26/09/2026
မြို့ပြင်ထွက်စရာမလိုဘဲ ငြိမ့်ငြိမ့်ညောင်းညောင်းနဲ့ ဘာဂါစားရင်း အနားယူလို့ရမယ့် ဆိုင်လေးတစ်ဆိုင်
ဒီနေ့တော့ အေးအေးဆေးဆေး နဲ့ ငြိမ့်ငြိမ့်လေး ထိုင်လို့ကောင်းတဲ့ ဘာဂါဆိုင်လေးတစ်ဆိုင်အကြောင်း Review လေး ရေးပေးချင်ပါတယ်။ ဆိုင်လေးက အကျယ်ကြီးမဟုတ်ဘဲ ခပ်ကျဉ်းကျဉ်းလေးပါပဲ၊ ဒါပေမဲ့ ဝင်လိုက်တာနဲ့ ရင်ထဲမှာ Cozy ဖြစ်ပြီး အိမ်မှာပဲ နားနေရသလိုမျိုး နွေးထွေးတဲ့ ခံစားချက်ကို ချက်ချင်းပေးစွမ်းနိုင်ပါတယ်။
ဆိုင်ရဲ့ အငွေ့အသက်နဲ့ အပြင်အဆင်
ပုံထဲမှာ မြင်ရတဲ့အတိုင်းပဲ ဆိုင်ရဲ့ အလင်းရောင်က Warm tone ခပ်နွေးနွေးဘက်သွားပြီး သစ်သားဝါဝါ ခုံလေးတွေ၊ စားပွဲလေးတွေနဲ့ အရမ်းကို လိုက်ဖက်လှပါတယ်။ နေလည်ခင်းဘက်တွေဆိုရင် အပြင်မှာ ရာသီဥတု ဘယ်လောက်ပဲ ပူအိုက်နေပါစေ၊ ဒီဆိုင်လေးထဲ ဝင်ထိုင်လိုက်တာနဲ့ စိတ်ကို အေးငြိမ်းသွားစေမယ့် လေထုအငွေ့အသက်မျိုး ရှိပါတယ်။ အပင်စိမ်းစိမ်းလေးတွေ၊ သစ်သားကန့်လန့်ကာလေးတွေနဲ့ သေသေချာချာ အလှဆင်ထားလို့ သူငယ်ချင်းတွေနဲ့ စကားစမြည်ပြောရင်း ထိုင်မလား၊ လူငယ်အကြိုက်
Mirror Selfie ရိုက်ဖို့အတွက် အလှဆင်ထားတော့ mirror Selfie ရိုက်မလား
Cos play fan ဆိုရင် Cos play figure တွေလည်း ထားရှိပေးထားတော့ အမှတ်တရ ဓာတ်ပုံရိုက်မလား
တစ်ယောက်တည်း အနားယူရင်း မုန့်စားမလား အရမ်းထိုင်ချင်စဖွယ်ကောင်းတဲ့ နေရာလေးပါ။
Menu နဲ့ အစားအသောက်
ဒီဆိုင်မှာ ဘာဂါအပြင် တခြား စားစရာကောင်းတဲ့ မုန့်တွေနဲ့ အအေးမျိုးစုံလည်း ရရှိနိုင်ပါတယ်။
Burger & Egg Toast: ဘာဂါကတော့ ပူပူနွေးနွေး ပျော့အိနေတဲ့ ပေါင်မုန့်နဲ့ အတွင်းစာ အပြည့်အစုံနဲ့မို့ အရသာကတော့ ရှယ်ပါပဲ။ ဘာဂါအပြင် Egg Toast လေးတွေလည်း ရတာမို့ မနက်စာ သို့မဟုတ် မုန့်ပဲသရေစာ စားချင်သူတွေအတွက် အရမ်းအဆင်ပြေပါတယ်။ ဆူရှီကြက်သားချောင်းကြော် ဆိုရင်လည်း အရသာတမျိုးလေး ခံစားရတာမို့ try ကြည့်စေချင်ပါတယ်ဗျ
ရာသီစာ Special Menu လေးများ: ရာသီပေါ် စတော်ဘယ်ရီသီး လတ်လတ်ဆတ်ဆတ်လေးတွေနဲ့ ပြုလုပ်ထားတဲ့ Strawberry Matcha အအေးလေးနဲ့ Strawberry ပေါင်မုန့် လေးတွေကလည်း ရာသီချိန်မှာပဲ ရနိုင်တဲ့ Special Item လေးတွေမို့ မဖြစ်မနေ မြည်းစမ်းကြည့်သင့်ပါတယ်။
အအေးမျိုးစုံ: နေပူပူမှာ ရင်အေးသွားအောင် သောက်ဖို့ Ice Americano/ Ice Latte နဲ့ တခြား Kiwi soda /Blue Lemon Soda အအေးစိမ့်စိမ့်လေးတွေလည်း ရရှိနိုင်ပါတယ်။
တစ်ချက်သတိပြုရန် (Tip):
တနင်္ဂနွေနေ့ (Sunday) တွေမှာဆိုရင်တော့ လူကြိုက်များလို့ နေလည် (၃) နာရီလောက်ဆိုရင် ဘာဂါ အမျိုးအစား ခပ်စုံစုံ မရတော့ဘဲ အချို့ Menu လေးတွေ ကုန်သွားတတ်ပါတယ်။ ဒါကြောင့် တနင်္ဂနွေနေ့မှာ ဘာဂါ စုံစုံလင်လင် စားချင်ရင်တော့ နေလည်ခင်း စောစောလေး သွားရောက်စားသုံးဖို့ အကြံပြုချင်ပါတယ်။
ဆိုင်ဖွင့်ချိန်
မနက် ၁၀:၀၀ နာရီ မှ ညနေ ၆:၀၀ နာရီ အထိ ဖွင့်လှစ်ထားတာမို့ နေ့လည်စာ စားချိန်ပဲဖြစ်ဖြစ်၊ ညနေခင်း မုန့်စားချိန်ပဲဖြစ်ဖြစ် စိတ်ကြိုက် သွားရောက်ထိုင်နိုင်ပါတယ်။
Delivery Service
ဆိုင်အထိ မလာနိုင်ဘူး၊ အိမ်မှာပဲ အေးအေးဆေးဆေး စားချင်တယ်ဆိုရင်လည်း Mogok Delivery "YoYo" နဲ့ မှာယူစားသောက်လို့ ရတာမို့ အိမ်အရောက် အဆင်ပြေပြေ စားနိုင်ပါတယ်။ Booking တင်ပြီး pickup point ယူလို့ရတာကြောင့် ကိုယ့်စားချင်တာ မစားရမှာ ကို စိတ်ပူစရာလည်း မလိုတော့ဘူးပေါ့
☎️ 09 981 740299(ဆိုင် ph no)
🛵☎️ 09 686 655 774 / 09 688 097 957
အေးအေးဆေးဆေးနဲ့ အစားအသောက်ကောင်းကောင်း စားရင်း Relax လုပ်ချင်သူတွေအတွက် ဒီဆိုင်လေးက ခေါင်းထဲတန်းပေါ်လာမယ့် နေရာလေးတစ်ခု ဖြစ်မှာ သေချာပါတယ်။
Location က တော့ အောင်ချမ်းသာ ရပ် ကြူခုံ ရှေ့တည့်တည့် Mr .Burger ဆိုင်လေး ဖြစ်ပါတယ်ဗျ ✨