01/03/2026
📚 စာအုပ်လှူဒါန်းမှု အကြောင်းကြားချက်
ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ ရွာသာယာကျေးရွာ၌ ဖွင့်လှစ်ထားသော ပညာရောင်ခြည်စာကြည့်တိုက် သို့ စာကြည့်တိုက်အဖွဲ့ဝင် ကိုမောင်ဖြူသန်း မှ အထွေထွေဖတ်စာအုပ် (၆) အုပ်ကို ၂၀၂၆ ခုနှစ်၊ မတ်လ (၁) ရက်နေ့တွင် လှူဒါန်းပေးအပ်ခဲ့ပါသည်။
စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံပြည်သူများ၏ စာဖတ်ပညာ မြှင့်တင်ရေးအတွက် တန်ဖိုးရှိသော စာအုပ်များ လှူဒါန်းပေးအပ်မှုအတွက် ပညာရောင်ခြည်စာကြည့်တိုက်မှ အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
စာကြည့်တိုက်၏ လုပ်ငန်းများ ဆက်လက်တိုးတက်နိုင်ရန် အားပေးပံ့ပိုးလိုသူများကိုလည်း ကြိုဆိုလျက်ရှိပါသည်။
ပညာရောင်ခြည်စာကြည့်တိုက်
ရွာသာယာကျေးရွာ၊ မောင်တောမြို့
ရခိုင်ပြည်နယ်
#စာအုပ်လှူဒါန်းမှု
#ပညာရောင်ခြည်စာကြည့်တိုက်