုင်းပါတယ်… မရွေးလို့ မရဘူးလား ဆိုရင်တော့ မရပါဘူး… ရွေးရပါမယ်… အရောင်ရွေးမှသာ Gym မှာ ကစားရမယ့် ကိစ္စတွေအတွက် အဆင်ပြေပြေ ဆက်ကစားနိုင်မှာ ဖြစ်ပါတယ်… အရင်တုန်းက Pokemon Fan မဟုတ်တဲ့ Trainer တွေအတွက်တော့ ဘယ်အရောင်ရွေးရွေး ဖြစ်ပါတယ်… ဒါပေမယ့် Pokemon Fan တစ်ယောက်လို သေသေချာချာ သိပြီးမှ ရွေးမယ်ဆိုရင်တော့ -

Team Instinct (အဝါရောင်)
အသင်းခေါင်းဆောင်က Spark ဖြစ်ပါတယ်… သူက အသင်းရဲ့ နာမည် အဓိပ္ပါယ်အတိုင်း သူ့အသင်းသားတွေရဲ့ မူလ -ပင်ကိုစရိုက်ကို တန်ဖိုးထားသူ တစ်ဦး ဖြစ်ပါတယ်… အကယ်၍ သင့်စိတ်ထဲမှာ Pokemon တွေရဲ့ ယုံကြည်မှု အပြည့်နဲ့ တိုက်ပွဲဝင်ပုံစံ နှင့် စိတ်ဓါတ်မျိုးဟာ သဘာဝအတိုင်း ပါလာကာ ထက်မြက်နေတာဖြစ်တယ်လို့ ခံယူပြီး Pokemon တွေရဲ့ မူလ သဘာဝကို အရည်အသွေးတွေကို တန်ဖိုးထားတယ်ဆိုရင် Team Instinct ကို ရွေးချယ်နိုင်ပါတယ်... အဝါရောင် အသင်းရဲ့ လာဘ်ကောင်ကတော့ ဒဏ္ဍာရီငှက် Zapdos ဖြစ်ပါတယ်…

Team Mystic (အပြာရောင်)
အသင်းခေါင်းဆောင်က Blanche ဖြစ်ပါတယ်… သူက စိတ်တန်ခိုး စွမ်းအားမြင့်သူတွေနဲ့ စုစည်းထားတာ ဖြစ်ပါတယ်… အပြာရောင် အသင်းရဲ့ အဓိက စိတ်ဝင်စားမှုကတော့ ဆင့်ကဲဖြစ်စဉ် (Evolution) အပေါ်မှာ ဖြစ်ပါတယ်… သူတို့ဟာ စိတ်တန်ခိုး မြင့်မားသူတွေပီပီ တည်ငြိမ်သွေးအေးပြီး ဘယ်လိုခြိမ်းခြောက်မှုမျိုးကိုမှ တုန်လှုပ်နေမှာ မဟုတ်ပါဘူး… အကယ်၍ သင်က သွေးအေးခြင်းဟာ အောင်မြင်မှုရဲ့ သော့ချက်အဖြစ် ခံယူပြီး Pokemon တွေရဲ့ ဇီဝဖြစ်စဉ်တွေကို စိတ်ဝင်စားသလို Pokemon တွေကို ရှာဖွေဖော်ထုတ်ဖို့ စိတ်ဝင်စားသူလို့ ထင်မြင်မိရင် Team Mystic ကို ရွေးချယ်နိုင်ပါတယ်… အပြာရောင် အသင်းရဲ့ လာဘ်ကောင်ကတော့ ရေခဲကမ္ဘာက ဒဏ္ဍာရီငှက် Articuno ဖြစ်ပါတယ်…

Team Valor (အနီရောင်)
အသင်းခေါင်းဆောင်က Candela ဖြစ်ပါတယ်… သူက ရဲရင့်ပြီး စိတ်ဓါတ်ကြံခိုင်သူ တစ်ယောက်ဖြစ်ပါတယ်… ရဲရင့်ကြတဲ့ သူတို့တွေရဲ့ ယုံကြည်မှုက အောင်မြင်မှုရဖို့အတွက် သန်စွမ်းကြံခိုင်နေရမယ်ဆိုပြီး ဖြစ်ပါတယ်… ဒါကြောင့်လည်း သူတို့ဟာ Pokemon တွေကို Train ဖို့ နဲ့ Power Up ဖို့ကို အထူး စိတ်ဝင်စားကြပါတယ်… ထို့အတူ အကောင်းဆုံး Pokemon ရဖို့ လိုက်ရှာဖွေစရာ မလိုဘူး… ကိုယ့်လက်ထဲမှာရှိတဲ့ Pokemon ကို Train ယူကြမယ်ဆိုတဲ့ စိတ်မျိုးရှိသူတွေ ဖြစ်ပါတယ်… သင်ရဲ့ စိတ်ဟာ အခုလို အနီရောင်စိတ်မျိုးဆိုရင်တော့ Team Valor ကို ရွေးချယ်နိုင်ပါတယ်… အနီရောင် အသင်းရဲ့ လာဘ်ကောင်ကတော့ မီးငှက် Moltres ဖြစ်ပါတယ်…

အကယ်၍ သင်ဟာ Pokemon Fan တစ်ယောက် မဟုတ်ဘူးဆိုရင် ဘယ်အသင်းကို ရွေးချယ်ရမလဲဆိုတာ တကူးတက စဉ်းစားနေစရာ မလိုပါဘူး... ကိုယ့်စိတ်ထဲရှိတဲ့ အရောင်ကို ရွေးလိုက်ယုံပါပဲ… အပြာ နဲ့ အနီ ၂ သင်းကိုတော့ ကောင်မလေး ၂ ယောက်က ဦးဆောင်တာဖြစ်ပါတယ်… ဒါကြောင့်လည်း လက်ရှိ ကမ္ဘာပေါ်မှာ Pokemon Go ကစားတဲ့ Trainer တွေ အရွေးအများဆုံး အသင်း ၂ ခု ဖြစ်နေတာလားဆိုတာ မပြောတတ်ပါဘူး… တခြား Pokemon ဂိမ်းတွေမှာ Pikachu ပါတဲ့ အဝါက အရှိန်အဝါကြီးမားပေမယ့် Pokemon Go မှာတော့ မျက်နှာငယ်ရပါတယ်… ဒါပေမယ့်လည်း ကိုယ်ပိုင်ဆိုင်ထားတဲ့ Pokemon တွေရဲ့ CP (Combat Power) ကသာ Gym မှာ အဓိက ကျတာဖြစ်တာကြောင့် ဘယ်အရောင်ရွေးရွေး အဆင်ပြေပါတယ်… ကိုယ့်မှာ CP မြင့်တဲ့ Pokemon တွေ စုထားနိုင်ဖို့သာ အရေးကြီးပါတယ်...

သူငယ်ချင်းတွေ အတူတူ ဆော့ကြတယ်ဆိုရင်တော့ အသင်းအရောင် အတူတူနေတာ အကောင်းဆုံး ဖြစ်ပါတယ်… အတူတူ ကစားကြတဲ့ သူငယ်ချင်းတွေ အသင်းတူခြင်းအားဖြင့် Gym ကို သိမ်းပိုက်ရတာ လွယ်ကူသလို၊ အချိန်ကြာကြာလည်း စိုးမိုးထားနိုင်ပါတယ်… ဒါကြောင့် ဘယ်အရောင်ရွေးရွေး ကိုယ့်ဆီမှာ CP များတဲ့ Pokemon တွေ ရှိနေုဖို့သာဖြစ်ပြီး ကျန်တဲ့ အသင်း ၂ သင်းကို မခံချင်အောင် တမင်တကာ လေတိုက်နိုင်ဖို့ကသာ အဓိက ဖြစ်ပါတယ်… Gym မှာ Battle ဝင်ပုံ နဲ့ Training ဝင်ပုံကို သီးသန့် ရေးပါမယ်……

Dr. နတ်စိုး (Team Mystic: Observe, Adapt, Evolve)
Wisdom over Instinct
Calm over Valor

Photo: Polygon (Twitter)

Pokemon Go ကစားတဲ့ Trainers တွေ ကြားထဲမှာ တခါတခါ မျက်နှာငယ်ရတဲ့ အချက်တစ်ချက် ရှိပါတယ်… ကိုယ့်ဆီမှာ PIKACHU မရှိတဲ့ အခါမှ...
09/08/2016

Pokemon Go ကစားတဲ့ Trainers တွေ ကြားထဲမှာ တခါတခါ မျက်နှာငယ်ရတဲ့ အချက်တစ်ချက် ရှိပါတယ်… ကိုယ့်ဆီမှာ PIKACHU မရှိတဲ့ အခါမှာပေါ့ဗျာ…

Q: မင်း Level ဘယ်လောက်လဲလို့ မေးခံရတဲ့အခါ…
ကိုယ်က ၂၀ ကွ၊ ၃၀ ကွ လို့ ပြန်ဖြေနိုင်တဲ့အခါ…
တော်တော်ဆော့နိုင်တာပဲ (သို့) အားကျတယ်ကွာဆိုတဲ့ အခြေအနေတစ်ခုထက် တုန့်ပြန်မှုတွေက မပိုပေမယ့်…

Q: မင်းမှာ Pikachu ရှိလားလို့ မေးခံရလို့…
ကိုယ်က မရှိသေးဘူး ပြန်ဖြေရရင်… မင်းကလည်း Level ၂၀/၃၀ ရောက်နေပြီး Pikachu လေးတောင် မရှိသေးဘူးလားလို့ ပြန်ပြောခံရရင် အောင့်သက်သက်ဖြစ်ရပါလိမ့်မယ်…
အကယ်၍ ကိုယ်က Pikachu ရှိပြီး မေးတဲ့လူက Pikachu မရှိဘူးဆိုရင်တော့ “မင်းဘယ်လိုရတာလဲ… မိုက်တယ်ကွာ… ပြောပြ… ငါ ဘယ်မှာသွားဖမ်းရမလဲ… ဘယ်လိုလုပ်ရင် Pikachu ရမှာလဲ…” အစရှိသဖြင့် အသည်းအသန် မေးပါလိမ့်မယ်…

ဒါဟာ Pokemon Go ကစားတဲ့ Trainer တစ်ယောက်အတွက် Impression တစ်ခု ဖြစ်ပါတယ်… အိုကေ… Pikachu အကြောင်းနည်းနည်းပြောရအောင်… Pikachu ဟာ Pokemon အမျိုးအစား ၁၈ မျိုးရှိတဲ့ အထဲက Electric Pokemon အမျိုးအစားဖြစ်ပါတယ်… Pichu ကနေ Evolve ဖြစ်လာတာဖြစ်ပြီး သူ့ကို Evolve ထပ်လုပ်ရင် Raichu ဖြစ်ပါတယ်… ဒီ Pokemon Go မှာတော့ Pikachu နဲ့ Raichu ၂ မျိုးသာ ထည့်ထားပါတယ်… နောက်ပြီး Pikachu ဟာ Pokemon ရဲ့ Mascot (လာဘ်ကောင်) ဖြစ်တဲ့အတွက် Pokemon လို့ပြောလာတိုင်း Pikachu နဲ့ အများဆုံး တွဲမြင်ရမှာ ဖြစ်ပါတယ်… ဒါကြောင့် တစ်ချို့ Pokemon Fans မဟုတ်တဲ့ လူတွေအတွက် Pikachu ဟာ Pokemon လို့ပဲ ထင်နေတတ်ကြပါတယ်… ဒီလိုမျိုး Pokemon လို့ပြောလိုက်တာနဲ့ Pikachu ကိုတန်းကနဲ ပြေးမြင်ကြတဲ့ အချိန်မှာ ကိုယ်ဟာ Pokemon Go ကစားတဲ့ Trainer တစ်ယောက်ဖြစ်ပြီး Pikachu မရှိလို့ မျက်နှာငယ်ရတဲ့ ဘဝမရောက်အောင်လို့ နည်းလမ်းလေးပြောပြချင်ပါတယ်…

Pokemon Go ရဲ့ ထုံးစံအတိုင်း သွားရင်းလာရင်း Pikachu ပေါ်လာတယ် ဆိုရင် ဖမ်းလို့ရပါတယ်… ဒါမှမဟုတ် Egg ကနေ အကောင်ပေါက်တဲ့အခါ ရတတ်ပါတယ်… ဒါပေမယ့် Pokemon Go စဆော့တာနဲ့ Pikachu ကို ကိုယ်က ပထမဦးဆုံး အကောင်အဖြစ် စဖမ်းရတယ်ဆိုရင် ပိုပြီးတော့ မကောင်းဘူးလားဗျာ… နည်းလမ်းလေး ပြောပြပါမယ်… Pokemon Go စဆော့ဖို့ ဖုန်းမှာ သွင်းပြီးတာနဲ့ Application ကို ဖွင့်ဖို့ မကြိုးစားပါနဲ့ဦး… အေးအေးဆေးဆေး အကွာအဝေး တစ်ခုအထိ ဘေးအန္တရာယ် ကင်းကင်းရှင်းရှင်း လမ်းလျှောက်လို့ရမယ့် နေရာမျိုးကို အရင်ရွေးချယ်ပါ…

Pokemon ဂိမ်းတွေရဲ့ ထုံးစံအတိုင်း Pokemon Go ဟာလည်း အခု ပုံမှာပါတဲ့ အကောင် (Bulbasaur - ပိုးစိမ်းကောင်၊ Charmander - ဒိုင်နိုလေး နဲ့ Squirtle - လိပ်ကလေး) သုံးကောင် (BCS) ကို စစချင်းဆော့တဲ့ Trainer တိုင်း ဖမ်းနိုင်တဲ့ Starter အကောင်တွေအဖြစ် ထည့်ပေးထားပါတယ်… ဒီကောင်လေးတွေက Pikachu လို အဝေးကြီးနေမှာ တစ်ခါလောက် တွေ့ရတဲ့ ရှားပါးကောင်တွေ မဟုတ်ပါဘူး… မကြာမကြာ အများကြီး မတွေ့ရတတ်ပေမယ့် ဖမ်းလို့ရလေ့ ရှိပါတယ်… ဒါကြောင့် စစချင်း ပေးလာတဲ့ ဒီ BCS သုံးကောင်ကို မဖမ်းပါနဲ့… သူတို့နဲ့ ဝေးရာကို လမ်းလျှောက်ထွက်သွားလိုက်ပါ… ဒါကြောင့် အဆောက်အအုံ (သို့) နေရာငယ်လေးထဲမှာ Pokemon Go စဆော့လို့ မရပါဘူး… လမ်းလျှောက်ဖို့ နေရာအလုံအလောက် ရှိရပါမယ်… ကိုယ်က လမ်းလျှောက်ထွက်သွားလို့ အကွာအဝေးတစ်ခုကို ရောက်တဲ့အခါ ကိုယ်ထွက်လာတဲ့ နေရာက BCS ၃ ကောင်က ပျောက်သွားပြီး ကိုယ်ရောက်နေတဲ့ နေရာအနီးမှာ နောက်ထပ် အလားတူ BCS သုံးကောင် ပေါ်လာပါလိမ့်မယ်… မဖမ်းပါနဲ့ဦး… ထပ်ထွက်သွားလိုက်ပါ… ဒီလိုမျိုး BCS သုံးကောင် ပေါ်လာလိုက် ကိုယ်က မဖမ်းပဲ ထွက်သွားလိုက် သုံးကြိမ်၊ လေးကြိမ် လုပ်ပြီးတဲ့ အခါမှာတော့ Pikachu ပေါ်လာပြီ ဖြစ်ပါတယ်… အဲဒီအခါ သေသေချာချာ ဖမ်းပေတော့ဗျာ…

ဒါဟာ Cheat မဟုတ်ပါဘူး… Pokemon Go ကစားတဲ့ Trainer တစ်ယောက်အတွက် မျက်နှာမငယ်ရအောင် Nitendo က ထည့်သွင်းပေးထားတဲ့ Default ရှိပြီးသား Impression တစ်ခု ဖြစ်ပါတယ်… တချို့ဆို Level ၂၀/၃၀ လောက်ရောက်နေပြီး Pikachu မရသေးလို့ Account အသစ် ဖွင့်ပြီး ဒီနည်းအတိုင်း အစကနေ ပြန်ကစားတဲ့ လူတွေတောင် ရှိပါတယ်…

Dr. နတ်စိုး (Team Mystic: Observe, Adapt, Evolve)
Wisdom over Instinct
Calm over Valor

Pokemon Go ဆော့ရင်း ဒုက္ခရောက်ရတယ် (သို့) ပတ်ဝန်းကျင် အနှောက်အယှက်ဖြစ်ရတယ်ဆိုတဲ့ လူတွေကို ငတုံးလို့ ခေါ်ရင် ကျွန်တော်များ ...
08/08/2016

Pokemon Go ဆော့ရင်း ဒုက္ခရောက်ရတယ် (သို့) ပတ်ဝန်းကျင် အနှောက်အယှက်ဖြစ်ရတယ်ဆိုတဲ့ လူတွေကို ငတုံးလို့ ခေါ်ရင် ကျွန်တော်များ လွန်ရာကျသွားမလား…

Pokemon Go ဆော့ရင်း ဒုက္ခရောက်ရတယ် ဆိုတာက ဥာဏ်မကောင်းလို့ ဖြစ်ပါတယ်… မြေပုံပေါ်မှာ ပေါ်လာတဲ့ Pokemon အကောင်ဆီ ရောက်ဖို့ ခြေလှမ်း ဘယ်နှစ်လှမ်းပဲ လိုတော့တယ်… ညာဘက်ကို နည်းနည်းတိုး၊ ဘယ်ဘက်ကို နည်းနည်းရွေ့ လုပ်နေစရာ မလိုပါဘူး… နောက်ပြီး အေးရာအေးကြောင်း ကိုယ့်အလုပ်ကို လုပ်နေတဲ့ လူတွေရှေ့ကို ကိုယ်က ဖုန်းကြီး တကားကားနဲ့ ကင်မရာနဲ့ ချိန်လိုက်၊ အူကြောင်ကြောင် အမူအရာတွေ လုပ်ပြလိုက်ဆိုတာက မယဉ်ကျေးတဲ့ အပြုအမူမျိုး ဖြစ်ပါတယ်…

ဒါကြောင့် Pokemon Go ဆော့ရင်း ဒုက္ခရောက်ရတယ် (သို့) ပတ်ဝန်းကျင် အနှောက်အယှက်ဖြစ်ရတယ်ဆိုတဲ့ ကိစ္စမျိုး မဖြစ်ရအောင် ကင်မရာနဲ့ အကောင်ဖမ်းနေရင်း ကင်မရာပိတ်လိုက်ပါ… နောက်အကောင်တွေကျရင် ကင်မရာလိုက်ချိန်စရာ မလိုတော့ပါဘူး... ဖုန်း Screen ရဲ့ ညာဘက် အပေါ်က AR ဆိုတဲ့ ခလုပ်လေးကို ဘယ်ညာ ရွှေ့လိုက်တာနဲ့ ကင်မရာသုံးပြီး တကယ့် အပြင်က Scene နဲ့ ဖမ်းစရာ လုံးဝကို မလိုတော့ပါဘူး… အားသာချက်တွေကတော့ -

- Pokemon ပေါ်လာတဲ့အခါ ပတ်ဝန်းကျင်ကို လှည့်ပတ်ပြီးတော့ ကင်မရာကို လိုက်ချိန်နေစရာ မလိုတော့ပါဘူး… အကောင်ဆီရောက်အောင် သွားနေစရာ မလိုပါဘူး… ပေါ်လာတဲ့ အကောင်ကို ဖိလိုက်တာနဲ့ အကောင်က ကိုယ့်ဖုန်းမှာ ပေါ်လာမှာ ဖြစ်ပါတယ်… ထိုင်ရာက မထတမ်း ဖမ်းလိုက်ယုံပါပဲ…

- Virtual Background ပေါ်က Pokemon ဟာ တစ်နေရာတည်းမှာသာ ရှိနေမှာ ဖြစ်တဲ့အတွက် ဖုန်းကို ငြိမ်အောင်ကိုင်ဖို့ နှင့် ဘောလုံးကို တည့်အောင်ချိန်ဖို့ ကိစ္စ ၂ ခုကြားမှာ ဗျာများနေစရာ မလိုတော့ပါဘူး…

- သွားရင်းလာရင်း ပေါ်လာတဲ့ အကောင်ကို တကူးတက မတ်တတ်ရပ်ပြီး သေချာချိန် ဖမ်းနေစရာ မလိုပဲ အသွားမရပ်တမ်း ဖမ်းသွားလို့ရပါတယ်… ဘေးပတ်ဝန်းကျင်ကိုတော့ သတိလေးတစ်ချက် ထားပေါ့ဗျာ…

- အကောင်းဆုံး အချက်ကတော့ Pokemon ပေါ်နေတဲ့ နေရာမှာရှိတဲ့ လူတွေကို ကင်မရာကြီးနဲ့ချိန်ပြီး အူကြောင်ကြောင်တွေ လုပ်ပြနေစရာ မလိုတော့တဲ့အတွက် ကိုယ့်ကြောင့် ဘေးလူတွေ အနှောက်အယှက် လုံးဝ မဖြစ်တော့တာပါပဲ…

ဒါလေးဖတ်ပြီးသွားလည်း ကင်မရာသုံးပြီး Pokemon ဖမ်းနေသေးတယ် ဆိုရင်တော့ ခင်ဗျားဟာ ငတုံး (သို့) ဂုဏ်ဆာနေတဲ့ လူပဲ ဖြစ်ရမယ်… အရင်ဆုံး ကင်မရာပိတ်ကြည့်လိုက်ပါ… ခင်ဗျား အရင်ထက် အများကြီး စိတ်ချမ်းသာသွားပါလိမ့်မယ်……

Dr. နတ်စိုး (Team Mystic: Observe, Adapt, Evolve)
Wisdom over Instinct
Calm over Valor

Address

Boss Road
Taunggyi
06101

Website

Alerts

Be the first to know and let us send you an email when Team Mystic's Nat posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category