U Win Khaing

U Win Khaing Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from U Win Khaing, Photographer, Shwegu.

ထပ်ခါထပ်ခါ တွေးမိရင်းနဲ့ပဲထပ်ခါထပ်ခါ ချစ်မိပြန်တယ် ။သိသိသာသာလေး ပိုနွေးလာတယ် ။ချစ်ခြင်းမေတ္တာ ဟာ ‌နွေးထွေးမှုဆိုရင်ကိုယ့...
26/12/2022

ထပ်ခါထပ်ခါ တွေးမိရင်းနဲ့ပဲ
ထပ်ခါထပ်ခါ ချစ်မိပြန်တယ် ။
သိသိသာသာလေး ပိုနွေးလာတယ် ။

ချစ်ခြင်းမေတ္တာ ဟာ ‌နွေးထွေးမှုဆိုရင်
ကိုယ့်ရဲ့ နွေးထွေးရာ‌လေးဟာ သူပဲ ဖြစ်ပါလိမ့်မယ် ။

Crd

ဘယ်သူကိုမှ မဆက်သွယ်ပဲနေကြည့်လိုက်ဘယ်သူကမှ တရေးတယူလုပ်ပြီးဆက်သွယ်မလာတာ သိလာလိမ့်မယ် . . .ဘယ်သူကိုမှမရောပဲ ဖာသိဖာသာနေကြည့်...
16/11/2022

ဘယ်သူကိုမှ မဆက်သွယ်ပဲနေကြည့်လိုက်
ဘယ်သူကမှ တရေးတယူလုပ်ပြီး
ဆက်သွယ်မလာတာ သိလာလိမ့်မယ် . . .

ဘယ်သူကိုမှမရောပဲ ဖာသိဖာသာနေကြည့်လိုက်
ဘယ်သူအတွက်မှ အရေးမပါတော့ဘူး
ဆိုတာ သိလာလိမ့်မယ် . . .

လိုမှဆက်သွယ်တတ်တဲ့ လိုသုံးလိုလူတွေက
လွဲရင် ကိုယ်အနားမှာ ကိုယ်ပဲရှိတယ် . . . ။

တစ်ခါတလေတော့ လောကကြီးကမတရားဘူး
ကိုယ်ဘက်ကအစစ်အမှန်တွေပေးပြီး ပြန်ရတာကျ
အတုအယောင်တွေချည်းပဲ . . .

မလိုတစ်မျိုး၊ လိုတစ်မျိုး လူတွေရယ်
မျက်နှာနှစ်ခွနဲ့ ရှေ့တစ်မျိုး၊ ကွယ်ရာတစ်မျိုး လူတွေရယ်
ကိုယ်ထက်သာမနာလိုတဲ့ လူတွေရယ်
ချောက်တွန်းတတ်တဲ့ လူတွေရယ်ကြားမှာ . . .

သိသိရက်နဲ့ဟန်ဆောင်ပြီး ပြုံးပြရတာ
အရမ်းပင်ပန်းလာပြီး . . .

အဆင်မပြေဘူးဆိုပြီး ရင်ဖွင့်တော့လည်း
နောက်ကွယ်မှာ ဟားတိုက်ရယ်တဲ့သူတွေချည်းပဲဖို့
ခံစားချက်တွေကို မြိုသိပ်တတ်လာတယ် . . .

နောက်ဆုံးတော့လည်း ကိုယ့်ကိုကိုယ်အဖော်ပြုပြီး
တဖြေးဖြေးအဆင်မပြေမှုတွေနဲ့ ရင့်ကျက်လာခဲ့တယ် . . .💪🙆‍♂️

တစ်နေ့မှာ သင်မှသင်ဖြစ်နေမယ့်လူတစ်ယောက်သင့်ဆီ ရောက်လာပါလိမ့်မယ်။သူက သင့်ရဲ့အရာရာကို လက်ခံလိမ့်မယ်။သင့်ကို အများကြီး ဂရုစိ...
06/08/2022

တစ်နေ့မှာ သင်မှသင်ဖြစ်နေမယ့်လူတစ်ယောက်
သင့်ဆီ ရောက်လာပါလိမ့်မယ်။

သူက သင့်ရဲ့အရာရာကို လက်ခံလိမ့်မယ်။
သင့်ကို အများကြီး ဂရုစိုက်လိမ့်မယ်။
သင့်ကို ကာကွယ်ပေးလိမ့်မယ်။
သင့်ကို အလုံးစုံ နားလည်နေလိမ့်မယ်။
သင့်အမှားတွေကို အပြစ်မမြင်၊
အပြစ်မတင်ဘဲ သဘောထားပြည့်၀စွာနဲ့
အမှန်ပြင်ပေးပါလိမ့်မယ်။
သူရှိတယ် လို့ တွေးလိုက်ရုံနဲ့
အရာရာ ပြီးပြည့်စုံသွားသလို
သင် ခံစားရလိမ့်မယ်။

သူက သင့်စိတ်၊ သင့်ခံစားချက်တွေကို
လုံခြုံစေပါလိမ့်မယ်။

သင့်မျက်နှာကို မြင်နေရရုံနဲ့
သူ ပြုံးပျော်နေလိမ့်မယ်။
သင့်ကို အချိန်ပေးဖို့
သူ အမြဲ ကြိုးစားနေပါလိမ့်မယ်။
သင့်ရဲ့ သံသယသေးသေးလေးအတွက်
သူကတော့ အများကြီး ရှင်းပြပါလိမ့်မယ်။
သင့်စိတ်နဲ့ပဲ သူနေပြီး
သင့်ဆန္ဒတွေတိုင်းဟာ သူ့တာ၀န် လို့
ခံယူထားပါလိမ့်မယ်။

သင်က သူ့ရဲ့အရာရာ ဖြစ်ပါတယ်။

သင့်ရဲ့ ဘယ်ကိစ္စမဆို
သူပဲ လုပ်ပေးချင်နေမယ့်သူမျိုးပါ။
သင့်ကို ကြည့်လိုက်ရုံနဲ့
သင့်အတွေးတွေကိုပါ သိရှိနေမယ့်သူမျိုးပါ။
သင့်ကို အမြဲ ရှေ့တန်းတင် ဦးစားပေးပြီး
သင် လဲကျမသွားအောင်လည်း
ထိန်းထားပေးမယ့်သူမျိုးပါ။
သင့်အတွက်ပဲ စဉ်းစားပြီး
သင်ကသာ သူ့ဘ၀အဖြစ်
သတ်မှတ်ထားမယ့်သူမျိုးပါ။
သင့်ကို မျက်ရည်မကျစေမယ့်သူမျိုးပါ။
သင့်ကို အမြဲခွင့်လွှတ်နေမယ့်သူမျိုးပါ။

သူ့ဆီမှာ သင်နဲ့အတူ ဆိုတဲ့
အနာဂတ်တွေ အများကြီး ရှိနေပါလိမ့်မယ်။

သူက သင်မကြိုက်တဲ့အရာတွေကို
သင်ပြောစရာမလိုဘဲ ရှောင်ပေးလိမ့်မယ်။
ဒါပေမယ့် သင့်ဆီက
သူမကြိုက်တဲ့ အရာတွေအတွက်တော့
သူ ကျေကျေနပ်နပ်ကြီး ခွင့်ပြုပေးလိမ့်မယ်။
ဘာလုပ်ပေးပါ လို့
သင်တောင်းဆိုစရာမလိုဘဲ
သင်လိုအပ်သမျှကို
သူ့ဘာသာ လုပ်ပေးသွားပါလိမ့်မယ်။

သင့်ရဲ့စိတ်ချမ်းသာမှု၊
သင့်ပျော်ရွှင်မှုအတွက်
ဘာမဆို အဆင်သင့်ဖြစ်နေမယ့်သူပါ။
သင့်ကို တန်ဖိုးထားမယ့်သူပါ။

သင်ကိုယ်တိုင်ကလည်း သူနဲ့ထပ်တူပါပဲ။
သူ့ဆီက သင်ရနေတဲ့ အရာရာအတိုင်း
သူ့ကို ပြန်ပေးချင်နေမှာပါ။

အဲ့ဒါကို Right Person လို့ ခေါ်ပါတယ်။
ကျွန်တော် တို့အားလုံးမှာ
Right Person ရှိပြီးသားပါ။

အချစ်ရေးကံမကောင်းဘူး ဆိုပြီးလည်း
စိတ်ဓာတ်မကျပါနဲ့။
သစ္စာဖောက်ခံရလို့လည်း မနာကြည်းပါနဲ့။
အသည်းကွဲရင်လည်း အရမ်းမငိုပါနဲ့။
တစ်စုံတစ်ယောက်ကြောင့်
နာကျင်ရရင်လည်း သိပ်မခံစားလိုက်ပါနဲ့။

ဒါတွေအားလုံးဟာ သင့်ဆီကို
သင့်ရဲ့ Right Person ရောက်လာမယ့်
Right Time မဟုတ်သေးလို့ပါပဲ။

ကျွန်တော်ကိုယ်တိုင် သိပ်မယုံကြည်ခဲ့တဲ့
Right Time / Right Person ဆိုတာ
တကယ်ရှိပါတယ်။ ❤️

🌻🤍
#ဆုမြတ်

လူအတော်များများတွေ့ဖူးတယ်...တွေ့ကာစအချိန်နဲ့ ခင်မင်ရင်းနှီးပြီးနောက်ပိုင်း ပြောင်းလဲသွားတဲ့စိတ်ဓာတ်တွေက အရမ်းသိသာတယ် ။ တ...
27/05/2022

လူအတော်များများတွေ့ဖူးတယ်...
တွေ့ကာစအချိန်နဲ့ ခင်မင်ရင်းနှီးပြီးနောက်ပိုင်း ပြောင်းလဲသွားတဲ့စိတ်ဓာတ်တွေက အရမ်းသိသာတယ် ။

တစ်ချို့တွေက အပြုံးတွေအောက်မှာ
အမုန်းတွေကို ဖွက်ထားတတ်ကြပြီး သိပ်ဟန်ဆောင်ကောင်းကြတယ်။

တစ်ချို့တွေက မသိချင်သလိုနဲ့
ကိုယ့်အကြောင်းကို နားစွင့်နေကြတာမျိုး။

ကူညီသလိုနဲ့ ဒုက္ခတွေ ကိုပိုဝန်ပိစေခဲ့တာမျိုး။

စိတ်မကောင်းဟန်နဲ့ ကြိတ်ဝမ်းသာနေတတ်တာမျိုး။

တစ်ချို့တွေက ကော်ဖီနဲ့တူတယ် လိုတာထက်ပိုရောမိရင် ခါးလာပြီး လူကိုဒုက္ခရောက်စေတယ်။

တစ်ချို့တွေက ဆားနဲ့အလားသဏ္ဍာ န်တူတယ် လိုတာထက်ပိုရောမိရင် ငန်ပြီး စားလို့မရတဲ့အဆုံး သွန်ပစ်လိုက်ရတာမျိုးပေါ့။

ကိုယ်ကိုတိုင်လည်း အဲ့ဒီလို လူတွေထဲ ကိုယ်မပါအောင် ဆင်ချင်လိုက်ရတဲ့ အခိုက်အတန့်တွေမှာ လူတွေကပေးတဲ့ သင်ခန်းစာတွေကြောင့် ပိုပြီးရင့်ကျက်လာခဲ့တယ်

Address

Shwegu

Website

Alerts

Be the first to know and let us send you an email when U Win Khaing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category