14/09/2026
ငယ်ငယ်တုန်းက ရပ်ကွက်ထဲက လမ်းဘေးမှာ သဲပုံကြီးတစ်ပုံတွေ့ရင် ဒီအတိုင်းကျော်သွားနိုင်တဲ့ကလေး သိပ်မရှိဘူးထင်တယ် 😆
ရပ်ကွက်ထဲမှာ အိမ်အသစ်တစ်လုံးဆောက်တာဖြစ်ဖြစ်၊ အိမ်အဟောင်းကို ပြန်ပြင်တာဖြစ်ဖြစ် ရှိပြီဆိုရင် အိမ်ရှေ့လမ်းဘေးမှာ သဲပုံကြီးတွေ၊ ကျောက်ပုံကြီးတွေ ရက်အတော်ကြာ ပုံထားတတ်တယ်
လူကြီးတွေအတွက်တော့ အဲ့ဒါတွေက ဘိလပ်မြေနဲ့ရောဖို့ ဆောက်လုပ်ရေးပစ္စည်းတွေပေါ့
ကလေးတွေအတွက်တော့ မဟုတ်ဘူး
သဲပုံကြီးတစ်ပုံ ရပ်ကွက်ထဲရောက်လာပြီဆိုတာနဲ့ ကစားကွင်းအသစ်တစ်ခုရောက်လာတာပဲ 😂
ကျောင်းဆင်းပြန်လာရင်းတွေ့တာနဲ့ အိတ်ကိုအိမ်ပြန်ထားပြီး သူငယ်ချင်းတွေစုလာပြီ
သဲပုံပေါ် တက်လိုက်ဆင်းလိုက်၊
လက်နဲ့တွင်းတွေတူး၊
လမ်းလေးတွေဖောက်၊
သဲအိမ်လေးတွေဆောက်…
တချို့က ကားအရုပ်လေးယူလာပြီး သဲပုံပေါ်မှာ လမ်းဖောက်မောင်းကြသေးတယ်
အသစ်ချထားတဲ့ သဲဆို နူးနူးညံ့ညံ့လေးနဲ့ တက်နင်းလို့ကောင်းတာကလည်း တစ်မျိုး။ ခြေဖဝါးမြုပ်သွားအောင် နင်းပြီး ကိုယ့်ခြေရာကိုယ် ပြန်ကြည့်ရတာတောင် ပျော်စရာဖြစ်နေတတ်တယ်
ဆော့ကောင်းနေတုန်း အိမ်ထဲက လူကြီးတစ်ယောက် ထွက်လာပြီး....
“ဟဲ့ကလေးတွေ… သဲတွေ မဖြန့်နဲ့နော်!”
ဆိုမှ ခဏငြိမ်သွားကြတာ 😆
ဒါပေမယ့် လူကြီးအိမ်ထဲပြန်ဝင်သွားတာနဲ့ တဖြည်းဖြည်း သဲပုံပေါ် ပြန်ရောက်ကုန်ပြန်ရော
ရက်နည်းနည်းကြာလို့ ပန်းရံဆရာတွေ သဲတွေယူသုံးရင်း သဲပုံကြီး တဖြည်းဖြည်းသေးသွားရင်တောင်....
“ဟာ… သဲတွေကုန်တော့မယ်”
ဆိုပြီး ကိုယ်ပိုင်ကစားကွင်းပျောက်တော့မယ့်အတိုင်း နှမြောနေကြသေးတာ 😂
အဲ့ဒီအချိန်က ရပ်ကွက်ထဲမှာ ကလေးတွေအတွက် ကစားစရာဆိုတာ အမြဲတမ်း ဝယ်ပေးထားတဲ့အရာတွေချည်း မဟုတ်ခဲ့ဘူး
တစ်အိမ်အိမ်ရှေ့မှာ ရောက်လာတဲ့ သဲတစ်ပုံတောင် ကလေးတစ်အုပ်ရဲ့ ကစားကွင်း ဖြစ်သွားတတ်တယ် 🥹