𝙢𝙤𝙣𝙤𝙨𝙝𝙪𝙩𝙩𝙚𝙧.

  • Home
  • Myanmar
  • Taunggyi
  • 𝙢𝙤𝙣𝙤𝙨𝙝𝙪𝙩𝙩𝙚𝙧.

𝙢𝙤𝙣𝙤𝙨𝙝𝙪𝙩𝙩𝙚𝙧. street photographer -
Contact me - (+66 814 897 930)
(+959 4436 200 39)

မင်းက ရာသီဥတုပဲကိုယ်က ခံနိုင်ရည်မရှိဘူး၊အဲဒီတော့ ဖျားတယ် နာတယ် ခေါင်းကိုက်တယ် သတိရတယ်။- ဒီအိမ့်လှိုင်း
21/12/2025

မင်းက ရာသီဥတုပဲ
ကိုယ်က ခံနိုင်ရည်မရှိဘူး၊

အဲဒီတော့ ဖျားတယ် နာတယ်
ခေါင်းကိုက်တယ် သတိရတယ်။

- ဒီအိမ့်လှိုင်း

ဒီဆောင်းမှာသူနွေးပါစေပန်းတွေမှာတော့ လွမ်းခွင့်မရှိဘူးဒါပေမဲ့ ပန်းကြိုက်တဲ့သူမကိုတော့ လူတိုင်းလွမ်းခွင့်ရှိတယ်လေ၊တစ်ခါလွမ...
01/12/2025

ဒီဆောင်းမှာသူနွေးပါစေ
ပန်းတွေမှာတော့ လွမ်းခွင့်မရှိဘူး
ဒါပေမဲ့ ပန်းကြိုက်တဲ့သူမကိုတော့
လူတိုင်းလွမ်းခွင့်ရှိတယ်လေ၊

တစ်ခါလွမ်းလို့
ပန်းတစ်ပွင့်ပွင့်မယ်ဆိုရင်
တစ်လောကလုံးပန်းတွေနဲ့
ဖုံးသွားလိမ့်မယ်။

ဘယ်နှင်းတွေဝေဝေ
ငါတို့အလွမ်းတွေကြောင့် ဒီဆောင်းမှာသူနွေးပါစေ...။

-မောင်စိန်ဝင်း (ပုတီးကုန်း)

မနက်ဖြန်မှာငါပါမလာခဲ့ရင်ဒီနေ့အထိအတူရှိခဲ့တာကိုသိမ်းဆည်းပေးပါ။ချစ်ခြင်းမေတ္တာဆိုတာတော်ရုံလူ၀ယ်နိုင်တဲ့အရာမဟုတ်ဘူးခိုင်။-သ...
11/02/2025

မနက်ဖြန်မှာငါပါမလာခဲ့ရင်
ဒီနေ့အထိအတူရှိခဲ့တာကိုသိမ်းဆည်းပေးပါ။

ချစ်ခြင်းမေတ္တာဆိုတာတော်ရုံလူ၀ယ်နိုင်တဲ့အရာမဟုတ်ဘူးခိုင်။

-သူဇာ

အနာတရ ဖြစ်ခဲ့တယ် ဆိုရင်တောင်သင်ခန်းစာတော့ ရခဲ့ပါတယ်။-ခွန်း
10/02/2025

အနာတရ ဖြစ်ခဲ့တယ် ဆိုရင်တောင်
သင်ခန်းစာတော့ ရခဲ့ပါတယ်။

-ခွန်း

ချစ်တဲ့သူကိုတော့ဘဝထဲခေါ်ပီး ဒုက္ခမပေးချင်ဝေးချင်လည်း ဝေးစေ...။-ဘုန်းပြည့်စုံမင်း-အရင်နှစ်ဒီလိုနေ့ကပုံလေးတွေပါ 🩷ဒီတစ်နှစ်...
27/01/2025

ချစ်တဲ့သူကိုတော့
ဘဝထဲခေါ်ပီး ဒုက္ခမပေးချင်
ဝေးချင်လည်း ဝေးစေ...။

-ဘုန်းပြည့်စုံမင်း

-
အရင်နှစ်ဒီလိုနေ့ကပုံလေးတွေပါ 🩷
ဒီတစ်နှစ်မှာလဲ " ချယ်ရီပန်းလေး " တွေမခူးကြဖို့မေတ္တာထပ်ရပ်ခံပါတယ်ဗျ။

ကိုယ်မရှိပဲ မင်းဖြစ်ပါ့မလားလို့တွေးခဲ့ဖူးတယ် တကယ်တမ်းမင်းမရှိဘဲ ဖြစ်အောင်နေထိုင်နေရသူဟာ ကိုယ်ဖြစ်ခဲ့တယ် ။-ဂန္ဓမာ
26/01/2025

ကိုယ်မရှိပဲ မင်းဖြစ်ပါ့မလား
လို့တွေးခဲ့ဖူးတယ်
တကယ်တမ်း
မင်းမရှိဘဲ ဖြစ်အောင်နေထိုင်နေရသူဟာ
ကိုယ်ဖြစ်ခဲ့တယ် ။

-ဂန္ဓမာ

စိတ်ရှိသလောက်သာခံစားမှုနောက်ကို လိုက်ကြေးဆိုအသက်တောင် ပြန်ပါမလာဘူး - ကြည်ဇော်အေး
25/01/2025

စိတ်ရှိသလောက်သာ
ခံစားမှုနောက်ကို လိုက်ကြေးဆို
အသက်တောင် ပြန်ပါမလာဘူး

- ကြည်ဇော်အေး

တစ်ယောက်က အခိုးအငွေ့လိုပျံဝဲသွားတဲ့ အခါတစ်ယောက်က ပြာ စ လိုကျန်ရစ်ခဲ့ရတယ်-အောင်ခိုင်မြတ်
24/01/2025

တစ်ယောက်က အခိုးအငွေ့လို
ပျံဝဲသွားတဲ့ အခါ
တစ်ယောက်က ပြာ စ လို
ကျန်ရစ်ခဲ့ရတယ်

-အောင်ခိုင်မြတ်

သူ့ဘဝနဲ့သူ နေပျော်နေရင် ကိုယ့်ဘဝနဲ့ ကိုယ် ကြေကွဲရပါတယ်။-စောနန္ဒာခိုင်
23/01/2025

သူ့ဘဝနဲ့သူ နေပျော်နေရင်
ကိုယ့်ဘဝနဲ့ ကိုယ် ကြေကွဲရပါတယ်။

-စောနန္ဒာခိုင်

ချစ်ခြင်းမေတ္တာမှာဘယ်သူကပိုတယ်ဘယ်သူကလိုတယ် မယှဉ်ပါနဲ့ဘယ်သူမှမငိုအောင် လက်တွဲဖို့သာအရေးကြီးဆုံး မဟုတ်လားကွယ်။- ဆန်းကျော်စ...
22/01/2025

ချစ်ခြင်းမေတ္တာမှာ
ဘယ်သူကပိုတယ်
ဘယ်သူကလိုတယ် မယှဉ်ပါနဲ့
ဘယ်သူမှမငိုအောင် လက်တွဲဖို့သာ
အရေးကြီးဆုံး မဟုတ်လားကွယ်။

- ဆန်းကျော်စွာဝင်း

" အမေ အကြောင်း လွမ်းတဲ့သီချင်း "မင်းတို့ ယုံယုံ မယုံယုံ ငါ့အမေက ဗေဒင်တွေမေးမှာ ယတြာတွေ ချေမှာ ပရိတ်တွေ ရွတ်မှာ အိပ်မက်တွ...
21/01/2025

" အမေ အကြောင်း လွမ်းတဲ့သီချင်း "

မင်းတို့ ယုံယုံ မယုံယုံ
ငါ့အမေက ဗေဒင်တွေမေးမှာ
ယတြာတွေ ချေမှာ
ပရိတ်တွေ ရွတ်မှာ
အိပ်မက်တွေ မက်မှာ
ဖယောင်းတိုင်တွေ သက်စေ့ထွန်းမှာ
သူကြားသမျှ ဓာတ်စာတွေ စားနေမှာ
သူကြားသမျှ ဓာတ်စာတွေ ကျွေးနေမှာ
မင်းတို့ ယုံယုံ မယုံယုံ
ဒါ ငါ့ အမေ ငါတို့ကို ကာကွယ်နေတာ
ကမ္ဘာကြီး တခုလုံး ပြိုလာလည်း
ငါ့ အပေါ် မကျ
ငါ့အမေက ထမ်းထားမှာ ။

-မောင်မြတ်သူ

ကိုယ့်ကောင်းကင်မှာ မဟုတ်လည်းသက်တန့်ကြီးလှနေရင် ကျေနပ်တယ်ဘယ်အကိုင်းမှာပွင့်ပွင့် ရနံ့‌မွှေးနေရင်ကျေနပ်ပါတယ်...။ -ဆန်းကျော...
20/01/2025

ကိုယ့်ကောင်းကင်မှာ မဟုတ်လည်း
သက်တန့်ကြီးလှနေရင် ကျေနပ်တယ်
ဘယ်အကိုင်းမှာပွင့်ပွင့်
ရနံ့‌မွှေးနေရင်ကျေနပ်ပါတယ်...။

-ဆန်းကျော်စွာ၀င်း

Address

Taunggyi

Telephone

+959443620039

Website

Alerts

Be the first to know and let us send you an email when 𝙢𝙤𝙣𝙤𝙨𝙝𝙪𝙩𝙩𝙚𝙧. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category