20/05/2019
မနက်ကဘဲ ဒီအကြောင်းတွေးနေသေးတယ်။
ဘာလို့လည်းဆိုတော့ google app တွေကို huawei ဖုန်းတွေမှာ အသုံးပြုခွင့်ပိတ်လိုက်တော့ ပာာဝေး အနေနဲ့ ရည်ရှည် ရပ်တည်ဖို့ဆိုရင်
ကိုယ်ပိုင် OS (own operating system ) တစ်ခုကို မဖြစ်မနေ တီထွင်ဖို့ လိုလာပြီဆိုတာပါဘဲ။
ဒါမှလည်း google ကနေ ဘယ်လောက် လိုက်ပိတ်နေတဲ့ အခက်အခဲကို ကျော်လွားနိုင်မှာပါ။
ဒီလိုမှမလုပ်ရင် သူရဲ့ ကမ္ဘာ အနှံ့မှာ ဖြန့်ချီနေတဲ့ မိုဘိုင်းဖုန်းတွေကို ဝယ်ယူမူ့ကျဆင်းပြီး စီးပွားရေး အရေးမလှ ဖြစ်သွားနိုင်ပါတယ်။ ဘီလီယျံနဲ့ ချီပြီး ဆုံးရှုံးနှစ်နာမူ့တွေဖြစ်သွားနိုင်လို့ပါ။
ကုမ္ပဏီကြီးတစ်ခုက ဘာဖြစ်ရင် ဘယ်လိုပြန်လုပ်မယ်ဆိုတဲ့ second plan လုပ်ထားဖို့ သိပ်အရေးကြီးပါတယ်။ ဒါပာာ ဘယ်စီးပွားရေးမဆိုလုပ်ကိုလုပ်ထားရမဲ့အချက်ပါ။
ထင်တဲအတိုင်းပါဘဲ Huawei က ကိုယ်ပိုင် OS ဖြစ်တဲ့ Hongmeng OS ကြီးကို တီထွင်ထားပြီးပါပြီလို့ google က ပိတ်ခံရတဲ့ နေ့ တနေ့တည်းကို ယနေ့ ညနေပိုင်းမှာ ကြေငြာလိုက်ပါတယ်။
သိပ်ချီးကျူးဖို့ကောင်းတဲ့ အချက်ပါ။ Plan B အရ OS တစ်ခုတီတွင်ထားရမယ်ဆိုတာကို သိနေတာဘဲဖြစ်ပါတယ်။ တီတွင်ထားတာကလည်း ၂၀၁၂ ကတည်းကလို့ ဆိုပါတယ်။ တီတွင်ထားရတဲ့ အချက်ကလည်း တနေ့ google ကနေ အပိတ်ခံရရင် လုပ်ဆောင်နိုင်ဖို့ ရည်ရွယ်ပြီး တုတ်လုပ်ထားတာလို့ Huawei ရဲ့ ဝက်ဆိုက်မှာ ရေးသားထားပါတယ်။
ဒီတော့ OS တစ်ခုက အဆင်သင့်ရှိပြီးသားဖြစ်တယ်။ ဘာတွေဆက်လုပ်ဖို့လိုလည်းဆိုတော့ ကိုယ်ပိုင် play store လည်း တည်ထောင်ရပါမယ်။
play store ကတော့ တည်တောင်ရလွယ်ပေမယ့် app တွေကို game developer တွေ ဖန်တီးနိုင်ဖို့ အချိန် အများကြီးပေးရအုံးမှာပါ။ microsoft ရဲ့ play store တောင် app တွေ နည်းနည်းလေးဘဲရှိတယ်။ အခုမှ စထောင်မယ်ဆိုရင် အတော်လေး အချိန်ပေးရပါလိမ့်မယ်။
ယခင်က ဖုန်းကုမ္ပဏီကြီးတစ်ခုဖြစ်ခဲ့တဲ့ Nokia ရဲ့ Asha platform လည်း ယခုအထိ တန်းဝင်အောင် မလုပ်နိုင်ခဲ့ပါဘူး။ Nokia လောက်အခြေအနေ ပြန်လုပ်ဖို့ သိပ်မခက်ပေမယ့် app တွေကို ရေးသားထုတ်လုပ်မယ့် developer တွေက တရုတ်နိုင်ငံ ( china ) က ပညာရှင်တွေကိုဘဲ အားကိုနေလို့မရပါဘူး။ ကမ္ဘာလုံးမှာရှိတဲ့ mobile app developer တွေကို မဖြစ်မနေ အားကိုးရမှာပါ။
ဒီတော့ ငွေကြေးပေးပြီး ubisoft တို့လို ကုမ္ပဏီကြီးတွေက huawei OS hongmeng အတွက် game တွေကို ထုတ်လုပ်ပေးပါ့မလား။ ထုတ်လုပ်ခဲ့ရင် ပြိုင်ဘက်ဖြစ်လာပြီဖြစ်တဲ့ google ကရော ကန့်သတ်လာနိုင်မလားဆိုတာတော့ စောင့်ကြည့်ရမယ်လို ပြောပါရစေ။
နေလင်းသိုက်
20.5.2019 8PM