Akari

Akari Hi �

25/04/2024

မေတ္တာသုတ်ကို နားလည်ပြီးမှ ရွတ်ရတာ
ပိုအကျိုးရှိမယ်ထင်လို့ပါ။

မေတ္တာသုတ် အကြောင်း
◾◽◾◽◾◽◾
ဗုဒ္ဓဘာသာတိုင်း သိထားသင့်သော
မေတ္တာသုတ် ၊ အဓိပ္ပါယ်နဲ့ ပွားများခြင်း အကျိုးကျေးဇူးများ နှင့်
မေတ္တာသုတ်ကျင့်သူများ လိုက်နာရန် များကို တင်ပြလိုက်ပါတယ်။

၁။ယဿာနုဘာဝတော ယက္ခာ၊
နေ၀ ဒေဿန္တိ ဘီသနံ။
ယဥှိ စေဝါနုယုဉ္ဇန္တော၊
ရတ္တိန္ဒိ၀ မတန္ဒိတော။

**မေတ္တသုတ်ပရိတ်တော်၏ တန်ခိုးရှိန်စော် အာနုဘော်ကြောင့် ကြမ်းတမ်းခက်ထန်သော ဘီလူး သရဲစသော နာနာဘာ၀တို့သည် မခြောက်လှန့်နိုင်ကြကုန်၊ ယင်းသုတ်ကို နေ့ညမပြတ် ရွတ်ဖတ်သရဇ္စျာယ်သောသူသည်...

၂။ သုခံ သုပတိ သုတ္တော စ၊
ပါပံ ကိဉ်စိ န ပဿတိ။
ဧ၀မာဒိ ဂုဏူပတေံ။
ပရိတ္တံ တံ ဘဏာမ ဟေ။

**ချမ်းသာစွာ အိပ်ပျော်ခြင်း၊ အိပ်နေစဉ်လည်း အိပ်မက်ဆိုးများ မမြင်မက်ခြင်းစသော အကျိုးဂုဏ်များရှိသောကြောင့် - အို သူတော်ကောင်းအပေါင်းတို့ ငါတို့ ရွတ်ဆိုကြပါစို့…

၃။ကရဏီယ မတ်ထကုသလနေ၊
ယန်တ သန်တံ ပဒံ အဘိသမစ်ေစ။
သက္ကော ဥဇူ စ သုဟုဇူ စ၊
သုဝစော စဿ မုဒု အနတိမာနိ၊

**အကျိုးစီးပွားလိုလား၍ လိမ္မာကျွမ်းကျင်သောအမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့သည် ငြိမ်သက်အေးချမ်းသော နိဗ္ဗာန်၏ ဂုဏ်တို့ကို အာရုံပြုကာ ယခုကဲ့သို့မေတ္တာပွားမှုကို ပြုသင့်ပါပေ၏၊ ထိုသို့ မေတ္တာပွားလိုသူသည် တစိုက်မတ်မတ်စွမ်းနိုင်အောင် ပွားများအပ်၏၊ ကိုယ်စိတ်နှစ်ပါး ရိုးသားဖြောင့်မတ်သင့်၏၊ အလွန် ရိုးဖြောင့်သူ ဖြစ်သင့်၏၊ ဆုံးမလွယ်သူ၊ သူတပါး၏စကားကို နာခံလွယ်သူဖြစ်ပြီး ကိုယ်နှုတ်နှလုံး သိမ်မွေ့ကာ ကိုယ့်ကိုယ်ကို အထင်ကြီးခြင်းမာန်မာနလဲ မထားသင့်ပေ။

၄။ သန္တုဿကော စ သုဘရော စ၊
အပ်ပကိစ်စော စ သလ်လဟုကဝုတ်တိ။
သန္တိနြ္ဒိယော စ နိပကော စ၊
အပ္ပဂဗ္ဘော ကုလေသွ န နုဂိဒ္ဓေါ။

**စားသောက်စရာ၊ နေစရာအရာရာတို့တွင် ရှိသမျှဖြင့် တင်းတိမ်ရောင့်ရဲလွယ်သူ ဖြစ်သင့်၏၊ ကိုယ့်၀မ်းတခါးအတွက် လွယ်လင့်တကူပေ့ါပါးစွာ အသက်မွေးနိုင်သူလည်း ဖြစ်သင့်၏၊ အပိုဗာဟိရ ကိစ္စ နည်းပါးနိုင်သလောက် ကျင့်သုံးသင့်၏၊ စိတ်သွားတိုင်းကိုယ်ပါနေသကဲ့သို့ ဖြစ်သင့်၏၊ ထို့ပြင်သာမက မျက်စိ၊ နားစသော ဣနြေ္ဒငါးပါးကို ထိန်းသိမ်းသူ၊ တည်ငြိမ်ရင့်ကျက်သူ၊ ဥာဏ်ပညာဖြင့် ချင့်ချိန်နိုင်သူလည်း ဖြစ်သင့်၏၊ ကိုယ့်နင့်ဆက်စပ်သော သူအားလုံးတို့အပေါ်၌ တွယ်တာမနေသင့်ပေ။

၅။န စ ခုဒ္ဒ မာစရေ ကိဉ္စိ၊
ယေန ဝိညူ ပရေ ဥပ ဝဒေယျုံ။
သုခိနော၀ ခေမိနော ဟောန္တု၊
သဗ်ဗသတ်တာ ဘ၀န်တု သုခိတတ်တာ။

**ရှေးရှေးသော ပညာရှိတို့ ကဲ့ရဲ့အပ်သော မကောင်းမှုမှန်သမျှ အသေးအမွှားလေးကအစ ဘာတစ်ခုမျှ မပြုလုပ်ပါစေကုန်လင့်၊ သတ္တဝါအားလုံးတို့သည် ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ၍ ချမ်းသာကြပါစေသတည်း၊ ဘေးရန်ကင်းကွာ ချမ်းသာစွာ နေနိုင်ကြပါစေသတည်း၊

၆။ ယေ ကစေိ ပါဏဘူတတ်ထိ၊
တသာ ဝါ ထာ၀ရာ၀ နဝသေသာ။
ဒီဃာ ဝါ ယေ၀ မဟန္တာ၊
မဇ္စျိမာ ရဿကာ အဏုက ထူလာ။

**ထွက်သက်၀င်သက် အသက်ရှုနေကြသော သတ္တဝါမှန်သမျှ၊ ကြောက်ရွံ့ထိတ်လန့်တတ်ကြသောရဟန္တာမဖြစ်ကြသေးသော သတ္တဝါများ၊ မကြောက်မရွံ့့ တည်ကြည်ငြိမ်သက်ကြသော ရဟန္တာမထေရ်မြတ်ကြီးများ၊ ခန္ဓာကိုယ်ရှည်လျားသော သတ္တဝါ၊ ခန္ဓာကိုယ်ကြီးမားသော သတ္တဝါ၊ မရှည်မတို၊ မကြီး မသေး အလယ်အလတ်ဖြစ်ကြသော သတ္တဝါ၊ ခန္ဓာကိုယ် ဆူဖြိုးသောသတ္တဝါ၊ အားဖြင့် နောက်ဆုံး အဏုမြူတမျှ သေးငယ်ကုန်သော သတ္တဝါတွေအပါအ၀င် အားလုံးတို့သည် ဘေးရန်မရှိ ချမ်းသာပကတိရှိကြပါစေ …

၇။ ဒိဋ္ဌာ ဝါ ယေ၀ အဒိဋ္ဌာ၊
ယေ၀ ဒူရေ ၀သန္တိ အဝိဒူရေ။
ဘူတာ၀ သမ္ဘဝေသီ၀၊
သဗ်ဗသတ်တာ ဘ၀န်တု သုခိတတ်တာ။

**မျက်စိဖြင့် မြင်နိုင်သောမြင်ဖူးသောသတ္တဝါ၊ မမြင်နိုင်သော၊ မမြင်ဖူးသောသတ္တဝါ၊ ကျွနုပ် အဝေးမှာ ရှိနေသော၊ အနီးနားမှာ ရှိနေသော၊ မနီးမဝေးမှာ ရှိနေသောသတ္တဝါများ၊ နောင်ဘ၀မဖြစ်ရတော့သည့် ရဟန္တာစသော သူတော်ကောင်းတို့သည်၄င်း၊ နောင်ဘဝြဖစ်ကြအုံးမည့် ပုထုဇဉ် သေက္ခစသော သတ္တဝါအားလုံးတို့သည်၄င်း ဘေးရန်ကင်းကွာ ချမ်းသာကြပါစေကုန်သတည်း၊

၈။ န ပရော ပရံ နိကုဗ္ဗေထ၊
နာတိမညထေ ကတ်ထစိ န ကဉ်စိ။
ဗျာရောသနာ ပဋိဃသည၊
နာည မညဿ ဒုတ္ခ မိစ္ဆေယျ။

**တစ်ယောက်ယောက်က တစ်ယောက်ယောက်ကို၊ တိရိစ္ဆာန်တကောင်က တစ်ကောင်ကို ဘယ်လိုအကြောင်းကြောင့်မျှ၊ ဘယ်နေရာမှာမဆို၊ စဉ်းလဲကောက်ကျစ်မကောင်းကြံခြင်း၊ မာန်မာနထောင်လွှားကာ မထီမဲ့မြင် မပြုကြပါစေလင့်။
ကိုယ်နှုတ်တို့ဖြင့် စော်ကားပုတ်ခတ်ခြင်း၊ ဒေါသအာဃာတဖြင့် အချင်းချင်း သူတပါးဒုက္ခရောက်သည်ကို အလိုမရှိကြပါစေကုန်လင့်။

၉။မာတာ ယထာ နိယံပုတ်တ၊
မာယုသာ ဧကပုတ္တ မနုရက္ခေ။
ဧ၀မ္ပိ သဗ္ဗဘူတေသု၊
မာနသံ ဘာဝယေ အပရိမာဏံ။

**တစ်ဦးတည်းသော သားရှိသော မိခင်သည် မိမိသားအပေါ် ဘေးရန်မကျရောက်အောင် အသက်ပေးကာ စောင့်ရှောက်သကဲ့သို့ အကျိုးကျေးဇူးအနန္တများပြားလှသော မေတ္တာစိတ်ကို သတ္တဝါအားလုံးတို့အပေါ်တွင် ဖြန့်ကျက်နေနိုင်ကြပါစေ..

၁၀။မတ်ေတဉ်စ သဗ်ဗလောကသ်မိ ံ၊
မာနသံ ဘာဝယေ အပရိမာဏံ။
ဥဒ္ဓံ အဓော စ တိရိယဉ္စ၊
အသမ်ဗာဓံ အဝရေ မသပတ်တံ။

**အထက်ဘ၀ဂ် အရူပဗြဟ္မာ့ဘုံတိုင်အောင်၊ အောက်အဝီစိအပါယ်ဘုံတိုင်အောင်၊ အလယ်အလတ် လူ့ဘုံ၊ နတ်ပြည်ခြောက်ထပ်၊ ရူပဗြဟ္မာ့ဘုံ အပါအ၀င် နေရာမလပ် အကျိုးအနန္တများပြားလှသော၊ အတိုင်းအဆပမာဏ မရေတွက်နိုင်သော မေတ္တာစိတ်ကို ပွားများနိုင်ကြပါစေ၊ အပိုင်းအခြားလွတ်ကင်း ကျဉ်းမြောင်းခြင်းမရှိ၊ ကိုယ်တွင်းဘေးရန်လဲ မရှိ၊ ပြင်ပရန်သူလဲ မရှိပဲ အေးချမ်းစွာ နေနိုင်ကြပါစေသတည်း၊

၁၁။ တိဋ္ဌံ စရံ နိသိန္နော ၀၊
သယာနော ယာ၀တာဿ ဝီတမိဒ္ဓေါ။
ဧတံ သတိံ အဓိဋ္ဌေယျ၊
ဗွဟ်မ မတေံ ဝိဟာရ မိဓ မာဟု၊

**ရပ်နေစဉ်၊ လမ်းလျောက်နေစဉ်၊ ထိုင်နေစဉ်၊ ခန္ဓာကိုယ်လဲလျောင်းနေစဉ် ဘယ်အချိန်မှာမဆို စိတ်ပျံ့လွင့်မှုကင်း ကြည်လင်ရွှင်ပြစွာဖြင့် မေတ္တာစိတ်နှင့်ယှဉ်သော သတိကို ထားနိုင်ကြပါစေ.. ထိုကဲ့သို့ မေတ္တာစိတ် ဖြန့်ကျက်ကာ နေခြင်းကိုပင် မြင့်မြတ်သော ဗြဟ္မာကြီးတို့၏ နေထိုင်ခြင်း ဗြဟ္မဝိဟာရဟူ၍ ပညာရှိအပေါင်းတို့ ဆိုကြပေ၏။

၁၂။ ဒိဋ္ဌိဉ္စ အနု ပဂ္ဂမ္မ၊
သီလဝါ ဒဿနေန သမ္ပန္နော။
ကာမေသု ဝိနယ ဂေဓံ၊
န ဟိ ဇာတု ဂ ဗ္ဘသေယျ ပုန ရေတိ။
မတ်ေတသုတ်တံ နိဋ်ဌိတံ။

**အမြဲမပြတ် မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းပွားများလေ့ ရှိသူသည်၊ အယူလွဲမှား ဖောက်ပြန်သောဘ၀သို့ မရောက်နိုင်တော့ပဲ လောကုတ္တရာ သီလများနှင့် ပြည့်စုံပြီး မဂ်ဥာဏ်ဖိုလ်ဥာဏ်များကိုပင်မျက်မှောက်ပြုရတတ်သည်၊ သက်ရှိ၊ သက်မဲ့ ၀တ္တုအာရုံ ကာမဂုဏ်ငါးပါးတို့၌ မက်မောတွယ်တာမှုများ ကင်းကွာကာ နောင်တဖန် ပဋိသန္ဓေတည်နေရခြင်း ဇာတိဒုက္ခကိုပင် မခံစားရတော့ပေ။
(မေတ္တာသုတ် မြန်မာပြန်အဓိပ္ပါယ် ပြီးပါပြီ)

“မေတ္တာအကျိုး ( ၁၁ )မျိုး”
===============
၁။ ချမ်းချမ်းသာသာ အိပ်ပျော်ခြင်း၊
၂။ ရွှင်ရွှင်ပြပြ အိပ်ရာနိုးခြင်း၊
၃။ မကောင်းသော အိပ်မက်ဆိုးများ မမက်ခြင်း၊
၄။ ပတ်၀န်းကျင်မှ လူများ၏ချစ်ခင်မှု ရရှိခြင်း၊
၅။ လူမှတပါး အခြားသော ပရလောကမှပုဂ္ဂိုလ်များ ချစ်ခင်ခြင်း၊
၆။ ဘုန်းတန်ခိုးကြီးမားသော နတ်ဗြဟ္မာများ စောင့်ရှောက်မှု ခံရခြင်း၊
၇။ မီးဘေး၊ အဆိပ်ဘေး၊ ဒုတ် ၊ ဓားလက်နက် မှန်သမျှ မထိရောက်နိုင်၊
၈။ ကမ္မဋ္ဌာန်းတခုခုကို အာရုံပြုလျင် စိတ်တည်ကြည် သမာဓိရလွယ်ခြင်း၊
၉။ မေတ္တာစိတ်ကြောင့် အမြဲတမ်း မျက်နှာကြည်လင်နေခြင်း၊
၁၀။ သေခါနီး၀ယ် ကြည်ကြည်လင်လင် ရွှင်ရွှင်ပြပြ သေနိုင်ခြင်း၊
၁၁။ ယခုဘ၀တွင် မဂ်ဖိုလ်မရလျင်တောင် မေတ္တာစျာန်ဖြင့် ဗြဟ္မာ့ပြည်ရောက်ရှိနိုင်ခြင်း၊

( မေတ္တာအကျိုး ဆောင်ပုဒ် )
မေတ္တာဂုဏ်ရည် , ဆယ့်တစ်လီကား , အညီသတ္တဝါ , မလပ်ပါအောင် , ခါခါနေ့စဉ် , မေတ္တာယှဉ်မှု , ကြည်လင်အိပ်ပျော် ထချိန်တော်၍ , နိုးသော် ရွှင်ရွှင် , အိမ်မက်မြင်လည်း , အစဉ်ကောင်းစွာ , မြင်မက်ရာ၏ ။ ပြည်ရွာလူသား , နတ်အများလည်း , မြင်ကြားသမျှ , ချစ်ခင်ကြသဖြင့် , ဒေဝထွေထွေ စောင့်ရှောက်လေ၏ ။ မီး , ရေ , ခိုးသူ , များရန်သူလည်း , မယူမဖျက် , မနှောက်ယှက်တည်း ။ စိတ်ဓာတ်လည်းတည် , မျက်နှာကြည်၍ , သေမည်ခါချဉ်း , တွေဝေကင်း၏ ။ မှန်းရင်းဓမ္မ , မဂ်မရလည်း , စျာန်ရလေလစ် , ဗြဟ္မာဖြစ်သည် ... ဆယ့်တစ်မေတ္တာအကျိုးတည်း

“မေတ္တသုတ်တော်လာ လိုက်နာသင့်ဖွယ် ( ၁၅ )ချက်”
=============================
၁။ သက္ကောစ= တစိုက်မတ်မတ်စွမ်းနိုင်အောင် ပွားများအပ်၏၊
၂။ ဥဇု စ= ကိုယ်နှုတ်နှစ်ပါး ရိုးသားဖြောင့်မတ်သင့်သည်၊
၃။ သုဟုဇု စ= သာမာန်မဟုတ်ပဲ အလွန်ကောင်းစွာ ဖြောင့်မတ်သင့်၏။
၄။ သုဝစော စ= ဆိုဆုံးမ လွယ်သူဖြစ်သင့်၏၊
၅။ မုဒု စ= စိတ်ထား နူးညံ့သိမ်မွေ့သင့်၏၊

၆။ အနတိမာနီ စ= ကိုယ့်ကိုယ်ကို အထင်ကြီးခြင်း၊ သူတပါးကို အထင်သေးခြင်း မာန်မာန မထားသင့်ရာ၊
၇။ သန္တုဿကော စ= ရောင့်ရဲလွယ်သင့်သည်၊
၈။ သုဘရော စ=အသက်မွေးမှုအတွက် မွေးမြူလွယ်သင့်သည်၊
၉။ အပ္ပကိစ္စော စ= အမှုကိစ္စ မှန်သမျှ နည်းပါးသင့်၏၊
၁၀။ သလ္လဟုကဝုတ္တိ စ= ပေါ့ပါးသော အသက်မွေးခြင်းလဲ ရှိသင့်၏၊

၁၁။ သန္တိနြ္ဒိယော စ= ငြိမ်သက်သော ဣနြေ္ဒရှိသင့်၏၊
၁၂။ နိပကော စ= ရင့်ကျက်သော တည်ငြိမ်သော ပညာဥာဏ်လဲ ရှိသင့်၏၊
၁၃။ အပ္ပဂဗ္ဘော= ကိုယ်နှုတ်နှလုံး ကြမ်းတမ်းခြင်း မရှိရာ။
၁၄။ ကုလေသု အနနု ဂိဒ္ဓေါ= အမျိုးလေးပါးတို့၌ တပ်မက်မှုမရှိသင့်ပေ၊
၁၅။ န စ ခုဒ္ဒ မာစရေ ကိဉ္စိ - ဒုစရိုက်ကို အနည်းငယ်မျှလည်း မပြုကျင့်ရာ။

ထိုသို့လိုက်နာကျင့်သုံးလျှင် မေတ္တာစျာန်ဖြင့်
ဗြဟ္မာ့ပြည်ရောက်ရှိနိုင်ခြင်း၊

Special Thanks for your precious post – “ဗုဒ္ဓဘာသာစောင့်ရှောက်သူများအသင်း”

Credit: နှလုံးသားအာဟာရ

22/12/2023

Christmas 🎄🎁💝

27/08/2023

တိုးတက်ရေးအတွေးအခေါ်များ ၁။ ဘူကောင်တွေကို ရှောင်ပါ။၂။ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူတဲ့အလုပ်တွေနေ့စဉ်လုပ်ပါ။၃။ အလုပ်ကို ပိုးစို...
17/07/2023

တိုးတက်ရေးအတွေးအခေါ်များ

၁။ ဘူကောင်တွေကို ရှောင်ပါ။

၂။ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူတဲ့အလုပ်တွေနေ့စဉ်လုပ်ပါ။

၃။ အလုပ်ကို ပိုးစိုးပက်စက်လုပ်ပါ။

၄။ ဒီနေ့လုပ်တဲ့အလုပ်က မနက်ဖြန်အချိန်ကို ချွေတာနိုင်ပါစေ။

၅။ ကျေးဇူးတင်တတ်တဲ့စိတ်နဲ့နေပါ။

၆။ ကိုယ့်ကိုငွေရှာပေးမယ့်အရာတွေမှာ ငွေသုံးဖို့ မနှမြောပါနဲ့။

၇။ လုပ်နေတဲ့အလုပ်တိုင်းကို ပိုလွယ်၊ ပိုမြန်၊ ပိုထိရောက်အောင်လုပ်ပါ။

၈။ ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ အပြစ်မတင်ပါနဲ့။

၉။ လူတွေရဲ့အထင်အမြင်မှာ အသက်မရှင်ပါနဲ့။

၁၀။ လိုချင်တာမရခဲ့ရင် ပိုကောင်းတာရလိမ့်မယ်။ ဒါကြောင့် လုပ်စရာ ရှိတာ ဆက်လုပ်ပါ။

၁၁။ လူတွေကို Dream List ထဲ ထည့်မထားပါနဲ့။

၁၂။ အရာရာက စမ်းသပ်မှုပဲ။ ဒါကြောင့် ကျရှုံးမှာ မကြောက်နဲ့။ ဒူပေနာပေခံပါ။

ဒီစာအုပ်လေးကို စာချစ်သူတွေအတွက် အများကြီး ရီးဗျူးမရေးပေးတောဘူး ကိုယ်တိုင်ဖတ်ကြည့်ဖို့ပဲ တိုက်တွန်းလိုက်ပါတယ်။

#လူတွေမမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲလိုက်ပါ

(DR-PHYO PAING)

#စာအုပ်စာပေဖတ်ရှုခြင်းကနေ ဘဝခွန်းအား၊ စိတ်ဓာတ်ခွန်းအားများ တိုးပွား ရရှိနိုင်ကြပါစေနော်။🥰🙏

MK Book Store & စင်္ကာပူ

29/11/2022

💕

📖📖📖ကျွဲတစ်ကောင်ဟာသူအရမ်းမြတ်နိုးတန်ဖိုးထားတဲ့သိပ်လှသောသူ့ရဲ့ဦးချိုလေးကို အိုင်ထဲမှာကြည့်ပြီးဝမ်းသာပီတိတွေနဲ့ သူ့ဘဝသူကျေန...
18/10/2022

📖📖📖
ကျွဲတစ်ကောင်ဟာ
သူအရမ်းမြတ်နိုးတန်ဖိုးထားတဲ့
သိပ်လှသောသူ့ရဲ့ဦးချိုလေးကို အိုင်ထဲမှာကြည့်ပြီး
ဝမ်းသာပီတိတွေနဲ့ သူ့ဘဝသူကျေနပ်နေရှာတယ်။

နှစ်အနည်းငယ်ကြာလာတာနဲ့မျှ
တဖြည်းဖြည်းရှည်လာတဲ့သူ့ရဲ့ဦးချိုက ကျောပြင်နဲ့
ဗိုက်အနားတစ်ဝိုက်ကို
စတင်ထိုးစိုက်ဝင်လာခဲ့တယ်။

ဒီလိုနဲ့ပဲ
သွေးယိုစီးနေတဲ့ဒဏ်ရာက နာကျင်နေရပေမယ့်
ဦးချိုကို ချိုးထုတ်လိုက်ရင်
ဒီထက်ပိုနာကျင်လေမလားဆိုတဲ့အတွေးနဲ့
မချိုးထုတ်ရက်ပဲ
နာကျင်မှုတွေနဲ့ နေ့ရက်တွေကိုရှေ့ဆက်နေခဲ့တယ်။

ဒါကို ကျီးတစ်ကောင်ကတွေ့တော့
ကျွဲကိုမေးတယ် ဒဏ်ရာတွေနဲ့ဘဝကိုရှေ့ဆက်နေတာ
မနာကျင်ဘူးလား သင့်ရဲ့ဦးချိုကို
ချိုးထုတ်လိုက်ပါလားတဲ့။

ကျွဲပြန်ပြောတာက
ချိုးထုတ်ချင်ပေမယ့် ဒီထက်ပိုနာကျင်ရမှာကြောက်လို့
ဒီအတိုင်းလေးထားထားတာပါ။

ကျီးကနောက်တစ်ခါ ထပ်ပြောတယ်
သူပြောတာယုံပါ
နာကျင်ခံပြီးအဓိပ္ပါယ်မဲ့နေတာနဲ့စာရင်
ချိုးထုတ်လိုက်စမ်းပါ
ဒီတော့မှကျွဲက ကျီးစကားကိုနားထောင်ပြီး
ချိုးထုတ်လိုက်တော့
ဒဏ်ရာက ရက်အနည်းငယ်အတွင်း
သိသိသာသာ သက်သာသွားခဲ့တယ်။

နောက်ဆုံးတော့ ကျွဲဟာ ဦးချိုကို
စွန့်လွှတ်ဆုံးရှုံးလိုက်ရပေမယ့်
နာကျင်ဒဏ်ရာတွေလည်း အချိန်နဲ့မျှ
သက်သာသွားခဲ့တယ်လေ။

ဘဝမှာ
ကိုယ်အရမ်းမြတ်နိုးတန်ဖိုးထားပြီး
မျှော်လင့်ထားတဲ့
အရာတွေက တခါတရံမှာကိုယ့်အတွက်
နာကျင်စရာတွေ
ဖြစ်မှန်းမသိ ဖြစ်နေတတ်သလို
အဆိပ်အတောက်တွေလည်းဖြစ်နေတတ်ပါတယ်။

နာကျင်ရမှာကြောက်လို့
ဆုပ်ကိုင်ထားလေ ပိုနာကျင်ရလေပါပဲ
အစွဲအလမ်းကြီးလွန်းတဲ့စိတ် တက်မက်လွန်းတဲ့
စိတ်ကိုပြင်ပြီး
နာကျင်စရာတွေကြားမှာ
စွန့်လွှတ်သင့်တာကို ပြတ်ပြတ်သားသားစွန့်လွှတ်နိုင်မှ
ဘဝဟာ ပိုတန်ဖိုးရှိမှာပါ။

လေးစားစွာဖြင့်မျှဝေခြင်းဖြစ်ပါသည်
(မူရင်းဘာသာပြန်ရေးသားသူ)09/10/2022
•Red Light•
Credit Original Uploader
ပရိဘောဂပစ္စည်းများလိုအပ်ခဲ့ရင် ယခုလင့်လေးမှာ ၀င်ရောက်ကြည့်ရှု့န်ုင်ပါတယ်နော်👇
https://www.facebook.com/665555176906522/posts/5320822451379748/

ပျော်စရာ သီတင်းကျွတ်ဖြစ်ပါစေရှင်❤အားလုံးလည်း သက်ရှည်ကျန်းမာ စိတ်ချမ်းသာပါစေရှင်🙏🙏🙏
09/10/2022

ပျော်စရာ သီတင်းကျွတ်ဖြစ်ပါစေရှင်❤

အားလုံးလည်း သက်ရှည်ကျန်းမာ စိတ်ချမ်းသာပါစေရှင်🙏🙏🙏

အချစ်တစ်ခုမှာ မျက်လုံးချင်းစကားပြောလို့ကြိုက်တာပဲဖြစ်ဖြစ် ဘာအကြောင်းကြောင့်ဖြစ်ဖြစ် လူတစ်ယောက်ကို ချစ်မိပြီဆို သူတို့အနာ...
29/09/2022

အချစ်တစ်ခုမှာ မျက်လုံးချင်းစကားပြောလို့ကြိုက်တာပဲဖြစ်ဖြစ် ဘာအကြောင်းကြောင့်ဖြစ်ဖြစ် လူတစ်ယောက်ကို ချစ်မိပြီဆို သူတို့အနားမှာ နေချင်ကြတယ် နေနိုင်အောင်လည်းကြိုးစားကြတယ်။❤

အတူနေနိုင်ဖို့ဆိုတာကလည်းဘယ်လိုအခြေနေရောက်မှ အတူနေမယ့် ကိုယ့်သတ်မှတ်ချက်အပေါ်မူတည်တယ်။တစ်ချို့က အဆင့်သင့်ဖြစ်မှ လက်ထပ်ကြတယ်။တစ်ချို့ပြန်လည်းလက်ထပ်ပြီးမှ အတူကြိုးစားကြတယ်။ဘယ်လိုကြောင့်ပဲ လက်ထပ်ကြပါစေ လက်ထပ်နိုင်ကြတဲ့အတွဲတွေကို လေးစားပါတယ် သူတို့အစားလည်းအရမ်းလည်း ဂုဏ်ယူမိတယ်။❤

တစ်ချို့အချစ်တွေက တစ်နေ့တစ်ခြားတိုးလာတယ်၊တစ်ချို့ပြန်ကျတော့လည်း နောက်တစ်ယောက်ကိုအချစ်တွေက ကူးစက်သွားရော💔

အတွဲတော်တော်များများက အိုတဲ့အထိ အတူနေကြမယ်၊အိမ်လေးကို ဘယ်လိုဆောက်ကြမယ်၊ တစ်နှစ်တစ်ခါ ဘယ်ကို ခရီးထွက်ကြမယ် စသဖြင့် ကြည်နူးစရာအတွေးတွေ တွေးတတ်ကြတယ်❤

ဒါပေမယ့်ရယ်လို့ လက်တွေ့ကျတော့💔

လူတစ်ချို့ရဲ့အချစ်တွေက လေထဲက ပန်းရနံ့လေးလိုပဲ အစမှာမွှေးပေမယ့် တဖြည်းဖြည်း လွင့်ပြယ်သွားခဲ့လေတော့တယ်💔

29/09/2022

လောကဓံကြားထဲမှာ သမီးတို့ကို နွေးထွေးမှုပေးတဲ့အမေ

ဘယ်သူတွေမှမရှိရင်တောင် အမြဲတမ်း အားပေးတဲ့အမေ

ချစ်တယ်အမေ💛

29/09/2022

မိုးးးးးလေးးးးဖွဲ့တုန်းသတိရတယ်🎼

မောင်အရင်လိုမဟုတ်တာလဲ မပြောနဲ့လေ မေလည်းအရင်လိုမှမဟုတ်တော့တာသူချေ ကိုယ်ချေနဲ့😫
22/09/2022

မောင်အရင်လိုမဟုတ်တာလဲ မပြောနဲ့လေ
မေလည်းအရင်လိုမှမဟုတ်တော့တာ
သူချေ ကိုယ်ချေနဲ့😫

22/09/2022

"စိတ်ညစ်လာတဲ့အခါ တစ်ယောက်ယောက်ကို ရင်ဖွင့်ချင်လို့ ဖုန်းနံပါတ်တွေ လှန်လှောကြည့်မိတဲ့အခါ အချိန်မရွေး ဖုန်းဆက်ရင်ဖွင့်ရမယ့်သူ မရှိခဲ့တာကိုတွေ့ရတယ်။

လူတချို့က အနှောင့်အယှက်ပေးလို့ မကောင်းဘူး။ လူတချို့ကိုကျတော့ မနှောင့်ယှက်ချင်ဘူး။ တချို့ကိုကျတော့ နှောင့်ယှက်လို့မရဘူး။

နောက်တော့ ဖုန်းကိုသာသာလေးပိတ်ပြီး ညသန်းခေါင်မှာ တစ်ယောက်တည်း ငုတ်တုတ်ထိုင်နေခဲ့မိတယ်။

လူသူမဲ့တဲ့လမ်းကိုကြည့်ပြီး ကိုယ်လည်းအထီးကျန်တယ် ခံစားလာမိတယ်" လို့ လူတစ်ယောက်က စတေးတပ်တင်ခဲ့တယ်။

လူ့ဘဝဒီတစ်သက်မှာ ခင်မင်ရင်းနှီးတဲ့လူ၊ သိတဲ့လူ၊ ပေါင်းသင်းနေတဲ့လူတွေ အများကြီးရှိနိုင်တယ်။

ဒါပေမဲ့ ဘယ်သူ့ကို ကိုယ်အချိန်မရွေး ဂျီကျနှောင့်ယှက်လို့ရနိုင်သလဲ။

ဘယ်အချိန် ဘယ်နေရာမှာ ဘာပဲဖြစ်ဖြစ် သူ့ကို ကိုယ်သတိရလို့ ဖုန်းဆက်လိုက်တာနဲ့ သူ့ချက်ချင်းကိုင်တတ်တယ်။

လက်ထဲကအလုပ်ကိုချပြီး ကိုယ်ပြောသမျှ၊ ငိုပြသမျှကို သူစိတ်ရှည်လက်ရှည် နားထောင်ပေးတယ်။

ကိုယ့်ရဲ့အသံတိတ် တိတ်ဆိတ်နေမှုကို သူနားလည်တယ်။

ကိုယ့်ရဲ့ရယ်မောသံကြားက မျက်ရည်တွေနဲ့ပြေးလွှားနေမှုကို သူနားလည်တယ်။

ကိုယ့်ရဲ့ အဆင်ပြေပါတယ်ဆိုတဲ့ဟန်ဆောင်မှုကို သူနားလည်တယ်။

သံစဉ်တူတဲ့စိတ်ဝိညာဉ်တစ်စုံဟာ ရှုပ်ထွေးဆူညံပွက်လောထနေတဲ့လောကမှာ မထင်မှတ်ဘဲ တွေ့ဆုံကြပြီး တစ်ယောက်ကိုတစ်ယောက် ကတိကဝတ်ပြုနေခဲ့ကြတယ်။

သင်တို့က နွေဦးလေပေါ့ .. အချင်းချင်းကို နွေးထွေးမှုပေးတယ်။

သင်တို့က အလင်းရောင်တွေပေါ့... တစ်ယောက်ကိုတစ်ယောက် တောက်ပမှုပေးတယ်။

အဲဒီလိုလူမျိုး သင့်မှာရှိလား...

ရှိတယ်ဆိုရင် ကွန်ဂရက်ကျူလေးရှင်းပါ။ သူ့ကို တန်ဖိုးထားဖို့၊ သင်တို့အချင်းချင်းကြားက သံယောဇဉ်၊ ခင်မင်မှုကိုတန်ဖိုးထားဖို့ အကြံပြုပါတယ်။

သူဟာ ဒီလောက,က သင့်ကိုပေးလိုက်တဲ့ အကောင်းဆုံးလက်ဆောင်ပေါ့။

တရုတ်စာ​ရေးဆရာ Moyan က ပြောတယ်...

"စိတ်ဓာတ်အပေါ်အထောက်အကူပြုမှုက
ဥစ္စာပစ္စည်းပေးကမ်းတာထက်
အများကြီး သာလွန်တယ်" တဲ့။

ကောင်းမွန်တဲ့ဆက်ဆံရေးဆိုတာ လူတစ်ယောက်ကို သင့်နှလုံးသားထဲ ဝင်ခွင့်ပြုလိုက်တာဖြစ်တယ်။

အားလပ်ချိန်မှာ သူဟာ သင့်နှလုံးသားနားခိုရာပေါ့။

အလုပ်များချိန်မှာ သူဟာ သင်ရှေ့ဆက်တဲ့တွန်းအားဖြစ်တယ်။

တစ်သက်မှာ အချိန်မရွေး နှောင့်ယှက်ဂျီကျလို့ရတဲ့လူ တစ်ယောက်ပဲရှိရင် လုံလောက်တယ်။

ဟုတ်တယ်... တစ်ယောက်တည်းလည်း လုံလောက်တယ်။

လူအများနှစ်သက်ခံရတာထက်
လူတစ်ယောက်နားလည်နေဖို့ပဲ လိုတယ်။

ကိုယ်တဗျစ်တောက်တောက် ဂျီကျ နှောင့်ယှက်လို့ရတဲ့လူနဲ့ တစ်နှစ်ပြီးတစ်နှစ် ဥတုရာသီသုံးပါးကို ကျော်ဖြတ်လို့ပေါ့....

💌

(wechat မှာ ဖတ်မိတဲ့စာတစ်ပုဒ်
မျှဝေခံစားပါတယ်)


နိုင်းနိုင်းစနေ

Address

Mawlamyine

Website

Alerts

Be the first to know and let us send you an email when Akari posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category