Zaw Zaw Htun - Natural Photographer

Zaw Zaw Htun - Natural Photographer Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Zaw Zaw Htun - Natural Photographer, Photographer, Pyay.

Image Diary Photostudioဓါတ်ပုံဆိုင်ကို အုန်းတောလမ်းမှာဖွင့်ထားပါတယ်နော်ဘာပဲလိုလို ဖုန်းလေးသာဆက်ပေးပါဗျာအားလုံး စိတ်ချမ်း...
08/06/2024

Image Diary Photostudio
ဓါတ်ပုံဆိုင်ကို အုန်းတောလမ်းမှာ
ဖွင့်ထားပါတယ်နော်

ဘာပဲလိုလို ဖုန်းလေးသာ
ဆက်ပေးပါဗျာ

အားလုံး စိတ်ချမ်းသာစေရပါ့မယ်

06/06/2024

Image Diary ဓါတ်ပုံဆိုင်
ဖွင့်လိုက်ပါပြီ
ဓါတ်ပုံ ဗွီဒီယို နဲ့ ပတ်သက်လို့
ဘာပဲလိုလို ကျွန်တော့်ဓါတ်ပုံဆိုင်ကို
လာခဲ့ပါ လူကြီးမင်းတို့
စိတ်ချမ်းသာမှု အပြည့်အဝ
ရရစေမယ်လို့ အာမခံပါတယ်
ခင်ဗျာ

https://www.facebook.com/profile.php?id=61559661487208&mibextid=LQQJ4d

best photo with image diary.

ခုမနက်စောစောခြံထဲရောက်
27/05/2024

ခုမနက်စောစော
ခြံထဲရောက်

ဟဲ့ဟဲ့ရုတ်တရက်ကြည့် ဘာကြီးလဲပေါ့🤣ခင်ဗျားတို့ကရောဘာမြင်လဲဗျာမညာတမ်းပြောရမယ်နော်🤣🤣🤣
27/05/2024

ဟဲ့ဟဲ့
ရုတ်တရက်ကြည့် ဘာကြီးလဲပေါ့🤣

ခင်ဗျားတို့ကရော
ဘာမြင်လဲဗျာ
မညာတမ်းပြောရမယ်နော်🤣🤣🤣

အားရတယ်ကိုမရှိပါဘူး🥺ဟိုပြေးလိုက် ဒီပြေးလိုက်နဲ့
27/05/2024

အားရတယ်ကို
မရှိပါဘူး🥺
ဟိုပြေးလိုက် ဒီပြေးလိုက်နဲ့

ကားပွဲစား " အာကာ " - မူးလာရင်မိန်းမကိုအမြဲရစ်တယ်- ဒီနေ့သူတို့အကြီးအကျယ်ရန်ဖြစ်ကြပြီး-အခုဆေးရုံရောက်နေကြပြီ ----သူနာပြုဆရ...
27/05/2024

ကားပွဲစား " အာကာ " - မူးလာရင်
မိန်းမကိုအမြဲရစ်တယ်- ဒီနေ့သူတို့
အကြီးအကျယ်ရန်ဖြစ်ကြပြီး-အခု
ဆေးရုံရောက်နေကြပြီ ---
-
သူနာပြုဆရာမက -
မျက်နှာတစ်ခုလုံးညိုမဲစွဲနေသော -
ဒဏ်ရာများကိုစစ်ဆေးရင်း...
-
"အမယောင်္ကျားက
တော်တော် လုပ်ရက်တယ်နော်
လင်မယားချင်းရန်ဖြစ်တာကို
အဲဒီလောက်ကြီးလုပ်ရသလား....
အမယောင်္ကျားကော
ဆေးရုံပါလာသေးလား"
-
" ပါတယ်ရှင့်.. "
-
"ပြစမ်းပါဦး မြင်ဘူးချင်လို့ -
ရန်ဖြစ်ရင်လက်ပါတဲ့ ယောင်္ကျားဆို
တစ်အားမုန်းတာ"
-
"ဟုတ်...ခုလေးတင် -
သူ့ကို အရေးပေါ်အခန်းထဲ
ခေါ်သွားတယ်ရှင့် "
-
ငင်...........
-
😂😂😂😂😂😂😂
-

မင်္ဂလာဆောင်ပြီး လို့ သုံးရက်မြောက် တဲ့ နေ့မှာပဲ သူမကို အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်လာစေရန် စတင် ပုံစံသွင်းယူခဲ့သည်။"မိန်...
26/05/2024

မင်္ဂလာဆောင်ပြီး လို့
သုံးရက်မြောက် တဲ့ နေ့မှာပဲ
သူမကို အိမ်ရှင်မကောင်းတစ်ယောက်
ဖြစ်လာစေရန် စတင် ပုံစံသွင်းယူခဲ့သည်။

"မိန်းကလေးဆိုတာ မိဘအိမ်မှာ
ခြေမွှေး မီးမလောင်
လက်မွှေးမီးမလောင်နေလာခဲ့လည်း
အိမ်ထောင်ကျရင်တော့
အိမ်ထောင့်ကိစ္စတွေတာဝန်ယူရမှာပဲလေ "

"ဟုတ်..."

"အရင်ကမလုပ်ခဲ့ရလို့
မလုပ်တတ်တာက အပြစ်မဟုတ်ဘူး
အခု ယောကျာ်းယူပြီးချိန်မှာတော့
မတတ်တာကိုတတ်အောင်သင်ပြီး
အိမ်မှု့ကိစ္စတွေကို
နိုင်နင်းအောင်လုပ်ရမယ်"

"ဟို... အဲ့ဒါတွေက ဘယ်သူ့ဆီမှာ
သွားသင်ရမလဲဟင် "

"ဘယ်သူ့ဆီမှ သွားသင်စရာမလိုဘူး
ငါကိုယ်တိုင် ရှေ့ကလုပ်ပြပြီးသင်ပေးမယ်
မင်းကထိုင်ကြည့်ပြီးသင်ယူ၊

အဲ.. တတ်သွားတဲ့အခါ
အိမ်မှု့ကိစ္စတွေ မင်းပဲဆက်တာဝန်ယူပေါ့
ဟုတ်ပြီလား "

"ဟုတ်.."

ပြောလိုက်တော့လည်း မျက်နှာငယ်လေးနဲ့ ။

ဒါပေမဲ့.. ကြည့်ပြီး
သနားနေလို့လည်းမဖြစ်သေးဘူး
အခုရှုပ်မှ နောင်ရှင်း
မယားနေစ ကြောင်သေမှ မဟုတ်လား

နောက်တစ်နေ့ကစပြီး
ချက်ပြုတ်လျှော်ဖွတ် မှ အစ
အိမ်သန့်ရှင်းရေး က အလယ်
ဈေးဝယ်တာ ခြမ်းတာ က အဆုံး
ကိုယ်တိုင်လုပ်ရင်း ကိုင်ရင်း သင်ပြပေးတယ်။

သူခမျာ နေ့စဉ်ကြည့်တယ် သင်ယူရှာတယ်။

ခက်တာက..တစ်ခုပဲခက်နေတာ ......

သူမက သိပ်ညဏ်ကောင်းပုံမရဘူး
သင်ရကြားရတာ တော်တော်လက်ဝင်တယ်

ပြောရရင်သင်လွယ် တတ်လွယ်
လူမျိုးစားမဟုတ်ဘူးထင်တယ်။

ကိုယ်မှာစိတ်ရှည်ရှည်ထားပြီး
လုပ်ရင်းကိုင်ရင်းသင်ကြားပြ လာခဲ့လိုက်တာ
အခုဆို အိမ်ထောင်သက်၂၆နှစ်ကျော်လာပြီ..

ဒင်းက
အခုထိ တတ် မဲ့ ပုံမပေါ်သေး ။

25/05/2024

တလောကလုံး မဲမှောင်ပြီး
ဟိုး… တောင်ရိပ်မှာ
မိုးတွေ ညို့နေပြီ (…..)

ဒီအချိန်ဆို ငယ်ဘဝ
သူငယ်ချင်းတွေကို
သတိရ(လွမ်း)တယ်

မိုးမှောင်လာရင်
အိမ်မှာကုပ်မနေတတ်တဲ့
အကျင့်တွေ တူလို့ထင်ပါရဲ့

မိုးသည်းသည်း လမ်းမပေါ်
တစ်ယောက်လက် တစ်ယောက်တွဲ
ရင်မှာ အတွေးကိုယ်စီ
လျှောက်ခဲ့ကြတဲ့
နေ့တွေ ညတွေ

တကယ်ဆို
ငါတို့……..
အသည်းနုတယ်ဆိုတာ
အရွယ်တွေ ရလာမှ
သိခဲ့ရ

မင်းတို့ ဘယ်မှာလဲ
သူငယ်ချင်း

ငါနေတဲ့
မိုးတွေညို့နေပြီ
မကြာခင်
မိုးကြီးရွာတော့မယ်🥺

လမ်းအတူတူ
လျှောက်ကြရအောင်

Zaw Zaw Htun
25.May
7:30am

အမျိူးသား အယောက်တစ်ရာကို ဒီပုံတွေပြပြီး ဘယ်နဲ့ညာ ဘယ်သူပိုလှလဲမေးတဲ့အခါ.... သူတို့တွေရဲ့အဖြေက ဘယ်ဘက်ခြမ်းက ကောင်မလေးပါပဲတ...
24/05/2024

အမျိူးသား အယောက်တစ်ရာကို ဒီပုံတွေပြပြီး ဘယ်နဲ့ညာ ဘယ်သူပိုလှလဲမေးတဲ့အခါ.... သူတို့တွေရဲ့အဖြေက ဘယ်ဘက်ခြမ်းက ကောင်မလေးပါပဲတဲ့ 😝🤭🤭

ယောက်ကျားတွေက ရိုးရှင်းပါတယ် 🤓🤓🤓

🤣🤣

မေတ္တာငတ်တာကတော့ခုထိပါပဲ
24/05/2024

မေတ္တာငတ်တာကတော့
ခုထိပါပဲ

Address

Pyay
11111

Website

Alerts

Be the first to know and let us send you an email when Zaw Zaw Htun - Natural Photographer posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category