Ko Zin Myo Photography

Ko Zin Myo Photography Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ko Zin Myo Photography, Photographer, Mawlamyine.

Milkey way 🌌Google cam Astrophotography Night mode My home view 🏢Date : August 28 , 2022 Sunday 21:10Size : 48.66MB 1271...
30/08/2022

Milkey way 🌌
Google cam Astrophotography
Night mode
My home view 🏢

Date : August 28 , 2022 Sunday 21:10
Size : 48.66MB 12716x17000px
Model : M2004J7BC , Xiaomi
Sensor size : f / 1.8 16 " ISO627 4.71mm No flash




Milky way ရိုက်နည်းဒီလတွေမှာ Milky way ကို မြန်မာနိုင်ငံမှာ ကောင်းကောင်းမြင်ရပါတယ်၊ ဒါပေမယ့်လည်း မိုးရာသီဖြစ်တာကြောင့် မ...
29/08/2022

Milky way ရိုက်နည်း

ဒီလတွေမှာ Milky way ကို မြန်မာနိုင်ငံမှာ ကောင်းကောင်းမြင်ရပါတယ်၊ ဒါပေမယ့်လည်း မိုးရာသီဖြစ်တာကြောင့် မိုးအုံ့တာတွေ၊ တိမ်ထူတာတွေကြောင့် ညဘက်မှာ မမြင်ရတာ များပါတယ်၊ ကျနော်လည်း ဒီပုံကို ၁၀ ရက်လောက် စောင့်ပြီးမှ ရတာပါ

အရင်ဆုံးအနေနဲ့ Milky way ကို ရှာရပါမယ်၊ Milky way ရှာဖို့အတွက် PhotoPills, SkyView တို့လို Software ပေါင်းများစွာ ရှိပါတယ်၊ အများစုက ပိုက်ဆံပေးရပါတယ်၊ ကျနော်ကတော့ မျက်စိနဲ့ ကြည့်တာများပါတယ်၊ ကောင်းကင်ကလည်း တိမ်ရှင်းနေမယ်၊ ပတ်ဝန်းကျင်ကလည်း မှောင်နေမယ်ဆိုရင် Milky way ကို အသာလေးမြင်ရပါတယ်၊ ကျနော်တို့ဆီမှာတော့ Milky way ကို တောင်ဘက်အရပ်လောက်မှာ မြင်ရတာများပါတယ်၊ ဒါကြောင့် တောင်ဘက်အရပ်ကို ခန့်မှန်းပြီး ရှာပါ၊ အစမ်းတစ်ပုံနှစ်ပုံ ရိုက်ကြည့်ပါ

Milky way ရိုက်ဖို့ လိုအပ်တာတွေကတော့

1. Phone (သို့) Camera
2. Tripod
3. Location

(၁) အချက်အနေနဲ့ Camera နဲ့ရိုက်ရင်တော့ ပြောစရာမရှိပေမယ့် Phone နဲ့ ရိုက်မယ်ဆိုရင်တော့ ကိုယ့်ဖုန်းရဲ့ Manual mode မှာ ISO, Shutter speed တို့ကို လိုသလို Control လုပ်လို့ရတဲ့ ဖုန်းဖြစ်ဖို့ လိုအပ်ပါတယ်

ဘာလို့လဲဆိုတော့ ညဘက်အမှောင်ထဲမှာ ရိုက်ရမှာဖြစ်တဲ့အတွက် အလင်းအားများများဝင်ဖို့ လိုအပ်ပါတယ်၊ ဒီအတွက် ISO ကိုလည်း 2000/3000 လောက်ထိ တင်ရိုက်ဖို့ လိုပါလိမ့်မယ်

Shutter speed ကိုတော့ 25s ဝန်းကျင်ထားရိုက်ပေးရပါမယ်၊ ဘာလို့လဲဆိုတော့ Shutter speed 30s ကျော်သွားရင် တဖြည်းဖြည်း ကြယ်တွေက အချောင်းပုံသဏ္ဍာန်ဖြစ်သွားမှာ ဖြစ်ပါတယ်၊ ဒါဆိုရင် Star trails ဖြစ်သွားပါပြီ၊ ကျနော်တို့က Milky way ရိုက်မှာဆိုတော့ ကြယ်တွေကို တစ်လုံးချင်းဖြစ်အောင် ရိုက်ကူးဖို့ လိုအပ်ပါတယ်၊ ဒါကြောင့် Shutter speed ကို 25s အောက် ထားရိုက်ပြီး အလင်းအားလိုအပ်လာရင် ISO ကို တင်ပေးရမှာ ဖြစ်ပါတယ်

Focus ကိုလည်း Manual သုံးပြီး Infinity ထားပေးရပါမယ်

(၂) အချက်အနေနဲ့ Shutter speed ကို နှေးပြီး Long exposure ရိုက်မှာဖြစ်တာကြောင့် Tripod မဖြစ်မနေလိုအပ်ပါတယ်၊ လက်နဲ့ကိုင်ရိုက်လို့ မရပါဘူး၊ Phone (သို့) Camera ကို ငြိမ်နေအောင် ထားပေးဖို့ လိုအပ်ပါတယ်

(၃) အချက်အနေနဲ့ ကိုယ်ရိုက်မယ့် Location ဟာ အလင်းမရှိပဲ မှောင်မဲနေဖို့ လိုအပ်ပါတယ်၊ ကောင်းကင်ကလည်း တိမ်ရှင်းပြီး Milky way ရှိရာအရပ်ဖြစ်ဖို့လည်း လိုအပ်ပါတယ်၊ ပတ်ဝန်းကျင်မှာ အလင်းတွေရှိနေရင် ကောင်းကင်က ကြယ်တွေကိုမြင်ရဖို့ ခက်ခဲပါလိမ့်မယ်

ဒီအချက်သုံးချက် ပြည့်စုံရင်ကို Milky way ရိုက်လို့ရပါပြီ၊ Tripod ပေါ် Phone (သို့) Camera ကို သေချာတင်ပြီး Milky way ရှိရာအရပ်ကို ချိန်ပါ၊ Shutter speed ကို 25s လောက်စထားကြည့်ပြီး ISO ကို အလင်းအားလိုသလောက် တင်သွားပါ၊ Noise ထမှာ မကြောက်ပါနဲ့၊ Focus ကိုတော့ Infinity မှာ ထားပါ၊ ပြီးရင်တော့ Milky way စရိုက်လို့ရပါပြီ၊ Timer လေးပေးပြီးရိုက်ရင်လည်း ပိုကောင်းပါတယ်

ကျနော် ဒီပုံလေးကို ဖုန်းနဲ့ရိုက်ခဲ့တာဖြစ်ပါတယ်

Phone - 10X pro 5G
Mode - Manual mode (Astro)
ISO - 2000
Shutter speed - 25s
Focus - Infinity

အားလုံးအဆင်ပြေကြပါစေ 📸

Like & follow
26/08/2022

Like & follow

Address

Mawlamyine
12012

Telephone

+959252141836

Website

Alerts

Be the first to know and let us send you an email when Ko Zin Myo Photography posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ko Zin Myo Photography:

Share

Category