03/07/2026
📢 အရေးကြီးအသိပေးကြေညာချက်❎❎
ချစ်ခင်လေးစားရသော Customer များရှင်...
Delightful Wedding Studio သည် အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းကို အပြီးတိုင်ရပ်နားပြီး ဆိုင်ပိတ်သိမ်းတော့မည် ဖြစ်ပါသည်။
ယခုအချိန်အထိ ဓာတ်ပုံများ၊ Album များ၊ Soft Copy များနှင့် အခြားမှာယူထားသော အလုပ်များ မယူရသေးသော Customer များ အနေဖြင့် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက် (10.7.2026) နောက်ဆုံးထား၍ ကျေးဇူးပြု၍ ဆက်သွယ်ပေးကြပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။
📞 ဆက်သွယ်ရန် – 09-955550806
💬 page Chat မှလည်း ဆက်သွယ်နိုင်ပါသည်။
10.7.2026 ရက်နောက်ပိုင်းတွင် ဆိုင်ပိတ်သိမ်းမည်ဖြစ်သည့်အတွက် နောက်ပိုင်းတွင် ကျန်ရှိသော ဓာတ်ပုံများနှင့် အလုပ်များကို တာဝန်ယူဆောင်ရွက်ပေးနိုင်တော့မည် မဟုတ်ပါသဖြင့် သတ်မှတ်ရက်မတိုင်မီ အမြန်ဆုံး ဆက်သွယ်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Delightful Wedding Studio ကို ယုံကြည်စိတ်ချစွာ ရွေးချယ်အားပေးခဲ့ကြသော Customer တစ်ဦးချင်းစီတိုင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။
နှစ်ပေါင်းများစွာ အမှတ်တရကောင်းများကို ဖန်တီးခွင့်ရခဲ့သည့်အတွက် အမြဲကျေးဇူးတင်လျက်...
🙏 Delightful Wedding Studio