Harnolu Kae Mic Photographer

Harnolu Kae Mic Photographer Food Photographs Myanmar Food photographer

26/01/2023
17/12/2022
photographer by Harnolu Kae Mic   ဆန်အကြောင်းစပါးအကြောင်းသူငယ်ချင်းတွေက "ငါတို့ထမင်းသာစားနေတာ၊ဆန်အကြောင်းသိပ္ပံနည်းကျကျမ...
15/06/2022

photographer by Harnolu Kae Mic


ဆန်အကြောင်းစပါးအကြောင်း

သူငယ်ချင်းတွေက "ငါတို့ထမင်းသာစားနေတာ၊ဆန်အကြောင်းသိပ္ပံနည်းကျကျမသိဘူးကွာ။" ဟုခဏခဏမေးလာတာကြောင့်ဆန်ရဲ ့အရည်အသွေးတွေ အကြောင်းသူတို့အတွက်ပြောပြချင်ပါတယ်။

ဆန်အကြောင်းပြောပြရင် မျက်မြင်ပုံသဏ္ဍာန် ကိုရူပအရည်အသွေးနဲ့ပြောဆိုကြတာစိတ်ဝင်စားဖို့ကောင်းပါတယ်။ ဆန်ရဲ့ morphology ကိုလေ့လာသုံးသပ်ပြီးမှ ဆန်စက်အင်ဂျင်နီယာ ပညာရှင်တွေက ကြိတ်ခွဲရေး စက်ကိရိယာ တွေကိုတီထွင်ထုတ်လုပ်ကြတာပါ။ ဒီစက်တွေ လုပ်ဆောင်ပုံလုပ်ဆောင်နည်းအခြေခံသဘောတရားတွေဟာလည်းစိတ်ဝင်စားဖို့ ကောင်းပါတယ်။ သီးနှံ ရဲ့Mass ထုကြီးထဲက အနည်းငယ်သော defected grain တွေ အခြေခံအချက်ပေါ်မူတည်ပြီးဖယ်ထုတ်တာလည်း စိတ်ဝင်စားစရာပါ။

(က) ရူပအရည်အသွေး
(ခ) ကြိတ်ခွဲမှုအရည်အသွေး
(ဂ) ချက်ပြုတ်မှုအရည်အသွေး
(ဃ) စားသုံးမှုအရည်အသွေး

တွေအကြောင်းပထမပြောပြချင်တယ်။

ရူပအရည်အသွေး မှာဆိုရင် ဆန်စေ့တစ်စေ့ရဲ့ အလျား ( length)အနံ(breadth) နဲ့ အလျားအနံအချိုး (Length breadth ratio) တွေဟာအရေးပါ ပါတယ်။စပါးအမျိုးအစား၊ဆန်အမျိုးအစား သတ်မှတ်ကြတဲ့အခါ အတိုင်းအတာတွေပေါ်မူတည်သတ်မှတ်ကြပါတယ်။extra long grain အဆင့်လွန်လုံးရှည်ဆိုရင်အလျား ၇ မီလီမီတာကျော်ဆန်စေ့ကိုသတ်မှတ်ပါတယ်။ လုံးသွယ် slender ဆိုရင် အလျားအနံ အချိုး ၃ အောက်ကိုသတ်မှတ်ထားပါတယ်။ ထိုင်းကခေါက်ဒေါ့မာလီ ဆန်ဆိုရင် extra long and slender အမျိုးအစား ဖြစ်ပါတယ်။ long grain လုံးရှည် ဆန်medium grain လုံးလတ်ဆန် short grain လုံးပုဆန် ဆိုပြီးခေါ်ဝေါ်ပါတယ်။ ဧည့်မထဆန် ဆိုရင်လုံးရှည်ဆန်၊ ငစိန်ဆန် ဆိုရင်လုံးလတ်ဆန်၊ ပေါ်ဆန်းနဲ့ မြီးတုံးဆန်ဆိုရင် လုံးပုဆန်လို့ သတ်မှတ်ခေါ်ဝေါ်ပါတယ်။

ထိုင်းစိုက်ပျိုးရေးဌာနက မစ္စကုရီယာ၀မ် ပြောတာလေးတစ်ခုပြောပြချင်တယ်။
သူမက ကွယ်လွန်သူ FAO က ဦးသက်ဇင်နဲ့ အတူ မြန်မာဆန်အရည်အသွေးတွေလာလေ့လာဘူးတယ်။ဟုန်မာလီစပါးကိုစပြီးမျိုးတွေဓါတ်ခွဲ လုပ်ကိုင်စဉ်က long
and slender လိုချင်တယ်။ သွယ်ဖို့က breadth ကိုလျှော့ပစ်ရမှာဆိုတော့ breadth ကိုတဖြည်းဖြည်းမျိုးစပ်ရင်းလျှော့တယ်။ breadth က၂မီလီမီတာလောက်ထိလျှော့လိုက် နိုင်ရင်ဆန်ဟာ slender ဖြစ်သွားရော-- လုံးရှည်လုံးသွယ်
ဆိုတာမျိုးဖြစ်လာတာပေါ့။ ဒါက ဆန် ကို မျက်မြင် ကောင်းအောင် လုပ်ယူတာ။
ဒါကလုပ်ယူတာ။ သဘာ၀အတိုင်းရှိနေတာကိုစျေးကွက်မှာပေါက်အောင်ရောင်း လို့ လည်းရတယ်။ ဥပမာဆန်နီစပါး-- ငလုံးကြီး၊ ငသလွန်၊ဆိုရင် ၉၀% ကျော်က
ဆန်နီ--ထိုင်းတွေက စျေးကွက်သဘောနားလည်တယ်။ဆန်နီက အာဟာရဓါတ်
ပိုတယ်ဘာညာ လေဗယ် တွေတတ်ရောင်းတာပေါ့။

ဆန်ကိုတစ်ခုနှင့်တစ်ခုခွဲခြားသတ်မှတ်တဲ့ အခါ အတိုင်းအတာပေါ်မူတည်ပြီးclassification လုပ်ထားတာပါ။ ပုံသဏ္ဍာနပေါ် မူတည်ပြီးလည်းခွဲခြားသတ်မှတ် နိုင်ပါတယ်။လုံးသွယ် slender လုံးလတ် bold လုံးဝိုင်း round တို့ဟာပုံသဏ္ဍာန်နဲ့ ပတ်သက်ပြီးအခေါ်အဝေါ်တွေပါ။ ယေဘူယျ အားဖြင့်ဧည့်မထ အုပ်စု ဝင်ဆင်းသွယ်လတ်ဆိုရင် long bold grain ငစိန်အုပ်စုဝင် ငစိန်ဆန်ဆိုရင် medium bold grain မြီးတုံး အုပ်စုဝင် မြီးတုံးဆန် ပေါ်ဆန်း ဆန်တို့ဆိုရင် short round grain လို့ခေါ်ပါတယ်။

၇မီလီမီတာရှည်အောင်ဘယ်လိုမျိုးလုပ်သလဲဆိုရင် agronomist တွေအလုပ်ပါ။ ထူးခြားမှုရှိတဲ့ စပါးမျိုးတွေတစ်ခု နှင့်တစ်ခု ဓါတ်ခွဲခန်းမှာ ပေါင်းစပ်ပြီးလုပ်ယူကြတာပါ။ အဆင့်လွန် လုံးရှည်၊ လုံးရှည်ဆန်တွေချည်း ကြိုက်ကြတာမဟုတ်ပါဘူး။ medium grain short grain တွေလည်းဆန်စားသုံးသူတွေကြိုက်ကြပါတယ်။ medium grain ဆိုလိုက်တာနဲ့ မျက်စေ့ထဲ မြင်အောင်ပြောရရင် ငစိန် ဆန်
ဟာ medium grain အဆင့်ပါ။ ငစိန်ဆန်ဟာ ဆန်ကြမ်း လို့ ဆိုလို့ မရပါဘူး။ပူပူနွေးနွေးမှာ အင်မတန်စားလို့ ကောင်းတဲ့ ငစိန်ဆန်တွေရှိပါတယ်။ သာပေါင်းဖက်ကထွက်တဲ့ ပျိုမနိုင် ဆန်ဟာ ငစိန်အုပ်စု ထဲမှာပါပါတယ်။ တခေတ်တခါ က ရာကျော်ဆိုတဲ့ စပါးကို ငစိန် အုပ်စု ထဲ ထည့် လိုက်မိတော့ရာကျော်ကိုမှီ ပြီးငစိန်ဆန်နံမည်ပျက်ရရှာတာပါ။ ရာကျော်ဆိုတာ စပါးအနေနဲ့ တင်း တစ်ရာကျော် ထွက်လို့ တစ်ခေတ်တစ်ခါက နံမည်ရှိခဲ့ပါတယ်။ သို့သော်ထမင်းချက် လိုက်ရင် ပူနေတုံးတော့ ကောင်းပါရဲ ့-- ထမင်းကလည်းကော့နေပါတယ်။ဒါပေမဲ့ အေးသွားရင်ထမင်းက မာကျောသွားပြီးစားလို့မကောင်းတော့ပါ။ ကမ္ဘာမှာတော့ အီဂျစ်တွေ ဟာ medium grain စိုက်ပျိုးပြီး ပြည်ပလည်းတင်ပို့သလိုပြည်တွင်းမှာ လည်းစားကြပါတယ်။

နောက်တစ်ခု က short and round grain ပါ။ ဂျပန်ဆန်လည်း အလားတူပါပဲ။ ပေါ်ဆန်း၊ ငကျွဲ၊စပါးနက်၊ပေါ်ဆန်းဘေးကြား၊ မြီးတုံး စတဲ့ စပါးတွေဟာ short and round grain တွေပါ။ ပေါ်ဆန်းကတော့ ချက် လိုက်ရင်သူ့ အရှည်ထက် ၂ဆကျော်ကျော် လောက်ရှည်ထွက်လာပါတယ်။

13/01/2022

The Chef Frozen Production Myanmar

The Chef Frozen Products
09/01/2022

The Chef Frozen Products

The Chef Frozen Products    ဝက်ဂုတ်သား Ready Madeအသင့်ကင်းစားနိုင်ပါသည်။
09/01/2022

The Chef Frozen Products

ဝက်ဂုတ်သား Ready Made
အသင့်ကင်းစားနိုင်ပါသည်။

The Chef Frozen Products    ဝက်သုံးထပ်သား စပါးလင်လိပ်အသင့်စားသုံးနိုင်ပါသည်။
09/01/2022

The Chef Frozen Products

ဝက်သုံးထပ်သား စပါးလင်လိပ်
အသင့်စားသုံးနိုင်ပါသည်။

The Chef Frozen Products    ဝက်သုံးထပ်သား 🤩အသင့်ပေါင်းထားပြီး ဖြစ်ပါသည်။
09/01/2022

The Chef Frozen Products

ဝက်သုံးထပ်သား 🤩
အသင့်ပေါင်းထားပြီး ဖြစ်ပါသည်။

Address

15 လမ်း
Myingyan

Telephone

+959951388959

Website

Alerts

Be the first to know and let us send you an email when Harnolu Kae Mic Photographer posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Harnolu Kae Mic Photographer:

Share

Category