မုံရွာဓာတ်ပုံအသင်း - Monywa Photographic Society - MYPS

  • Home
  • Myanmar
  • Monywa
  • မုံရွာဓာတ်ပုံအသင်း - Monywa Photographic Society - MYPS

မုံရွာဓာတ်ပုံအသင်း - Monywa Photographic Society - MYPS ဓာတ်ပုံပညာစိတ်ဝင်စားသူတိုင်း ဝင်ရေ

ဓာတ်ပုံပညာရှင် ဆရာဦးကျော်ဝင်းလှိုင်26-5-2022ရက်နေ့နံနက်တွင် ရုတ်တရက်ကွယ်လွန်သွားကြောင်းသိရသည့်အတွက်၊မုံရွာဓာတ်ပုံအသင်းအမ...
27/05/2022

ဓာတ်ပုံပညာရှင် ဆရာဦးကျော်ဝင်းလှိုင်
26-5-2022ရက်နေ့နံနက်တွင် ရုတ်တရက်ကွယ်လွန်သွားကြောင်းသိရသည့်အတွက်၊မုံရွာဓာတ်ပုံအသင်းအမှုဆောင်များနှင့်အသင်းသူ/အသင်းသားများမှနှမျောတသ၊ဝမ်းနည်းပူဆွေးရပါကြောင်း,ဆရာကောင်းရာသုဂတိလားပါစေ။

18/07/2021

အထက်မြန်မာပြည်ဓါတ်ပုံအသင်း( UMPS)မှ

အသင်း၏အတွင်းရေးမှူး ဦးထွန်းထွန်း(မိုးသောက်ကြယ်)

သည် ၁၈/၇/၂၀၂၁ နံနက် (၇:၀၀) အချိန်တွင် ဘဝတစ်ပါး

သွားသို့ ကူးပြောင်းသွားပြီဖြစ်သည့်အတွက် ကျန်ရစ်သူ

မိသားစုများနှင့် အထက်မြန်မာပြည်ဓာတ်ပုံအသင်း

(UMPS) တို့အတွက် မုံရွာဓာတ်ပုံအသင်း

မိသားစုများမှ များစွာစိတ်မကောင်းဖြစ်ရပြီး ထပ်တူ

ထပ်မျှ ကြေကွဲဝမ်းနည်းရပါသည်။

အထက်မြန်မာပြည်ဓါတ်ပုံအသင်း(UMPS)မှ

အတွင်းရေးမှူး ဦးထွန်းထွန်း(မိုးသောက်ကြယ်)

ကောင်းရာမွန်ရာ ဘုံဘဝသို့ရောက်ရှိပါစေ။

မုံရွာဓာတ်ပုံအသင်း မိသားစု

မုံရွာဓါတ်ပုံအသင်း၏တွဲဖက်အတွင်းရေးမှူးဖြစ်သူကိုသုတ (စိန်ဝေလျှံ) သည် ယနေ့ ၂၄.၂.၂၀၂၁  ညနေ ၂:၄၅ နာရီတွင်ဘဝ တစ်ပါးသို့ ကူးပြ...
24/02/2021

မုံရွာဓါတ်ပုံအသင်း၏
တွဲဖက်အတွင်းရေးမှူးဖြစ်သူ

ကိုသုတ (စိန်ဝေလျှံ) သည်

ယနေ့ ၂၄.၂.၂၀၂၁ ညနေ ၂:၄၅ နာရီတွင်
ဘဝ တစ်ပါးသို့ ကူးပြောင်း ကွယ်လွန်သွားပါကြောင်း ကြားသိရသည့်အတွက်
မိသားစုနှင့်ထပ်တူ ဝမ်းနည်းမိပါသည်။
ကိုသုတ ကောင်းရာဘုံဘဝ ရောက်ရှိပါစေ။

မုံရွာဓါတ်ပုံအသင်း

08/02/2021
27/01/2021

ကမ္ဘာ့ကပ်ရောဂါ Covid 19 သည် မြန်မာနိုင်ငံသို့ရောက်ရှိဖြစ်ပွားချိန်မှစ၍ ပွဲလမ်းသဘင်များကျင်းပပြုလုပ်ခွင့်မရှိခြင်း ၊ Stay At Home စည်းကမ်းသတ်မှတ်ချက်များကြောင့် မုံရွာဓာတ်ပုံအသင်း၏လပတ်ဓာတ်ပုံပြိုင်ပွဲရွေးချယ်ရေးအတွက် အခက်အခဲ များစွာကြုံနေရပါသည်။
ထို့အတွက်ကြောင့် မုံရွာဓာတ်ပုံအသင်းကြီးအနေဖြင့် အသင်းသူ/အသင်းသားများအား ပြိုင်ပွဲဝင်ဓာတ်ပုံများကို စီစစ်မရွေးချယ်နိုင်သည်ကို နားလည်ခွင့်လွှတ်ပေးစေချင်ပါသည်။
ပြိုင်ပွဲဝင်ဓာတ်ပုံများ စီစစ်ရွေးချယ်နိုင်ရေးအတွက်လည်း အသင်းကြီး၏ အလုပ်အမှုဆောင်များနှင့်နာယကလူကြီးများမှလည်း စီစဥ်နေပါသည်။
ပြိုင်ပွဲဝင်ဓာတ်ပုံများ ရွေးချယ်မည့် နေ့ရက်နှင့်အချိန်ကို မုံရွာဓာတ်ပုံအသင်း Page မှ ကြေငြာပေးပါမည်။
မုံရွာဓာတ်ပုံအသင်း
ပြိုင်ပွဲကျင်းပရေးကော်မတီ

16/12/2020

မုံရွာဓာတ်ပုံအသင်းသူ/အသင်းသားများ ဓာတ်ပုံအသင်းမှယခင်ကြေငြာထားသည့် ဒီဇင်ဘာ(15/16) ရက်အစား ဒီဇင်ဘာ(31)ရက်သို့ ပြောင်းရွှေ့ထားပါသည်။

14/11/2020

မုံရွာဓာတ်ပုံအသင်း ၊ ဒီဇင်ဘာလ လပတ်ပြိုင်ပွဲအတွက် ရိုက်ကူးယှဥ်ပြိုင်ကြရန်အတွက် ခေါင်းစဥ် (၃) မျိုးဖြင့် ပြိုင်ပွဲကျင်းပပါမည်။ (အသင်းဝင်များသာ)

၁ ။ စိတ်ကြိုက်လူပုံကဏ္ဍ(စိတ်ကြိုက်) (Open Portraiture ) (Open)
၂ ။ ရှု့ချင့်စဖွယ်ကဏ္ဍ(စိတ်ကြိုက်)(Open)
၃ ။ ကိုယ်လက်လှုပ်ရှားအားကစားကဏ္ဍ(Open)

အထက်ပါ ခေါင်းစဥ်များကို မိမိအစီအစဥ်ဖြင့် ရိုက်ကူး၍ { 2020ခုနစ်ဒီဇင်ဘာလ 15/ 16 } ရက်နေ့များတွင် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအချိန်အတွင်း မုံရွာဓာတ်ပုံအသင်းရုံးသို့ လာရောက်ပေးပို့ယှဥ်ပြိုင်နိုင်သည် ။
ထိုသို့ ပြိုင်ပွဲဓာတ်ပုံများကိုပေးပို့ရာတွင် ပုံအရွယ်အစား 10" x 15" ထက်မငယ်သောပုံများကို Jpeg file resolution 300 dpi ဖြင့် မူရင်း raw format နှင့်အတူ DVD or CD တွင် ထည့်သွင်း၍ { DVD or CD } ကိုသာ တင်သွင်းရမည် ။ (ပုံထုတ်ကူးတင်ရန်မလို)
ပြိုင်ပွဲကြေးမှာ တစ်ကဏ္ဍလျှင် ၃၀၀၀ ကျပ်နှုန်းဖြစ်ပါသည် ။
ပြိုင်ပွဲပုံစည်းကမ်းများမှာ မူရင်းပုံထဲမှ ရှိသည်များကိုဖယ်ထုတ်ခြင်း ။ မရှိသည်များကိုထည့်သွင်းခြင်း ။ အလွန်အကျွံ ပြုပြင်ခြင်း များ မပြုလုပ်ရပါ ။ အလင်း အမှောင် အရောင်များ စသည်ချိန်ညှိနိုင်ပါသည် ။
ပြိုင်ပွဲဝင်များသည် တဏ္ဍလျှင် ၄ ပုံ အထိတင်သွင်းယှဥ်ပြိုင်နိုင်ပါသည် ။
အားလုံးကိုကျေးဇူးတင်ပါသည် ။
အမှုဆောင်အဖွဲ့
မုံရွာဓာတ်ပုံအသင်း ။
ပုံများရွေးချယ်မည့်ရက်အား ထပ်မံကြေငြာပေးပါမည် ။

"ပညာလည်းယူ မေတ္တာဖေးကူ  . . Photography Buffet Online Donation Class"  ကမ္ဘာ့ကပ်ရောဂါ Covid 19 သည် မြန်မာနိုင်ငံသို့ရောက...
12/10/2020

"ပညာလည်းယူ မေတ္တာဖေးကူ . . Photography Buffet Online Donation Class" ကမ္ဘာ့ကပ်ရောဂါ Covid 19 သည် မြန်မာနိုင်ငံသို့ရောက်ရှိဖြစ်ပွားချိန်မှစ၍ ပွဲလမ်းသဘင်များကျင်းပပြုလုပ်ခွင့်မရှိခြင်း၊ Stay At Home စည်းကမ်းသတ်မှတ်ချက်များကြောင့် ဓာတ်ပုံလုပ်ငန်းနှင့် ဓါတ်ပုံဆိုင်ရာလုပ်ငန်းများ လုပ်ကိုင်ခွင့်မရရှိခြင်းတို့ကြောင့် အချို့သော ဓာတ်ပုံပညာနှင့် အသက်မွေးဝမ်းကျောင်း ပြုလုပ်သူများမှာ စားဝတ်နေရေး အခက်အခဲ များစွာကြုံနေရပါသည်။ ဒါကြောင့် မိမိတို့၏ လုပ်ဖော်ကိုင်ဖက်များကို ကူညီထောက်ပံပေးနိုင်ရန် နှင့် တတ်အားသ၍ ကူညီပေးရန်အတွက် ''ပညာလည်းယူ မေတ္တာ‌ဖေးကူ'' ဆိုတဲ့ခေါင်းစဉ်ဖြင့် ဓါတ်ပုံပညာရပ်သင်ကြားရေးဆရာများကို ဖိတ်ကြားပြီး ပညာဖြန့်ဝေရေး အစီအစဉ်လည်းဖြစ် အလှူဒါနလည်းဖြစ် အစီအစဉ်လေးကို မိတ်ဆက်ပါရစေ။
''ပညာလည်းယူ မေတ္တာ‌ဖေးကူ'' အစီအစဉ်ဟာ မည်သည့်လက်အောက်တွင်မှမရှိဘဲ Covid ကာလအတွင်း အခက်အခဲဖြစ်နေသော မိမိတို့၏လုပ်ဖော်ကိုင်ဖက်များကို မိမိတို့ တတ်သိနားလည်သည့် ပညာရပ်ဖြင့် အလှူငွေရှာ ကူညီပေးနိုင်ရန်အတွက်သာ ရည်ရွယ်ထားခြင်းဖြစ်ပါတယ်။ ''ပညာလည်းယူ မေတ္တာ‌ဖေးကူ'' အစီအစဉ်လေးကတော့ ဓါတ်ပုံအသိပညာရှင်အတက်ပညာရှင်များမှ Online Photography Class ပြုလုပ်ပြီး ပညာသင်ယူလိုသူများအတွက် မိမိတို့၏ ပညာရပ်ကို အလှူကြေးသတ်မှတ်ကာ သင်ကြားမျှဝေပေးဖို့အတွက် ယာယီဖွဲ့စည်းခြင်းသာဖြစ်ပြီး 'ပညာလည်းယူ မေတ္တာ‌ဖေးကူ'' အစီအစဉ်မှ ရရှိလာသောအလှူငွေများ ကို ခွဲခြမ်းစိတ်ဖြာပြီးတဲ့နောက် မြန်မာနိုင်ငံအနှံအပြားတွင် တာဝန်ခွဲဝေယူထားသော ကျွန်တော်တို့ရဲ့ Admin များနှင့်ချိတ်ဆက်ကာ အခက်အခဲဖြစ်နေသော ဓာတ်ပုံပညာနှင့် အသက်မွေးဝမ်းကျောင်း ပြုသူများ ဓါတ်ပုံလောကသားများ ကို ကူညီပေးသွားမှာဖြစ်ပါတယ်။
ပညာလည်းယူ မေတ္တာဖေးကူ ဆိုတဲ့ အစီအစဉ်ကိုစတင်အကောင်အထည်ဖော်ဖို့ ကျွန်တော်စုစည်း စည်းရုံးခဲ့ပါတယ်။ ကျွန်တော်လက်ကမ်းခေါ်ယူခဲ့တဲ့ ဆရာများမှလည်း လိုလိုလားလားနဲ့ပညာရပ်ကို မျှဝေပေးဖို့အတွက် လက်ခံပေးကြတဲ့အတွက် အထူးပင်ဝမ်းသာမိပါတယ်။
ကျွန်တော် နဲ့ အတူ ပါဝင်ဆွေးနွေးပေးမယ် ဖိတ်ခခါ်ထားတဲ့ ဆရာများကတော့ သင်ကြားမည် အစီအစဉ်အတိုင်း နာမည်ရေးထားပါတယ်။
1 - U Di Pa (Director Di Pa) 2 - Ko Tin Aung Gyi (KKDPC) 3 - Ko Htoo Wai (Ajax Click) 4 - Ko Wai Lin (Love Diary) 5 - Ko Htet Wai Win Thu (Amazing) 6 - Ko Kyaw Swar Hla Kyi (KSHK) 7 - Ko Sithu Aung (New Sky) 8 - Ko Myo Sat (Golden Eye) 9 - Fred Photography ပညာဒါန ဆိုတဲ့အတိုင်း အနည်းဆုံး ဖြစ်အောင် ဝိုင်းဝန်းစဉ်းစားခဲ့ကြပြီး ''ပညာလည်းယူ မေတ္တာ‌ဖေးကူ'' Online Photography ဆွေးနွေးပွဲ နဲ့ ပညာဒါန တက်ရောက်ဖို့အတွက် အလှူငွေကြေးကို 25000/Ks သာသတ်မှတ်ခဲ့ပါတယ်။ စေတနာသဒ္ဒါများစွာဖြင့်လည်း အလှူငွေများကိုလက်ခံပါမည်။ . ဒီအစီအစဉ်ဟာ အကျိုးအမြတ် လုံးဝ ( လုံးဝ ) မယူဘဲ ပြန်လည် လှူဒါန်းမှာ ဖြစ်လို့ ပညာတင် မက ကုသိုလ်ရ အစီအစဉ်မှာ ပါဝင်ဖြစ်အောင် ( ၂၀-၁၀-၂၀၂၀) ရက်နေ့ နောက်ဆုံးထား စာရင်းပေး အပ်နှံနိုင်ကြပါပြီ ခင်ဗျာ။
အလှူပွဲလေးမှာ ပညာဒါန သင်ကြားပေးတဲ့ဆရာများရဲ့ Basic Photography - PreWedding Photography - Fashion Photography - Photo Editing - Business Photography - Commercial Photography - Phone Photography - Creation Photography တွေအပြင် Video Editing ပါထည့်သွင်းပေးထားပါတယ်။
ကဲ အခုပဲ သင်တန်းတက်ဖို့ အမြန်ဆုံးစာရင်းပေးလိုက်ကြပါစို့
#သင်တန်းအပ်နှံရန် Ko Min Oo : 09 4100 3224 Ko Too : 09448889517
#သင်တန်းကြေးငွေလွဲရန် K Pay : 094100 3224 (U Min Oo)
Wave Pay : 094100 3224 (U Min Oo)
K Pay : 09448889517 (Thura Aung)
သင်တန်းတက်ရောက်မည့်သူတိုင်းမှ ယခုပိုစ့်အား မိမိတို့ Facebook Account များသို့ Share ခြင်းဖြင့် အလှူပွဲလေးမှာ ပါဝင်ကုသိုလ်ယူပေးကြဖို့လည်း တိုက်တွန်းပါတယ် ခင်ဗျား။ သင်ကြားမည့်ဆရာများ၏ သင်တန်းအချိန်ဇယားကိုလည်း သင်တန်းရက်မတိုင်ခင် ထုတ်ပြန်ပေးပါမည်။

-------------------------------------------------------
-
-
-
-
ကျွန်တော်နဲ့အတူ KSHK Group Admin တွေရဲ့ တတ်နိုင်သမျှ မတည်ငွေများနှင့်အတူ ဒီဆွေးနွေးပွဲက ရလာတဲ့ သင်တန်းကြေး လှူတန်းငွေ အားလုံးကို အခက်ခဲဖြစ်နေတဲ့ ဓါတ်ပုံ သမားများကို တစ်ပြားမချန် ခွဲဝေလှူတန်းသွားမှာ ဖြစ်ပါတယ်။ ပညာလည်းယူ မေတ္တာဖေးမကူ အဖွဲ့မှ မတည်သူများစာရင်း။
၁ - ကိုကျော်စွာလှကြည် ၁၀၀,၀၀ဝိ/ကျပ်
၂ - ကိုမျိုးဆက် ၁၀၀,၀၀ဝိ/ကျပ်
၃ - ကိုကျော်စွာ ၁၅၀,၀၀ဝိ/ကျပ်
၄ - ကိုမောင်ခိုင် (USA) ၁၀၀,၀၀ဝိ/ကျပ်
၅ - ကိုထူးဝေ။ ၅၀,၀၀ဝိ/ကျပ်
၆ - ကိုမင်းစိန် ၃၀,၀၀ဝိ/ကျပ်
၇ - ကိုမင်းဦး ၅၀,၀၀၀/ကျပ်
၈ - ကိုဖြိုးဝေကို ၅၀၀,၀၀ဝိ/ကျပ်
၉ - ကိုသက်နိုင်ဦး ၁၀၀,၀၀ဝိ/ကျပ်
၁၀ - ကိုထက်ဖြိုးလင်း ၂၀,၀၀၀/ကျပ်
၁၁ - ကိုတူး ‌ ၅၀,၀၀ဝိ/ကျပ်
၁၂ - ကိုထက်ဝေယံဝင်းသူ ၃၀,၀၀၀/ကျပ်
၁၃- ကိုရဲလင်းကျော် ၅၀,၀၀၀/ကျပ်

26/09/2020

မုံရွာဓာတ်ပုံအသင်း ၊ အောက်တိုဘာလ လပတ်ပြိုင်ပွဲအတွက် ရိုက်ကူးယှဥ်ပြိုင်ကြရန်အတွက် ခေါင်းစဥ် (၃) မျိုးဖြင့် ပြိုင်ပွဲကျင်းပပါမည်။ (အသင်းဝင်များသာ)

၁ ။ စိတ်ကြိုက်လူပုံကဏ္ဍ(စိတ်ကြိုက်) (Open Portraiture ) (Open)
၂ ။ စိုက်ပျိုးမွေးမြူ ဒို့တောင်သူ ကဏ္ဍ(စိတ်ကြိုက်)(Open)
၃ ။ ကိုဗစ်ကာလ လူမှု့ဘဝ(Open)

အထက်ပါ ခေါင်းစဥ်များကို မိမိအစီအစဥ်ဖြင့် ရိုက်ကူး၍ { 2020ခုနစ်အောက်တိုဘာလ 19 / 20 } ရက်နေ့များတွင် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအချိန်အတွင်း မုံရွာဓာတ်ပုံအသင်းရုံးသို့ လာရောက်ပေးပို့ယှဥ်ပြိုင်နိုင်သည် ။
ထိုသို့ ပြိုင်ပွဲဓာတ်ပုံများကိုပေးပို့ရာတွင် ပုံအရွယ်အစား 10" x 15" ထက်မငယ်သောပုံများကို Jpeg file resolution 300 dpi ဖြင့် မူရင်း raw format နှင့်အတူ DVD or CD တွင် ထည့်သွင်း၍ { DVD or CD } ကိုသာ တင်သွင်းရမည် ။ (ပုံထုတ်ကူးတင်ရန်မလို)
ပြိုင်ပွဲကြေးမှာ တစ်ကဏ္ဍလျှင် ၃၀၀၀ ကျပ်နှုန်းဖြစ်ပါသည် ။
ပြိုင်ပွဲပုံစည်းကမ်းများမှာ မူရင်းပုံထဲမှ ရှိသည်များကိုဖယ်ထုတ်ခြင်း ။ မရှိသည်များကိုထည့်သွင်းခြင်း ။ အလွန်အကျွံ ပြုပြင်ခြင်း များ မပြုလုပ်ရပါ ။ အလင်း အမှောင် အရောင်များ စသည်ချိန်ညှိနိုင်ပါသည် ။
ပြိုင်ပွဲဝင်များသည် တဏ္ဍလျှင် ၄ ပုံ အထိတင်သွင်းယှဥ်ပြိုင်နိုင်ပါသည် ။
အားလုံးကိုကျေးဇူးတင်ပါသည် ။
အမှုဆောင်အဖွဲ့
မုံရွာဓာတ်ပုံအသင်း ။
ပုံများရွေးချယ်မည့်ရက်အား ထပ်မံကြေငြာပေးပါမည် ။

05/09/2020

မုံရွာဓာတ်ပုံအသင်း ၊ စက်တင်ဘာလ လပတ်ပြိုင်ပွဲအတွက် ရိုက်ကူးယှဥ်ပြိုင်ကြရန်အတွက် ခေါင်းစဥ် ၃ မျိုးဖြင့် ပြိုင်ပွဲကျင်းပပါမည်။ (အသင်းဝင်များသာ)
၁ ။ စိတ်ကြိုက်လူပုံကဏ္ဍ(ရောင်စုံ) (Open Portraiture ) (colour )
၂ ။ စိတ်ကြိုက်ရှုချင်စဖွယ်ကဏ္ဍ(ရောင်စုံ)(Open Colour Pictorial )
၃ ။ Light & shadow( ဖြူမဲ)

အထက်ပါ ခေါင်းစဥ်များကို မိမိအစီအစဥ်ဖြင့် ရိုက်ကူး၍ { 2020ခုနစ် စက်တင်ဘာလ18 / 19 / 20 } ရက်နေ့များတွင် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအချိန်အတွင်း မုံရွာဓာတ်ပုံအသင်းရုံးသို့ လာရောက်ပေးပို့ယှဥ်ပြိုင်နိုင်သည် ။
ထိုသို့ ပြိုင်ပွဲဓာတ်ပုံများကိုပေးပို့ရာတွင် ပုံအရွယ်အစား 10" x 15" ထက်မငယ်သောပုံများကို Jpeg file resolution 300 dpi ဖြင့် မူရင်း raw format နှင့်အတူ DVD or CD တွင် ထည့်သွင်း၍ { DVD or CD } ကိုသာ တင်သွင်းရမည် ။ (ပုံထုတ်ကူးတင်ရန်မလို)
ပြိုင်ပွဲကြေးမှာ တစ်ကဏ္ဍလျှင် ၃၀၀၀ ကျပ်နှုန်းဖြစ်ပါသည် ။
ပြိုင်ပွဲပုံစည်းကမ်းများမှာ မူရင်းပုံထဲမှ ရှိသည်များကိုဖယ်ထုတ်ခြင်း ။ မရှိသည်များကိုထည့်သွင်းခြင်း ။ အလွန်အကျွံ ပြုပြင်ခြင်း များ မပြုလုပ်ရပါ ။ အလင်း အမှောင် အရောင်များ စသည်ချိန်ညှိနိုင်ပါသည် ။
ပြိုင်ပွဲဝင်များသည် တဏ္ဍလျှင် ၄ ပုံ အထိတင်သွင်းယှဥ်ပြိုင်နိုင်ပါသည် ။
အားလုံးကိုကျေးဇူးတင်ပါသည် ။
အမှုဆောင်အဖွဲ့
မုံရွာဓာတ်ပုံအသင်း ။
ပုံများရွေးချယ်မည့်ရက်အား ထပ်မံကြေငြာပေးပါမည် ။

11/05/2020

မုံရွာဓာတ်ပုံအသင်း၏ လုပ်ငန်းစဥ်များဖြစ်သော - အမှုဆောင်အစည်းအဝေးများကျင်းပခြင်း ၊ အောက်တင်များရိုက်ကူးခြင်း ၊ ဓာတ်ပုံပြိုင်ပွဲများကျင်းပခြင်း နှင့် ဓာတ်ပုံပညာသင်တန်းများ ပြုလုပ်ပို့ချပေးခြင်း စသည့် အသင်းလုပ်ငန်းစဥ်များအားလုံးကို ယခုဖြစ်ပေါ်နေသော Covid 19 ကပ်ရောဂါကြီးအား မြန်မာနိုင်ငံအတွင်း ကူးစက်ပြန့်ပွားနေခြင်းကို နိုင်ငံတော်မှ ထိန်းချုပ်နိုင်သည့်အချိန်ကျော်လွန်ပြီးမှသာ ပြန်လည်စတင်မှာဖြစ်ပါတယ် ။
အမှုဆောင်အဖွဲ့
မုံရွာဓာတ်ပုံအသင်း

Sony pro camera product မှ တာဝန်ရှိကျွမ်းကျင်ပညာရှင်များမှ တက်ရောက်လာသော သင်တန်းသားများ၏ တစ်ဦးခြင်းစီမေးမြန်းလာသောသိလို...
06/03/2020

Sony pro camera product မှ တာဝန်ရှိကျွမ်းကျင်ပညာရှင်များမှ တက်ရောက်လာသော သင်တန်းသားများ၏ တစ်ဦးခြင်းစီမေးမြန်းလာသောသိလိုသည်များကို အပြန်အလှန်ဆွေးနွေးကြရင်းနဲ့ ဒီအစီအစဥ်လေးကို အောင်မြင်စွာပြီးဆုံးတော့မှာဖြစ်ပါတယ် ။

Address

Kyaukkar Road
Monywa

Opening Hours

Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959407474456

Website

Alerts

Be the first to know and let us send you an email when မံုရြာဓာတ္ပံုအသင္း - Monywa Photographic Society - MYPS posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category