Just Close Feelings

Just Close Feelings personal blog

11/04/2023

နေ့တိုင်းသောက်ရမယ့်

ရက်တွေရောက်လာပြီပဲ....🤗

စိတ်တောင်မကောင်းဘူး 😁😋🤫 ":(

ရှင်သန်ရတာ  အနှစ် 20 ဝန်းကျင်ပဲရှိသေးတဲ့  ဘဝတစ်ခုမှာတောင်  ငါဟာလူ့ဘဝကိုအတော်စိတ်ကုန်နေခဲ့ပါတယ်။ ဒါကြောင့်လည်း  ဘယ်နေရာကိ...
25/12/2021

ရှင်သန်ရတာ အနှစ် 20 ဝန်းကျင်ပဲရှိသေးတဲ့ ဘဝတစ်ခုမှာတောင် ငါဟာ
လူ့ဘဝကိုအတော်စိတ်ကုန်နေခဲ့ပါတယ်။

ဒါကြောင့်လည်း ဘယ်နေရာကိုမဆို
ထွက်သွားဖို့အမြဲ အသင့်ဖြစ်နေခဲ့ပြီး
ဘယ်အရာကိုမှ ထွေထူးပြီး ကြောက်မနေတတ်ခဲ့ဘူး။

သေရဲတာမှ သတ္တိမဟုတ်ဘဲ ,
နေရဲတာလည်း သတ္တိပဲလို့
အံကျိတ်ရင်း ရှင်သန်နေထိုင်ခဲ့ရုံပါပဲ။

ခက်ခက်ခဲခဲ ပြန်ထူထလိုက်
လောကဓံက ပြန်ရိုက်ချလိုက်နဲ့
ငါဟာ ဘယ်နေ့အဆုံးသတ်ရမလဲလို့ပဲ
တစ်ခါတလေ ထိုင်စောင့်နေလိုက်ချင်တယ်။

ဒါတောင် ငါဟာ လူသားဆန်ခဲ့တယ်။
ကြင်နာတတ်တယ် , အလုပ်ကြိုးစားတယ်။
ရည်မှန်းချက်ကြီးတယ်။
သစ္စာတရားကြီးမားတယ်။

တကယ်လို့များ ငါဆိုတဲ့ ကြယ်‌လေးတလုံးသာကြွေခဲ့ရင်
ဘယ်သူ့ကိုမှ ထွေထူးပြီး ဝမ်းမနည်းစေချင်ပါဘူး။
ငါဟာ နဂိုထဲကကြွေချင်နေတဲ့ကြယ်မိုလို့ ..
အအိပ်မက်တဲ့ကြယ်မို့လို့ ..

သေဆုံးတာဟာ လွတ်မြောက်ခြင်းလို့
အမြဲတွေးနေတတ်ခဲ့လို့ပေါ့။

crd

ကျွန်တော်တို့ အသက် 14 နှစ်မှာ ငယ်ငယ်က အရမ်းလိုချင်ခဲ့တဲ့ ရီမုဒ်နဲ့ကားလေး ဝယ်နိုင်ပြီ။ လူကြီးတွေကို ပူဆာစရာမလိုတော့ဘူး။ ဒ...
25/12/2021

ကျွန်တော်တို့ အသက် 14 နှစ်မှာ ငယ်ငယ်က အရမ်းလိုချင်ခဲ့တဲ့ ရီမုဒ်နဲ့ကားလေး ဝယ်နိုင်ပြီ။ လူကြီးတွေကို ပူဆာစရာမလိုတော့ဘူး။ ဒါပေမယ့် အခုမလိုချင်တော့ဘူး။

အသက် 16 နှစ်မှာ လူကြီးတွေမပါဘဲ သူငယ်ချင်းတွေနဲ့ပဲတိရစ္ဆာန်ရုံတို့ Happy World တို့ သွားခွင့်ရပြီ။ ဒါပေမယ့် မသွားချင်တော့ဘူး။

အသက် 20 မှာ ကလပ်တက်လို့ရပြီ။ ဒါပေမယ့် ဆယ်တန်းတုန်းက ခိုးသွားရသလောက် ရင်မခုန်တော့ဘူး။

အသက် 23 နှစ်မှာ ငယ်ငယ်က ကြိုက်ခဲ့တဲ့ ပစ္စည်းတွေ ကိုယ့်ဟာကို ဝယ်နိုင်ပြီ။ ဒါပေမယ့် မဝယ်ချင်တော့ဘူး။

ပြောချင်တာက ပျော်ရွှင်ခြင်းဆိုတာ ကိတ်မုန့်လိုပဲ။ Expire date ရှိတယ်။ အချိန်မီမစားသုံးရင် နောက်ပိုင်းမှာအရသာမရှိတော့ဘူး။

လက်ရှိအချိန်မှာလုပ်နိုင်သလောက်လုပ်ပြီး ပျော်နိုင်သလောက် ကိုယ့်ကိုယ်ကိုယ် ပျော်အောင်ထားပါ။ အရမ်းမတွေးပါနဲ့။ စိတ်ဆင်းရဲမခံပါနဲ့။ ဘဝကတိုတိုလေးပါ။

crd

03/12/2020

အေးချမ်းလှတဲ့..🌬🌬🌫

ဆောင်းရဲ့အငွေ့အသက်တွေကြားမှာ.. ☃

မင်းရဲ့ဂရုစိုက်ပေးတတ်မှူလေးတွေက ဖန်တီးယူစရာမလိုတဲ့....❄

ကိုယ့်ရဲ့နွေးထွေးမှုလေးဘဲ...❣❤

S M N
- J_C_F ~

29/11/2020

မယဥ်ကျေးပေမယ့် မရိုင်းစိုင်းပါဘူး 😊

အကျိုးလိုမှ အကြောင်းလာချိုတဲ့ 😇

မိတ်ဆွေဆိုတာမျိုးတော့ 😬

ဘယ်လောက်ကြီးမြတ်ပါစေ...

ကျွန်တော်ဗလာကောင်က..

သုညလိုသာ ပေါင်းပါတယ်... (+0)

crd....
- J_C_F~

22/11/2020

လမ်းတွေပျောက်သွားတဲ့အခါ...⛔

ကျွန်တော်ရင့်ဘတ်ထဲကိုအလည်လာပါ....✅

ကျွန်တော့်ယုယမှုနှင့် အမြတ်တနိုးဖန်တီးလေသော ...💟

ကမ္ဘာသစ်​ပေါ် ခြေချပါ...💁🏻‍♂️

ဒါဟာ ခင်ဗျားပိုင်တဲ့ကမ္ဘာဘဲ.....❣

Crd...
- J_C_F~

22/11/2020

အရိုးသားဆုံး ဝန်ခံရရင်...

ခင်ဗျား ကိုကျွန်တော်ချစ်တယ်..💞

ဒါကခင်ဗျားအတွက် ကျွန်တော်အတတ်နိုင်ဆုံး

#နူးညံ့မှုဘဲ....💜

အဖေနဲ့လည်းပြောချင်ပါတယ်....အဖေနဲ့ အမေ အပေါ်မှာ သားသမီးတွေဖုန်းပြောတဲ့ပုံမတူတဲ့အကြောင်းလေးပြောထားတာလေးအမှတ်ရမိပါတယ်။ အမေန...
08/11/2020

အဖေနဲ့လည်းပြောချင်ပါတယ်....
အဖေနဲ့ အမေ အပေါ်မှာ သားသမီးတွေဖုန်းပြောတဲ့ပုံမတူတဲ့အကြောင်းလေးပြောထားတာလေးအမှတ်ရမိပါတယ်။ အမေနဲ့ဖုန်းပြောရင်တော့ အမေနေကောင်းလား၊ ဘာတွေလုပ်နေလဲ၊ သားလည်းနေကောင်းတယ်၊ သမီးလည်းနေကောင်းတယ်။ အခွေသစ်ထွက်တာ၀ယ်ပြီးပြီလား၊ အိမ်ဆေးသုတ်တာဘာရောင်လေးလည်း အစရှိသဖြင့်ပြောဖြစ်ပေမယ့်၊ အဖေနဲ့ကျတော့ တစ်ခွန်းပဲ ပြောမိတယ်'' အဖေ အမေရောတဲ့'' ။ ဟာသလေးဆိုပေမယ့် တစ်ကယ်လည်းထိမိတဲ့ ဟာသလေးပါပဲ။
ကျွန်တော်ကိုယ်တိုင်လည်းဒီလိုပဲကြုံ ဖူးခဲ့တယ်။ ခေါ်တာတော့ အမေ့ဖုန်းပါပဲ။ ဒါပေမယ့် အမေကအိပ်ပျော်နေပြီဆိုတော့ အဖေနဲ့ပဲတွေ့ရပါတယ်။ ဟေ့ကောင်မင်းအမေအိပ်နေပြီတဲ့။ ဟုတ်အဖေဒါဆိုလည်း မနက်မှထပ်ဆက်လိုက်မယ်လို့ ပြောပြီးဖုန်းချမိသွားတယ်။
တခြားမဟုတ်ပါဘူးအဖေ....ကျွန်တော်လည်းအဖေနဲ့ဖုန်းပြောချင်ပါတယ်။
ဒါပေမယ့်ကြောက်တယ်...အဖေကလျှာရှည်ရင် မကြိုက်ဘူးမလား?....
ဘ၀တူတွေရှိဦးမယ်ထင်တယ် ၊
အဖေနဲ့အမေနေကောင်းပါစေ။

Close Feeling

ကံကြမ္မာကိုဘဲ အပြစ်မြင်မိတော့တယ် ... အချစ်ရယ် 😁  Close Feeling
06/11/2020

ကံကြမ္မာကိုဘဲ အပြစ်မြင်မိတော့တယ် ... အချစ်ရယ် 😁

Close Feeling

ငွေဆိုတာ ဒုတိယဘုရားသခင်လို့ ဆိုကြပေမဲ့ အရာရာကိုငွေကြေးနဲ့တိုင်းတာလို့မရနိုင်ပါဘူး...  Close Feeling....
04/11/2020

ငွေဆိုတာ ဒုတိယဘုရားသခင်လို့ ဆိုကြပေမဲ့
အရာရာကိုငွေကြေးနဲ့တိုင်းတာလို့မရနိုင်ပါဘူး...

Close Feeling....

ဝမ်းနည်းစရာတွေ ပျော်စရာတွေဆိုတာ ခံစားမှုရသချင်းလည်းမတူသလို အတိမ်အနက်လည်းကွာတယ်...  Close Feeling
01/11/2020

ဝမ်းနည်းစရာတွေ ပျော်စရာတွေဆိုတာ ခံစားမှုရသချင်းလည်းမတူသလို အတိမ်အနက်လည်းကွာတယ်...

Close Feeling

Address

Minbargyi Street
Sittwe

Telephone

+959263792474

Website

Alerts

Be the first to know and let us send you an email when Just Close Feelings posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Just Close Feelings:

Shortcuts

Share

Category