Diving into the Future

Diving into the Future Daily Stories of Us 💞👫🗺🧭

အရာ​တော့မသိ ပုန်းရည်ကြီးက​တော့ တွကြိုက် 😋😋
18/06/2026

အရာ​တော့မသိ ပုန်းရည်ကြီးက​တော့ တွကြိုက် 😋😋

အိမ်လွမ်းစာ ဓါတ်စာ​ချေတိ 😋😋
15/06/2026

အိမ်လွမ်းစာ ဓါတ်စာ​ချေတိ 😋😋

15/06/2026

မိုးအအီး​ချေနဲ့ ခြံထဲက သရက်သီးနဲ့
ရှယ်စားလို့​ကောင်းစာမှာ 😋😋🥗🥗

မိသားစုစာ ခွန်အားတစ်ခုဖြစ်ပါစီ 💪🏻🍀❤
09/06/2026

မိသားစုစာ ခွန်အားတစ်ခုဖြစ်ပါစီ 💪🏻🍀❤

Trapped in a Family 🍀
(မိသားစုအတွင်းမှာ ပိတ်မိသွားကြသူများ)_အပိုင်း (၁)

မိသားစုဆိုတာ ကမ္ဘာပေါ်မှာ ရှိသမျှ ခွန်အားတွေထဲက စွမ်းအားအရှိဆုံး အရာတစ်ခု ဖြစ်ပါတယ်..
“မိသားစု” ဆိုတဲ့ အတွေးကို တွေးလိုက်ရုံနဲ့ စိတ်ညစ်နေသူတွေလည်း အားတက်သွားတယ်..

စိတ်ဓါတ်ကျနေသူတွေလည်း စိတ်ခွန်အားတွေ မြင့်လာတယ်.. မလုပ်နိုင်တဲ့အရာဆိုတာ မရှိဘူး
မိသားစုအတွက်ဆိုရင် ဘာမဆိုကို လုပ်နိုင်တယ်ဆိုတဲ့ အဲဒီလိုခွန်အားမျိုးက ဘယ်မှာရှိတော့မလဲနော်..

သို့သော်လည်း လွဲမှားနေတဲ့ အရာလေးတွေ မလုပ်သင့်တဲ့ အရာလေးတွေ ရှိပါတယ်.. “မိသားစု” မို့လို့ပဲ လုပ်ပေးရမယ်, ကြည့်ရှုစောင့်ရှောက်ရမယ်,
ပေးကမ်းရမယ်.. ငွေကြေးထောက်ပံ့ရမယ်.. “မိသားစု” ထဲမှာ သားမို့လို့ သမီးမို့လို့ပဲ တာဝန်ကျေရမယ် စတဲ့ မျှော်လင့်ချက်အမှားတွေကို မထားသင့်ပါဘူး.

အခုခေတ် လူငယ်ပိုင်း, လူလတ်ပိုင်းတွေအတွက် အရမ်းကိုမှ ကြီးလေးတဲ့ တာဝန်ဖြစ်ပါတယ်.. “မိသားစု” အတွင်းမှာ သမီးမို့လို့ ပိုသိတတ်ရမယ်, သားမို့လို့ ယောကျ်ားပဲ မပေးနိုင်လည်း ဘာမှမဖြစ်ဘူး စတဲ့ လျော့ပေါ့ပေးတဲ့ အမြင်တွေ ရှိပါတယ်..

အဲဒီလို မိသားစုကို ထောက်ပံ့ပေးကမ်းဖို့အတွက်တောင် သမီးမိန်းကလေးဆီမှာပဲ တာဝန်ရှိတယ်ဆိုတဲ့ မျှော်လင့်ချက်တွေက ပိုများတတ်ကြပါတယ်..

ဒါတွေထက် အဓိကကျတဲ့ အချက်ကို ပြောပါမယ်.. လူငယ်တွေ နိုင်ငံခြားကို ရောက်လာကြတယ်, ရရာ အလုပ်ကို ပေးတဲ့ အခကြေးငွေကို ယူပြီး ဝင်လုပ်ကြတယ်.. လကုန်ရင် မိသားစုကို ငွေပြန်ပို့ကြတယ်, ထောက်ပံ့ကြတယ်, အိမ်မှာ မိသားစုဝင်တွေများတဲ့သူတွေဆိုရင် ပိုပြီးတော့ ပင်ပင်ပန်းပန်းနဲ့ ငွေရှာရတာပေါ့..

အဲဒီလိုနဲ့ တစ်လပြီး တစ်လ, တစ်နှစ်ပြီး တစ်နှစ်,
ပတ်စ်ပို့ စာအုပ်တွေသာ လဲလာရတယ်, ဒီတစ်နှစ်ပြီးရင် အိမ်ပြန်ရနိုးနိုး, နောက်တစ်နှစ်ဆိုရင် အိမ်ပြန်နိုင်ပြီ အားတင်းရင်းနှင့် အချိန်တွေဟာ အဲဒီလူငယ်တွေရဲ့ အသက်တွေကို တိုက်စားလိုက်ပါပြီ..

တကယ်တမ်းပြောရရင် မိဘတွေအနေနဲ့ သားသမီးအပေါ်မှာ တာဝန်ကျေတဲ့ မိဘတွေ ရှိသလို, တာဝန်မကျေတဲ့ မိဘတွေလည်း ရှိပါတယ်.. တာဝန်လို့ ပြောလိုက်ရင် ဘယ်အရာတွေကို လုပ်ပေးရင် တာဝန်ကျေတာလဲပေါ့.. သားသမီးတစ်ယောက် သူ့ခြေထောက်ပေါ် ရပ်တည်နိုင်ဖို့အတွက်, ဘဝအတွက် အသက်မွေးဝမ်းကြောင်း ပြုနိုင်ဖို့အတွက် တတ်သင့် တတ်ထိုက်တဲ့ အတတ်ပညာ, သိသင့်သိထိုက်တဲ့ အသိပညာတွေကို သင်ယူခွင့်ပေးရမယ်..(သားသမီးကိုယ်တိုင်က
မကြိုးစား အားထုတ်မှုနည်းလို့ ကျရှုံးတာကို မဆိုလိုပါဘူး) .

သားသမီးဆီက လွှဲပေးလိုက်တဲ့ငွေတွေကိုလည်း ဘယ်လို သုံးပြီး ဘယ်လို စုမယ် ဘယ်လို စီမံခန့်ခွဲပြီးတော့ သားသမီးတွေ ပြန်လာရင် သူတို့အတွက် အရင်းအနှီးလေးတစ်ခု ဖြစ်သွားအောင် ဖန်တီးပေးထားတယ်ဆိုတဲ့ မိဘတွေ ဘယ်နှစ်ယောက်လောက် ရှိနိုင်မလဲ​ ?

ဒီလိုနဲ့ နိုင်ငံခြား ဝေးရပ်မြေခြားမှာ တစ်ယောက် တည်း ရုန်းကန်ရင်း အလုပ်လုပ်ရင်း မိသားစုအတွက် ပိုက်ဆံထောက် ပံ့ရင်း မိသားစုဝင်တွေအားလုံးအတွက် ပံ့ပိုးနိုင်ဖို့ တစ်ယောက်တည်း လုပ်နေကြရတာပါ..

မိသားစုအတွက် ပိုက်ဆံထည့်ပေးလိုက်ရင်လည်း အကြောင်းအရင်း တစ်ခုနဲ့ ကုန်သွားတာမျိုး, အကြွေးပြန်တင်တာမျိုး, ပြန်ဆပ်ဖို့အတွက် ရုန်းကန်ရပြန်ပြီ.. ဒီသံသရာထဲက လွတ်မြောက်ဦးမှာလား ?

နင် တစ်ယောက်ပဲ အနစ်နာခံလိုက် မိသားစုအတွက် လုံလောက်ပြီ ဆိုတဲ့ တစ်ဖက်သတ် ဆုံးဖြတ်ပေးတဲ့ မိဘတွေ, သားသမီးက ပိုက်ဆံမထည့်ပေးနိုင်ရင်
မပံ့ပိုးပေးနိုင်ရင် မသိတတ်ဘူး, ငရဲအိုး ဂျိုးကပ်မဲ့သူ စတဲ့ ကျိန်စာမတိုက်ရုံတမယ် အပြောဆို ခံရမှုတွေကိုရော ဘယ်သူက သိနိုင်မှာလဲ ?

အမဲခံအိုးအနေနဲ့ တစ်မိသားစုလုံးအတွက် “သူတို့ရဲ့ဘဝတွေ” ကို ရင်းနှီးလိုက်ရတဲ့ အချိန်တွေ, နုပျိုငယ်ရွယ်မှုတွေ, လူငယ်ဘဝတွေကို ဘယ်သူက အစားထိုး ပြန်ရအောင် လုပ်ပေးမှာလဲ ?​

အဲဒါ ဘယ်တော့လဲ ဘယ်တော့လဲ​ ဘယ်တော့လဲ​?​ ငါတို့ ဘယ်အချိန်မှ အိမ်ပြန်ပြီးတော့ အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက်နေထိုင်ဖို့အတွက် ပိုက်ဆံစုမိမလဲ​?

နိုင်ငံရပ်ခြားဆိုတာလည်း သင်ယူစရာတွေ ပြည့်နှက်နေသလိုပဲ တစ်ဖက်မှာ ကိုယ့်ရဲ့ အချိန်တွေကို တိတ်ဆိတ်စွာ ခိုးယူ စားသုံးနေတဲ့ နတ်ဆိုးတစ်ကောင်အလားသာ..

ဒေစီ 🌼

Women Life - Reality
TOUCH Illustration
Nomania I2I Content Creation

Ramree Cho Yee အိမ်လွမ်းစာ မှတ်တိုင်​ချေ 🥰🍀❤😋
09/06/2026

Ramree Cho Yee
အိမ်လွမ်းစာ မှတ်တိုင်​ချေ 🥰🍀❤😋

07/06/2026

အိမ်ရှင်ထီး 🍀👨‍🍳

အမျိုးသားတွေ အိမ်မှုကိစ္စ လုပ်တာက
ရှက်စရာမဟုတ်ပါဘူး.. 🍀

ဒေစီ 🌼

Women Life - Reality
Nomania I2I Content Creation
TOUCH Illustration
Ramree Cho Yee - Local Food Online Store

Trapped in a Marriage (အိမ်ထောင်ရေးမှာ ပိတ်မိနေပြီလား ?) 🍀မင်းသမီးတော့ မလုပ်ဘူး.. ဘုရင်မပဲ လုပ်မယ်, တစ်ယောက်တည်းပဲ တောက်...
06/06/2026

Trapped in a Marriage
(အိမ်ထောင်ရေးမှာ ပိတ်မိနေပြီလား ?) 🍀

မင်းသမီးတော့ မလုပ်ဘူး.. ဘုရင်မပဲ လုပ်မယ်, တစ်ယောက်တည်းပဲ တောက်ပမယ်.. လှအောင်နေမယ်. Single life is the best.

ဒီစကားလုံးတွေဟာ ပတ်ဝန်းကျင်မှာ အမြဲတမ်းကြားနေရတဲ့ ခေတ်အစားဆုံး စကားလုံးတွေ ဖြစ်ပါတယ်.. ဒါတွေဟာ အမှန်ပါပဲ..

တစ်ယောက်တည်းဆိုရင် အထွေအထူး လိုက်ညှိနေစရာမလိုဘူး.. ဘယ်နေရာကိုပဲ သွားသွား, ဘာတွေပဲ လုပ်လုပ်, ဘာတွေကိုပဲ စားမယ်မစားဘူး, ဘယ်လို အဝတ်မျိုးကို ဝတ်မယ် မဝတ်ဘူးဆိုတာ ကိုယ့်စိတ်ကြိုက်ပဲ.. ဘယ်သူ့ ခွင့်ပြုချက်, ဘယ်သူ့အမြင်, ဘယ်သူ့သဘောထားကိုမှ ခွင့်တောင်းစရာမလိုဘူး..

ငါသည်သာ ငါဘဝရဲ့ ဘုရင်, ဘုရင်မ.. ငါဘဝကို ငါပိုင်တယ်.. "ငါ ဘုရင်မ" ဆိုတဲ့ မေခလာ သီချင်းအတိုင်းပဲ.. အရာရာတိုင်းက လွတ်လပ်တယ်..
အရာရာတိုင်းကို ကိုယ့်စိတ်ကြိုက် ဖန်တီးခွင့်ရှိတယ်.. ဒါတွေအားလုံးဟာ အမှန်တရားပါပဲ...

အိမ်ထောင်ပြုမယ် မပြုဘူး ဆိုတာက ကိုယ်တိုင်ရဲ့ ဆုံးဖြတ်ချက်, ရွေးချယ်ခွင့်ပါပဲ.. ဘယ်သူ့အမြင် ဆုံးဖြတ်ချက် ရွေးချယ်ပေးခြင်းမှ မပါဘဲနဲ့ လွတ်လပ်စွာ ဆုံးဖြတ်ထားတဲ့ ကိစ္စ ဖြစ်ဖို့လိုအပ်ပါတယ်.. ဘာကြောင့် ဒီလို ပြောရလဲဆိုရင် ဒေစီတို့ရဲ့ မိဘတွေ, အဖိုးအဖွားတွေခေတ်မှာ အဲဒီလိုမျိုး လွတ်လပ်ခွင့်တွေ မရခဲ့ကြလို့ပါပဲ.. တစ်ချို့အခြေအနေတွကလွဲရင် (မိဘတွေ သဘောမတူရင် ခိုးရာလိုက်ပြေးရတာပေါ့)

လူကြီးမိဘတွေ စီစဉ်ပေးတဲ့ အိမ်ထောင်ရေး, ပတ်ဝန်းကျင်က သင့်တော်တယ်လို့ ဆုံးဖြတ်ပေးတဲ့သူနဲ့ အတင်းအကြပ် စီစဉ်ပေးတဲ့ အိမ်ထောင်ရေးတစ်ခုကို လက်ခံခဲ့ကြရတာပါဲပဲ.. တနည်းအားဖြင့် Forced Marriage ပဲ ဖြစ်ပါတယ်..

အိမ်ထောင်ရေးထဲမှာ ပိတ်မိသွားပြီ, ငါ့ဘဝတော့ လမ်းဆုံသွားပြီ, ကလေးတစ်ယောက်, နှစ်ယောက်, သုံးယောက် အဲဒီအထက် မွေးထားသူတွေဆိုရင်
စဉ်းစားသာကြည့်လိုက်တော့..

ကလေးတွေအတွက် လုပ်ပေးရမဲ့ ကိစ္စရပ်တွေ ဘယ်လောက်များလိုက်မလဲ.. ငွေကြေးလုံလောက်တယ်ဆိုရင် ကလေးကို ပြုစုဖို့ တစ်ခုတည်းပဲ အာရုံစိုက်လို့ရတယ်..​ဝင်ငွေက မလောက်ငှ,
မလုံလောက်, ပုံမှန်မရှိဘူးဆိုရင် ဘယ်လောက်များ စိတ်ညစ်စရာကောင်းလိုက်မလဲနော် ?

အဲဒီတော့ အိမ်ထောင်ပြုလိုက်ပြီဆိုရင် ဒီလို Family Planning ကလည်း မဖြစ်မနေကို ကိုယ့်ရဲ့ အိမ်ထောင်ဖက်နဲ့ ညှိနှိုင်းဆွေးနွေးရမဲ့ ကိစ္စဖြစ်လာပြန်ပါပြီ..

တားဆေးသုံးမလား, ကလေးဘယ်နှစ်ယောက်ယူမလဲ, ဘယ်အချိန်မှာမွေးမလဲ, သားကြောဖြတ်မလား, ဘယ်လိုနည်းလမ်းသုံးမလဲ စတဲ့ အကြောင်းအရာတွေက အများကြီးပါပဲ, အခုခေတ်ဆိုရင် ပိုပြီးတော့ ရွေးချယ်စရာများပါတယ်. (ဖန်ပြွန်သန္ဓေသား) နည်းလမ်းတွေ, (မမျိုးဉ) ခဲထားလို့ရတဲ့ နည်းလမ်းတွေ စသဖြင့်အများကြီးပါပဲ..

အမျိုးသမီးတစ်ယောက်ဟာ ကိုယ်တတ်ထားတဲ့ ပညာကို ဆက်လက်ပြီး လေ့လာဆည်းပူးဖို့ အသုံးချဖို့ အခွင့်အလမ်းတွေ ရရှိထားသင့်ပါတယ်..

အိမ်ထောင်ပြုလိုက်ပြီမို့လို့ အိမ်ရှင်မ ဘဝကိုပဲ ခြေစုံပစ်ဝင်တာမျိုးတွေက အရမ်းကို အန္တရာယ်များပါတယ်.. အိမ်ထောင်တစ်ခုမှာ လင်ယောကျ်ားက ဝင်ငွေရှာပေးတာကို စီမံခန့်ခွဲတာကို ဇနီးမယားက လုပ်ရမယ်ဆိုတဲ့ အယူအဆတွေက ဆက်လက်ရှိနေကြဆဲပါပဲ. အဲဒါကို လက်ခံထားတဲ့ အမျိုးသမီးတွေ, အိမ်ရှင်မတွေလည်း ဒုနဲ့ဒေးပါပဲ..

ကိုယ်တိုင်က ဒီလို ထောက်ချောက်ထဲမှာ မပိတ်မိဖို့ အရေးကြီးပါတယ်.. အသက်မွေးဝမ်းကြောင်းလို့ရမဲ့ အတတ်ပညာ တစ်ခုခု, ပညာအရည်အချင်းတစ်ခုခု ကျွမ်းကျင်စွာ တတ်မြောက်ထားဖို့လိုအပ်ပါတယ်.. အသက်မွေးဝမ်းကြောင်း အတတ်ပညာ (life-skills) တတ်ထားရင် ဝင်ငွေရတဲ့ လုပ်ငန်းတွေ စီးပွားရေးတွေကို လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်.

ထပ်လောင်းပြောချင်တာကတော့ အိမ်ထောင်ရေးတစ်ခုမှာ ပိတ်မိသွားတယ် (သို့မဟုတ်) အိမ်ထောင် ရေးတစ်ခုကို ဘယ်လို သာယာချမ်းမြေ့အောင် တည်ဆောက်မလဲဆိုတာက ကိုယ်တိုင် ရွေးချယ် လုပ််ဆောင်လို့ရတဲ့ အရာသာ ဖြစ်ပါတယ်.. တစ်နည်းအားဖြင့် ရွေးချယ်ခြင်းပါပဲ။ ကိုယ်တိုင်က ဒီအိမ်ထောင် ရေးအတွက် ဘယ်လောက်အထိ ကြိုတင်ပြင်ဆင်မှုတွေ ညှိနှိုင်းဆွေးနွေးမှုတွေကို လုပ်ဆောင်ပြီးတော့ ဘယ်အခြေအနေ အတိုင်းအတာထိ သဘောတူညီမှုတွေ ယူထားကြမလဲဆိုတဲ့ အပေါ်မှာ တိုင်းတာလို့ရနိုင်ပါတယ်နော်..

အမျိုးသမီးတို့ရေ အိမ်ထောင်ရေးတစ်ခုမှာ ပိတ်မိမသွားစေဖို့အတွက် မှန်ကန်စွာ ရွေးချယ်တတ်ဖို့ နှင့် ဆုံးဖြတ်ချက်ချတတ်ဖို့က အရေးကြီးပါတယ်..

ဒေစီ 🌼

Women Life - Reality
Nomania I2I Content Creation
TOUCH Illustration

သေးမွှားတဲ့အလေ့အထ မှသည် စိတ်ပျော်ရွှင်ကြည်လင်မှုဆီသို့..🍀 တစ်နေ့တာမှာ ကိုယ့်ရဲ့ စိတ်ခံစားချက်တွေ ပိုကောင်းလာဖို့ဆိုရင် ဒ...
03/06/2026

သေးမွှားတဲ့အလေ့အထ မှသည်
စိတ်ပျော်ရွှင်ကြည်လင်မှုဆီသို့..🍀

တစ်နေ့တာမှာ ကိုယ့်ရဲ့ စိတ်ခံစားချက်တွေ ပိုကောင်းလာဖို့ဆိုရင် ဒီလို အသေးအမွှားလေးတွေကို နေ့စဉ် လုပ်ငန်းလေးတွေမှာလည်း ထည့်သွင်းပြီးတော့ လုပ်ဆောင်လို့ရပါတယ်နော်..

📌 အသေးအဖွဲလေးတွေကနေ စလိုက်ပါ (Start from a tiny things)

မနက်အိပ်ရာထတာ၊ ရေချိုးတာ၊ မနက်စာစားတာမျိုးလို သေးငယ်ပြီး ရိုးရှင်းတဲ့ ကိစ္စလေးတွေကနေ စတင်ပြီး နေ့စဉ်လုပ်စရာလေးတွေကို ကြိုစီစဉ်ကြည့်ပါ။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တဲ့အနေနဲ့ အာဟာရဖြစ်အောင် စားမယ်၊ အကြောလျှော့တာမျိုး ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလေးတွေ လုပ်မယ်၊ ပြီးတော့ အိပ်ချိန်မှန်အောင် အိပ်ဖို့လည်း မမေ့နဲ့နော်။

📌စိတ်အပန်းပြေစေမယ့် အရာလေးတွေ လုပ်ကြည့်ပါ (Do somethings make you happy)

စိတ်ကို ကြည်လင်စေဖို့ လေ့ကျင့်ခန်း လုပ်ပေးလို့ ရတယ်။ ဒါမှမဟုတ်ရင်လည်း စိတ်ကူးယဉ်စာအုပ်လေးတွေ ဖတ်တာ၊ စိတ်ကို တည်ငြိမ်စေတဲ့ ၊ ခွန်အားဖြစ်စေတဲ့ သီချင်းလေးတွေ နားထောင်တာမျိုး လုပ်ပေးလို့ ရပါတယ်။ ဟင်းချက်တာ၊ မုန့်ဖုတ်တာမျိုး လုပ်ကြည့်ရင်လည်း တစ်ခုခုကို ဖန်တီးလိုက်ရလို့ ပီတိဖြစ်စေနိုင်တယ်လေ။ တရားထိုင်တာ၊ ဆုတောင်းတာမျိုးကလည်း စိတ်ကို တည်ငြိမ်စေ
ပါတယ်။

📌 ခံစားချက်တွေကို ချရေးပါ ( Write daily Journaling)

စိတ်ထဲမှာ ခံစားနေရတာတွေ ရှိရင် တစ်နေ့မှာ အချိန် ၅ မိနစ်လောက်ပေးပြီး ချရေးကြည့်ပါ။ ရေးပြီးရင်တော့ ချက်ချင်း ပြန်မဖတ်နဲ့ဦးနော်၊ စိတ်ပိုပင်ပန်းသွားနိုင်လို့ပါ။

📌 အခြား ကိုယ်ယုံကြည်စိတ်ချရသူတွေနဲ့ အချိန်ဖြုန်းပါ (Spend time with loved ones)

စကားမပြောချင်ရင်တောင် သူငယ်ချင်း၊ မိသားစုတွေနဲ့ ရုပ်ရှင်အတူကြည့်တာ၊ ဂိမ်းကစားတာမျိုးလေးတွေ လုပ်ကြည့်ပါ။ အထီးကျန်ချင်စိတ် ဖြစ်လာရင် အိမ်မှာ တစ်ယောက်တည်း မနေဘဲ အဖော်တစ်ယောက် ယောက်ကို ခေါ်ထားတာ ဒါမှမဟုတ် လူရှိတဲ့ နေရာလေးတွေ သွားတာက ပိုကောင်းတယ်။

📌 စိတ်မပါလည်း နည်းနည်းလောက်တော့ လှုပ်ရှားကြည့်ပါ (Just move a little bit)

✅ တချို့အချိန်တွေမှာ ဘာမှမလုပ်ချင်စိတ် ဖြစ်နေရင်တောင် ရေချိုးတာ၊ လမ်းလျှောက်တာ မျိုးလေးတွေ လုပ်ကြည့်လိုက်ပါ။ အဲဒီလို အပြုအမူလေးနည်းနည်း ပြောင်းလဲလိုက်တာက လှုပ်ရှားမှုမရှိတဲ့ သံသရာကို ဖြတ်တောက်ပေးပြီး စိတ်ခံစားချက်ကို တဖြည်းဖြည်း ကောင်းလာစေနိုင်လို့ပါ.

‼️‼️အရေးကြီးဆုံးကတော့ ဒီအရာတွေ အားလုံးကို တစ်ပြိုင်နက်တည်း မလုပ်နိုင်ရင်လည်း လုံးဝစိတ်မပျက်ပါနဲ့။ ကိုယ့်ကိုယ်ကိုယ် သနားကြင်နာမှုလေးထားပြီး ကိုယ်လုပ်နိုင်ခဲ့တဲ့ သေးငယ်တဲ့ အောင်မြင်မှုလေးတွေကို တန်ဖိုးထားပေးပါနော်။

ဒေစီ 🌼

Women Life - Reality
Nomania I2I Content Creation
TOUCH Illustration

ငါဟာ စိတ်ထောင်းကိုယ်ကြေ ဖြစ်နေပြီလား ?🍀“ ငါတော့ ခြေကုန်လက်ပန်း ဖြစ်နေပြီ..ငါတော့ စိတ်ရောကိုယ်ပါ ပင်ပန်းနေပြီ. It's enoug...
02/06/2026

ငါဟာ စိတ်ထောင်းကိုယ်ကြေ ဖြစ်နေပြီလား ?🍀

“ ငါတော့ ခြေကုန်လက်ပန်း ဖြစ်နေပြီ..ငါတော့ စိတ်ရောကိုယ်ပါ ပင်ပန်းနေပြီ. It's enough, I'm quite. I give up everything.”

ဒီလို စကားတွေ ကိုယ်ရဲ့ပတ်ဝန်းကျင်မှာ ကြားနေရပြီိဆိုရင် တစ်ယောက်ယောက်က ပြောလာပြီဆိုရင် အဲဒါကို လျစ်လျူရှုတာမျိုး မလုပ်လိုက်ပါနဲ့နော်.

အခုလိုမျိုး အရမ်းကို ရုန်းကန်ရတဲ့ အခြေအနေတွေအောက်မှာ လူတွေဟာ စိတ်တွေကို သန်မာအောင် ကြိုးစားနေထိုင် နေကြတာပါ..

ဘယ်သူမှလည်း အဆင်မပြေကြောင်းကို တစ်ချိန်လုံး ထုတ်ဖော် မပြောချင်ကြပါဘူး.. ပြောနေတာမျိုးကိုလည်း မလုပ်ကြပါဘူး..

တစ်ချို့ဆိုရင် တိတ်တဆိတ် ပျောက်ကွယ်သွားချင်တဲ့ သူတွေလည်း ရှိပါတယ်..

အဓိပ္ပာယ်က ကိုယ်ရောစိတ်ပါ ပင်ပန်းနေပြီး Burnout ဖြစ်နေပြီဆိုတဲ့ symptoms တွေ ပြနေတာပဲ ဖြစ်ပါတယ်..

အဲဒါကို သတိမထားမိပဲ လျစ်လျုရှုလိုက်တာကနေ ဘဝကို လက်မြှောက်အရှုံးပေးပြီးတော့ ကိုယ့်ကိုကိုယ် အဆုံးစီရင် (Su***de) လုပ်သွားတဲ့သူတွေကိုလည်း အများကြီး မြင်တွေ့နေ ကြားနေရပါတယ်..

ဒီလို Burnout (စိတ်ထောင်းကိုယ်ကြေ) ဖြစ်စေတဲ့ အခြေအနေတွေက များစွာ ရှိနေနိုင်ပါတယ်.. အဲဒီလိုမျိုး အတွေးတွေ မကြာခဏ ဖြစ်လာပြီဆိုရင် ဒီအတိုင်း
မထားလိုက်ပါနဲ့..

အဲဒီလို ဖြစ်စေတဲ့ အကြောင်းအရင်းတွေ၊ ဖြစ်အောင်လို့ တွန်းပို့ပေးနေတဲ့ အရာတွေကိုလည်း သတိထားပြီး စောင့်ကြည့်ဖို့လိုပါတယ်..

ဘယ်ပြဿနာမဆို ဖြစ်ရတဲ့ အကြောင်းအရင်းရှိတာမို့ အဲဒီထဲကမှ အဓိကကျဆုံး အကြောင်းအရင်း (main causes) ၃ ခုကို ဝေမျှပေးချင်ပါတယ်..

(၁) အလုပ်ကိုင်နဲ့ ပတ်သက်သော စိတ်ဖိစီးမှုများ

ကိုယ်လုပ်နိုင်စွမ်းထက် ကိုယ်လုပ်နိုင်တဲ့ အခြေအနေတွေထက် ပိုများပြားတဲ့ အလုပ်တွေကို လုပ်ရတာမျိုး , အလုပ်လုပ်ချိန် ကြာမြင့် ရှည်လျားတာ, လုံလောက်တဲ့ အရင်းအမြစ်တွေ လေ့လာသင်ယူဖို့ အခွင့်အလမ်း နည်းပါးတာတွေ, အလုပ်တွေ ဆုံးရှုံးရနိုင်ခြေတွေ ရှိတာမျိုး , ပြင်ပကနေ ဖိအားတွေ နှင့် လိုအပ်ချက် တောင်းဆိုမှုတွေများတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ရတာမျိုးတွေ ဖြစ်ပါတယ်..

(၂) နေထိုင်မှုပုံစံနဲ့ ပတ်သက်သော စိတ်ဖိစီးမှုများ

အပြည့်အဝ နားချိန်မရှိပဲ အလုပ်လုပ်ချိန် ပိုများတာတွေ,အပေါင်းအသင်း, သူငယ်ချင်းများ, မိတ်ဆွေများနှင့် အချိန်ကုန်ဆုံးခြင်း မရှိတာတွေ, လုံလောက်တဲ့ အိပ်စက်မှုတွေ မရှိတာတွေ, အိပ်စက်ချိန်တွေ ပိုများလာတွေ, အကူအညီအထောက်အပံ့ကောင်းဖြစ်စေတဲ့ ပေါင်းသင်းဆက်ဆံရေး, ခင်မင်ရင်းနှီးတဲ့ဆက်ဆံရေး မရှိတာတွေ, မြောက်မြားစွာသော တာဝန်ယူ တာဝန်ခံရတာတွေ စတဲ့ အခြေအနေတွေဟာလည်း စိတ်ဖိစီးမှုကို ပိုမြင့်လာစေပါတယ်..

(၃)​တစ်ကိုယ်ရည်နဲ့ သက်ဆိုင်သော စိတ်ဖိစီးမှုများ

ဘယ်အရာကို ပြီးမြောက် အောင်မြင်အောင် 100% မလုပ်နိုင်ဘူးလို့ ခံစားရခြင်း, ပြီးပြည့်စုံမှုကို အလွန်အမင်း လိုလားသော သဘောထား (Perfectionist tendencies) ဘယ်အခြေအနေကိုပဲဖြစ်ဖြစ် မိမိကိုယ်တိုင်ပဲ လုပ်ကိုင်လိုစိတ်, ထိန်းချုပ်လိုစိတ် ရှိတာတွေ, သူများဆီကနေ အကူညီတောင်းရတာကို ဝန်လေးတာတွေ, တာဝန်ခွဲဝေပေးခြင်းကို တွန့်ဆုတ်တတ်တဲ့သူတွေမှာ ပိုတွေ့ရပါတယ်.. ဘယ်အရာမဆို အမြင့်ဆုံး အောင်မြင်မှုကိုပဲ ရယူလိုစိတ်ရှိကြသူတွေမှာ ပိုတွေ့ရနိုင်ပါတယ်..

မိမိကိုယ်တိုင်ရော ဘယ်လို အခြေအနေတွေ အကြောင်းအရင်းတွေထဲက ဘယ်နှစ်ခုနဲ့ ကိုက်ညီတာတွေ ရှိနေပြီလဲ ?​​
ဒီလို burnout အခြေအနေတွေ ကြုံလာရပြီဆိုရင် ဘယ်လို နည်းလမ်းတွေနဲ့ ဖြေလျှော့ကြသလဲ ?​
အတွေ့အကြုံလေးတွေ အောင်မြင်ခဲ့တဲ့ အရာလေးတွေရှိရင်လည်း comment မှာ မျှဝေပေးခဲ့လို့ ရပါတယ်နော်

ဒေစီ 🌼

Women Life - Reality
Nomania I2I Content Creation
TOUCH Illustration

မောင့်အလှအိုး​ဒေစီ​ချေနဲ့ ဖိုတိုဂွပ်ဖာမုဒ်ပြန်ဝင်လာ​သော ​မောင် 😎📷😝🥰
01/06/2026

မောင့်အလှအိုး​ဒေစီ​ချေနဲ့
ဖိုတိုဂွပ်ဖာမုဒ်ပြန်ဝင်လာ​သော ​မောင် 😎📷😝🥰

Address

Sittwe

Opening Hours

Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Diving into the Future posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share