ClickSic

ClickSic Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ClickSic, Photographer, Taunggyi.

မတော်တဆ ပြန်ဆုံမှာကို တမင်တကာကြီး မျှော်နေမိတယ်
18/02/2025

မတော်တဆ ပြန်ဆုံမှာကို
တမင်တကာကြီး မျှော်နေမိတယ်

လွမ်းနေခဲ့တာပါ။တစ်ယောက်ထဲ တစ်ကမ္ဘာထဲဖြစ်နေခဲ့ပြီးမင်းကို အလိုရှိ ရုံကလွဲမင်းအနားရောက်အောင် လှမ်းမလာနိုင်ခဲ့သူပါ။ချစ်တာကိ...
24/07/2024

လွမ်းနေခဲ့တာပါ။
တစ်ယောက်ထဲ တစ်ကမ္ဘာထဲဖြစ်နေခဲ့ပြီး
မင်းကို အလိုရှိ ရုံကလွဲ
မင်းအနားရောက်အောင် လှမ်းမလာနိုင်ခဲ့သူပါ။
ချစ်တာကို ချစ်တယ်လို့ဖွင့်ပြောခဲ့ပေမဲ့
အချစ်ဟာ ကိုယ့်ကမ္ဘာမှာမပွင့်လန်းနိုင်တဲ့
တစ်ခုတည်းသော ပန်းကလေးဖြစ်ခဲ့တယ်။
ယုံပါ
ချစ်ခဲ့တာတစ်ကယ်ပါ။

အမှတ်တရဆိုတာဆိုးသည်ဖြစ်စေ ကောင်းသည်ဖြစ်စေရင်ထဲမှာ ကျန်နေတတ်တာပဲလေအမှတ်တရတွေ ရှိနေသရွေ့ငါ လွမ်းရဦးမှာပါပဲဒါပေမယ့် နောက်ဆ...
07/06/2024

အမှတ်တရဆိုတာ
ဆိုးသည်ဖြစ်စေ ကောင်းသည်ဖြစ်စေ
ရင်ထဲမှာ ကျန်နေတတ်တာပဲလေ

အမှတ်တရတွေ ရှိနေသရွေ့
ငါ လွမ်းရဦးမှာပါပဲ

ဒါပေမယ့် နောက်ဆို
နင့်ဆီငါ စာတွေ မ ရေး တော့ ဘူး ...

သန့်ဇော်

ပီပြင်တဲ့ လူသားဘဝဆိုတာ အတူတကွရှိနေခြင်း မဟုတ်လား ။   ။-လှသန်း
07/06/2024

ပီပြင်တဲ့ လူသားဘဝဆိုတာ
အတူတကွရှိနေခြင်း မဟုတ်လား ။ ။

-လှသန်း

တစ်ယောက်ထဲလည်း အဆင်ပြေတယ်ဆိုတဲ့စိတ် ကျွန်တော့်မှာရှိတယ်ကမ်းလှမ်းလာတဲ့ မေတ္တာအရိပ်အယောင်တွေမှာကျွန်တော်လိုလားတောင်းတတဲ့ ခ...
11/04/2024

တစ်ယောက်ထဲလည်း အဆင်ပြေတယ်ဆိုတဲ့စိတ် ကျွန်တော့်မှာရှိတယ်

ကမ်းလှမ်းလာတဲ့ မေတ္တာအရိပ်အယောင်တွေမှာ
ကျွန်တော်လိုလားတောင်းတတဲ့ ချစ်ခြင်းမေတ္တာမျိုးသာ မပါခဲ့ရင် တစ်ယောက်ထဲနေသွားဖို့ ကျွန်တော်ရွေးချယ်မိလိမ့်မယ်

တစ်စုံတစ်ယောက်ရှိနေခြင်းဟာ နွေးထွေးသလို
တစ်ယောက်ထဲရှင်သန်ခြင်းဟာလည်း အေးချမ်းကြောင်း အရွယ်တစ်ခုအရောက်မှာသိလာမိတယ်

ပျော်ရွှင်ခြင်းကို ကိုယ်တိုင်ဖန်တီးပြီး
ဘယ်သူ့ကြောင့်မှ မျက်ရည်ကျရခြင်း မရှိတဲ့ဘဝမျိုးဆိုရင် အထီးကျန်ပါစေဦး မွေ့လျော်မိမှာပဲ

ဘဝက ထင်သလောက် သိပ်မကြာဘူးမဟုတ်လား
ဘယ်သူ့မျက်နှာအရိပ်အခြေမှ ကြည့်စရာမလိုဘဲ လုပ်ချင်သမျှအကုန်လုပ်နိုင်တာလည်း ကျွန်တော်သတ်မှတ်တဲ့ နေချင်စဖွယ်လောကပါပဲ။

`ပန်း’တစ်ပွင့်ကိုနွမ်းလို့ပစ်ဖူးချင် ပစ်ဖူးမယ်လူတစ်ယောက်ကို `လွမ်း’ဖို့ဘယ်သူ ချစ်ဖူးပါသတဲ့ လဲ…`ပစ်’ခဲ့တဲ့ပန်းကို ဘယ်သူမှ...
01/10/2023

`ပန်း’တစ်ပွင့်ကို
နွမ်းလို့ပစ်ဖူးချင် ပစ်ဖူးမယ်
လူတစ်ယောက်ကို `လွမ်း’ဖို့
ဘယ်သူ ချစ်ဖူးပါသတဲ့ လဲ…

`ပစ်’ခဲ့တဲ့ပန်းကို
ဘယ်သူမှ သတိတရ
မရှိကြပေမယ့်
ဖြစ်ခဲ့တဲ့ အလွမ်းကြောင့်
ရင်မှာ မထိရှ တဲ့သူ
ဘယ်မှာ ရှိပါ့မလဲ…။ ။

#လွမ်းဖို့သက်သက်မချစ်ရက်ပါ
#မောင်စိန်ဝင်းပုတီးကုန်း

တစ်နေ့တော့မင်း တစ်ယောက်တည်းကိုပဲသီးသန့်ရိုက်ပေးတတ်တဲ့ဓာတ်ပုံဆရာလုပ်မယ်’ရိုက်မယ်’ ဆိုတဲ့စကားလုံးအစား‘ချစ်တယ်’ လို့ပြောမယ်...
01/09/2023

တစ်နေ့တော့
မင်း တစ်ယောက်တည်းကိုပဲ
သီးသန့်ရိုက်ပေးတတ်တဲ့
ဓာတ်ပုံဆရာလုပ်မယ်
’ရိုက်မယ်’ ဆိုတဲ့စကားလုံးအစား
‘ချစ်တယ်’ လို့ပြောမယ်

မင်း သဘောကျစွာ လှိုက်လှိုက်လှဲလှဲပြုံးရယ်သွားစေဖို့ရည်ရွယ်ပါတယ် ။

ပင်ပန်းတယ်မဟုတ်လား။ထုတ်မပြောချင်တာတွေလည်း ရှိတယ် မဟုဝာ်လား။ငိုလို့မရလို့ ရယ်လိုက်ရတဲ့ ဟာသတွေလည်း များပြီ မဟုတ်လား။အဆင်ပြ...
31/08/2023

ပင်ပန်းတယ်မဟုတ်လား။

ထုတ်မပြောချင်တာတွေလည်း
ရှိတယ် မဟုဝာ်လား။

ငိုလို့မရလို့ ရယ်လိုက်ရတဲ့
ဟာသတွေလည်း များပြီ မဟုတ်လား။

အဆင်ပြေရဲ့လားလို့ မေးတိုင်း
ဒီလိုပါပဲလို့ ဖြေတတ်ခဲ့တာ
ဘယ်အချိန်လောက်တည်းက ဆိုတာ
မမှတ်မိတော့ဘူး မဟုတ်လား။

ပန်းတစ်ပွင့်ကိုသာ
ရဲရဲတင်းတင်း ကြည့်လိုက်ပါ ... ။

- မြကျေး -
(လွမ်းလို့ရေးတဲ့စာ)

တစ်ကယ်ကို ချစ်မိသွားတာပါအကြောင်းပြချက်ရယ်လို့မရှိပါပဲစိတ်ကလေးကသူ့ဆီမှာပဲ ကပ်တွယ်နေတာသူ့အကြောင်းလေးတွေးလိုက်ရင်ကိုကိုယ့်က...
31/08/2023

တစ်ကယ်ကို ချစ်မိသွားတာပါ
အကြောင်းပြချက်ရယ်လို့မရှိပါပဲ
စိတ်ကလေးကသူ့ဆီမှာပဲ ကပ်တွယ်နေတာ
သူ့အကြောင်းလေးတွေးလိုက်ရင်ကို
ကိုယ့်ကမ္ဘာမှာ ပန်းတွေပွင့်နေခဲ့တာ ။

🌻

𝐌𝐲 𝐒𝐭𝐨𝐫𝐲

အတူတူရှိသွားချင်တဲ့ ဆန္ဒလေးတွေရှိတယ်။ဒီနေ့ ၊ မနက်ဖြန်သေတစ်ပန်သက်တစ်ဆုံး ပေါ့။ရင်ဆိုင်စရာတွေ များတဲ့အခါတစ်ယောက်ယောက် ကိုယ...
30/08/2023

အတူတူရှိသွားချင်တဲ့ ဆန္ဒလေးတွေရှိတယ်။
ဒီနေ့ ၊ မနက်ဖြန်
သေတစ်ပန်သက်တစ်ဆုံး ပေါ့။
ရင်ဆိုင်စရာတွေ များတဲ့အခါ
တစ်ယောက်ယောက် ကိုယ့်ဘက်မှာရှိတယ်ဆိုတဲ့
အသိလေးတော့ လိုအပ်တယ်။
မင်းမှာ ကိုယ်ရှိတယ်
ကိုယ့်မှာ မင်းရှိတယ်ပါ့
တစ်နည်းအားဖြင့် လိုလေသေးမရှိတဲ့နေ့ရက်တွေ။

🌻🤍

တဖက်သူက စချစ်ရင် . . ကိုယ်ကဆက်ချစ်ပေးရတယ်နေကြာတွေမြင်ရင် သဘောကျတယ်ဆိုလို့ကြယ်စင်တွေရိတ်သိမ်းပြီး နေကြာတွေပျိုးပေးတယ်အချစ...
30/08/2023

တဖက်သူက စချစ်ရင် . .
ကိုယ်ကဆက်ချစ်ပေးရတယ်
နေကြာတွေမြင်ရင် သဘောကျတယ်ဆိုလို့
ကြယ်စင်တွေရိတ်သိမ်းပြီး နေကြာတွေပျိုးပေးတယ်
အချစ်တစ်ခုဖြစ်တည်ဖို့
အချိန်တွေအများကြီးမယူဘူး
သတ်မှတ်ချက်တွေမရှိဘူး
တကယ်လိုအပ်တာ ညာဘက်ပါးက
ပါးချိုင့်လေး သေးသေးဖြစ်မယ်
လက်မောင်းပေါ်က တက်တူးလေးဖြစ်မယ်
သူ့ မေးရိုးတလျှောက် နုတ်ခမ်းမွှေး
ရေးရေးလေးတွေဖြစ်လိမ့်မယ်
နားထောင်နေကျသီချင်းလေး တစ်ပုဒ်ဆုံးရင်
မြင်နေကြ မျက်ခုံးထူလေးတွေ
ပျောက်ကွယ်သွားမှာ စိုးတယ်
တပိုင်းတစ ကဗျာတိုလေး မရပ်တန့်သေးခင်
ကိုယ့်ဆီပြေးလာတာလေးမြင်ချင်မိတယ်
ရောင်စုံခြယ် သက်တံ့ကြီးအဆုံး
လိပ်ပြာလေးတွေ ဝဲနေတာမြင်ရင်
အဝါရောင်စိုက်ခင်းကြီးထဲ
နေကြာတွေ ပွေ့ပိုက်ပြီးစောင့်နေတဲ့
တနင်္ဂနွေနေ့လေးကိုရှာတွေ့လိမ့်မယ် . .


' ဝေးပြီးတဲ့နောက်မှာ… … 'သူပျော်နေတယ်လို့ စိတ်ထဲမှာယုံထားလိုက်တယ်နောက်ထပ် ဘာမှမသိရ မတွေ့ရ မကြားရအောင် နေတယ်ကိုယ့်စိတ်ကို...
23/08/2023

' ဝေးပြီးတဲ့နောက်မှာ… … '
သူပျော်နေတယ်လို့ စိတ်ထဲမှာ
ယုံထားလိုက်တယ်

နောက်ထပ် ဘာမှမသိရ မတွေ့ရ
မကြားရအောင် နေတယ်

ကိုယ့်စိတ်ကို ပျော်အောင်ထားတယ်
တတ်နိုင်တဲ့အခါ ရယ်တယ်
မတတ်နိုင်တဲ့အခါ ငိုတယ်

မနေ့ကထက် ဒီနေ့ပိုလှအောင် ပြုံးတယ်
သတိရတဲ့အခါ ကြယ်တွေကို ငေးတယ်

အိပ်မက်ဟာ အိပ်မက်ပဲဆိုတဲ့အကြောင်း
ကြိုးစားလက်ခံလိုက်တယ်

မထိုက်တန်လို့ ဆုံးရှုံးခဲ့ရတာတွေအတွက်
ပိုင်ဆိုင်ခွင့်ရတဲ့သူကို မုဒိတာပွားတယ်

ကိုယ်ရခဲ့ဖူးတဲ့ တစ်ရာသီစာကို
တစ်သံသရာစာအတွက်
ကျေနပ်ရောင့်ရဲလိုက်တယ်

အမှတ်တရတချို့ ပြန်တွေ့ရရင်
ကိုယ့်memoryထဲမှာပဲ
ဘယ်သူမှ မမြင်အောင်
တိတ်တိတ်ကလေး သိမ်းထားတယ်

ချစ်ခြင်းမေတ္တာဆိုတာကို စကားလုံးအဖြစ်နဲ့
ကဗျာထဲမှာ သုံးရုံလောက်ပဲ အာရုံရှိတော့တယ်

ဖြတ်မျဉ်းတစ်ကြောင်းလို
ကိုယ့်ဆီမှာ ခဏတာ
ရေစက်လာဆုံပေးတဲ့အတွက်လည်း
တစ်သက်စာ ကျေးဇူးတင်တယ်

ကြီးကြီးမားမားတွေ မလုပ်ပြချင်ပေမယ့် တခမ်းတနားတော့ တိတ်ဆိတ်ပြချင်တယ်

Address

Taunggyi

Website

Alerts

Be the first to know and let us send you an email when ClickSic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category