ဒေသနာပန်းခင်း

ဒေသနာပန်းခင်း 🙏ဓမ္မစကားနေ့တိုင်းကြားက စိတ်ထားဖွေးလျက် သိဉာဏ်ထက်၏ 🙏

မင်းကွန်းဆရာတော်ကြီးဟောစဉ်တရားတော်များ ( ၁၀-အုပ် )*********************လိုအပ်သူများအောက်ပါလင့်များမှဒေါင်းယူပါ>>>ဟောစဉ်တ...
29/08/2024

မင်းကွန်းဆရာတော်ကြီး
ဟောစဉ်တရားတော်များ ( ၁၀-အုပ် )
*********************
လိုအပ်သူများ
အောက်ပါလင့်များမှဒေါင်းယူပါ>>>

ဟောစဉ်တရားတော်များ(ပထမတွဲ)
http://dhammadownload.com/File-Library/MinGunSayadawGyi/MinGunSayadawGyi-HawZinTaYar-No1.pdf
ဟောစဉ်တရားတော်များ(ဒုတိယတွဲ)
http://dhammadownload.com/File-Library/MinGunSayadawGyi/MinGunSayadawGyi-HawZinTaYar-No2.pdf
ဟောစဉ်တရားတော်များ(တတိယတွဲ)
http://dhammadownload.com/File-Library/MinGunSayadawGyi/MinGunSayadawGyi-HawZinTaYar-No3.pdf
ဟောစဉ်တရားတော်များ(စတုတ္ထတွဲ)
http://dhammadownload.com/File-Library/MinGunSayadawGyi/MinGunSayadawGyi-HawZinTaYar-No4.pdf
ဟောစဉ်တရားတော်များ(ပဉ္စမတွဲ)
http://dhammadownload.com/File-Library/MinGunSayadawGyi/MinGunSayadawGyi-HawZinTaYar-No5.pdf
ဟောစဉ်တရားတော်များ(ဆဋ္ဌမတွဲ)
http://dhammadownload.com/File-Library/MinGunSayadawGyi/MinGunSayadawGyi-HawZinTaYa-No6.pdf
ဟောစဉ်တရားတော်များ(သတ္တမတွဲ)
http://dhammadownload.com/File-Library/MinGunSayadawGyi/MinGunSayadawGyi-HawZinTaYar-No7.pdf
ဟောစဉ်တရားတော်များ(အဋ္ဌမတွဲ)
http://dhammadownload.com/File-Library/MinGunSayadawGyi/MinGunSayadawGyi-HawZinTaYar-No8.pdf
ဟောစဉ်တရားတော်များ(န၀မတွဲ)
http://dhammadownload.com/File-Library/MinGunSayadawGyi/MinGunSayadawGyi-HawZinTaYar-No9.pdf
ဟောစဉ်တရားတော်များ(ဒသမတွဲ)
http://dhammadownload.com/File-Library/MinGunSayadawGyi/MinGunSayadawGyi-HawZinTaYar-No10.pdf

❝အဘိဓမ္မာမြတ်ဒေသနာ❞ (((၁)))🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺                            #မှတ်တမ်း                         ➖➖➖➖➖         သာ သ န...
29/08/2024

❝အဘိဓမ္မာမြတ်ဒေသနာ❞ (((၁)))
🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺

#မှတ်တမ်း
➖➖➖➖➖
သာ သ နာ တော် နှစ် (၂၅၅၂) ပြည့် နှစ်၊
ကော ဇာ သ က္က ရာဇ်(၁၃၇၀) ခု နှစ်၊ ဝါ ခေါင် လ ဆုတ်(၂) ရက် နေ့ မှ (၆) ရက် နေ့ အ ထိ (၅)ရက်၊ ဝါ ခေါင် လ ဆုတ် (၉) ရက် နေ့ မှ (၁၃) ရက် နေ့ အ ထိ (၅)ရက်၊(၁၀)ရက် (၁၀)ည တိုင် တိုင် ရန် ကုန် တိုင်း၊ စမ်း ချောင်းမြို့ နယ်၊ အောင် ချမ်း သာ ရပ် ကွက်၊ သီ ရိ မ င်္ဂ လာ လမ်း “ကံမြင့်‌ကျောင်းတိုက်” တွင်
ကံ မြင့် ဝေ ယျာ ဝ စ္စ အ ဖွဲ့ နှင့် တ ရား ပွဲ အ လှူ ရှင် များ စု ပေါင်း ကျင်း ပ သော ညဉ့် ဦး ယံ ဓ မ္မ သ ဘင် အ ခမ်း အ နား ၌ ဟော ကြား အပ် သည့် “အဘိဓမ္မာ မြတ်ဒေသနာ” တ ရား တော် ဖြစ် ပါ သည်။

ကျမ်းဦးပမာဏ
➖➖➖➖➖➖➖
ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏ မဟာ ကရုဏာတော်ကို အာရုံပြုကာ သီကျုးဖွဲ့ဆိုအပ်သော
ဝန္ဒနာပဏာမ အာသီသဂါထာကို ရွတ်ဆို ပူဇော်ခြင်း ဖြင့် တရားပွဲကို စတင်ကြရအောင်။

ယော ကပ္ပကောဋီဟိပိ အပ္ပမေယျံ၊
ကာလံ ကရောန္တော အတိဒုက္ကရာနိ။
ခေဒံ ဂတော လောကဟိတာယ နာထော၊
နမော မဟာကာရုဏိကဿ တဿ။

ယော နာထော- ဝေနေယျများစွာ သတ္တဝါ၏ ချမ်းသာစီးပွား လိုလားတောင့်တဂုဏ်ပေါင်းခသဖြင့် နာထမည်ငြား အကြင်ရှင်တော်မြတ်ဘုရားသည်၊
ကပ္ပကောဋီဟိပိ- ကုဋေကမ္ဘာအရေအတွက်သင်္ချာတို့
ဖြင့်သော်လည်း၊ အပ္ပမေယျံ- ရေတွက်တိုင်းတာ ဖော်ပြခြင်းငှါ မစွမ်းနိုင်ပါသော၊ ကာလံ- လေးအသင်္ချေ သိန်းနေကမ္ဘာ ရှည်ကြာသော ကာလပတ်လုံး၊လောကဟိတာယ- သတ္တလောက၏ အကျိုးစီးပွားအလိုငှါ၊ အတိဒုက္ကရာနိ- ဥစ္စာအသက် ခြေ,လက်အင်္ဂါ မေတ္တာကြီးမား သမီးသားနှင့် သက်ထားဇနီး စွန့်ခြင်းကြီးဟု ကြက်သီးထဖွယ် ငါးသွယ်အစု အလွန်ခဲယဉ်းသောအမှုတို့ကို၊ ကရောန္တော- ဘုရားဖြစ်ရန် ရည်သန် ကြိုးကုတ် အားထုတ်တော်မူရသည်ဖြစ်၍၊ ခေဒံ- လက်ခြေ မျက်လုံး အသက်ဆုံးလျက် နှလုံးစိတ်ဝမ်း ကိုယ်တော်၏ ပင်ပန်းခြင်းသို့၊ ဂတော- ဘဝ အတန်တန် ကြိမ်ဖန်များစွာ ရောက်တော်
မူခဲ့ရရှာလေပြီ၊ မဟာကာရုဏိကဿ- သတ္တဝါများ ရင်ဝယ်သားကဲ့သို့ သနားချစ်ခင် မဟာကရုဏာရှင် ဖြစ်တော်မူသော၊ တဿ နာထဿ- ဝေနေယျ များစွာ သတ္တဝါ၏ ချမ်းသာစီးပွား လိုလားတောင့်တ ဂုဏ်ပေါင်းခသဖြင့် နာထမည်ငြား ထိုရှင်တော်မြတ် ဘုရားအား၊ နမော- ရိုသေပျောင်းပျော့ မာန်ကို လျော့၍ ကန်တော့ရိုကျိုး ရှိခိုးခြင်းသည်၊
အတ္တု ဘဝတု - စင်စစ်မသွေ ဖြစ်ပါစေသတည်း။
သာဓု - သာဓု - သာဓု
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
“အဘိဓမ္မာ မြတ်ဒေသနာ”
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
ကျမ်းဦးနိဒါန်း
➖➖➖➖➖➖
“အဘိဓမ္မာ မြတ်ဒေသနာ” ဒီခေါင်းစီးကစပြီး ဘုန်းကြီးတို့ အဘိဓမ္မာဒေသနာတော်ကို လိုရင်း အနှစ်ချုပ် ထုတ်ပြီး ၁၀-ညတိုင်တိုင် ဟောပါမယ်။ ဟောလို့ပြီးဆုံးသွားရင် အဘိဓမ္မာတရားတော်ရဲ့ အနှစ်ချုပ်ဖြစ်တဲ့ စိတ်အကြောင်း၊ စေတသိက် အကြောင်း၊ ရုပ်အကြောင်း၊ မိမိတို့သန္တာန် မိမိတို့ရဲ့ ဘဝမှာ ဖြစ်ပေါ်နေတဲ့ သဘာဝတရားတွေရဲ့ အကြောင်းကို အခြေခံအားဖြင့် သိရှိသွားနိုင် လိမ့်မယ်လို့ ယုံကြည်ပါတယ်။
အဘိဓမ္မတ္ထသင်္ဂဟကျမ်း
➖➖➖➖➖➖➖➖➖➖
ဒီကနေ့ မြန်မာနိုင်ငံမှာ အဘိဓမ္မာလေ့လာနေတဲ့ ပုဂ္ဂိုလ်တိုင်း အဘိဓမ္မတ္ထသင်္ဂဟကျမ်းကို သင်ယူကြရပါတယ်၊အများက သင်္ဂြိုဟ်ကျမ်းလို့ ခေါ်ကြတယ်၊ သင်္ဂြိုဟ်ဆိုတာ ပါဠိဘာသာ သင်္ဂဟကို မြန်မာလို ခေါ်တာဖြစ်တယ်။
သင်္ဂဟဆိုတာ အကျဉ်းချုပ်လို့ အဓိပ္ပာယ်ရတယ်၊ ဒီပြင်နေရာမှာ သင်္ဂြိုဟ်တယ်ဆိုတာ 'ကူညီထောက်ပံ့တယ်'လို့အဓိပ္ပာယ်ရတယ်၊ ဒီနေရာမှာ သင်္ဂြိုဟ်ဆိုတာကတော့ 'အကျဉ်းချုပ်'လို့ အဓိပ္ပာယ်ရတယ်၊ အဘိဓမ္မာကျမ်းက အလွန် ကျယ်ဝန်းလို့ ထိုအဘိဓမ္မာကျမ်းလာ အနှစ်တွေ
ကိုထုတ်ပြီး အကျဉ်းချုံးထားတဲ့ကျမ်းကို အဘိဓမ္မတ္ထ သင်္ဂဟကျမ်းလို့ ခေါ်တယ်။
ပထမပြန်စာမေးပွဲမှာ ပြဋ္ဌာန်းထားတာဖြစ်လို့ မြန်မာနိုင်ငံမှာ ရှိကြတဲ့ရဟန်းသာမဏေတွေ မဖြေမနေရ ဖြေကြရတဲ့ကျမ်းဖြစ်တယ်၊ ၈-ရာစု , ၉-ရာစုလောက်က သီရိလင်္ကာနိုင်ငံမှာ "အရှင်အနုရုဒ္ဓါ"ဆိုတဲ့ မထေရ်တစ်ပါး ပြုစုခဲ့တဲ့ ဒီ `` အ ဘိ ဓ မ္မ တ္ထ သ င်္ဂ ဟ ကျမ်း ´´ဟာ အဘိဓမ္မာကို လေ့လာသူတိုင်းအတွက် အင်မတန်မှ လွယ်ကူတယ်၊ အနှစ်သာရကို ချုပ်ပြီးတော့ ပြထားတဲ့ကျမ်းဖြစ်လို့ အင်မတန် တန်ဘိုးရှိတဲ့ ကျမ်းတစ်စောင်ဖြစ်တယ်၊ ထိုကျမ်းမှာ အပိုင်း ၉-ပိုင်းရှိတယ်၊
(၁) စိတ်ပိုင်း၊
(၂) စေတသိက်ပိုင်း၊
(၃) ပကိဏ်းပိုင်း ဆိုတဲ့ အပိုင်း ၃-ပိုင်းကို "ပထမအဆင့်" လို့ ဒီလိုသတ်မှတ်ပြီးတော့ စာမေးပွဲကျင်းပကြတယ်၊ နောက်ပြီး....
(၄) ဝီထိပိုင်း၊
(၅) ဝီထိမုတ်ပိုင်း၊
(၆) ရုပ်ပိုင်း ဆိုတဲ့ အလယ် ၃-ပိုင်းကိုတော့ "ဒုတိယအဆင့်"
နောက်ဆုံး ၃-ပိုင်းကတော့
(၇) သမုစ္စည်းပိုင်း၊
(၈) ပစ္စည်းပိုင်း၊
(၉) ကမ္မဋ္ဌာန်းပိုင်း လို့ဆိုပြီးတော့ "တတိယအဆင့်" အားလုံး ၉-ပိုင်း ခွဲခြားထားတယ်။
ဒီမှာတော့ ရုပ်ပိုင်းက စပြီးဟောမှာဖြစ်ပါတယ်၊ ရုပ်ပိုင်းပြီးလို့ရှိရင် စိတ်ပိုင်း၊ စေတသိက်ပိုင်း၊ ဒီအပိုင်း ၃-ပိုင်းကို (၁၀)ညတာ ခွဲဟောပါ့မယ်၊ ဒီအပိုင်း ၃-ပိုင်း ကျေသွားလို့ရှိရင် ကျန်တဲ့အပိုင်းတွေကို ဆက်လက်လေ့လာဖို့ အခြေခံရသွားမှာပါ။
ဒီ `` အ ဘိ ဓ မ္မာ မြတ် ဒေ သ နာ ´´ဆိုတာ ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့တဲ့ တရားတော်တွေ ထဲမှာ အထူးခြားဆုံးနဲ့ အလေးနက်ဆုံးလို့ ပြောရမယ်၊ မြတ်စွာဘုရား တရားတော်တွေကို ခွဲခြမ်းစိတ်ဖြာ ပြီးတော့ ကြည့်ရင် "ဓမ္မ" နဲ့ "ဝိနယ" လို့ နှစ်မျိုးရှိတယ်၊ "ဓမ္မ"ဆိုတာက သဘာဝတရား တွေကို ပြောတာ၊ သဘာဝတရားတွေကို ရည်ညွှန်း ပြီး ဟောတာ၊ "ဝိနယ"-ဆိုတာ သံဃာတွေ သံဃာ့အဖွဲ့အစည်းမှာ လိုက်နာရမယ့်စည်းမျဉ်း စည်းကမ်းတွေကိုခေါ်တယ်၊ မြတ်စွာဘုရားတရား တော်ကို အနှစ်ချုပ်ပြီးတော့ ပြောမယ်ဆိုရင် "ဓမ္မ" နဲ့ "ဝိနယ" ဒီနှစ်ခုပဲရှိတယ်။
အဲဒီဓမ္မထဲမှာ သုတ္တန်တရားတော် နဲ့ အဘိဓမ္မာ တရားတော်တွေ ပါတယ်၊ ဓမ္မမှာ ``အဘိ´´ ဆိုတဲ့ စကားလုံးမပါရင် သုတ္တန်တရားတွေကို ရည်ညွှန်း တယ်၊ ``အဘိဓမ္မာ´´ဆိုတာ ထူးခြားလေးနက်တဲ့ အဘိဓမ္မာဒေသနာတော်ကို ရည်ညွှန်းပါတယ်။

ပိဋကတ် ၃ -ပုံ
➖➖➖➖➖➖
ဒါကြောင့် " ဓမ္မ " ကို သုတ္တန္တဓမ္မ နဲ့ အဘိဓမ္မာ ရယ်လို့ နှစ်မျိုးခွဲလိုက်ပြီး ဘုရားရှင်ဟောတော်မူခဲ့တဲ့ "ဓမ္မ" နဲ့ "ဝိနယ"ကို ဝိနယရယ်, သုတ္တန္တရယ်, အဘိဓမ္မာရယ်လို့ ၃-မျိုး ခွဲလိုက်တဲ့အခါကျတော့ ဒါကို ``ပိဋကတ် ၃-ပုံ´´လို့ ခေါ်ကြတယ်။
ပိဋကတ်-ဆိုတဲ့ စကားလုံးကို အများသိနေ ကြတာတော့ ခြင်းတောင်းဆိုတဲ့ အဓိပ္ပါယ်ပဲ၊ အင်္ဂလိပ်လို ပြန်ဆိုတဲ့အခါ Basket လို့ပြန်ကြတယ်၊ အဲဒီတော့ ပိဋကတ်သုံးပုံကို Three Basket လို့ပြန်လေ့ရှိတယ်၊ သို့သော် "ပိဋကတ်" ဆိုတာ ခြင်းတောင်းလို့သာ အဓိပ္ပါယ်ရတာမဟုတ်ဘူး၊ သင်ယူရမယ့်ကျမ်းစာ ကိုလည်း ပိဋကသဒ္ဒါက ဟောတယ်၊ ဒါကြောင့်မို့ တခြားနည်းနဲ့လည်း အင်္ဂလိပ်လို ဘာသာပြန်ဖို့ သင့်တယ်ပေါ့၊ ပိဋက ဆိုတာ သင်ယူရမယ့်ကျမ်းစာ (Text to be learned) လို့ အဓိပ္ပါယ်ရတယ်။
အဲဒီသင်ယူရမယ့်ကျမ်းစာကို သုံးမျိုးသုံးစား ခွဲထားတယ်၊ သံဃာအဖွဲ့အစည်း လိုက်နာရန် စည်းမျဉ်းစည်းကမ်းတွေအနေနဲ့ ဟောထားတာက ``ဝိနယ´´၊ သဘာဝတရားတွေကို လောကဝေါဟာရ တွေနဲ့တင်ပြီးတော့ လုပ်သင့်,မလုပ်သင့်၊ ဘယ်အရာဟာ လုပ်သင့်တယ်၊ ဘယ်အရာဟာ မလုပ်သင့်ဘူး စသည် ဖြင့် နည်းဥပဒေတွေပေး ပြီးတော့ ဟောတာက `သုတ္တန္တ´။ `အဘိဓမ္မာ´ကျတော့ လုပ်သင့်, မလုပ်သင့် ဆိုတာကို မပြောတော့ဘူး၊ သဘာဝတရား တွေဟာ ဆိုင်ရာ အကြောင်းတရားတွေ မှီပြီးတော့ ဘယ်ပုံဘယ်နည်း ဖြစ်ပေါ်နေတယ်ဆိုတာကိုသာ ဟောတယ်၊ သဘာဝတရားသက်သက်ရှင်းလင်း ဟောပြောတာ က `အဘိဓမ္မာ´၊ အဘိဓမ္မာကို ပုဂ္ဂိုလ်နဲ့ ဆက်စပ်ပြီး မဟောဘူး၊ သဘာဝတရား သက်သက်ကို ဟောတယ်။

ဓမ္မ ၂ -မျိုး အထူး
➖➖➖➖➖➖
`သုတ္တန်´ဆိုတာ ပုဂ္ဂိုလ်နဲ့ ဆက်စပ်ပြီးတော့ ဟောတယ်၊ အဘိဓမ္မာကျတော့ သဘာဝတရား သက်သက်ကို ဟောတယ်၊ တနည်းအားဖြင့် သုတ္တန်ဆိုတာ "ဝေါဟာရဒေသနာ"၊ လူ့လောကမှာ လူတွေ နေ့စဉ်သုံးစကားနဲ့ ဒါက လုပ်သင်တယ်, ဒါက မလုပ်သင့်ဘူး၊ ဒါကရှောင်ရမယ်, ဒါကဆောင်ရမယ် စသည်ဖြင့် ဆောင်ရန်/ ရှောင်ရန် ခွဲခြားပြီးတော့ ဟောပြောသွားတာ။
`အဘိဓမ္မာ´တရားကျတော့ သတ္တဝါဆိုတဲ့ အသုံးအနှုန်းတွေ ဖယ်ရှားပြီးတော့ လူ့လောကနေ့စဉ် ပြောနေတဲ့စကားလုံးတွေကို ကျော်လွှားလို့ အတွင်း အနှစ်သာရ ပရမတ္ထထိအောင်၊ တကယ့်အနှစ်သာရ ပိုင်းကို ထိရောက်အောင် ဟောတာဖြစ်တယ်၊ အမှန်တရားကို ထိတွေ့ပြီးတော့ သတ္တဝါဆိုတဲ့ ဝေါဟာရရှောင်ရှားပြီး ဟောထားတဲ့ အတွက် "ပရမတ္ထဒေသနာ" လို့ခေါ်တယ်။
နောက်တစ်ခါ သုတ္တန်တရားရော အဘိဓမ္မာ တရားရော သတ္တဝါတွေကို ဆုံးမတာပဲ ဒါပေမယ့် ဆုံးမပုံချင်း မတူကြဘူး၊ သုတ္တန်က အကြောင်း , အကျိုး၊ အကောင်းအဆိုး၊ လိုက်နာရမယ့်ကျင့်ဝတ်၊ ရှောင်ကြဉ်ရမယ့်အရာ၊သတ္တဝါတွေရဲ့စရိုက်ကို ကြည့်ပြီး ပုဂ္ဂိုလ်အလိုက် ဆုံးမတာမျိုး။
ဆိုပါစို့..ဝက္ကလိ လို ပုဂ္ဂိုလ်မျိုးကို ကြည့်လေ...၊ မြတ်စွာဘုရားရဲ့ ရုပ်အဆင်းပေါ်မှာ တန်းတန်းစွဲ ဖြစ်နေတဲ့၊ ဘုရားရဲ့ ရုပ်အဆင်းကို ဖူးနေတာသည် ပင်လျှင် သူ့အတွက် တန်ဘိုးရှိလှပြီဆိုပြီး ဘုရားရှင် ရဲ့ သပ္ပါယ်လှပတဲ့ရုပ်အဆင်းပေါ်မှာ စွဲမက်ပြီးတော့ နေတယ်။
ဒီဝက္ကလိ လို့ပုဂ္ဂိုလ်မျိုးကျတော့ မြတ်စွာဘုရားက `ကိံ တေ ဝက္ကလိ၊ ဣမိနာ ပုတိကာယေန ဒိဋ္ဌေန´- ဟောဒီအပုပ်အစပ် တွေရှိနေတဲ့ ခန္ဓာကြီးကို ကြည့်လို့ဘာအကျိုးရှိမှာလဲ ဝက္ကလိ လို့ ဟောတော်မူပါတယ်၊ `ယော ဓမ္မံ ပဿတိ၊ သော မံ ပဿတိ´- ဓမ္မမြင်မှ ငါဘုရားကို မြင်မှာ၊ ငါ့ကို ကြည့်နေလို့ အပိုပဲ၊ အဲဒီလို သတ္တဝါ တွေရဲ့စရိုက်ကို ကြည့်ပြီးတော့ ဒီပုဂ္ဂိုလ်က ဒီတရားနဲ့ တန်တယ်၊ ဟိုပုဂ္ဂိုလ်ကျတော့ ဟိုတရားနဲ့ တန်တယ် ဆိုပြီးတော့ အခြေခံအလိုက် ဟောသွားတာ၊ အဲဒါကို `ယထာနုလောမသာသနာ´လို့ခေါ်တယ်၊ သူ့တန်ရာ တန်ရာ သင့်တော်ရာ သင့်တော်ရာ ဒီပုဂ္ဂိုလ် ဒီတရားနဲ့ တော်တယ်လို့ ရွေးချယ်ပြီး ဟောတဲ့ တရားမျိုးဟာ 'သုတ္တန်တရား'ပဲ။
အဘိဓမ္မာကျတော့ အဲဒီလိုမဟုတ်ဘူး၊ ပုဂ္ဂိုလ်‌တွေကိုမငဲ့ကွက်ဘူး၊ ပုဂ္ဂိုလ်ရဲ့ စရိုက်တွေကို မကြည့်ဘူး၊ သဘာဝတရား ရှိတာကို အရှိအတိုင်း ဟောလိုက်တယ်၊ အရှိကိုအရှိအတိုင်းဟောပြီးတော့ ဆုံးမတဲ့ တရားမျိုးဖြစ်ခြင်းကြောင့် `ယထာဓမ္မ သာသနာ´- ဓမ္မအတိုင်း ဆုံးမတဲ့ အဆုံးအမလို့ ဒီလိုခေါ်တယ်၊ အဲတော့ တစ်ခုနဲ့တစ်ခု မတူကြဘူး ပေါ့၊ `အ ဘိ ဓ မ္မာ ဒေ သ နာ´ဆိုတာ အင်မတန်မှ ထူးခြားတယ်လို့ ပြောရမယ်။

ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ(Ph.D)

#အဘိဓမ္မာမြတ်ဒေသနာ_ပ-တွဲ[စာ- ၁ ~မှ~ ၇]

ဆက်လက်ပူဇော်ပါဦးမည်•••
✍ ️ဦးမြင့်အောင် (အဘိဓမ္မဓရ)
၁၆-၁၀-၂၀၂၀ (သောကြာနေ့)

ဝိပဿနာ မရှုမှတ်သေးပဲ သေသွားရင်_လူဆိုတာ သေမျိုး မဟုတ်လားဘယ်နေ့ကျမှ သေရမယ်လို့ စာချုပ် ချုပ်ထားတာ ရှိလား၊သေမင်းခေါ်တဲ့ အခါ...
19/08/2024

ဝိပဿနာ မရှုမှတ်သေးပဲ သေသွားရင်_

လူဆိုတာ သေမျိုး မဟုတ်လား
ဘယ်နေ့ကျမှ သေရမယ်လို့
စာချုပ် ချုပ်ထားတာ ရှိလား၊

သေမင်းခေါ်တဲ့ အခါ ငါမအားသေးဘူး
ငြင်းလို့ရလား၊
လူတွေက နေ့တိုင်း သေနေကြတာပဲ၊

ငါ့အလှည့် မရောက်သေးလို့
ငါ မသေသေးတာကို
ငါ အကြာကြီး နေရဦးမယ် လို့
မျှော်လင့် မနေနဲ့ ။

ကို့ယ်အလှည့်က အချိန်မရွေး ရောက်လာနိုင်တယ်
ဝိပဿနာ မရှုမှတ်သေးပဲ
သေသွားရင် ဘယ်ရောက်မယ် ထင်သလဲ
လူတစ်ရာမှာ ကိုးဆယ့်ကိုးယောက်က
#အပါယ်ရောက်တာပဲ ၊

တော်ကူးဆရာတော်ဘုရားကြီး

```ဧဝံ မေ သုတံ ဧကံသမယံ´´´  💦💦💦💦💦💦💦💦💦 🟥အပါယ်ကျစေတတ်သော စိတ်အညစ်အကြေးများ ━━━━━━━━━━━━━━━━💦အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါ...
19/08/2024

```ဧဝံ မေ သုတံ ဧကံသမယံ´´´
💦💦💦💦💦💦💦💦💦
🟥အပါယ်ကျစေတတ်သော စိတ်အညစ်အကြေးများ
━━━━━━━━━━━━━━━━

💦အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။
ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ''ရဟန်းတို့'' ဟုခေါ်တော် မူ၏။ ရဟန်းတို့သည် မြတ်စွာဘုရားအား
''အသျှင်ဘုရား'' ဟု ပြန်ကြားလျှောက်ထားကုန်၏။ မြတ်စွာ ဘုရားသည် ဤတရား ဒေသနာကို ဟောတော်မူ၏ -

ရဟန်းတို့ ဥပမာသော်ကား ညစ်နွမ်းသော အညစ်အကြေးကပ်စွဲနေသော အဝတ်ကိုဆေးဆိုးသမားသည် အညိုရောင်အတွက်ဖြစ်စေ၊ အရွှေရောင်အတွက်ဖြစ်စေ၊ အနီရောင်အတွက်ဖြစ်စေ၊ မောင်းသောအရောင်အတွက်ဖြစ်စေ
အကြင်အကြင်သို့သော ဆိုးရည်၌ ထည့်ခဲ့လျှင်
မကောင်းသောအရောင်မစင်ကြယ် သောအရောင်သာလျှင် ဖြစ်ရာ၏။
ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့အဝတ်မစင်ကြယ်ခြင်းကြောင့်တည်း။ ရဟန်းတို့ ဤအတူပင် စိတ်ညစ်နွမ်းခဲ့သော်မကောင်းသောလားရာ 'ဂတိ'ကို အလိုရှိ အပ်၏။

(၀) ရဟန်းတို့ စိတ်ညစ်ညူးကြောင်း တရားတို့ကား
အဘယ်တို့နည်း ----?

(၁) အဘိဇ္ဈာ>
(သူတစ်ပါးစည်းစိမ်ကို) ရှေးရှုကြံစည်ခြင်း
'အဘိဇ္ဈာ'သည် စိတ်၏ညစ်ညူးကြောင်းတည်း။

(၂) ဝိသမလောဘ>
မသင့်လျော်ရာ၌ လိုချင်တပ်မက်ခြင်း 'ဝိသမ လောဘ' သည် စိတ်၏ညစ်ညူးကြောင်းတည်း။

(၃) ဗျာပါဒ>
သူတစ်ပါးပျက်စီးစေလိုခြင်း 'ဗျာပါဒ'သည် စိတ်၏ညစ်ညူးကြောင်းတည်း။

(၄) ကောဓ>
အမျက်ထွက်ခြင်း 'ကောဓ'သည် စိတ်၏
ညစ်ညူးကြောင်းတည်း။

(၅) ဥပနာဟ>
ရန်ငြိုးဖွဲ့ခြင်း 'ဥပနာဟ'သည် စိတ်၏
ညစ်ညူးကြောင်းတည်း။

(၆) မက္ခ>
ဂုဏ်ကျေးဇူးကို ချေဖျက်ခြင်း 'မက္ခ'သည်
စိတ်၏ ညစ်ညူးကြောင်းတည်း။

(၇) ပဠာသ>
ဂုဏ်ပြိုင်ခြင်း 'ပဠာသ'သည် စိတ်၏
ညစ်ညူးကြောင်းတည်း။

(၈) ဣဿာ>
ငြူစူခြင်း 'ဣဿာ'သည် စိတ်၏
ညစ်ညူးကြောင်းတည်း။

(၉) မစ်ဆရိယ>
ဝန်တိုခြင်း 'မစ္ဆရိယ'သည် စိတ်၏
ညစ်ညူးကြောင်းတည်း။

(၁၀) မာယာ>
လှည့်ပတ်ခြင်း 'မာယာ'သည် စိတ်၏
ညစ်ညူးကြောင်းတည်း။

(၁၁) သာဌေယျ>
စဉ်းလဲခြင်း 'သာဌေယျ'သည် စိတ်၏
ညစ်ညူးကြောင်းတည်း။

(၁၂) ထမ္ဘ>
စိတ်ခက်ထန်ခြင်း 'ထမ္ဘ'သည် စိတ်၏
ညစ်ညူးကြောင်းတည်း။

(၁၃) သာရမ်ဘ>
ခြုတ်ခြယ်ခြင်း 'သာရမ္ဘ'သည် စိတ်၏
ညစ်ညူးကြောင်းတည်း။

(၁၄) မာန>
မောက်မော်ခြင်း 'မာန'သည် စိတ်၏
ညစ်ညူးကြောင်းတည်း။

(၁၅) အတိမာန>
အလွန်မောက်မော်ခြင်း 'အတိမာန'သည်
စိတ်၏ ညစ်ညူးကြောင်းတည်း။

(၁၆) မဒ>
မာန်ယစ်ခြင်း 'မဒ'သည် စိတ်၏
ညစ်ညူးကြောင်းတည်း။

(၁၇) ပမာဒ>
သတိမေ့လျော့ခြင်း 'ပမာဒ'သည်
စိတ်၏ ညစ်ညူးကြောင်းတည်း။
- - - - - - -
☸⚜☸⚜☸

📚ကျမ်းညွှန်းပိဋကသုံးပုံ 📚
Credit

ဥပုသ် အမျိုးမျိုး၊ ဥပုသ်အကျိုးတရားနှင့် သတိပေးချက်များ=====================================ဥပုသ်အမျိုးမျိုး”-ဥပုသ်သည် အခ...
19/08/2024

ဥပုသ် အမျိုးမျိုး၊ ဥပုသ်အကျိုးတရားနှင့် သတိပေးချက်များ
=====================================
ဥပုသ်အမျိုးမျိုး”
-
ဥပုသ်သည် အချုပ်အားဖြင့်
-အရိယ (မြတ်သော) ဥပုသ်၊
-ဂေါပါလ (နွားကျောင်းသားစောင့်နည်း)
ဥပုသ် ဟု ၂-မျိုး ရှိ၏။
ထိုတွင် “ အရိယာဥပုသ် ”သည်
“ ဗြဟ္မဥပုသ်၊ ဓမ္မဥပုသ် ”စသည်ဖြင့် အမျိုးမျိုးရှိ၏။
▬▬▬▬▬▬▬▬▬
(၁)။ “ ဗြဟ္မဥပုသ် ”
▬▬▬▬▬▬▬▬▬
ဘုရားရှင်သည် “ ဗြဟ္မ ” မည်တော်မူ၏၊
ရှစ်ပါးသီလယူပြီးလျှင် ထိုဗြဟ္မမည်သော ဘုရားရှင်ကို
အာရုံပြုနေခြင်းကို “ ဗြဟ္မဥပုသ် ” ဟု ခေါ်၏၊
အလွတ် အာရုံမပြုတတ်လျှင် ဘုရားဂုဏ်တော်ဖွင့်ကို
ရွတ်ဖတ်ြကည့်ရှုနေရာ၏။
▬▬▬▬▬▬▬▬▬
(၂)။ “ ဓမ္မဥပုသ် ”
▬▬▬▬▬▬▬▬▬
ဥပုသ်သီလကို ခံယူပြီးလျှင် တရားတော်၏ ဂုဏ်တော်တစ်ပါးပါးကို အရုံပြု၍လည်းကောင်း၊
တရားဂုဏ်တော် အဖွင့်ကို ကြည့်ရှုရွတ်ဖတ်၍လည်းကောင်း နေခြင်းကို “ ဓမ္မဥပုသ် ”ဟု ခေါ်သည်။
▬▬▬▬▬▬▬▬▬
(၃)။ “ သံဃာ့ဥပုသ် ”
▬▬▬▬▬▬▬▬▬
ဥပုသ်သီလကို ခံယူပြီးလျှင် သံဃာ့ဂုဏ်တော်တစ်ပါးပါးကို အာရုံပြု၍လည်းကောင်း၊
သံဃာ့ဂုဏ်တော် အဖွင့်ကို ကြည့်ရှုရွတ်ဖတ်၍လည်းကောင်း၊နေခြင်းကို“ သံဃာ့ ဥပုသ် ” ဟု ခေါ်သည်။
▬▬▬▬▬▬▬▬▬
(၄)။ “ သီလဥပုသ် ”
▬▬▬▬▬▬▬▬▬
သီလယူပြီးလျှင် မိမိသီလ၏ မကျိုးမပေါက်၊
မပြောက်မကျားပုံကို အာရုံပြု၍ ၀မ်းမြောက်စွာနေထိုင်ခြင်းကို “ သီလဥပုသ် ”ဟု ခေါ်သည်။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬
“ မကျိုး ၊ မပေါက် ၊ မပြောက်၊ မကျား ”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬
❖မကျိုး= ရှစ်ပါးသော သိက္ခာပုဒ်တို့တွင်အစ
သိက္ခာပုဒ်သော် လည်းကောင်း၊
အဆုံးသိက္ခာပုဒ်သော်လည်းကောင်း ပျက်စီးလျှင်
“ ဥပုသ်ကျိုး ”သည် မည်၏၊
ထိုသို့ မပျက်စီးလျှင် ဥပုသ်မကျိုး မပြတ်သည်မည်၏။

【ဆောင်】အင်္ဂါရှစ်ပါး၊ စွန်အဖျားက၊ တစ်ပါးပါးကျိုး၊
ဥပုသ်မျိုး “အကျိုးအပြတ်”ခေါ်။

❖မပေါက် = အ၀တ်၌ အလယ်က ပေါက်သကဲ့သို့
သိက္ခာပုဒ်တို့တွင် အလယ်က တစ်ပါးပါးပျက်လျှင်
“ပေါက်သည်”ဟု ခေါ်၏၊ ထိုသို့ မပျက်လျှင် “ မပေါက် ”သည် မည်၏။

【ဆောင်】အင်္ဂါရှစ်ပါး၊အလယ်ကြားက၊တစ်ပါးပါးပျက်၊
ဥပုသ်တွက်၊“ပေါက်ပျက်”သည်ဟုခေါ်။

❖မပြောက် = ရှစ်ပါးသောသိက္ခာပုဒ်တို့တွင်အလယ်၌တစ်ပါးလည်း မက၊
အစဉ်အတိုင်း တစ်ဆက်တည်းလည်းမဟုတ်ဘဲ နွား၌ “ဝါစေ့”ပြောက်ကဲ့သို့
“အဒိန္နာဒါန နှင့် မုသာဝါဒ” သော်လည်းကောင်း၊
“ဗြဟ္မစရိယ နှင့် သုရာမေရယ” သော်လည်းကောင်း ဤသို့ ပြောက်ကျား ပြောက်ကျား ပျက်သည်ကို “ ပြောက်သည် ”ဟု ခေါ်၏။

【ဆောင်】အင်္ဂါရှစ်ပါး၊တစ်မျိုးအားဖြင့်၊
ကြိုးကြားပြိုးပြောက်၊ ယွင်းသွေဖောက်၊ “အပြောက်”ဥပုသ်ခေါ်။

❖မကျား = ရှစ်ပါးသော သိက္ခာပုဒ်တို့တွင်
ပါဏာတိပါတနှင့် အဒိန္နာဒါန ဆက်၍လည်းကောင်း၊
အဗြဟ္မစရိယနှင့် မုသာဝါဒဆက်၍လည်းကောင်း၊
ဤသို့ နှစ်ပါး၊သုံးပါး ဆက်၍ ပျက်သည်ကို နွားကြောင်၊ နွားကျားကဲ့သို့ “ အကျားထင်သော ဥပုသ် ”ဟု ခေါ်၏။

【ဆောင်】နွားကြောင်နွားကျား၊ပုံအလားသို့၊
နှစ်ပါးသုံးပါး၊ အများဆက်လျက်၊တရားပျက်၊ “ကျားကွက်” သည်ဟုခေါ်။

ဤသို့သောနည်းဖြင့် မိမိဥပုသ်၏ မကျိုး၊မပေါက်၊
မပြောက်၊မကျားပုံကို အာရုံပြု၍ ၀မ်းမြောက်၀မ်းသာ ဖြစ်နေခြင်းကိုပင် “ သီလဥပုသ် ”ဟု ခေါ်သည်။

မှတ်ချက်။ ။ ယခုကာလ သီလဆောက်တည်တုန်းက
တစ်ပါး စီခွဲ၍ ဆောက်တည်ကြသောကြောင့် ရှစ်ပါးသီလတွင် တစ်ပါးပါး ပျက်သော်လည်း ကျန်သီလအတွက် အကျိုးရှိသေး၏၊
တစ်ပါးပျက်ရုံဖြင့် အားလုံးပျက်သွားသည်ဟု မမှတ်နှင့်။
▬▬▬▬▬▬▬▬▬
(၅)။ “နတ်ဥပုသ်”
▬▬▬▬▬▬▬▬▬
သီလယူပြီးလျှင် နတ်တို့ကို ပမာတင်၍
မိမိသန္တာန်၌ရှိသော “သဒ္ဓါ ၊သီလ” စသော သူတော်ကောင်း
တရား များကို အောက်မေ့ဆင်ခြင်လျက် ကြည်လင်
၀မ်းမြောက်နေခြင်းကို “နတ်ဥပုသ်” ဟု ခေါ်သည်။
▬▬▬▬▬▬▬
“ဆင်ခြင်ပုံ”
▬▬▬▬▬▬▬
“နတ်ပြည်၊ ဗြဟ္မာ့ပြည်တို့၌ ရှိကြသော နတ်ဗြဟ္မာတို့သည်
လူ့ပြည်တုန်းက သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ဟိရီ သြတ္တပ္ပ ဟူသော သူတော်ကောင်းတရားတို့နှင့် ပြည့်စုံကြသောကြောင့် ဘ၀အသစ်ကူးသောအခါ
နတ်ပြည် ဗြဟ္မာ့ပြည်၌ ချမ်းသာစွာ ဖြစ်ကြရသည်။
ထိုသူတော်ကောင်း ဥစ္စာများသည် ငါ့မှာလည်း ရှိ၏။
ဗုဒ္ဓမြတ်စွာ၏ တရားတော်နှင့်အညီ မိဘဆရာတို့၏အဆုံးအမ ကြောင့် ဤသို့ သူတော်ကောင်းဖြစ်ရခြင်းသည် နောင်ရေးနောင်တာ သံသရာအတွက်စိတ်ချဖွယ်ရာ လွန်စွာလူဖြစ်ကျိုး နပ်ပါပေစွ တကား” ဟု ကိုယ့်ဂုဏ်တွေကို အာရုံပြုကာ ၀မ်းမြောက်စွာဆင်ခြင်ရာ၏။

ရံဖန်ရံခါ ဆင်ခြင်ရုံမျှဖြင့် အားမရသေးဘဲ၊အလွန့်အလွန် ၀မ်းမြောက်လာအောင် အောက်၌ပြထားသော ဥဒါန်းဂါထာကို ကျူးရင့်ရာ၏။
“ ယဟေိ သဒ်ဓါဒိဂုဏဟေိ၊ ဒေ၀တာ ဒေ၀တ္တံ ဂတာ၊
မယှံပိ တေ သံဝိဇ္ဇန္တိ အဟော မေ ဂုဏ၀န္တတာ။ ”

✤ဒေ၀တာ- စတုမဟာ၊ ၀တိံသာနှင့် နတ်ရွာခြောက်လီ၊
ဗြဟ္မာ့ ပြည်၀ယ်၊ ကိုယ်စီစံစား၊ နတ်ဗြဟ္မာအများတို့သည်၊
✤ယေဟိ သဒ္ဓါဒိ ဂုဏေဟိ- သဒ္ဓါ သီလ၊ များသုတနှင့်၊
စာဂ ပညာ၊ စဉ်လာပြည့်စုံ အကြင်ဂုဏ်တို့ကြောင့်၊
✤ဒေ၀တ္တံ- ရောဂါမကပ်၊ ဥပဒ်မတွယ်၊ စားသောက်ဖွယ်ရေး၊
၀တ်ဆင်ရေးနှင့်၊ မင်းဘေးစိုးတာ၊ ကင်းစင်ကွာလတ်၊
ဗြဟ္မာနတ်၏အဖြစ်သို့၊
✤ဂတာ- ဤလူ့ပြေမှ စုတေကြလျှင်၊ခဏမနေ၊
ကပ်ရောက်ကြရလေကုန်ပြီ၊
✤တေ ဂုဏာ- နတ်ဗြဟ္မာနန်း၊ကပ်ခါမြန်းဖို့၊ အစွမ်းလောက်လုံ၊ထိုကဲ့သို့ ဂုဏ်တို့သည်၊
✤မယှံပိ- ဘုရားအကြိုက်၊ တရားလိုက်၍၊
အားစိုက်နှစ်လို၊ ဤငါ့ကိုယ်မှာလည်း၊
✤သံဝိဇ္ဇန္တိ - အမြဲမပြတ်၊ သတိချပ်သဖြင့်၊ မလတ်ပုံသေ၊
ရှိကြပေကုန်၏၊
✤မေ- ငါ၏၊ ဂုဏ၀န္တတာ- သဒ္ဓါ သီလ၊ များသုတနှင့်၊
စာဂပညာ၊ စဉ်လာလောက်လုံ၊ ဂုဏ်ပေါင်းစုံသူတို့၏ အဖြစ်သည်၊
✤အဟော၀တ- တမလွန်အရေး၊ ကြံတိုင်အေးဖို့၊
လေးလေးပင်ပင်၊ အစဉ်မျိုးမှန်၊ သြော်.... အဖိုးတန်လေစွတကား။

ဤသို့ ဥဒါန်းကျူးကာ နတ်တို့ကို သက်သေအရာ၌ထားလျက် မိမိ၏ သူတော်ကောင်းဖြစ်ပုံကိုအာရုံပြု၍ ၀မ်းမြောက်နေခြင်းသည် “နတ်ဥပုသ် ”မည်၏၊
ဤဗြဟ္မာ့ဥပုသ် စသည်ကိုပုဗ္ဗာရုံတိုက်အမ ဝိသာခါအား ဘုရားရှင် ဟောတော်မူသည်။
တိတ္ထိ တက္ကဒွန်းတို့ စောင့်ကြသော “နိဃဏ္ဌဥပုသ်”
တစ်မျိုးလည်း ရှိသေး၏၊
အများနှင့် မဆိုင်၍ မရေးတော့၊ ဗုဒ္ဓဘာသာ၀င်တို့ စောင့်အပ်သော ဥပုသ်ကား အရိယာဥပုသ် ဖြစ်လျှင်ဖြစ်၊ မဖြစ်လျှင်
ဂေါပါလဥပုသ်သာ ဖြစ် စရာရှိသည်။
[တိက အဂုင်္တ္တိုရ်။]
▬▬▬▬▬▬▬▬
“ဥပုသ် အကျိုး”
▬▬▬▬▬▬▬▬
ဤသို့ ကျနစွာ စောင့်သုံးအပ်သော အရိယ ဥပုသ်မျိုး၏
အကျိုးမှာ ဇမ္ဗူဒိပ်တစ်ကျွန်းကို အုပ်စိုးရသော
မင်း၊မိဖုရား အဖြစ်မျိုးထက် ကြီးကျယ်ခမ်းနားသည်ဟု
ဟောတော်မူ၏၊ မှန်၏၊
မင်းမိဖုရားအဖြစ်ဖြင့် ဇမ္ဗူဒိပ်ကျွန်းကို အုပ်စိုးရခြင်းမှာ
လူ့စည်းစိမ်မျှသာဖြစ်၍ ၊ နတ်စည်းစိမ်ကို ထောက်လျှင်
အောက်ကျ နောက်ကျ သေးနုပ်လှသေး၏၊
ထိုစည်းစိမ်လည်း တစ်ဘ၀သာ၊ကျနစွာ စောင့်ထိန်းအပ်သော
ဥပုသ်၏အကျိုးကား လူမင်း၊နတ်မင်းစည်းစိမ်
အကြိမ်အများပင်တည်း။ထို့ကြောင့် ကောင်းမွန်စွာ
စောင့်ထိန်းအပ်သော ဥပုသ်၏ အကျိုးကို
“ဇမ္ဗူဒိပ်တစ်ကျွန်းလုံး အုပ်စိုးရခြင်းထက်ပင် သာ၏”
ဟု ဟောတော်မူပေသည်။
▬▬▬▬▬▬▬▬▬▬▬▬▬
“ကောင်းစွာစောင့်မှ အကျိုးရ”
▬▬▬▬▬▬▬▬▬▬▬▬▬
ဥပုသ်စောင့်ရာ၌ ရှစ်ပါးသီလကို စောင့်ရုံမျှဖြင့် အကျိုးများသင့်သလောက် မများသေးပါ။
သီလကို စောင့်ထိန်းပြီးနောက် မိမိစိတ်ကို စင်ကြယ်သန့်ရှင်းနေအောင် အားထုတ်နိုင်မှသာ အကျိုးရများပါသည်။

[ တိကအင်္ဂုတ္တရ၊ ဒုတိယပံ၊ မဟာ၀ဂ္ဂဋ္ဌ။ ]

ဥပမာ- ဦးခေါင်းကို တန်ဆာဆင်လိုသောအမျိုးသမီးသည် ဆံပင်ကို စင်ကြယ်အောင်ခေါင်းလျှော်ရ၏။
ခေါင်းမလျှော်ဘဲ ဖြီးလိမ်းပြင်ဆင်လျှင် အနံ့မကောင်း။
ထို့အတူ သီလတန်ဆာဖြင့် ဆင်ထားသူသည်
မိမိ၏စိတ်ကို လောဘ(တဏှာရာဂ) ဒေါသ- မာန်မာန- ဣဿာ- မစ္ဆရိယ စသော ကိလေသာ အညစ်အကြေးတို့မှ စင်ကြယ်အောင်
ဗြဟ္မဥပုသ်ကိုဖြစ်စေ၊ ဓမ္မဥပုသ် စသည်တို့တွင်
တစ်မျိုးမျိုးကိုဖြစ်စေ စောင့်သုံးနိုင်မှသာ ရသင့်သမျှအကျိုးကို အပြည့်အစုံရနိုင်ပါသည်။
ထို့ကြောင့် နဂိုက လောဘကြီးသူဖြစ်လျှင် ဥပုသ်စောင့်ရင်း ထိုလောဘကြောင့် ယခုဘ၀တွေ့ခဲ့ (တွေ့တတ်ကြသော) အပြစ်ကိုလည်းကောင်း၊
နောက်ဘ၀၌ အပါယ်ငရဲအထိဖြစ်နိုင်သည့်အပြစ်များကိုလည်းကောင်း ဆင်ခြင်၍ လောဘနည်းအောင် အထူးကြိုးစား၍ “ဘုရားဂုဏ်တော်”စသည်ကို ပွားများနေပါလော့။
ထိုသို့ ဥပုသ် စောင့်ပြီးနောက် ဥပုသ်ထွက်သောအခါလည်း
လောဘကြောင့် အမှားအယွင်း မရှိရအောင်နေ့စဉ်သတိထားပါလော့။
ဤသို့ ကြိုးစားလျှင် မကြာခင် လောဘနည်းသူ
(တဏှာရာဂနည်းသူ) ဖြစ်လာပါလိမ့်မည်။
ဒေါသ - မာန - ဣဿာ - မစ္ဆရိယ အားကြီးသူများလည်း ဤနည်းအတိုင်း ကြိုးစားပါ။
▬▬▬▬▬▬▬▬▬▬▬▬▬
“နွားကျောင်းသားဥပုသ်”
▬▬▬▬▬▬▬▬▬▬▬▬▬
ထိုကဲ့သို့ ကျနစွာမစောင့်နိုင်ဘဲ “ယနေ့ မည်သည့်နေရာ၌
နွားများ ရေသောက်ကြ၏၊ နက်ဖြန် မည်သည့် နေရာ
မြက်စား၍မည်သည့်နေရာ၌ ရေသောက်လိမ့်မည်”
ဟု နွား ကျောင်းသား ကြံစည်ခြင်းကဲ့သို့
“ယနေ့ မည်သည့်စားဖွယ်ကို စား၍၊ နက်ဖြန် မည်သည့် စားဖွယ်စားသောက်မည်” ဟု အစားအသောက် နှင့် လောကီရေးရာကိုသာ ကြံစည်နေသော ဥပုသ်သည် “ဂေါပါလ ဥပုသ်” (နွားကျောင်းသားဥပုသ်) မည်၏။
ဤနွားကျောင်းသားဥပုသ် ကို “လုံးလုံးအကျိုးမရှိ”ဟု
မဆိုရသော်လည်း၊ “အကျိုးမများလှ” ဟု ဟောတော်မူသည်။
▬▬▬▬▬▬▬▬▬
“သတိပေးချက်”
▬▬▬▬▬▬▬▬▬
ထို့ကြောင့် နွားကျောင်းသားဥပုသ်မဖြစ်စေဘဲ
အရိယဥပုသ်မျိုးဖြစ်အောင် ကြိုးစား၍စောင့်သုံးမှသာ
လောက အကျိုး၊သံသရာအကျိုး၂-ပါးစုံတိုးဖွယ်ရှိ၏၊
ယခုအခါ၌ကား ဥပုသ် စောင့်ရင်းစားသောက်ကြ၊ ပျော်ရွှင်ကြသဖြင့် စဉ်းစားတတ်သူအဖို့မှာ စိတ်ပျက်စရာ ကောင်းလှသည့်အပြင် ဘာသာခြားတို့ကများစွာသော မြန်မာတို့ ဥပုသ်စောင့်ပုံကို ကြည့်ကာ “ဆင်ခြင်စဉ်းစားဉာဏ် မရှိသော လူမျိုး ” ဟု
အထင်သေးကြပေလိမ့်မည်။
ထို့ကြောင့် အမျိုး ဘာသာ အဆင့်အတန်းမြင့်ရေးကို
တွေးကာ စည်းကမ်းကျကျ ဥပုသ်စောင့်ဖို့ သတိပေးပါသည်။ ။

-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး
အရှင်ဇနကာဘိဝံသ၏ “ရတနာ့ဂုဏ်ရည်ကျမ်း”
နှာ ၂၄၃-၂၄၉ မှ- ကောက်နှုတ်ကူးယူပူဇော်မျှဝေပါသည်။】
🆙TT

ကိုးပါး ဥပုသ် (သီလမဟုတ်)~~~~~~~~~~~~~~ဒီမေးခွန်းက ခဏခဏမေးသဗျာ.!"ကိုးပါးသီလ"တဲ့.! ဒီပြဿနာက "သီလ" နဲ့ "ဥပုသ်"မကွဲတဲ့ပြဿနာပ...
19/08/2024

ကိုးပါး ဥပုသ် (သီလမဟုတ်)
~~~~~~~~~~~~~~
ဒီမေးခွန်းက ခဏခဏမေးသဗျာ.!

"ကိုးပါးသီလ"တဲ့.!
ဒီပြဿနာက
"သီလ" နဲ့ "ဥပုသ်"မကွဲတဲ့ပြဿနာပါ။

သီလ- ဆိုတာ ကိုယ်နဲ့နှုတ်ကိုဆောက်တည်စောင့်
စည်းတဲ့ အလေ့အထပါ။

ဥပေါသထ= ဥပုသ်ဆိုတာ
တစ်နေရာရာကိုကပ်ရောက်ပြီးနေထိုင်ကျင့်သုံးတဲ့
သဘော ဖြစ်ပါတယ်။

ပိဋကတ်တော်မှာ "ကိုးပါးသီလ"လို့ မရှိပါဘူး၊
"ကိုးပါးဥပုသ်" လို့သာရှိပါတယ်။
ကိုးပါးဥပုသ်ကို
အင်္ဂုတ္တိုရ်,နဝကနိပါတ်,သီဟနာဒဝဂ်,ရှစ်ခုမြောက်မှာ"နဝင်္ဂုပေါသထသုတ်"လို့ ဟောထားတာပါ။

သုတ်အမည်မှာကိုက"နဝင်္ဂုပေါသထသုတ်ပါ။
"နဝင်္ဂသီလသုတ်"မဟုတ်ပါဘူး။
အဲဒီမှာ နဝင်္ဂဥပုသ်ကို
"ဥပဝုတ္ထော=ကျင့်သုံးအပ်သော်"လို့ဟောပါတယ်။
"သမာဒိယတေ=ဆောက်တည်အပ်သော်"လို့မဟောပါဘူး။

ကိုးပါးကိုရေတွက်ပြရာမှာ-ရိုးရိုး ရှစ်ပါးသီလကို
ဆောက်တည်ပြီး..အဆုံးမှာ-
*မေတ္တာသဟဂတေန စေတသာ ဧကံ ဒိသံ ဖရိတွာ ဝိဟရတိ= မေတ္တာနဲ့ယှဉ်တဲ့စိတ်ထားနဲ့အရပ်မျက်နှာ တစ်ခုစီကို ပွားများပြီးနေတယ်"လို့ဆိုပါတယ်။
(တစ်ခုပြီး နောက်တစ်ခုလို့ဟောထားလို့"တစ်ခုစီ"လို့
ပြောရတာပါ)

အဲ့ဒီကိုးပါးမှာ သီလက ရှစ်ပါးပဲပါပါတယ်၊
မေတ္တာပွားများတာက "သီလ"မဟုတ်ပါဘူး၊
"ဘာဝနာ"ခေါ်ပါတယ်။

သီလရှစ်ပါးနဲ့ မေတ္တာဘာဝနာတစ်ပါး၊ ပေါင်းကိုးပါးကို တစ်နေရာရာမှာကပ်ရောက်ကျင့်သုံးနေတာကို
"နဝင်္ဂုပေါသထ=ကိုးပါးဥပုသ်"လို့ ခေါ်ကြောင်းပါ၊
သီလနဲ့ဘာဝနာကိုရောပြီး"ကိုးပါးသီလ"လို့ မဆိုနိုင်ပါဘူး။

သီလက- ရှောင်ကြဉ်ကျင့်သုံးရတာ၊
ဘာဝနာက- ပွားများကျင့်သုံးရတာပါ၊
(ရှောင်ကြဉ်ကျင့်သုံးရတာမဟုတ်ပါဘူး၊)

အမှန်အတိုင်းက-မေတ္တာဘာဝနာပါလာမှ"ဥပုသ်"
ခေါ်တာမဟုတ်ပါဘူး၊

"ရှစ်ပါးသီလ"ဆိုတာကိုပဲ "သီလ"လို့မခေါဘူး။
"ဥပုသ်"လို့သာခေါ်ပါတယ်။
ပဋ္ဌာန်း,ပဥှာဝါရ,(အာရမ္မဏ,ဥပနိဿယပစ္စည်း)မှာလဲ-
ငါးပါးသီလအတွက် "သီလံ သမာဒိယတိ"လို့ဟောပြီး
ရှစ်ပါးသီလအတွက် "ဥပေါသထကမ္မံ ကရောတိ"လို့
သီးခြားဟောပါတယ်။

ရှစ်ပါးသီလကို"ဥပေါသထ"လို့ခေါ်ရတာက-
"တခြားလူမှုကိစ္စတွေမလုပ်ဘဲ တစ်နေရာရာမှာပဲ
ကပ်ရောက်နေထိုင်ပြီး ထိန်းသိမ်းရတဲ့သိက္ခာပုဒ်များ"
ဖြစ်လို့ပါ။

ရှစ်ပါးသီလမှာ-"အဗြဟ္မစာရီ"သိက္ခာပုဒ်ပါလာတဲ့အတွက်လောကီအာရုံ ကာမဂုဏ်တွေနဲ့ပတ်သက်
ရင်..ကဆိုတီးမှုတ်တို့,ပန်းနံ့သာတို့ပါ ရှောင်ရတယ်။
ဘာကြောင့်လဲဆိုတော့-တရားရဲ့အနှောက်အယှက်
ဖြစ်လို့ပါတဲ့။

ဒါကြောင့် ရှစ်ပါးသီလဆောက်တည်သူဟာရပ်ထဲရွာထဲမှာမနေပဲ ဆိတ်ငြိမ်ရာတစ်နေရာမှာပဲကပ်
ရောက်နေထိုင်ပြီး သီလမပျက်အောင် ကျင့်သုံးနေထိုင်ရပါတယ်။

ရှေးက ဘုန်းတော်ကြီးကျောင်းများမှာဥပုသ်သည်များအတွက်
"ဥပုသ်ဇရပ်"ဆိုတာရွာအကြီးအသေးလိုက်ပြီး နှစ်ဆောင်,သုံးလေးဆောင်ရှိကြပါတယ်။
ဥပုသ်ယူပြီးသူတိုင်း အိမ်မပြန်ဘဲ ဥပုသ်ဇရပ်များမှာပဲ
အမျိုးသားတစ်နေရာ,အမျိုးသမီးတစ်နေရာ နေကြပြီး ညလဲ ဥပုသ်ဇရပ်မှာပဲ အိပ်ကြတာပါ။
နောက်နေ့အရုဏ်တက်ချိန်မှာ ကုသိုလ်ရှင်များက"ဥပုသ်ထွက်
ဆွမ်း"ဆိုပြီးကျွေးကြပါတယ်။

ရှမ်းပြည်ဘက်မှာ ခုထိအလေ့ရှိပုံရပါတယ်။
(ဒါဟာ ဖတ်စ် ဘရိတ်လုပ်တဲ့ ဘရိတ်ဖတ်စ်အစစ်ပါပဲ)

ဆရာကြီးဒေါက်တာသန်းထွန်းကတော့- ပုဂံက
အာနန္ဒာဘုရားစောင်းတန်းက အခန်းတွေဟာလဲ
"ဥပုသ်နေ့ ဥပုသ်သည်များ တရားဆွေးနွေး,နှလုံးသွင်းဖို့ထည့်ထားတာလို့ဆိုပါတယ်။

ကိုးပါးဖြစ်အောင် မေတ္တာဘာဝနာထည့်ရတာနဲ့
ပတ်သက်လို့-
အဋ္ဌကထာမှာတော့-"ဝေနေယျဇ္ဈာသယဝသေန မေတ္တာဘာဝနံ ပက္ခိပိတွာနဝင်္ဂသမ္ပန္နာဂတော'တိ ဝုတ္တော= ဝေနေယျတို့အလိုလိုက်ပြီး ကိုးပါးဖြစ်အောင်မေတ္တာဘာဝနာကို ထည့်ထားတယ်" လို့ဖွင့်ပါတယ်။

အဋ္ဌကထာဆရာရဲ့အာဘော်အရတော့တြင်း,
နဝင်းဆိုတဲ့ ဗြဟ္မဏအယူဓလေ့ကဘုရားလက်ထက်မှာလဲ အစွဲမကုန်သူတွေ ရှိနေလို့သူတို့အလိုကျ "ကိုးနဝင်း"မဖြစ်ဖြစ်အောင်လုပ်ပေးလိုက်ရတဲ့သဘော- လို့ဆိုချင်ပုံရပါတယ်။

😌အကျယ်ကို မဟာဗုဒ္ဓဝင်,ပထမတွဲ,ပထမပိုင်း,
အနုဒီပနီ,သီလပါရမီရှင်းပြချက်,စာမျက်နှာ(ထဲ)မှာ
ကြည့်ပါ-လို့ပြောပါရစေ။

ဓမ္မဘေရီဆရာတော်

"ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့''   🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸 ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ ဖြစ်ပေါ်လာပုံကတော့ မြတ်စွာဘုရား လက်ထက်တော...
19/08/2024

"ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့''
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့
ဖြစ်ပေါ်လာပုံကတော့

မြတ်စွာဘုရား လက်ထက်တော်အခါက __
ရဟန်းတော်ငါးရာတို့ မြတ်စွာဘုရားထံမှ ကမ္မဋ္ဌာန်းတရားကို ယူဆောင်၍ တောအုပ်တစ်ခုတွင် ဝါဆိုဝါကပ်တော်မူကြပါတယ်။

ရဟန်းတော်များ၏ သီလတန်ခိုးကြောင့်
နေရာဖယ်ပေးကြရတဲ့ နတ်အချို့က အမျိုးမျိုးခြောက်လှန့်ကြသောကြောင့်
တရားကိုဖြောင့်အောင် နှလုံးမသွင်းနိုင်ဘဲ စိတ်ဓာတ်တွေ ခြောက်ခြားပြီး ဝါတွင်းကာလမှာပင် မြတ်စွာဘုရားရှိရာ
သာ၀တ္ထိပြည်၊ ဇေတ၀န်ကျောင်းတော်သို့ ပြန်သွားကြပါတယ်။

မြတ်စွာဘုရားက ___
မေတ္တာလက်နက်ကို ယူဆောင်ပြီး တောအုပ်သို့
ပြန်သွားကြရန် တိုက်တွန်းပြီး မေတ္တာသုတ်ဒေသနာကို ဟောကြားပေးလိုက်ပါတယ်။

ရဟန်းတော်တို့၏ မေတ္တာဓာတ်ကြောင့် နတ်များက
ချစ်လာကြပြီး အေးချမ်းစွာ နေတော်မူကြရပါတယ်။

ရဟန်းတော်ငါးရာတို့ဟာ ___
ထိုတောအုပ်မှာပင် ဝါခေါင်လအတွင်း ဒုတိယဝါ ကပ်တော်မူကြပြီး မေတ္တာတရားကို ပွားများ၍ ဝိပဿနာတရားကို ဆက်လက်အားထုတ်ကြရာ
ဝါမကျွတ်မီ အားလုံး ရဟန္တာ ဖြစ်တော်မူကြပါတယ်။

ဘုရားရှင်က ___

(၁) ရဟန်းတော်ငါးရာကို အကြောင်းပြု၍ မေတ္တာသုတ်ကို ဝါတွင်းကာလ၌ ဟောတော်မူပါတယ်။

(၂) ရဟန်းတော်ငါးရာတို့ တောအုပ်သို့ပြန်၍ ဝါခေါင်လ၌ ပစ္ဆိမဝါကပ်တော်မူပါတယ်။

ဒီအကြောင်းများကိုထောက်၍ ဝါခေါင်လပြည့်နေ့
ကို #မေတ္တာအခါတော်နေ့ ဖြစ်ပေါ်လာရပါတယ်။

မေတ္တာအခါတော်နေ့တွင် ဓမ္မဒါနအဖြစ် မျှဝေကုသိုလ်ပြုပါသည်။
မြန်မာနိုင်ငံသူ နိုင်ငံသားများနှင့် ကမ္ဘာသူကမ္ဘာသားများ ဘေးရန် အန္တရာယ်တို့မှ ကင်းဝေးကြပြီး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည်စုံနိုင်ကြပါစေ။

#ပါချုပ်ဆရာတော်ကြီး၏တရားမှတ်စု

🌕ဝါခေါင်လပြည့် (မေတ္တာအခါတော်နေ့) 🏵️ဗုဒ္ဓဘာသာဝင် ဓမ္မမိတ်ဆွေများအတွက် မေတ္တာအခါတော်နေ့လို့ခေါ်ဆိုသတ်မှတ်ကြသော 'ဝါခေါင်လပ...
19/08/2024

🌕ဝါခေါင်လပြည့် (မေတ္တာအခါတော်နေ့)

🏵️ဗုဒ္ဓဘာသာဝင် ဓမ္မမိတ်ဆွေများအတွက် မေတ္တာအခါတော်နေ့လို့ခေါ်ဆိုသတ်မှတ်ကြသော 'ဝါခေါင်လပြည့်နေ့' အကြောင်းကို ဘာသာ‌ရေးသုတတိုးပွားစေရန် တင်ဆက်ပေးလိုက်ပါတယ်။

🏵️ဝါခေါင်လပြည့် (မေတ္တာအခါတော်နေ့)ဆိုတာကတော့ မြတ်စွာဘုရားရှင်က ရဟန်းငါးရာအား ဝါခေါင်လပြည့်နေ့တွင် မေတ္တာသုတ်တရားတော် ဟောကြားတော်မူသည်ကို အကြောင်းပြု၍ အထိန်းအမှတ်ပြုသတ်မှတ်ခဲ့တဲ့ နေထူးနေ့မြတ်တစ်နေ့ဖြစ်ပါတယ်။။

-ဘုရားရှင်လက်ထက်က ရဟန်းများသည် ဘုရားရှင်ကို တစ်နှစ်နှစ်ကြိမ်လာရောက်ဖူးတွေ့လေ့ရှိကြပါတယ်။ ဝါဆိုတော်မူခါနီးတွင် မြတ်စွာဘုရားရှင် ဖူးမျှော်၍ မိမိနှင့်သင့်လျော်မည့် အားထုတ်ရမည့် ကမ္မဋ္ဌာန်းကိုတောင်းကြပါတယ်။ မြတ်စွာဘုရားရှင်က စရိုက်အားလျော်စွာ ကျင့်ရမည့် ကမ္မဋ္ဌာန်းကို ပေးတော်မူပါတယ်။

- တစ်ခုသောနှစ်တွင် မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတွင် သီတင်းသုံးနေတော်မူစဥ် ထုံးစံအတိုင်း ဝါဆိုကာနီးတွင် ရဟန်းများက လာရောက် ကမ္မဋ္ဌာန်းတောင်းကြပါတယ်။။ ထိုရဟန်းများထဲတွင် ရဟန်းငါးရာလည်း ပါပါတယ်။ မြတ်စွာဘုရားရှင်က ရဟန်းတို့အား သင့်တင့်လျောက်ပတ်သည့် ကမ္မဋ္ဌာန်းများကို သင်ကြားပေးလိုက်ပါတယ်။

- ထိုရဟန်းငါးရာဟာ ကမ္မဌာန်းတရားအားထုတ်ကြဖို့ သာဝတ္ထိပြည်မှ တစ်ယူဇနာဝေးသော
တောအုပ်တစ်ခု၌ ဝါကပ်ကာ ရဟန်းတရားကို အားထုတ်ကြပါတယ်။
ရဟန်းတော်များဟာ သစ်ပင်တစ်ပင်စီရဲ့အောက်မှာ ကမ္မဌာန်းတရားအားထုတ်ကြရာမှာ မြင့်မြတ်တဲ့ ရဟန်းတော်များရဲ့ သီလအစွမ်းကြောင့် ရုက္ခစိုးများဟာသစ်ပင်တွေပေါ်မှာ မနေနိုင်ကြတော့ဘဲ အောက်သို့ဆင်းပြီး ဆင်းရဲစွာလှည့်လည်နေထိုင်ကြရပါတယ်။

- ပထမတော့ ခဏတဖြုတ်ပဲသီတင်းသုံးကြမယ်ထင်လို့သည်းခံကြပေမယ့် ရက်ကြာလာ
တော့ သည်းမခံနိုင်တော့ဘဲ ကြောက်မက်ဖွယ် အဆင်း၊ အသံ၊ စက်ဆုပ်ဖွယ် အနံ့တို့ဖြင့် အမျိုးမျိုးအဖုံဖုံ ခြောက်လှန့်ကြပါတယ်။
ထိုအခါ အကြီးဆုံးမထေရ်က "ဘုရားက ဝါနှစ်ကြိမ်ဆိုလို့ရတယ် ဟောထားတယ်၊ မြတ်စွာဘုရားထံ ပြန်သွားပြီး သင့်တော်မယ့်နေရာကို တောင်းကြမယ်" ဟု ဆိုကာ သပိတ်များကိုလွယ်၍ သာဝတ္ထိသို့ ပြန်လာကြခဲ့ကြပါတယ်။

- သာဝတ္ထိပြည်ဇေတဝန်ကျောင်း ရောက်သည့်အခါ ဘုရားရှင်က "ယခုနေရာသည်ပင် သင်တို့နှင့် သင့်လျော်သောနေရာဖြစ်ပေသည်၊ ထိုနေရာ၌ သင့်တိုသည် ရဟန္တာဖြစ်ကြပေလိမ့်မည်၊ သင့်တို့အား အန္တရာယ်များ မဖြစ်ပေါ်စေရန် နည်းပေးလိုက်မည်" ဟုမိန့်ကာ မေတ္တာသုတ်ကို ဟောကြားတော်မူပါတယ်။ မေတ္တာသုတ်တွင် ပွားများရမည့်ပုဂ္ဂိုလ် လိုက်နာရမည့် စည်းကမ်းများကို အရင်ဟောတော်မူပါတယ်။

- ထို့နောက် မေတ္တာပွားနည်းကိုဟော၍ သတ္တဝါများအပေါ်ထားရမည့်စိတ်ထား၊ မေတ္တာပွားမည့်အခြေအနေတို့ကို ဟော၍ နောက်ဆုံးတွင် သမထမှ ဘာဝနာသို့ ပြောင်း၍ ပွားများပုံကို ဟောကြားတော်မူပါတယ်။
ရဟန်းငါရာသည် မေတ္တာသုတ်ကို သင်ယူမှတ်သားပြီးနောက် မူလနေရာသို့ပြန်လာကြပြီး မေတ္တာဘာဝနာများ ပွားများကြပါတယ်။

- ထိုအခါမှာတော့ နတ်များကချစ်ခင်ကြပြီး ရေခပ်ခြင်း၊ တံမျက်လှည်းခြင်း နှိပ်နယ်ပေးခြင်းစသော ဝေယျာဝေစ္စများကို လုပ်ကိုင်ပေးခြင်းများသာ ကြုံတွေကြပါတယ်။ ရဟန်းများလည်း တရားဘာဝနာကို ချမ်းသာစွာ အားထုတ်နိုင်ကြရာ သီတင်းကျွတ်သောအခါ အရဟတ္တဖိုလ်ဆိုက်၍ ရဟန်းအားလုံး ရဟန္တာအဖြစ်သို့ရောက်ရှိခဲ့ကြပါတယ်။

"မေတ္တာသုတ်နဲ့ပက်သက်လာလို့ရိရင် ရွတ်ဖတ်ရုံ၊ နာယူရုံသက်သက်မဟုတ်ဘဲ မေတ္တာဆိုတာ ဘာဝနာဖြစ်လို့ ပွားများကြရပါမယ်လို့ " လို့ ပါမောက္ခချုပ်ဆရာတော်ကြီးက မိန့်ကြားတော်မူပါတယ်။

'မေတ္တာ' ဆိုတဲ့စကားလုံးဟာ ပါဠိဝေါဟာရဖြစ်၍ မြန်မာလို ချစ်ခြင်းဟု အဓိပ္ပါယ်ရတဲ့အတွက် တဏှာကဲ့သို့ ပူလောင်ခြင်းရှိတဲ့ တပ်မက်ခြင်းများကိုရှောင်၍ ‌မေတ္တာဘာဝနာများပွားများနိုင်ကြပါစေ။
မေတ္တာနှင့် ပြောဆိုလုပ်ကိုင်ဆောင်ရွက်ပြီး စစ်မှန်သော အောင် မြင်မှုတွေရရှိပြီး မြတ်သောနေခြင်းဖြင့်နေထိုင်နိုင်ကြပါစေလို့ ဓမ္မမိတ်ဆွေများကို ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

Credit
Mingalar Buddha

 #မေတ္တာအကျိုး ( ၁၁ )မျိုး၁။ ချမ်းချမ်းသာသာ အိပ်ပျော်ခြင်း၂။ ရွှင်ရွှင်ပြပြ အိပ်ရာနိုးခြင်း၃။ မကောင်းသော အိပ်မက်ဆိုးများ...
13/08/2024

#မေတ္တာအကျိုး ( ၁၁ )မျိုး

၁။ ချမ်းချမ်းသာသာ အိပ်ပျော်ခြင်း
၂။ ရွှင်ရွှင်ပြပြ အိပ်ရာနိုးခြင်း
၃။ မကောင်းသော အိပ်မက်ဆိုးများ မမက်ခြင်း၊
၄။ ပတ်၀န်းကျင်မှ လူများ၏ချစ်ခင်မှု ရရှိခြင်း၊
၅။ လူမှတပါး အခြားသော ပရလောကမှပုဂ္ဂိုလ်များ ချစ်ခင်ခြင်း၊
၆။ ဘုန်းတန်ခိုးကြီးမားသော နတ်ဗြဟ္မာများ စောင့်ရှောက်မှု ခံရခြင်း၊
၇။ မီးဘေး၊ အဆိပ်ဘေး၊ ဒုတ် ၊ ဓားလက်နက် မှန်သမျှ မထိရောက်နိုင်၊
၈။ ကမ္မဋ္ဌာန်းတခုခုကို အာရုံပြုလျင် စိတ်တည်ကြည် သမာဓိရလွယ်ခြင်း၊
၉။ မေတ္တာစိတ်ကြောင့် အမြဲတမ်း မျက်နှာကြည်လင်နေခြင်း၊
၁၀။ သေခါနီး၀ယ် ကြည်ကြည်လင်လင် ရွှင်ရွှင်ပြပြ သေနိုင်ခြင်း၊
၁၁။ ယခုဘ၀တွင် မဂ်ဖိုလ်မရလျင်တောင် မေတ္တာစျာန်ဖြင့် ဗြဟ္မာ့ပြည်ရောက်ရှိနိုင်ခြင်း၊

#မေတ္တာအကျိုးဆောင်ပုဒ်

မေတ္တာဂုဏ်ရည် , ဆယ့်တစ်လီကား , အညီသတ္တဝါ , မလပ်ပါအောင် , ခါခါနေ့စဉ် , မေတ္တာယှဉ်မှု , ကြည်လင်အိပ်ပျော် ထချိန်တော်၍ , နိုးသော် ရွှင်ရွှင် , အိမ်မက်မြင်လည်း , အစဉ်ကောင်းစွာ , မြင်မက်ရာ၏ ။ ပြည်ရွာလူသား , နတ်အများလည်း , မြင်ကြားသမျှ , ချစ်ခင်ကြသဖြင့် , ဒေဝထွေထွေ စောင့်ရှောက်လေ၏ ။ မီး , ရေ , ခိုးသူ , များရန်သူလည်း , မယူမဖျက် , မနှောက်ယှက်တည်း ။ စိတ်ဓာတ်လည်းတည် , မျက်နှာကြည်၍ , သေမည်ခါချဉ်း , တွေဝေကင်း၏ ။ မှန်းရင်းဓမ္မ , မဂ်မရလည်း , စျာန်ရလေလစ် , ဗြဟ္မာဖြစ်သည် ... ဆယ့်တစ်မေတ္တာအကျိုးတည်း

“မေတ္တာသုတ်တော်လာ လိုက်နာသင့်ဖွယ် ( ၁၅ )ချက်”

၁။ သက္ကောစ= တစိုက်မတ်မတ်စွမ်းနိုင်အောင် ပွားများအပ်၏၊
၂။ ဥဇု စ= ကိုယ်နှုတ်နှစ်ပါး ရိုးသားဖြောင့်မတ်သင့်သည်၊
၃။ သုဟုဇု စ= သာမာန်မဟုတ်ပဲ အလွန်ကောင်းစွာ ဖြောင့်မတ်သင့်၏။
၄။ သုဝစော စ= ဆိုဆုံးမ လွယ်သူဖြစ်သင့်၏၊
၅။ မုဒု စ= စိတ်ထား နူးညံ့သိမ်မွေ့သင့်၏၊

၆။ အနတိမာနီ စ= ကိုယ့်ကိုယ်ကို အထင်ကြီးခြင်း၊ သူတပါးကို အထင်သေးခြင်း မာန်မာန မထားသင့်ရာ၊
၇။ သန္တုဿကော စ= ရောင့်ရဲလွယ်သင့်သည်၊
၈။ သုဘရော စ=အသက်မွေးမှုအတွက် မွေးမြူလွယ်သင့်သည်၊
၉။ အပ္ပကိစ္စော စ= အမှုကိစ္စ မှန်သမျှ နည်းပါးသင့်၏၊
၁၀။ သလ္လဟုကဝုတ္တိ စ= ပေါ့ပါးသော အသက်မွေးခြင်းလဲ ရှိသင့်၏၊

၁၁။ သန္တိန္ဒြိယော စ= ငြိမ်သက်သော ဣန္ဒြရှိသင့်၏၊
၁၂။ နိပကော စ= ရင့်ကျက်သော တည်ငြိမ်သော ပညာဥာဏ်လဲ ရှိသင့်၏၊
၁၃။ အပ္ပဂဗ္ဘော= ကိုယ်နှုတ်နှလုံး ကြမ်းတမ်းခြင်း မရှိရာ။
၁၄။ ကုလေသု အနနု ဂိဒ္ဓေါ= အမျိုးလေးပါးတို့၌ တပ်မက်မှုမရှိသင့်ပေ၊
၁၅။ န စ ခုဒ္ဒ မာစရေ ကိဉ္စိ - ဒုစရိုက်ကို အနည်းငယ်မျှလည်း မပြုကျင့်ရာ။

ထိုသို့လိုက်နာကျင့်သုံးလျှင် မေတ္တာစျာန်ဖြင့်
ဗြဟ္မာ့ပြည်ရောက်ရှိနိုင်ခြင်း၊

၁။ယဿာနုဘာဝတော ယက္ခာ၊
နေ၀ ဒေဿန္တိ ဘီသနံ။
ယဥှိ စေဝါနုယုဉ္ဇန္တော၊
ရတ္တိန္ဒိ၀ မတန္ဒိတော။

မေတ္တသုတ်ပရိတ်တော်၏ တန်ခိုးရှိန်စော် အာနုဘော်ကြောင့် ကြမ်းတမ်းခက်ထန်သော ဘီလူး သရဲစသော နာနာဘာ၀တို့သည် မခြောက်လှန့်နိုင်ကြကုန်၊ ယင်းသုတ်ကို နေ့ညမပြတ် ရွတ်ဖတ်သရဇ္စျာယ်သောသူသည်...

၂။ သုခံ သုပတိ သုတ္တော စ၊
ပါပံ ကိဉ်စိ န ပဿတိ။
ဧ၀မာဒိ ဂုဏူပတေံ။
ပရိတ္တံ တံ ဘဏာမ ဟေ။

ချမ်းသာစွာ အိပ်ပျော်ခြင်း၊ အိပ်နေစဉ်လည်း အိပ်မက်ဆိုးများ မမြင်မက်ခြင်းစသော အကျိုးဂုဏ်များရှိသောကြောင့် - အို သူတော်ကောင်းအပေါင်းတို့ ငါတို့ ရွတ်ဆိုကြပါစို့…

၃။ကရဏီယ မတ်ထကုသလနေ၊
ယန်တ သန်တံ ပဒံ အဘိသမစ်စေ။
သက္ကော ဥဇူ စ သုဟုဇူ စ၊
သုဝေစာ စႆ မုဒု အနတိမာနိ၊

အကျိုးစီးပွားလိုလား၍ လိမ္မာကျွမ်းကျင်သောအမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့သည် ငြိမ်သက်အေးချမ်းသော နိဗ္ဗာန်၏ ဂုဏ်တို့ကို အာရုံပြုကာ ယခုကဲ့သို့မေတ္တာပွားမှုကို ပြုသင့်ပါပေ၏၊ ထိုသို့ မေတ္တာပွားလိုသူသည် တစိုက်မတ်မတ်စွမ်းနိုင်အောင် ပွားများအပ်၏၊ ကိုယ်စိတ်နှစ်ပါး ရိုးသားဖြောင့်မတ်သင့်၏၊ အလွန် ရိုးဖြောင့်သူ ဖြစ်သင့်၏၊ ဆုံးမလွယ်သူ၊ သူတပါး၏စကားကို နာခံလွယ်သူဖြစ်ပြီး ကိုယ်နှုတ်နှလုံး သိမ်မွေ့ကာ ကိုယ့်ကိုယ်ကို အထင်ကြီးခြင်းမာန်မာနလဲ မထားသင့်ပေ။

၄။ သန္တုဿကော စ သုဘရော စ၊
အပ်ပကိစ်စော စ သလ်လဟုကဝုတ်တိ။
သန္တိန္ဒြယော စ နိပကော စ၊
အပ္ပဂဗ္ဘော ကုလေသွ န နုဂိဒ္ဓေါ။

စားသောက်စရာ၊ နေစရာအရာရာတို့တွင် ရှိသမျှဖြင့် တင်းတိမ်ရောင့်ရဲလွယ်သူ ဖြစ်သင့်၏၊ ကိုယ့်၀မ်းတခါးအတွက် လွယ်လင့်တကူပေ့ါပါးစွာ အသက်မွေးနိုင်သူလည်း ဖြစ်သင့်၏၊ အပိုဗာဟိရ ကိစ္စ နည်းပါးနိုင်သလောက် ကျင့်သုံးသင့်၏၊ စိတ်သွားတိုင်းကိုယ်ပါနေသကဲ့သို့ ဖြစ်သင့်၏၊ ထို့ပြင်သာမက မျက်စိ၊ နားစသော ဣန္ဒြငါးပါးကို ထိန်းသိမ်းသူ၊ တည်ငြိမ်ရင့်ကျက်သူ၊ ဥာဏ်ပညာဖြင့် ချင့်ချိန်နိုင်သူလည်း ဖြစ်သင့်၏၊ ကိုယ့်နင့်ဆက်စပ်သော သူအားလုံးတို့အပေါ်၌ တွယ်တာမနေသင့်ပေ။

၅။န စ ခုဒ္ဒ မာစရေ ကိဉ္စိ၊
ယေန ဝိညူ ပရေ ဥပ ဝဒေယျုံ။
သုခိနော၀ ခေမိနော ဟောန္တု၊
သဗ်ဗသတ်တာ ဘ၀န်တု သုခိတတ်တာ။

ရှေးရှေးသော ပညာရှိတို့ ကဲ့ရဲ့အပ်သော မကောင်းမှုမှန်သမျှ အသေးအမွှားလေးကအစ ဘာတစ်ခုမျှ မပြုလုပ်ပါစေကုန်လင့်၊ သတ္တဝါအားလုံးတို့သည် ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ၍ ချမ်းသာကြပါစေသတည်း၊ ဘေးရန်ကင်းကွာ ချမ်းသာစွာ နေနိုင်ကြပါစေသတည်း၊

၆။ ယေ ကစေိ ပါဏဘူတတ်ထိ၊
တသာ ဝါ ထာ၀ရာ၀ နဝေသသာ။
ဒီဃာ ဝါ ယေ၀ မဟန္တာ၊
မဇ္စျိမာ ရဿကာ အဏုက ထူလာ။

ထွက်သက်၀င်သက် အသက်ရှုနေကြသော သတ္တဝါမှန်သမျှ၊ ကြောက်ရွံ့ထိတ်လန့်တတ်ကြသောရဟန္တာမဖြစ်ကြသေးသော သတ္တဝါများ၊ မကြောက်မရွံ့့ တည်ကြည်ငြိမ်သက်ကြသော ရဟန္တာမထေရ်မြတ်ကြီးများ၊ ခန္ဓာကိုယ်ရှည်လျားသော သတ္တဝါ၊ ခန္ဓာကိုယ်ကြီးမားသော သတ္တဝါ၊ မရှည်မတို၊ မကြီး မသေး အလယ်အလတ်ဖြစ်ကြသော သတ္တဝါ၊ ခန္ဓာကိုယ် ဆူဖြိုးသောသတ္တဝါ၊ အားဖြင့် နောက်ဆုံး အဏုမြူတမျှ သေးငယ်ကုန်သော သတ္တဝါတွေအပါအ၀င် အားလုံးတို့သည် ဘေးရန်မရှိ ချမ်းသာပကတိရှိကြပါစေ …

၇။ ဒိဋ္ဌာ ဝါ ယေ၀ အဒိဋ္ဌာ၊
ယေ၀ ဒူရေ ၀သန္တိ အဝိဒူရေ။
ဘူတာ၀ သမ္ဘဝေသီ၀၊
သဗ်ဗသတ်တာ ဘ၀န်တု သုခိတတ်တာ။

မျက်စိဖြင့် မြင်နိုင်သောမြင်ဖူးသောသတ္တဝါ၊ မမြင်နိုင်သော၊ မမြင်ဖူးသောသတ္တဝါ၊ ကျွနုပ် အဝေးမှာ ရှိနေသော၊ အနီးနားမှာ ရှိနေသော၊ မနီးမဝေးမှာ ရှိနေသောသတ္တဝါများ၊ နောင်ဘ၀မဖြစ်ရတော့သည့် ရဟန္တာစသော သူတော်ကောင်းတို့သည်၄င်း၊ နောင်ဘဝဖြစ်ကြအုံးမည့် ပုထုဇဉ် သေက္ခစသော သတ္တဝါအားလုံးတို့သည်၄င်း ဘေးရန်ကင်းကွာ ချမ်းသာကြပါစေကုန်သတည်း၊

၈။ န ပရော ပရံ နိကုဗ္ဗေထ၊
နာတိမညထေ ကတ်ထစိ န ကဉ်စိ။
ဗျာရောသနာ ပဋိဃသည၊
နာည မညဿ ဒုတ္ခ မိစ္ဆေယျ။

တစ်ယောက်ယောက်က တစ်ယောက်ယောက်ကို၊ တိရိစ္ဆာန်တကောင်က တစ်ကောင်ကို ဘယ်လိုအကြောင်းကြောင့်မျှ၊ ဘယ်နေရာမှာမဆို၊ စဉ်းလဲကောက်ကျစ်မကောင်းကြံခြင်း၊ မာန်မာနထောင်လွှားကာ မထီမဲ့မြင် မပြုကြပါစေလင့်။
ကိုယ်နှုတ်တို့ဖြင့် စော်ကားပုတ်ခတ်ခြင်း၊ ဒေါသအာဃာတဖြင့် အချင်းချင်း သူတပါးဒုက္ခရောက်သည်ကို အလိုမရှိကြပါစေကုန်လင့်။

၉။မာတာ ယထာ နိယံပုတ်တ၊
မာယုသာ ဧကပုတ္တ မနုရက္ခေ။
ဧ၀မ္ပိ သဗ္ဗဘူတေသု၊
မာနသံ ဘာဝယေ အပရိမာဏံ။

တစ်ဦးတည်းသော သားရှိသော မိခင်သည် မိမိသားအပေါ် ဘေးရန်မကျရောက်အောင် အသက်ပေးကာ စောင့်ရှောက်သကဲ့သို့ အကျိုးကျေးဇူးအနန္တများပြားလှသော မေတ္တာစိတ်ကို သတ္တဝါအားလုံးတို့အပေါ်တွင် ဖြန့်ကျက်နေနိုင်ကြပါစေ..

၁၀။မတ်တေဉ်စ သဗ်ဗလောကသ်မိ ံ၊
မာနသံ ဘာဝယေ အပရိမာဏံ။
ဥဒ္ဓံ အဓော စ တိရိယဉ္စ၊
အသမ်ဗာဓံ အဝရေ မသပတ်တံ။

အထက်ဘ၀ဂ် အရူပဗြဟ္မာ့ဘုံတိုင်အောင်၊ အောက်အဝီစိအပါယ်ဘုံတိုင်အောင်၊ အလယ်အလတ် လူ့ဘုံ၊ နတ်ပြည်ခြောက်ထပ်၊ ရူပဗြဟ္မာ့ဘုံ အပါအ၀င် နေရာမလပ် အကျိုးအနန္တများပြားလှသော၊ အတိုင်းအဆပမာဏ မရေတွက်နိုင်သော မေတ္တာစိတ်ကို ပွားများနိုင်ကြပါစေ၊ အပိုင်းအခြားလွတ်ကင်း ကျဉ်းမြောင်းခြင်းမရှိ၊ ကိုယ်တွင်းဘေးရန်လဲ မရှိ၊ ပြင်ပရန်သူလဲ မရှိပဲ အေးချမ်းစွာ နေနိုင်ကြပါစေသတည်း၊

၁၁။ တိဋ္ဌံ စရံ နိသိန္နော ၀၊
သယာနော ယာ၀တာဿ ဝီတမိဒ္ဓေါ။
ဧတံ သတိံ အဓိဋ္ဌေယျ၊
ဗွဟ်မ မတေံ ဝိဟာရ မိဓ မာဟု၊

ရပ်နေစဉ်၊ လမ်းလျောက်နေစဉ်၊ ထိုင်နေစဉ်၊ ခန္ဓာကိုယ်လဲလျောင်းနေစဉ် ဘယ်အချိန်မှာမဆို စိတ်ပျံ့လွင့်မှုကင်း ကြည်လင်ရွှင်ပြစွာဖြင့် မေတ္တာစိတ်နှင့်ယှဉ်သော သတိကို ထားနိုင်ကြပါစေ.. ထိုကဲ့သို့ မေတ္တာစိတ် ဖြန့်ကျက်ကာ နေခြင်းကိုပင် မြင့်မြတ်သော ဗြဟ္မာကြီးတို့၏ နေထိုင်ခြင်း ဗြဟ္မဝိဟာရဟူ၍ ပညာရှိအပေါင်းတို့ ဆိုကြပေ၏။

၁၂။ ဒိဋ္ဌိဉ္စ အနု ပဂ္ဂမ္မ၊
သီလဝါ ဒဿနေန သမ္ပန္နော။
ကာမေသု ဝိနယ ဂေဓံ၊
န ဟိ ဇာတု ဂ ဗ္ဘသေယျ ပုန ရေတိ။
မတ်တေသုတ်တံ နိဋ်ဌိတံ။

အမြဲမပြတ် မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းပွားများလေ့
ရှိသူသည်၊ အယူလွဲမှား ဖောက်ပြန်သောဘ၀သို့
မရောက်နိုင်တော့ပဲ လောကုတ္တရာ သီလများနှင့် ပြည့်စုံပြီး မဂ်ဥာဏ်ဖိုလ်ဥာဏ်များကိုပင်မျက်မှောက်ပြုရတတ်သည်၊ သက်ရှိ၊ သက်မဲ့ ၀တ္တုအာရုံ ကာမဂုဏ်ငါးပါးတို့၌ မက်မောတွယ်တာမှုများ ကင်းကွာကာ နောင်တဖန် ပဋိသန္ဓေတည်နေရခြင်း ဇာတိဒုက္ခကိုပင် မခံစားရတော့ပေ။

🙏 #မင်းကွန်းဆရာတော်ဘုရားကြီး
Credit.

Address

Kyaikkhami Road
Mawlamyine

Telephone

+959788902074

Website

Alerts

Be the first to know and let us send you an email when ဒေသနာပန်းခင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ဒေသနာပန်းခင်း:

Share

Category