19/09/2022
အိန္ဒိယ၊ မီဇိုရမ်ဘက်သို့ လှူဒါန်းခရေအလှူ
ပလက်ဝတိုက်ပွဲတိကြောင်း တိန်းရှောင်ခကတ်ရရေ၊ မြစ်ဝရွာကမှ စစ်ဘေးရှောင်တိ အိန္ဒိယ မီဇိုရမ်ဘက်ကို ရောက်ရှိခကတ်တေ။
အိမ်ထောင်စု (၁၃၈)စု၊
ကျား-မ လူဦးရေ စုစုပေါင်း (၅၉၀)ယောက်
အတွက် ပြည်တွင်းပြည်ပကအလှူရှင်တိလှူဒါန်းရေ ဖေသာတိစုပေါင်းပြီး မြန်မာဖေသာ သိန်း ( ၈၀ ) ပီးပို့လှူဒါန်းခကတ်တေ။မြန်မာဖေသာကို အိန္ဒိယရူပီ နဲ့လှဲလိုက်တေခါ ( ၂၂၈၅၇၁ ) ရူပီရရှိပါရေ။
အေခု ယင်းဖေးသာတိနဲ့ စားနပ်ရိက္ခာတိစစ်ဘေးရှောင်တိကို အိန္ဒိယနယ်စပ်၊ ရွာသစ်ဘုန်းကြီး ကျောင်းတိုက်၊ ဆရာတော်ဦးပညာဇောတ တဆင့် ဆက်လက်လှူဒါန်းလို့ရှိပါရေ။
တပါတ်ကို ဆန် (၆၆-အိတ်) ကုန်ကျပါရေ။ ဆန် (၁-အိတ်)ကို အိန္ဒိယ ရူပီ ၁၅၀၀- ဖြစ်ပါရေ။
စစ်ဘေးရှောင်ပြည်သူတိအတွက် ပံ့ပိုးပါဝင်လှူဒါန်းကတ်တေ အလှူရှင်တိကိုကျေးဇူးတင်ပါရေ။
#စစ်ဘေးရှောင်တိကိုဆက်လက်ကူညီလားဖို့ဖြစ်တေအတွက်ဆက်သွယ်လှူဒါန်းနိုင်ပါရေ။
#ခိုင်မင်းသျှင်_မြောက်ဦး