WinE Photographer

WinE Photographer All service

အောက်စီဂျင်က အဓိကအဖြေမဟုတ်ပါဘူး။အရေးပေါအဆင့်ပါ ၁။ ကိုယ်သိသလောက် အောက်စီဂျင်ရှူရတဲ့ထိတော်တော်များများ ကလည်း ဆံုးသွားကြပါပ...
20/07/2021

အောက်စီဂျင်က အဓိကအဖြေမဟုတ်ပါဘူး။အရေးပေါအဆင့်ပါ

၁။ ကိုယ်သိသလောက် အောက်စီဂျင်ရှူရတဲ့ထိတော်တော်များများ ကလည်း ဆံုးသွားကြပါပြီ။

၂။ အောက်စီဂျင် ရှူပြီး ပြန်ကောင်းလာတဲ့သူ များများစားစားမရှိပါဘူး

၃။ အရေးပေါအဆင့် မရောက်ခင် အောက်စီဂျင် ထက်အရေးကြီးတာတွေကိုလည်း ပိုအာရုံစိုက်ပေးကြပါ။

၄။ အသက်ရှု ကြပ်စေတာက
👉ချွဲ သလိပ်ကပ်ခြင်း
👉နှာစီး နှာပိတ်ခြင်း
👉ချောင်းဆိုး ရင်ကြပ်ခြင်းတွေပါ။

ဒါတွေ အဖြစ်မခံပါနဲ့
ချွဲပျော်ဆေး
နှာစီး နှာပိတ်ပျောက်ဆေး
ရင်ကြပ်ပျောက်ဆေး တွေ
အချိန်မှီသောက်ပါ။

Vitamin C ကြိုသောက်ခြင်းက နှာစီးနှာပိတ်ကို ကာကွယ်တာပါ။

အားရှိအောင်စားပါ။

အဆီအဆိမ့်ရှောင်ပါ။

ရေနွေးပူပူသောက်ပါ။

👉ဘာဖြစ်ဖြစ် ဖြစ်တာနဲ့ ကုပါ။

👉ခေါင်းကိုက်လား ဖျားလား ပါရာစီ‌တမော့ ပြေးသောက်ပါ။

👉အသက်ရှူကြပ်ချင်နေပြီလား
အသက်ရှူလေ့ကျင်ခန်း ကြိုးစားလုပ်ပါ။

👉ချောင်းဆိုး ချွဲကြပ် ချင်နေပြီလား
ချောင်းဆိုးပျောက်ဆေး or ဂျင်းပြုတ် မြန်မြန်သောက်ပါ။

💪ရောဂါ ကူးစပ်ခံရပြီလို့ ထင်တာနဲ့
မိမိကိုယ်ကို သတိနဲ့နေပါ။

👎ရောဂါဆိုးလာမှ အောက်စီဂျင် ပြေးမရှာပါနဲ့။

👎အောက်စီဂျင်က အဖြေမဟုတ်ပါဘူး။

🥵အရေးပေါ် အဆင့်ဖြစ်ပါတယ်။
ဆောင်ထားတာတော့ မမှားပေမယ့် သူက
အဖြေမဟုတ်ပါဘူး။

👉နေ့စဉ်ဘဝ မှာ ခပ်ခွာခွာ ပြန်နေကြပါ။

👉လက်ဆေးပါ။

😷Mask တပ်ပါ။

💦ပိုးသတ်ဆေး ဖြန်းပါ။

ကျန်းမာအောင်နေကြပါ။

မှတ်ချက်။ ။ ကူးစပ်ခံရပြီး ၃၊ ၄ ၊ ၅၊ ၆၊ ၇ ရက်တွေမှာ အထူးဂရု စိုက်ကြပါ။ အသက်ရှူရခက်လာ
နိုင်ပါတယ်။ သတိထား ကြိုးစား ရှူကြပါ။🙏🏻💪🏻


13/08/2020

လှီဟုတ်ပါ့ လှီတယ်တဲ့ကျမကို အများအမြဲပြောတယ်အေးမြရယ် နင်ကပိန်လှီနေတာပဲတဲ့။မောင်လေးကိုမွေးရင်းမီးတွင်းထဲမှာ အမေဆုံးသွားကတည...
15/03/2020

လှီ

ဟုတ်ပါ့ လှီတယ်တဲ့
ကျမကို အများအမြဲပြောတယ်
အေးမြရယ် နင်ကပိန်လှီနေတာပဲတဲ့။

မောင်လေးကိုမွေးရင်း
မီးတွင်းထဲမှာ အမေဆုံးသွားကတည်းက
အဖေလည်းအရက်နဲ့ပဲအမြဲနေတော့တယ်
အရင်ကဆိုအမေကမုန့်လင်မယားရောင်းတော့
မြန်မာပြည်အနုံ့ ဘုရားပွဲမှန်သမျှ
မရောက်ဘူးတဲ့နေရာမရှိသလောက်
ဝမ်းစိုအောင်လည်းစားခဲ့ရတယ်
အမေမရှိကတည်းကအဖေကလည်း
မယ်မယ်ရရမဟုတ် ပွဲရှိလေတိုင်း
တောက်တိုမယ်ရနဲ့စားရရုံမို့ အေးမြတို့
ငတ်တစ်ခါပြတ်တစ်လှည့်နဲ့။

မောင်လေးလေ မိခင်နို့ရည်မရခဲ့
အများသူငှါပေးကျွေးလို့လူရယ်ဖြစ်လာ
အမေနဲ့သိပ်တူတယ်လို့ အဖေကအမြဲပြောတယ်
အေးမြလေ အစက ဒီလိုတောင်းရမ်းရတာ
အရမ်းရှက်တယ် အခုတော့.........။
ကလေးချင်းအတူတူ ဖြူစိမ်းဝတ်ထားတဲ့
အရွယ်တူချင်းမြင်ရရင်
သိပ်....အားကျတာပဲ
ငါလည်း ကျောင်းတက်ချင်လိုက်တာလို့
မတန်မရာ အိမ်မက်တွေလည်း မက်ပေါ့။

ဟော အခုရောက်နေတာ
ရွှေစာရံ ဘုရားပွဲတော်ကြီးလေ.....
ရွှေရောင်တဝင်းဝင်းနဲ့ ဘုရားကြီးကသပ္ပာယ်သလို
ဘုရားပွဲလာပရိတ်သတ်ကလည်းတလက်လက်နဲ့
တစ်ချက်တစ်ချက် ကြွေကျလာတဲ့
ငွေအတိုအစတချို့က အေးမြတို့အတွက်
ဝမ်းတွင်းအပူမီးကို ခဏတော့ငြိမ်းစေရဲ့။

အတောင်အလက် ကနုတ်ပန်းခက်တွေနဲ့
ခမ်းနားလွန်းတဲ့ ဗိမ္မာန်ကြီးရဲ့ဘေး
အနုတ်စုတ်ဂုတ်စုတ်ဝတ်နဲ့
ပိန်ချိုင့်ချိုင့်ဒန်ဖလားကိုင်ထားတဲ့
အေးမြတို့မောင်နုမကို အမကြီးတစ်ယောက်က
ထမင်းတစ်ထုပ်နဲ့ အရုပ်တချို့ပါ စွန့်ခဲ့။

ဝမ်းဝလို့ အပူမရှိ အိပ်သွားရှာတဲ့မောင်လေး
အသာပွေ့ သူအိပ်နေခိုက် ရထားတဲ့အရုပ်ကလေး
အသာအယာယူကာဆော့မိလေတော့
အေးမြတို့ ဒီလိုမဆော့တတ်တာ သတိပြုမိရဲ့။

ရွှေရောင်တဝင်းဝင်းနဲ့ ဘုရားဝင်းထဲက
ပျံ့လွင့်လာတဲ့ လော်စပီကာသံ
လာရောက်လှူဒါန်းသွားပါသော...........
ကိုယ်လည်းကျန်းမာပါစေ........
စိတ်လည်းချမ်းသာပါစေ.....

ကြားမိသမျှ အမျှဝေသံအဆုံးတိုင်းမှာ
ထပ်တူကုသိုလ်ရဖို့ သာစုခေါ်ရင်း
စာသင်ကျောင်းရှေ့ဖြတ်သွားရင်း ကြားခဲ့ဖူးတဲ့

စပါးဝါရွှေ ဝင်းပါစေ
ပန်းတွေသင်းပါစေ
ငှက်ကလေးတွေမိုးတိမ်ကြား
ပျံနိုင်ကြစေသား..........
နေရောင်ခြည်လည်း နွေးပါစေ
လေပြေ အေးပါစေ
ချစ်မိတ်ဆွေပေါင်းဖော်များ
ကျန်းမာကြစေသား....... ဆိုတဲ့
ကဗျာလေးကို
ခပ်တိုးတိုးလေး ရွတ်နေမိတော့တယ်။

Photo by Myo Kyaw Htun
(Wine Photographer)

င အောင်သူ
၁၄,၃,၂၀၂၀

နွေရောက်ပြီလေ....W i n e P h o t o g r a p h e r
29/02/2020

နွေရောက်ပြီလေ....

W i n e P h o t o g r a p h e r

နွေးထွေးသောရင်ခွင်ချစ်ခင်ရသော မိသားစုလေးနဲ့အတူပညာရေးမှတ်တိုင်တစ်ခုဖြစ်တဲ့ ဘွဲ့တစ်ခုရရှိသောအချိန်............အမှတ်တရအချိန...
27/02/2020

နွေးထွေးသောရင်ခွင်
ချစ်ခင်ရသော မိသားစုလေးနဲ့အတူ
ပညာရေးမှတ်တိုင်တစ်ခုဖြစ်တဲ့ ဘွဲ့တစ်ခု
ရရှိသောအချိန်............
အမှတ်တရအချိန်လေးတွေကို
ကျွန်တော်များ WinE Photographer
ဝိုင်းတော်သားများက တစ်သက်မမေ့နိုင်လောက်
အမှတ်တရဖြစ်စေဖို့ ဖန်တီးခွင့်ရခဲ့ပါတယ်။

ဓာတ်ပုံ ဆိုတာ ရုပ်ပုံသပ်သပ်ဆိုတာထက်
ခံစားမှု ကြည်နူးမှု အမှတ်တရများစွာ ပါဝင်ပေါင်းစပ်ထားတယ်လို့ ကျနော်တို့အမြဲခံယူချက်ထားပါတယ်။

ချစ်ခင်ရပါသော
မိတ်ဆွေတို့ရဲ့ အမှတ်တရ ဖြစ်စေမဲ့
အနုပညာဆန်ဆန် ပုံရိပ်အချို့ကို
မှတ်တမ်းတင်ဖို့ ကျနော်တို့ ဖန်တီးပေးပါရစေလားဗျာ...........

W i n e P h o t o g r a p h e r
0 9 - 4 3 2 0 3 8 4 0

ကိုယ့်ဌာနေ ဝန်းကျင်မှာကွယ် တကယ်ကို အလှရှိတယ်။ကျနော်များ အုန်းချောဒေသတဝိုက်သဘာဝရဲ့ အလှပများ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်...
27/01/2020

ကိုယ့်ဌာနေ ဝန်းကျင်မှာကွယ်
တကယ်ကို အလှရှိတယ်။

ကျနော်များ အုန်းချောဒေသတဝိုက်
သဘာဝရဲ့ အလှပများ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များအပြင်
အရှိန်အဝါ ကြီးမားစွာနဲ့ ဖြတ်သန်းစီးဆင်းနေတဲ့
ဒုဠဝတီမြစ်ကြီးပါ ရှိနေခဲ့။

ဒီလိုအလှတရားတွေကြားမှာ
ကြင်စဦး မင်္ဂလာဦးမောင်နုံတို့ရဲ့
ချစ်ကြည်နူးစဖွယ် မင်္ဂလာဦးအကြိုဓါတ်ပုံလေးတွေကို ဖန်တီးခွင့် ရရှိခဲ့ပါတယ်ခင်ဗျာ။

အခုလို Prewedding အလှဓါတ်ပုံများကို နောက်ခံရှုခင်းကောင်းကောင်း
ခံစားမှု ကြည်နူးမှု ရသများနဲ့
ရိုက်ကူးချင်တယ်ဆိုရင်တော့
ကျနော်များ WinE Photographer 0943203840ကို
ဆတ်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျ.....

MUA - ZarniKhinMgNyunt
Dress - Ingyin Pyay
Photo- MyoKyawHtun

ပညာရေးမှတ်တိုင်တစ်ခုဖြစ်တဲ့ ဘွဲ့တစ်ခုရရှိသောအချိန်ကို ကျွန်တော်များ WinE Photographerဝိုင်းတော်သားများက တစ်သက်မမေ့နိုင်လ...
04/01/2020

ပညာရေးမှတ်တိုင်တစ်ခုဖြစ်တဲ့ ဘွဲ့တစ်ခု
ရရှိသောအချိန်ကို
ကျွန်တော်များ WinE Photographer
ဝိုင်းတော်သားများက တစ်သက်မမေ့နိုင်လောက်
အမှတ်တရဖြစ်စေဖို့ ဖန်တီးခွင့်ရခဲ့ပါတယ်။

ဓာတ်ပုံ ဆိုတာ ရုပ်ပုံသပ်သပ်ဆိုတာထက်
ခံစားမှု ကြည်နူးမှု အမှတ်တရများစွာ ပါဝင်ပေါင်းစပ်ထားတယ်လို့ ကျနော်တို့အမြဲခံယူချက်ထားပါတယ်။

ချစ်ခင်ရပါသော
မိတ်ဆွေတို့ရဲ့ အမှတ်တရ ဖြစ်စေမဲ့
အနုပညာဆန်ဆန် ပုံရိပ်အချို့ကို
မှတ်တမ်းတင်ဖို့ ကျနော်တို့ ဖန်တီးပေးပါရစေလားဗျာ...........

📷 W i n e P h o t o g r a p h e r
📞09-43203840

စျေးကြီးတဲ့ အိပ်မက်တွေ မမက်ချင်တော့ဘူးအနားမှာရှိတဲ့ ချစ်​ခြင်းမေတ္တာ​လေးကိုပဲ ပွေ့ဖက်ထားတော့မယ် ။ငဝိုင်း
28/12/2019

စျေးကြီးတဲ့ အိပ်မက်တွေ မမက်ချင်တော့ဘူး
အနားမှာရှိတဲ့
ချစ်​ခြင်းမေတ္တာ​လေးကိုပဲ ပွေ့ဖက်ထားတော့မယ် ။

ငဝိုင်း

Address

Mandalay

Alerts

Be the first to know and let us send you an email when WinE Photographer posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to WinE Photographer:

Share

Category