11/04/2024
သတိရခြင်းနံရံကို ကျော်လွန်၍
လူတစ်ယောက်ဟာ လူတစ်ယောက်ဆီက
ဘယ်လောက်ထိ ဝေးဝေးသွားနိုင်မလဲ
ပင်လယ်တွေ လွန်သွားတဲ့အထိလား
ကောင်းကင်တွေရဲ့ အပြင်ဘက်အထိလား
ကမ္ဘာမြေ ကုန်သွားတဲ့အထိလား
ဒါပေမယ့်၊ သတိရခြင်းကို ကျော်လွန်ပြီး
မသွားနိုင်သရွေ့
လူတစ်ယောက်ဟာ လူတစ်ယောက်ဆီက
ဝေးအောင် သွားလို့မရနိုင်ဘူး
📷 Inspiring Nature
#ပိုင်