16/06/2022
(ယေဂါမိုက်စတာ)
=========================
(ယေဂါမိုက်စတာ) သို့မဟုတ် ချောင်းဆိုးပျောက်ဆေးအနံ့နဲ့ အရက်ချို
Jägermeister အရက်ကို လွန်ခဲ့သော (၈၆) နှစ်လောက်ကတည်းက ယနေ့အထိ ပြောင်းလဲခြင်းမရှိဘဲ ,
အစိမ်းရောင်ဖန်ပုလင်းနှင့်သာ ထုတ်လုပ်ဆဲဖြစ်ပြီး ယနေ့ခေတ်အထိ ဂျာမန်တွေကဆေးဖက်ဝင်အဖြစ် အသုံးပြုနေဆဲဖြစ်ပါတယ်။
Jägermeister ကို Jager ဟုအတိုကောက်ခေါ်ဝေါ်ကြပါတယ်။
ဆေးဖက်ဝင်သစ်သီး၊ သစ်ဖု၊ အမြစ်၊ အခေါက်၊ အရွက် ၅၆ မျိုးကို Alcohol 35% ဖြင့်ပြုလုပ်ထားပါတယ်။
ပါဝင်ပစ္စည်းကို အကြမ်းဖျင်းအနေနဲ့ ပြောရမယ်ဆိုရင်........
သစ်ကြံပိုးခေါက် ● ဝမ်းပျက်ဝမ်းလျှောခြင်းကိုကာကွယ်ရန်နှင့် အစာစားချင်စိတ်ကိုလှုံ့ဆော်ရန်။
လေးညှင်းပွင့် ● အဖျားအနာများကိုလျှော့ချရန်၊ရောင်ရမ်းခြင်းကိုကာကွယ်ရန်နှင့် အူလမ်းကြောင်းကင်ဆာကိုကာကွယ်ရန်။
ဂျင်းမြစ် ● ပျို့အန်ခြင်း၊ ရောင်ယမ်းခြင်းကိုလျော့နည်းစေရန်။
နံနံပင် ● အူနံရံဆေးကြောခြင်း၊ အစာအိမ်ကြွက်သားသန်မာခြင်း (အစာအိမ်ကြွက်သားကျန်းမာရေးကိုပိုမိုကောင်းမွန်စေသည့်ဆေးပင်)
ဘိန်းစေ့ ● အစာချေခြင်းကိုပိုမိုကောင်းမွန်စေခြင်းနှင့်ချောင်းဆိုးခြင်းကိုသက်သာစေရန်။
ဂျင်ဆင်း ● ကိုယ်ခံအားစနစ်ကိုအားကောင်းစေပြီး , အအေးမိခြင်းကိုလျော့နည်းစေသည့်အပြင် ကင်ဆာရောဂါကိုကာကွယ်ပေးရန်။
အနီရောင်စန္ဒကူးပင် ● စိုးရိမ်စိတ်ကို လျှော့ချရန်နှင့်နိုးနိုးကြားကြား ရှိစေရန်။
ဘလူးဘယ်ရီ ● အမျှင်ဓာတ်မြင့်မားပြီး အစာချေစနစ်အား အထောက်အကူပြုရန်နှင့် ဓာတ်တိုးဆန့်ကျင်မှုမြင့်မားသောကြောင့် ဆဲလ်များအချိန်မတိုင်ခင် ယိုယွင်းပျက်စီးခြင်းမှ ကာကွယ်ရန် အစရှိတဲ့ ကောင်းကျိုးများရရှိနိုင်ပါတယ်။
Jägermeister သောက်နည်းအညွှန်း ...
Cold Brew အမျိုးအစားဖြစ်တဲ့အတွက် အရက်ပုလင်းနှင့် သောက်မည့်ဖန်ခွက်အား ရေခဲသေတ္တာအခဲကန့်တွင် အခဲခံပြီးမှ သောက်သုံးပါရန်။
Credit ;