Htwe Naing Win

Htwe Naing Win Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Htwe Naing Win, Photographer, PanTaNaw, Pantanaw.

25/04/2023

လူတစ်ယောက်ရဲ့ အတွေးဟာ သူ့ရဲ့ဘဝပါပဲတဲ့…

အတွေးဟာ စွမ်းအားရှိတယ်…
ကောင်းတာတွေ တွေးတာများရင်
ကောင်းတာတွေပိုလုပ်ဖြစ်မယ်…
ကောင်းတာတွေ ပြောဖြစ်မယ်…
ကောင်းတဲ့အရာတွေနဲ့
ပိုအချိန်ကုန်ပါများတဲ့အခါမှာ
ကောင်းတဲ့ကံ ကောင်းတဲ့အရာနဲ့
ပျော်ရွှင်မှုတွေရမယ်…
လုပ်နိုင်တယ် ဆိုတဲ့ စွမ်းအား ခွန်အားတွေရမယ်…
Positive energy တွေပြည့်နှက်နေမယ်…

မကောင်းတာတွေ တွေးတာများရင်
မကောင်းတာတွေ ပိုလုပ်ဖြစ်မယ်…
မကောင်းတာ ပိုပြောဖြစ်မယ်…
Negative ဘက်ကိုရောက်စေတဲ့ အတွေးတွေ
တွေးများလာတဲ့အခါမှာ

သိမ်ငယ်စိတ်တွေဝင်မယ်…
ယုံကြည်မှုတွေ လျော့ကျမယ်…
ခွန်အားတွေ ကုန်ခမ်းမယ်…
တလောကလုံး ကိုယ်ကပဲ အထီးကျန်ဆုံး၊
ကိုယ်ကပဲ ကံအဆိုးဆုံး လို့တွေးတတ်တဲ့အထိ နစ်မွန်းနေတတ်ပါတယ်…

ဒါကြောင့်
ကိုယ့်အတွေးတွေကို ဂရုစိုက်ပါ…
အတွေးတွေဟာ စွမ်းအားရှိတယ်…

ကိုယ့်အတွေးနဲ့ကို
ကိုယ့်ဘဝကိုနစ်မွန်းအောင် လုပ်တဲ့သူ မဖြစ်ပါစေနဲ့…

ကိုယ့်အတွေးနဲ့ကို ကိုယ့်ဘဝကို တိုးတတ်မြင့်မားအောင်လုပ်တဲ့သူပဲ ဖြစ်ပါစေ…

နန်းသန်းသန်းဌေး(ဘဝစာပေ)

25/04/2023

အဖေတော်တော်များများက
ပြည့်စုံတဲ့အချိန်ကို မမှီလိုက်ကြဘူး

အပင်ပန်းဆုံးနဲ့ အကြမ်းတမ်းဆုံး
နေ့ရက်တွေကို ဖြတ်ကျော်ခဲ့ပြီး
ပြည့်စုံတဲ့တစ်နေ့
မိသားစုထမင်းဝိုင်းရဲ့ ကွက်လပ်တစ်ခုဟာ
အဖေဖြစ်နေခဲ့တယ်

crd.

25/04/2023

နည်းနည်း ဖတ်ကြည့်

မင်းဘာပဲလုပ်လုပ်
အမြဲဝေဖန်အပြစ်တင်နေတဲ့သူကို
ပတ်ဝန်းကျင်လို့ခေါ်တယ်

မင်းကြိုးစားနေချိန်မှာ မဖြစ်နိုင်ပါဘူး၊
လုပ်နိုင်မှာမဟုတ်ဘူးဆိုပြီးမင်းကိုပြောတာလဲ
ပတ်ဝန်းကျင်ပဲ

မင်းကျရှုံးနေတဲ့အချိန် လက်ညှိုးထိုးပြီး
ကဲ့ရဲ့ကြတာလည်းပတ်ဝန်းကျင်ပဲ

မင်းကိုယ်တိုင်ကြိုးစားလို့အောင်မြင်သွားရင်တောင်
အရမ်းကံကောင်းလို့ပါကွာဆိုပြီး
ဘာမှမဟုတ်သလိုပြောတာလည်း ပတ်ဝန်းကျင်ပဲ.

ပတ်ဝန်းကျင်ကိုဂရုစိုက်နေသ၍
မင်းရဲ့ပန်းတိုင်ကိုရောက်မှာမဟုတ်ဘူး

အဲ့ပတ်ဝန်းကျင်ရဲ့ပြောစကားတွေ၊လျစ်လျူရှုမှုတွေ
လှောင်ပြောင်မှုတွေ၊တိုက်ခိုက်မှုတွေ
တွန်းအားအဖြစ်ယူပြီး သူတို့ကို
မင်းလုပ်နိုင်တယ်ဆိုတာကိုသက်သေပြနိုင်အောင်
ကြိုးစားလိုက်ပါ

မင်းချစ်ရတဲ့သူတွေအတွက်
ပတ်ဝန်းကျင်ဆိုတာကြီးကိုခေါင်းထဲမထည့်ပါနဲ့

အောင်မြင်မှုကမင်းရဲ့လက်တစ်ကမ်းမှာပါ

Address

PanTaNaw
Pantanaw

Telephone

+959686798460

Website

Alerts

Be the first to know and let us send you an email when Htwe Naing Win posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category