Myanmar Coc Chit Thu

Myanmar Coc Chit Thu Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar Coc Chit Thu, Photographer, ကချင်, Myitkyina.

05/02/2024

flower🌻🌻🌻🥀🥀🥀

တစ်ချို့သောနေ့စွဲတွေမှာ.........☹☹☹ပင်ပန်းမူ့တွေစိတ်ပျက်.......😫😫😫အားငယ်မူ့တွေ့ရှိနေဆဲပါ.......😭😭😭အရွယ်ရောက်တိုင်းတည်ငြိ...
05/01/2024

တစ်ချို့သောနေ့စွဲတွေမှာ.........☹☹☹
ပင်ပန်းမူ့တွေစိတ်ပျက်.......😫😫😫
အားငယ်မူ့တွေ့ရှိနေဆဲပါ.......😭😭😭
အရွယ်ရောက်တိုင်းတည်ငြိမ်ရင့်ကျက်မယ်........😑😑
ထင်နေခဲ့မိတဲ့ငါဟာ......🤞🤞🤞
တစ်ခါတစ်လေကိုယ့်ကိုကို......💕💕💕
လိမ်ညာနေရတယ်အများရှေ့မှာဟန်ဆောင်ပြုံးထားပေမယ်.💝💝💝
စိတ်ညစ်စရာတွေကိုတော့ဒီတိုင်းလေးလူတွေမသိအောင်သိမ်းထားရအုံးမှာပေါ့........💖💖💖
ပြည့်စုံချင်းရဲ့တစ်ဖက်မှာ❗❗❗
ပူပင်ကြောင့်ကြမူ့တွေကအလိုလိုပါလာတတ်တယ်⭕⭕
မပြည်စုံသေးပြန်ရင်လဲလူတွေရဲ့လက်ညိုးထိုးမူ့ကဘယ်အချိန်ထိုးထိုးကိုယ်ဘဲဖြစ်နေတတ်တယ်👈👈👈
နေရာဒေသအလိုက်water follow fish follow နေတတ်မှလောကကြီးကအဆင်ပြေမှာ⏭⏮⏩⏫⏬
အနေမတတ်အထိုင်မတတ်သူများသားသမီးကိုသွားပြီးဇွတ်ဆုံးမနေလဲကိုယ်ဘဲအမုန်းခံရနိင်တယ်😁😁😁
တစ်ချို့သောအရာတွေကကိုယ်ဖြစ်စေချင်သလိုတစ်ထပ်ထဲမကြရင်ကိုယ်ဘဲစိတ်ဆင်းရဲရမှာ✋🤚✋🤚✋🤚
အဲ့တော့လက်မြှောက်အရူံးပေးထားတာအကောင်းဆုံးဘဲ
#လတစ်စင်းရဲ့နေ

ဘာတွေပြုံးနေတာလဲ......အမိ😘😘😘 #ဒီအပြုံးတွေအောက် #ငါကျဆုံးခဲ့တာ
18/11/2023

ဘာတွေပြုံးနေတာလဲ......
အမိ😘😘😘
#ဒီအပြုံးတွေအောက်
#ငါကျဆုံးခဲ့တာ

11/11/2023

ခုလာမယ့်11/ 12လပိုင်းခရီးသွားရာသီဆိုတော့ဘန်ကောက်ကနေရန်ကုန်လေယာဉ်အနားနီးမှလက်မှတ်ချက်ချင်းဖြတ်ရင် 4000ကေန6000ကြားဈေးပေါက်တဲ့အခါ သို့မဟုတ် လက်မှတ်ဝယ်မရတဲ့အခါ ဈေးများလို့ ဈေးသက်သက်သာသာသွားချင်သူတွေအတွက် ကြိုပီးလက်မှတ်ဖြတ်ထားနိုင်သလို ကားဖြင့်လည်းနေ့စဉ်ဘန်ကောက်မှရန်ကုန်သို့ စဆုံးစီစဉ်ဆောင်ရွက်ပေးနေပါပြီနော်
ဘန်ကောက်မှမဲဆောက် ကားခ1000
ဘန်ကောက်မှ ရန်ကုန် တံတားကူးခပါပါပြီး 2000
တုံးကြီး(Re-Entry)ထုမယ်ဆိုလည်း နယ်စပ်မှာဝန်ဆောင်မှုတစ်ပါတည်းပေးတာမို့ စိတ်မပူရပါဘူးနော်
ကားခကြိုမပေးရပါ ကားပေါ်ရောက်မှပေး
ဖုန်း-0990324268
ပတ္စပို့မရွိပဲ ပြန်ချင်သူများလည်း ဝန်ဆောင်မှုပေးပါတယ်နော်

11/11/2023

😘😘😘

အိမ်ထောင်တခု တည်ထောင်ဖို့နိုင်ငံခြားက Couple goal ပုံတွေကြည့်ပြီးစိတ်ကူးမယဉ်ပါနဲ့ ညီမေလးတို့ ချစ်သူရည်းစားဘဝမှာ အရမ်းတွေ...
03/11/2023

အိမ်ထောင်တခု တည်ထောင်ဖို့
နိုင်ငံခြားက Couple goal ပုံတွေကြည့်ပြီး
စိတ်ကူးမယဉ်ပါနဲ့ ညီမေလးတို့

ချစ်သူရည်းစားဘဝမှာ အရမ်းတွေကောင်းပြ ချစ်ပြနေပါစေ
အိမ်ထောင်ဘဝနဲ့ လုံးဝလုံးဝ ခြားနားပါတယ်

ပုံဖော်တဲ့ဘဝနဲ့ လက်တွေ့ဘဝဆိုတာ မတူဘူး

ငါတို့ယူပြီးရင် Couple ပုံစံလို Roကြမယ်
စိတ်မကူးပါနဲ့ ဖြစ်ခဲပါတယ်

couple goalဆိုတာကြီးကို ဘဝထင်ပြီး
ဇွတ် အပြောကောင်းတာကို
အားကျပြီး မျက်စိစုံမမှိတ်လိုက်ပါနဲ့

ခ်စ်သူဘဝမွာ အချစ်တခုနဲ့သာ
အချိန်တွေ ကုန္လို့ ရပေမယ့်
အိမ်ထောင်ဘဝမှာ ငွေကြေးကိစ္စ လူမူရေးကိစ္စ
စီးပွားရေး မယား တာဝန် ခင်ပွန်း တာဝန်ကိစ္စ
အိမ်မူကိစ္စ ကျန်းမာရေး ကိစ္စ ဆိုတဲ့
အခက်ခဲတွေများစွာ ကြုံတွေ့နိုင်တယ်

အဆိုးဆုံးကေတာ့ ကျန်တော်မျက်မြင်
တွေ့တာကတော့ မယားက ကျန်းမာရေးမကောင်းဘူး
ခင်ပွန်းကစိတ်မရှည်ဘူး မယား နားလဲမကပ္ဘူး
ဆေးရုံ တက်ထားတယ် ညအိပ်စောင့်ဖို့နေနေတာ
တရက်မှ တခါလာတွေ့ပြီး ပြန်ရောဗျာ

ဒီလို အဆိုးဆုံးဘဝေတြက ခ်စ်သူဘဝမွာ
မကြုံနိုင်ဘူး အိမ်ထောင်ဘဝမှာသာကြုံနိုင်မယ်

ဒီ့အတွက်ကြောင့်ဗျာ စုံလုံးကန်းပြီး
ဘဝကို မစတေးလိုက်ပါန့

လွယ်ယောင်ယောင်နဲ့ ခက်တာတွေကို
ဦးဆောင်ဖြေရှင်းပေးမယ့် ယော်ကျားမျိုးဆိုတာ
ညီမေလးတို့ အိမ်ထောင်ကျမှ ကောင်းကောင်းသိမယ်

တကယ့်လက်တွေ့ဘဝမှာ တကယ္ကို
ကောင်းနိုင်တဲ့ အမျိုးသားတွေဆိုတာ ရှိပါတယ်
သို့သော် ဘယ်အရာဖြစ်ဖြစ်
မကြုံသေးတဲ့အရာကို ဦးစြာ ဦးနှောက်နဲ့
စဉ်းစားပါ အဆိုးအကောင်း တွေးတောပါ
ရလဒ္ကို ကြိုတင်စဉ်းစားပါ... ။

25/10/2023

#မုန်းစွဲ

(ရုပ်ရှင်ရိုက်ဖို့အထိ ကမ်းလှမ်းခံရတဲ့ ပရဟိတသမားတစ်ယောက်ရဲ့ ကိုယ်တွေ့ ဖြစ်ရပ်မှန်)

မွေးလာတဲ့ကလေးနှစ်ယောက်ကို ငါ့နို့ရည်တစက်ဝင်တိုင်းအဆိပ်ဖြစ်ပါစေဆိုတဲ့ မုန်းစွဲရုပ်ရှင်ကို မျက်လုံးထဲမြင်ရသလိုပါဘဲ တောင်ငူဆေးရုံကြီးကမွေးကင်းကလေးတယောက် မွေးခန်းကထွက်တော့ ဖခင်မရှိ မိခင်ကအသက်မပြည့်သေးတဲ့ကလေးသာသာ အရွယ် ကလေးကိုနို့တိုက်ဖို့ပြောတော့နို့တိုက်ဖို့ငြင်းတယ် ကလေးကိုတချက်မှလှည့်မကြည့်ရလောက်အောင် စိတ်ဒဏ်ရာတွေ ဘယ်လောက်ရခဲ့တယ်မသိ .....

လွန်ခွဲတဲ့လေးရက် လောက်ကအဲ့ကလေးမွေးမွေးခြင်းကျွန်တော့စီဆေးရုံကဖုန်းဆက်လာတယ် ကလေးတယောက်မမွေးနိုင်လို့ ပေးချင်တယ်ကူညီပါဦးဆိုတော့ ကျွန်တော်တို့အားခြင်းသွာခဲ့ပြီး အမေကပေးမယ် အဖွားကမပေးဘူးဆိုတဲ့ လွန်ဆွဲမှုကြားမှာ ရပ်ကြည့်နေရင်း ရှေ့ဆက်စကားမပြောဖြစ်ခဲ့ဘူး အရမ်းဆင်းရဲတဲ့မိသားစုလေး လိုအပ်တာသုံးနိုင်အောင် အလှုငွေ၅၀၀၀၀ထည့်ပြီး အတွေးများစွာပြန်လာဖြစ်ခဲ့တယ်

ဒီရက်ပိုင်အလုပ်များနေတာနဲ့ ကျွန်တော်လည်းမေ့မေ့ပျောက်ပျောက်ပါ ၂၄ရက်နေ့မနက်ခင်းမှာ ၀မ်းနည်းအားငယ်တဲ့အသံနဲ့ ကျွန်တော့ဆီဖုန်းဝင်လာတယ်
သူပြောတဲ့စကားကြောင့် ကျွန်တော်အလန့်တကြားနဲ့ ဆေးရုံကြီးကိုအားခြင်းထွက်လာခဲ့တယ်....

ကျွန်တော်ဆေးရုံရောက်တော့ ဆရာမစီးပြောတယ်
ကလေးကိုမွေးမွေးခြင်း နို့လုံးဝမတိုက်ဘဲ ကလေးအမေကုတင်နဲ့ ကုတင်ဆယ်ခုကျော်လောက်ခြားတဲ့ နေရာမှာတယောက်တည်းသွားထားတာတဲ့ ကလေးမွေးတာက1နာရီ ညနေ5နာရီအထိနို့လုံးဝမတိုက်ရသေးတော့ ဆရာမတွေမနေနိုင်လို့ နို့အတင်းတိုက်ခိုင်းတယ်ပြောမရဘူး အဲ့တော့ နို့မတိုက်ရင်တောင် နို့ဘူးတိုက်ဖို့ပြောတော့လည်း ပိုက်ဆံမရှိဘူးပြောလွတ်တယ် ရွှေတွေဝတ်ထားတဲ့ သူ့အဒေါ်ဆိုသူကပါ ဆရာမတွေလည်း ပြောမရလို့ နို့မှုန့်နဲ့နို့ဘူးရှာဝယ်ပြီး ကိုယ်တိုင်ဖျော်တိုက်ခဲ့ရတယ် ဆရာမတွေဆို စိတ်တိုလိုက်တာမပြောနဲ့ ကလေးမွေးစက ကျွန်တော့စီရောက်လာတဲ့အထိ မိခင်နို့လုံးဝမစို့ခဲ့ရ နို့ဦးရေက ကလေးအတွက်ကမ္ဘာမှာအကောင်းဆုံး အဟာရဆိုပေမည့် ဒီကလေးအတွက်တော့ တစက်ဝင်ရင်အသက်သေမည့် အဆိပ်ရေတွေလိုပါဘဲ ၀ဋ်ကြွေးကြီးလှတဲ့ကလေးလေးတယောက်ပါ

အဲ့နောက် ကလေးအမေနဲ့တွေတယ် ကလေးအဖွားနဲ့တွေ့တယ် သူတို့ကလေးကို ကျွန်တော့ဆီပေးဖို့အဆင်သင့်ဖြစ်နေပြီ သူတို့ပုံစံကအေးဆေးပါ
အခုရှုပ်မှနောင်ရှင်းမို့ ကလေးကိုကျွန်တော့ကို အပြီးပိုင်ပေးပြီးကြောင်းကို နှုက်ကတိပေးခိုင်ပြီး သေခြာအောင် Videoရိုက်ထားလိုက်တယ် ကလေးကိုခေါ်တော့ ကလေးအနှီးလေးတွေက ဝါကျင်ကျင်အဟောင်းလေးတွေ နို့ဘူးအပေါစားလေးရယ် 1400တန်နှို့မှုန်တထုပ်ကုန်ခါနီးလေးကို သရေပင်နဲ့ဆည်းထားတာလေး နဲ့ မွေ့ရာပါတဲ့ကလေးခြင်ထောင်တခု မလျော်ရသေးတဲ့အနှီးအဟောင်းလေးငါးထည် ခြေရင်းမှာ ပုံလျက် ကလေးအတွက်ဒါအဲ့ဒါအကုန်ပါဘဲကလေးအတွက်ဒါအဲ့ဒါအကုန်ပါဘဲ ကလေးတိုင်းရနိုင်တဲ့ အဖေအမေမိဘမေတ္တာတရားဆိုတာ ဒီကလေးနဲ့ဘာမှမဆိုင်သလိုပါ

မမျှော်လင့်ဘဲ ကလေးတယောက် မထင်မှတ်ထားတဲ့ပုံစံနဲ့ရခဲ့တယ် ကျွန်တော်ကပရဟိတအလုပ်တဖက်နဲ့ ကလေးကိုကိုယ်တိုင်မမွေးနိုင်ပါဘူး ဆိုတော့ မိဘမဲ့ကျောင်းကိုပို့တဲ့ 11ယောက်မြောက် ကလေးအဖြစ် တိုင်းရင်းသားမိဘမဲ့ကျောင်းကိုပို့ဖို့ တခါတည်းဆုံးဖြတ်ပြီးသားပါ ကလေးကိုမချီခင်မှာဘဲ ဆရာတော်ကိုဖုန်းဆက်တယ် ဆရာတော်က တခွန်းတည်းမိန့်တယ် ခေါ်လာခဲ့တဲ့
ကလေးကိုမယူခင်လေးမှာ ကလေးမိခင်ရဲ့ နောက်ကြောင်းနဲ့ ဘယ်လိုဖြစ်ရတယ်ဆိုတာမေးဖြစ်တယ် ကလေးအဖွားပြောတာက

ညောင်ပင်သာရွာ(ရွာအမည်လွှဲ)မှာနေတဲ့ ကလေးမိခင်နာမည်က ညိုချော(အမည်လွှဲ) အသက်၁၆နှစ်ကို ပြီးခဲ့တဲ့သီတင်းကျွတ်ကမှပြည့်တာ
မွေးလေးခြင်းလေးယောက်မှာ ဒုတိယသမီး အကိုတယောက်နဲ့ ညီမနှစ်ယောက်ရှိတယ် အဖေကအရက်ကြောင်ကြောင်နေသလို အမေကအရမ်းအအရမ်းရိုး
ရိုးရှင်းတဲ့ လက်လုပ်လက်စားမိသားစုလေးပါ
ပြီးခဲ့တဲ့ ခုနှစ်လလောက်က ညိုချောကိုယ်ဝန်ရှိတဲ့ လဏ္ခာတွေပြတော့ အဒေါ်လုပ်သူက မင်္ကာလို့ ဆီးစစ်ကြည့်တာ ညိုချောမှာကိုယ်ဝန်ရှိနေပြီ ရွာဆေးခန်းသွားပြတော့ ကိုယ်ဝန်သုံးလတဲ့

အမေနဲ့အဒေါ်ခေါင်းမီးတောက် မရှုနိုင်မကယ်နိုင်ဖြစ်ပြီး ညိုချောကို‌ချော့ မေးကြတယ် ကလေးအဖေဘယ်သူလဲသမီး နင်မှန်မှန်ဖြေ ဆိုပြီး ညိုချောကတော့မေးနေရင်းငိုငိုနေတာ ပြီးတော့ညိုချောလည်းတုန်တုန်ရီရီနဲ့ ရွာထဲကမိုးဒီလို့ဖြေတယ် မိုးဒီကအသက်၂၅ အလုပ်ကိုင်မယ်မယ်ရရမရှိတဲ့ကောင် ညိုချောနဲ့မှ ဖြစ်ရလေတယ် အမေနဲ့ အဒေါ်လည်းခေါင်းခြင်းရိုက်ပြီး
မိုးဒီအမေကိုအသိသွား‌ပေးတယ်

မီုးဒီအမေလည်းရှော့ရပြီး တက်သလိုမေ့သလိုနဲ့ သတိယလာတော့ နင့်သမီးနဲ့ငါ့သား ဘယ်လိုမှသဘောမတူနိုင်ဘူး မဖြစ်နိုင်တာတွေမပြောနဲ့ဆိုပြီးငြင်းတယ်
ညိုချောအမေက မိုးဒီကိုဒဲ့ခေါ်ပြီးရှင်းတယ် နင်လည်းညီမရှိတယ် နှမခြင်းစာနာစမ်းပါအေ လူငယ်ချင်းချစ်ကြိုက်တာငါတို့နားလည်တယ် နင်ကို့တာဝန်ကိုယ်ယူဖို့လိုတယ်

ငါ့တို့လည်းအရှက်နဲ့လူလုပ်တာ အကျယ်အကျယ်မဖြစ်ခြင်ဘူး ညိုချောနင်လည်း နင်ရီးစားနောက်တခါတည်းလိုက်သွား မိုးဒီနင်တခါတည်းခေါ်သွားပြီးတာဝန်ယူ ငါတို့ဘာမှထက်ပြောစရာမရှိဘူး ညိုချောကနင့်မိန်းမ အခုကစပြီး သူ့နဲ့ပတ်သတ်တာမှန်သမျှနင့်တာဝန်ဘဲ
ဒီလိုနဲ့ နောက်ငါးရက်အကြာမှာ ညိုချောနဲ့ မိုးဒီတရွာလုံးမုန့်ဟင်းခါးကြွေးပြီးမင်္ဂလာဆောင်တယ် မိသားဖသားပီပီတောင်းလို့ ညိုချောတို့ဘက်ကလည်းကျေအေးပြီး မင်္ဂလာပွဲပြီး တဲ့အထိအေးအေးဆေးပါ နတ်ပြပြီးအပြန် ညိုချောက ကတော့ပွဲရွက်တယ် မိုးဒီက တလမ်းလုံးရိုက်နှပ်လာသလို အိမ်ရောက်တော့လည့် ညိုချောကတော့ပွဲပြုတ်ကြလို့ ထက်ရိုက်တယ်လို့ ညိုချောအမေကိုမြင်တဲ့သူ‌တွေက တိုင်ကြတယ်

ညိုချောအမေကဘယ်ကျေနပ်မလဲ ပြီးတော့မိုးဒီ အရပ်ထဲမှာလိုက်ပြောနေတာက ယူထားလည်းမပေါင်းဘူး ရှာလည်းမကြွေးနိုင်ဘူး ဒီကောင်မနဲ့မကွဲကွဲအောင်လုပ်မှာတဲ့ ဒီလိုနဲ့ ညိုချောမိုးဒီအိမ်မှာတလကြာတယ် တလပြည်တဲ့နေ့ ညမှာ ညိုချောကို မိုးဒီကဖားရိုက်ဖို့ခေါ်တယ် ကိုယ်ဝန်ကြီးနဲ့မို့ ညိုချောမလိုက်လို့ ညိုချောအကြီးကျယ်ရိုက်ခံရတယ် မခံနိုင်တဲ့အဆုံး ညိုချောအမေ့အိမ်ကိုထွက်ပြေးလာတယ်
အမေ့အိမ်ရောက်တော့ ညိုချောတညလုံးငိုနေတာ
ပြီးတော့ အမေနဲ့အဒေါ်မူးမေ့လဲသွားလောက်တဲ့ စကားတခွန်းပြောတယ် တကဲ့အဖြစ်မှန်ကို သိရအချိန်မှာ? အရာအားလုံးနောက်ကျနေပြီ

ညိုချောအ‌မေ ကျွန်တော့ကို ကလေးကို ပေးလို့သွားယူတဲ့နေ့က ကျွန်တော်သိထားတာက သမီးရီးစားအချစ်နယ်လွန်တဲ့ကိစ္စ ညိုချောအမေကလည်း အဲ့အတိုင်းဘဲပြောခဲ့တာပါ ပြီးမှ နှိပ်စက်လို့မိဘအိမ်ပြန်လာတယ် ကလေးမွေးတယ် အခုကလေးကို့ နို့မတိုက်နိုင်တာဝန်မယူ ကျွန်တော့စီရောက်ပြီး တိုင်းရင်းသားမိဘမဲ့ကလေးကျောင်းပို့ခဲ့တာပါ

ကလေးပို့ပြီးအပြန် ဆေးရုံခဏ၀င်တော့ ညိုချောတို့ မွေးလူနာဆောင်မှာတာဝန်ကျတဲ့ ဆရာမက ညိုချောက ဉာဏ်ရည်မှီတဲ့ကလေးလို့ ယူဆကြောင်းနဲ့ ကျွန်တော့စီရောက်နေတဲ့ကလေးမှာလည်း ဖြစ်နိုင်ခြေရှိတာကိုပြောပြတယ် ဒါဆိုရင် ဉာဏ်ရည်မမှီတဲ့ကလေးတယောက်နဲ့ အရွယ်ရောက်ပြီး
ယောကျာ်းတယောက် တကယ်ချစ်ကြိုက်ပြီး အချစ်စိတ်နဲ့ နှစ်ဦးသဘောတူ အချစ်နယ်လွန်တာဖြစ်နိုင်ပါ့မလား ဒါကိုကျွန်တော်အလေးနက်တွေးတယ် ဖြစ်နိုင်တာစဉ်းစားမိတော့

ချက်ခြင်းညိုချောတို့သားအမိစီသွားတယ် ညိုချောကတော့တဖက်လှည့်ပြီးအိပ်နေတယ် ညိုချောအမေထမင်းသွားဝယ်နေလို ခုတင်ဘေးမှာဘဲခဏထိုင်စောင့်တယ် ခဏနေတော့ ညိုချောအမေရောက်လာတယ် အေးဆေးလေးစကားပြောခြင်တယ် ကျွန်တော်‌ပြောတာလေးသေခြာနားထောင်ပေးဖို့အဖြစ်မှန်ကို အမှန်တိုင်းပြောပြဖို့ ဘယ်လိုအခက်ခဲရှိရှိ ရှေ့ဆက်ကျွန်တော်ကူညီနိုင်တာကိုပြောပြတယ် အခုပြောမည့်အကြောင်းက ညိုချောအမေ ဖုံးကွယ်ထားလို့ ကျွန်တော်လည်း နောက်ပိုင်းမှသိရတဲ့ ရင်နာစရာဇာတ်လမ်းပါ

ညို‌ချောရယ် သမီးရယ် ဖြစ်ရလေ အစကတည်းကဘာလို့ဖွင့်မပြောခဲ့တာလဲ ကဲခုကြမှဘာလုပ်လို့ရတော့မှာလည်းအေ ညိုချောအကိုနဲ့ အဖေကိုဒီကိစ္စလုံးဝမ သိစေနဲ့ သိရင်မိုးမီးလောင်မှာ ငါလည်းဘာဆက်လုပ်ရမှန်းမသိဘူး ဆိုပြီးနှစ်ယောက်လုံးငိုနေကြတာမှအကြာကြီး ဒီလိုနဲ့ ညိုချောအဒေါ်နဲ့ အမေလည်း ညိုချောပြောတဲ့ ရင်နာစရာအဖြစ်ပျက်ကို အဝေးတနေရာကိုငေးရင်း တွေးမြင်‌နေကြတယ်

ညိုချောက အသက်16နှစ်သာဆိုတယ် ငါးနှစ်ခြောက်နှစ်ကလေး အသိဉာဏ်သာသာ ဉာဏ်မမှီတဲ့ကလေးတယောက်ပါ ဉာဏ်မမှီပေမည့် အရွယ်ရောက်အပျိုဖေါ်ဝင်နေပြီဆိုတော့ မျက်လုံး မျက်ခုံးလှလှလေးနံ့ ပါးဖောင်းဖောင်း ချစ်စရာလေး တနေ့တာသူ့အလုပ်က မိုးလင်းတာနဲ့ ရွာထိပ်ကဘုန်းကြီးကျောင်းမှာ ကလေးတသိုက်နဲ့ဆော့မယ် ဘဘုန်းကြီးစွန့်နဲ့မုန့်စားမယ် ဗိုက်ဆာရင်အိမ်ပြန်ထမင်းစား ပြီးပြန်ဆော့ ဒါကတနေ့တာသူ့အလုပ်

ဒီလိုနဲ့တနေ့ ကြမ္မာဆိုးဝင်တဲ့နေ ရောက်လာတယ် မှတ်မှတ်ရရ အဲ့နေ့မနက်ညိုချောမုန့်သွားဝယ်ရင်း လမ်းမှာကိုမိုးဒီနဲ့တွေ့တယ် ဟဲ့ညိုချော အခုရွာထိပ်ဘုန်းကြီးကျောင်းကဘုရားနားမှာ လုပ်အားပေးရှိတယ် မုန့်တွေလည်းကျွေးဦးမှာ နင်လိုက်ခဲ့လေ ဘဘုန်းကြီးကလည်း နင့်ကိုခေါ်ခိုင်းလိုက်တယ် လာငါနဲ့အခုလိုက်ခဲ့ လာလာ နင်ကလည်းလေးတိလေးကန်နဲ့ ကလေးမဟုက်တာကြနေတာဘဲ

ဘုရားနားရောက်တော့ လူသူတယောက်မှမတွေ့ ကိုမိုးဒီလုပ်အားပေးရှိတယ်ဆို မုန့်လည်းကြွေးမှာဆို စကားမဆုံးခင်မှာဘဲ ညိုချောနောက်ကနေပါးစပ်ပိတ်ပြီး လက်ကိုလူတယောက်ကချုပ်ထားတယ် သူကမိုးဒီသူငယ်ချင်း သံချောင်း ဘုရားဘေးဆွဲခေါ်ပြီး မိုးဒီပြုသမျှ နုခဲ့ရတဲ့ညိုချော အပျိုရည်ပျက်တဲ့ ပထမဆုံးနေ့ပါ

နောက်တပတ်အကြာ ရွာနောက်ပိုင်းက ညိုချောပုတုမတို့အိမ်မှာဆော့ပြီးပြန် ရွာလည်က လူမနေတဲ့ ခြံကြီးနားမှာ မိုးဒီးနဲ့ သံချောင်းကစောင့်ပြီး ခြံပျက်ကြီးထဲမှာ ဒုတိယအကြိမ်မတရားပြုကြင့်တယ် (ညိုချောပြောစကားအရ နှစ်ကြိမ်လုံးသံချောင်းက ချုပ်ပြီးမိုးဒီကဘဲပြုကြင့်တာ)
နာကျင်မှုတွေနဲ့ ဉာဏ်မမှီတဲ့ မိန်ကလေးတယောက် စိတ်ဒဏ်ရာဘယ်လောက်ရသွားနိုင်တယ် မှန်းဆမရနိုင်ခဲ့ဘူး

မိုးဒီကိုယ်တိုင်က မုဒိန်းမှုမမြောက်အောင် လက်တလုံးခြားလုပ်သွားတာပါ ပညာမတက် ရိုးအတဲ့ညိုချောတို့မိသားစုအတွက်ကတော့ အဖြေမရှိတဲ့ ပုစ္ဆာတခုလို ဘာမှထက်လုပ်လို့မရဘူးထင်နေတာပါ
ဒီလိုနဲ့ ညိုချောကိုယ်ဝန် လစေ့ပြီး မွေးခါနီးအချိန်ထိ မိုးဒီတို့မိသားစုက တချက်မှလှည့်မကြည့်ခဲ့ပါဘူး
သူတို့ရှိတဲ့ငွေကလည်း မိုးဒီအမေ ဆီးချိုကြောင်လက်မပုက်ပြီး ဖျတ်ဖို့အတွက်စုထားတာ ဘာတခုမှတာဝန်မယူနိုင်သလို နင်တို့ကြိုက်တဲ့နေရာသွားတိုင်
ဂရုမစိုက်ဘူးလို့ပြောလွတ်တယ်

တရားတပေါင်ဖြစ်ရအောင်လည်း အဖေက ငမူး အကိုကကြံထမ်းတယ် ဒါတောင်နေ့တိုင်းမဟုက် အလုပ်ပေါ်မှ အမေအလုပ်ကကျပန်းဆိုတော့ ၀င်ငွေရေရေရာရာမရှိ ငွေများတရားနိုင်လို့ သိထားတဲ့ မိသားစုလေး ရေငုံနှုက်ပိတ်ရင်း ညိုချောဗိုက်နာပြီးမွေးမည့်နေ့ကိုရောက်လာတယ် ကံဆိုးမိုးမှောင်ကျမှုတွေက ညိုချောအတွက် မရပ်တန့်မရပ်တန့်သေးဘူး

ကျေးလက်သားဖွားဆရာမ ရဲ့စကားကြောင့် ညိုချောအမေစိုးရိမ်စိတ်တွေများသွားတယ်
လူနာကသွေးတိုးနေတယ် မြို့နယ်ဆေးရုံပို့မှအဆင်ပြေမယ်အမ အချိန်မစွဲစေခြင်ဘူး
ညိုချောအမေလည်း သက်ပြင်းတချက်ချရင်း
ဆေးရုံအားခြင်းတင်ဖို့ပြင်တယ် လက်ထဲပိုက်ဆံတပြားမှမရှိ ဘယ်လိုလုပ်မယ်မသိပေမည့် သန်းခေါင်ရံထက်‌တော့ ညမည့်နက်နိုင်တော့တဲ့အခြေနေမှန်း သဘောပေါက်ပြီးသားပါ

လူနာတင်ကား မသိပရဟိတဖုန်းမရှိ အနီးဆုံးဖြစ်တဲ့ရွာကဝါးတင်တဲ့ကားကို မြို့နယ်ဆေးရုံကိုသွားဖို့ ကားခငါးထောင်ဆစ်ပြီး အကြွေးနဲ့ငှားတယ် မြို့နယ်ဆေးရုံရောက်ခဲ့တယ်
မြို့နယ်ဆေးရုံကဆရာမတွေက လူနာအခြေနေအရ တောင်ငူဆေးရုံထက်လွဲတယ် ဝါးကားကမပြန်သေးခင်မှာဘဲ
မြို့ခံအရေးပေါ်ပရဟိတကား အကူညီတောင်းဖို့ စိတ်ကူးလိုက်တယ် ဆရာမကိုအကူညီတောင်းတော့ အခုလာတဲ့ကားမပြန်သေးဘူးမလား လာတဲ့ကားနဲ့ဘဲသွားလိုက်ပါဆို‌တော့ ထွေထူးထက်‌မပြောဖြစ်ခဲ့ဘူး
လာတဲ့ကားနဲ့ဘဲ တောင်ငူဆေးရုံကြီးကို အားခြင်းမောင်းရင်း စိုးရိမ်သောကပရပွနဲ့ တောင်ငူဆေးရုံကြီးရောက်ခဲ့တယ်

လူနာက အပေါ်သွေး180အောက်သွေး 110အောက်စီဂျင်အရမ်းကျနေတယ် 45ဘဲရှိတယ်အမ စိုးရိမ်ရတယ် တောင်ငူဆေးရုံက ဆရာဝန်ရဲ့စကားသံက ညိုချောအမေနားထဲစောင့်ဝင်လာတယ်
ခွဲမွေးရမှာမို့ သွေးပေါင်ကြအောင်စောင့်ရမယ် အောက်စီဂျင် ဂိက်ဆုံးကို 40အိုးနဲ့ တူးဝေးပေးထားတာမို့ အခြေနေမကောင်းတာ ညိုချောတော့မိသားစုတခုလုံး အဆိုးတွေဖြစ်လာရင်လည်း ပြင်ဆင်ထားပြီးသားပါ

ညိုချောခွဲခန်းမ၀င်ခင် ညိုချောအမေ လက်မှတ်နှစ်ခါထိုးရင်း ရွာကမိသားစုဖုန်းဆက်တယ် အသက်ရှင်ဖို့မသေခြာဘူးတဲ့ အိမ်ကလေးတွေကိုဂရုစိုက်ဖို့နဲ့ ပိုက်ဆံရှာဖို့ပါ ညိုချောအဖေရွာထဲ မှာအလှုလိုက်ခံတော့ ပိုက်ဆံငါးသောင်းရလာတယ် ညိုချောအဒေါ် ဆေးရုံပိုက်ဆံလာပို့တယ်

ဒီကောင်မလေးက သေရွာပြန်ဘဲအေ သေပြီထင်မေတာ ဆရာဝန်တွေဆရာမတွေ အသက်လုရတာ ပြာနေတာဘဲ တချက်မှမနားရဘူး ခွဲခန်းကထွက်ပြီ ညိုချောကကလေးနို့တိုက်ဖြို့ငြင်းတယ် ဘာလို့နို့မတိုက်ခြင်တာလဲ မေးတိုင်း ကလေးက သူ့အဖေနဲ့တူလို့ဆိုပြီးဖြေတယ် သေခြာတွေးကြည့်မယ်ဆိုရင် ညိုချောခမျာ မြင်နိုင်တဲ့ဒဏ်ရာတွေထက် မမြင်နိုင်တဲ့စိတ်ဒဏ်ရာတွေဘယ်လောက်များနေတယ်မသိနိုင်ဘူး

အဲ့နောက် ညိုချောကိုကျွန်တော်ပထမဆုံးစတွေ့ဖြစ်ခဲ့တယ် အကြောင်းရင်းမှန်တွေကိုမသိသေးတော့ ကလေးနို့မတိုက်တာမြင်ရတိုင်း ငါ့နို့ရည်တစက်ဝင်တိုင်း ကလေးအဆိပ်ဖြစ်ပါစေဆိုတဲ့ မုန်းစွဲဇာတ်ဝင်ခန်းကိုတွေးမြင်မိရင်း ကလေးမိသားစုကိုစိတ်ပျက်ခဲ့မိတာအမှန်ပါ မိသားစုကလည်း အမှန်အတိုင်းမပြောခဲ့တာပါတာပေါ့

ကလေးကတိုင်းရင်းသားမိဘမဲ့ကျောင်းရောက်ပြီး နောက်နေ့မှာဘဲ အသားဝါလို့ဆေးရုံထက်တင်ရတယ်
ကလေးဆေးရုံကမဆင်းခင်မှာဘဲ ညိုချောဆေးရုံကဆင်းတယ် ညိုချောအိမ်ပြန်လိုက်ပို့ရင်း မိုးဒီတို့ကိုတရားစွဲနိုင်ဖို့ ကြိုးစားခဲ့တယ် မိုးဒီကိုယ်တိုင်က ရည်ရွယ်ချက်ရှိရှိ မုဒိန်းမှုကိုရှောင်လွဲဖို့ ဥပဒေကိုလက်တလုံးခြားလုပ်ခဲ့တာမို့ ထင်သလောက်မလွယ်ကူခဲ့ဘူး ကျုးလွန်စဉ်က အသက်မပြည့်တာရယ် ဉာဏ်မမှီတဲ့ ကလေးဖြစ်တာရယ်ကတော့ ကို့အတွက်အားသာချက်တခုပါ တရားဝင်လတ်ထပ်ပေးခဲ့တာကတော့ အားနည်းချက်တခုပါ

မြို့နယ်ရဲစခန်းရောက်တယ် မုဒိန်းမှုနဲ့ တရားစွဲမယ်ဆိုရင် ထောက်ပြစရာ ပြသနာကမိဘသဘောတူလို့ယူလိုက်တယ် သူတာဝန်ယူတယ်ဆိုတဲ့သဘောသက်ရောက်တာရယ် လင်မယားအရာရောက်သွားတဲ့အချက်ကြောင့်ပါ သက်ငယ်မုဒိန်း အိမ်တွင်းကြမ်းဖက်မှုတွေနဲ့စွဲလို့မရသလို အသက်မပြည့်လိုစွဲမယ်ဆိုရင်လည်း လက်ထပ်ပေးထားတဲ့ လူတွေအားလုံးပါစွဲရမှာပါ မိုးဒီဘက်ကလည်း လျှော်ကြေးလိုလို့တမင်ဂွင်ဆင်တဲ့သဘောမျိုးရွာထဲသတင်းလွင့်နေတာရယ် ညိုချောတို့ဘက်ကလည်း ငြိမ်နေတာမို့ တရားခံဘက်ကဘဲမတရားခံရသလိုဖြစ်နေတယ် ငြိမ်မနေဘဲတိုင်မယ်ဆိုတော့လည်း ကိုလွဲဘာမှမရှိတဲ့ဘဝ

မြို့နယ်ရဲခန်းကလည်း နှစ်ဦးသဘောတူပြီးလက်ထပ်ပြီးမှ အခုမှဘာလို့လာတိုင်တာလဲရယ် ယူတုန်းကယူပြီးအဆင်မပြေမှ လာတိုင်တယ်ဆိုတဲ့သဘောရယ်ပြောလာပါတယ် ပွင့်လင်းလင်းပြောရရင် တရားစွဲမရတဲ့လမ်းကြောင်းကိုဘဲပြောနေတာပါ ဒါကြောင့်လည်း မိုးဒီတို့ဘက်က တိုင်ခြင်ရာတိုင်ဂရုမစိုက်ဘူးဆိုပြီးစိန်ခေါ်တာပါ

လက်ရှိအနေထားအရ ရဲရေးပိုင်တဲ့အမှုအနေနဲ့ မိုးဒီနဲ့ သံချောင်းကို အားခြင်းဖမ်းဖို့မဖြစ်နိုင်တော့ပါဘူး
မုဒိန်းကျင်ပြီး အရေးယူခံရမှာကြောင့် ရည်ရွယ်ချက်ရှိရှိ အရောင်ပြယူပြီးမကွဲကွဲအောင်နှိပ်စက်တာ ကြောင့် ကာမလိမ်လည်မှုနဲ့ တရားစွဲပါမယ် ပြီးမှ ဉာဏ်ရည်မမှီတာရယ် အသက်မပြည့်သေးတာရယ်ကြောင့် ဘယ်လိုဆက်အရေးယူရမယ်ဆိုတာ ရှေ့နေတွေနဲ့တိုင်ပင်ပြီး တရားရုံးကိုဦးတိုက်လျှောက်ပါမယ်

တရားစွဲလို့ရအောင် ကို့ဘက်ကပြင်ဆင်ရပါမယ် အဓိကအားနည်းချက်ဖြစ်တဲ့ ဘာလို့လက်ထပ်ဖို့သဘောတူပြီးပေးစားရတယ်ဆိုတာ ကိုအကြောင်းပြချက်ခိုင်ခိုင်လုံလုံနဲ့ ခြေပနိုင်ဖို့လိုပါတယ် ဒီနေ့အစိုးရရုံးပိတ်ရက်ဖြစ်တာကြောင့် တရားရုံးမဖွင့်ပါဘူး
မိုးဒီကတော့ လကုန်တာနဲ့ မြစ်ကြီးနားကိုအလုပ်သွားလုပ်မယ်ကြားပါတယ် ညိုချောကိုထက်ကံမဆိုးစေခြင်တော့ပေမည့် ကံတရားကကိုဘက်မပါသေးပါ ကျွန်တော်တယောက်တည်းအားနဲ့လည်းမရပါဘူး

အားလုံးဝိုင်းတွန်းပေးဖို့လိုပါတယ် ညိုချောတို့မိသားစု အမှန်တရားကိုချစ်မြတ်နိုးတဲ့ ပြည်သူတွေရဲ့အကူညီလိုနေပါတယ် ဒီနေ့ကျွန်တော်အလုပ်မအားပါဘူး ညိုချောအဒေါ်ဖုံးဆက်လာပါတယ် ဘာ‌တွေလိုအပ်လဲ မေးတယ် အဓိကက တရားခံကျုးလွန်ကြောင်း ပစ္စည်းသက်သေ လူသက်သေ နဲ့ ကျွန်တော်တို့မသိသေးတဲ့အကြောင်းရာတွေရှိသေးလား ညိုချောကိုမေးဖို့ပါ ပရဟိတအလုပ်တွေနဲ့နပန်းလုံးနေချိန်မှာ ဒီပြသနာက ကျွန်တော့အတွက် စိန်ခေါ်မှု့ကြီးလွန်းတယ်

တရားရုံးကိစ္စအတွက် လုံလောက်တဲ့အချိန်ကျွန်တော်မပေးနိုင်သေးဘူး ညိုချောဘ၀ပြန်ထူထောင်နိုင်ဖို့ လူမှုဝန်ထမ်းဦးစီဌာနနဲ့ NGOအဖွဲ့တွေက ထောက်ပံမှု့တွေရအောင်လည်း ပြင်ဆင်နေပါတယ် ရှေ့ဆက်တရားစွဲအတွက်အခက်ခဲတွေကိုစဉ်းစားရင်း အိမ်ရှေ့တခါးဝမှာထိုင်ပြီးဘာတွေတွေးနေမှန်းမသိတဲ့ ဆေးရုံကဆင်းကာစ နလန်ထညိုချောကိုကြည့်ပြီးသက်ပြင်းချမိတယ်

KyawThuYa
Crd.........

ဘဝကခါးလာတော့သောက်နေတဲ့အရက်ကAuto ချိုလာတယ်...😅 #မင်းသိပ်ချစ်တဲ့ #ငါ
25/10/2023

ဘဝကခါးလာတော့
သောက်နေတဲ့အရက်က
Auto ချိုလာတယ်...😅
#မင်းသိပ်ချစ်တဲ့
#ငါ

အရိပ်ကိုလိုချင်.....နေပူကစောင့်လေ......တန်ရာတန်ကြေးပေးမှ.....တန်ရာတန်ကြေးပြန်ရမှာ.....ချွေးတွေ/မျက်ရေတွေ/သွေးတွေ/နာကျင်မ...
14/10/2023

အရိပ်ကိုလိုချင်.....
နေပူကစောင့်လေ......
တန်ရာတန်ကြေးပေးမှ.....
တန်ရာတန်ကြေးပြန်ရမှာ.....
ချွေးတွေ/မျက်ရေတွေ/သွေးတွေ/နာကျင်မူ့တွေ
အပြုံးတွေ/နိမ့်ချခြင်းတွေ
အကုန်ပေးဆပ်ပြီးမှရလာတဲ့အောင်မြင်မူ့က💞💞💞.....
ကန္တာရထဲမှာအိုအေစစ်ကိုတွေ့သလိုဘဲ.......အရမ်းချိုမြိန်ပါတယ်.......
ကျနော်လား
ပျော်နေပါတယ်အခု😘😘

Address

ကချင်
Myitkyina

Website

Alerts

Be the first to know and let us send you an email when Myanmar Coc Chit Thu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar Coc Chit Thu:

Shortcuts

Share

Category